Pages

Tuesday, March 4, 2014

First Eleven မှ ပေးအပ်သည့် မြန်မာ့အကောင်းဆုံး ဘောလုံးသမားဆု ကြည်လင်း လက်ခံရယူ


kolatt(PBDN): March . 4 .2014
မြန်မာ နိုင်ငံ ၏ အထင် ကရ အား ကစား ဂျာနယ် တစ်စောင် ဖြစ်သော First Eleven ဂျာနယ်မှ ရွေးချယ် ချီးမြှင့် သည့် ၂၀၁၃ မြန်မာ့ အကောင်းဆုံး ဘောလုံး သမားဆု ကို ရန်ကုန် ယူနိုက်တက် အသင်း၏ မြန်မာ့ လက်ရွေး စင် ကစား သမား ကြည်လင်း က လက်ခံ ရရှိ ခဲ့သည်။ ကြည်လင်း သည် ၄င်း ဆုကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကလည်း လက်ခံ ရရှိ ခဲ့သော ကြောင့် ၂ နှစ်ဆက်တိုက် ရွေးချယ် ခံခဲ့ရ သည့် ပထမ ဆုံး ကစား သမား ဖြစ်လာ သည်။
Eleven Media Group သည် ၄င်း ဆုကို မတ်လ ၄ ရက်နေ့၊ နေ့လည် ပိုင်းက အခမ်း အနား နှင့် ပေးအပ် ချီးမြှင့် ခဲ့ခြင်း ဖြစ်ပြီး ကြည်လင်း ကို အမှတ် တရ ဆုတံဆိပ် အပြင် ဂုဏ်ပြု ဆုငွေ ကျပ် ၁၅ သိန်း ချီးမြှင့် ခဲ့သည်။ ယခုလို ဆုချီးမြှင့် ခံရခြင်း နှင့်ပတ်သက် ၍ ကြည်လင်း က ၀မ်း သာ ဂုဏ်ယူ မိကြောင်း ပြောကြား သည်။

“ပြီးခဲ့တဲ့ ဆီးဂိမ်း ပြိုင်ပွဲ မှာ ကျွန်တော်တို့ မြန်မာ ယူ-၂၃ အသင်း ခြေစွမ်း မပြ နိုင်ခဲ့ တဲ့အတွက် အခု အထိ ၀မ်း နည်းနေ တုန်းပါပဲ။ သူတို့ အားလုံး ကိုယ်စား တောင်းပန် ချင်ပါ တယ်။ Eleven ဂျာနယ်က အခုလို ဆုချီး မြှင့် တဲ့အတွက် ကျွန်တော် ရင်တွေ အရမ်း ခုန်နေပါ တယ်။ ၀မ်းလည်း ၀မ်းသာ ပါတယ်။ Eleven ဂျာနယ်ကို ကျေး ဇူးတင် ပါတယ်” ဟု ကြည်လင်း က ဆိုသည်။ ထိုဆုကို Eleven ဂျာနယ် အားကစား အယ်ဒီတာ အဖွဲ့၊ ပြင်ပမှ အားကစား ကလောင်ရှင် များနှင့် ပရိသတ်များ စုပေါင်း ရွေးချယ် ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကြည်လင်း သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွက် အရှေ့ တောင် အာရှ အကောင်းဆုံး ဘောလုံး အသင်း ရွေးချယ် ခဲ့ရာ ညာတောင် ပံ ကစား သမား အဖြစ် ရွေးချယ် ခံခဲ့ ရသည်။ လက်ရှိ အချိန်တွင် ကြည်လင်း သည် ညာဖက် ခြေကျင်း ၀တ် ဒဏ်ရာ ကို ခွဲစိတ် ကုသမှု ခံယူပြီး အနား ယူလျက် ရှိသည်။ လာမည့် ဧပြီ လ ၄ ရက်နေ့ တွင် ၄င်း ဒဏ်ရာ အခြေ အနေကို ထိုင်း နိုင်ငံတွင် သွားရောက် စစ်ဆေး ခံမည် ဖြစ်သည်။

Football Café , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment