Pages

Tuesday, March 4, 2014

ဒေးဗစ်မိုယက်စ်ကို စိတ်ရှည်မှု့ ပေးကြရန်နှင့် အချိန်ပေးရန် ဖာဂူဆန်တိုက်တွန်း


RangonNewsDaily: March . 3 .2014
ယနေ့မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဟောင်း ဖာဂူဆန်က ဒေးဗစ်မိုယက်စ်ကို အချိန်ပေးဖို့ လိုအပ်နေကြောင်း ပြောကြားလိုက်ပြီး ပရိတ်သတ်များကို စိတ်ရှည်ကြရန်နှင့် ယုံကြည်မှု့ အပြည့်အ၀ ပေးနိုင်ခဲ့လျှင် နလန်ပြန်ထူလာ လိမ့်မည်ဟု တိုက်တွန်း ပြောကြားလိုက်ပါတယ်။
“သူတို့ အပြောင်း အလဲ တော်တော်များများကို လုပ်ဆောင် ခဲ့ကြ ပြီးပါပြီ။ မကြာခင် အဆင်ပြေလာ ကြပါလိမ့်မယ်။ အပြောင်းအလဲတွေရဲ့ အစောပိုင်းကာလတွေမို့လို့ အချိန်ပေးဖို့ လိုပါမယ်။ မိုယက်စ်ဟာ ကျွန်တော် တာဝန်ယူခဲ့တဲ့ (၂၇) နှစ်တာ ကာလကို ပခုံးပြောင်း တာဝန် ယူလိုက်ရတဲ့ မန်နေဂျာ တစ်ယောက်ပါ။ သူ့အတွက် အချိန် ပေးဖို့ လိုအပ် ပါတယ်” ဟု ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။

ဖာဂူဆန် ကိုင်တွယ်ခဲ့သည့် (၂၇)နှစ်တာ ကာလအတွင်း ပရီးမီးယားလိဒ် ဖလား (၁၃)ကြိမ် နှင့် ချန်ပီယံလိဒ် ဖလား (၂) ကြိမ် ရရှိခဲ့သည့် မန်ချက်စတာ ယူနိုက်တက်ဟာ ဒေးဗစ် မိုယက်စ်လက်ထက် မှာတော့ ခတ်ခတ်ခဲခဲ ရုန်းကန်နေရပါတယ်။

ပရီးမီးယားလိဒ်မှာ နံပါတ်(၄) နေရာက သူ့ထက် တစ်ပွဲလျော့နေတဲ့ မန်စီးတီးနောက် (၁၂)မှတ်ထိ ကွာဟနေပြီး ချန်ပီယံလိဒ်မှာလည်း အင်အားနည်း အသင်းဟု ဆိုရမည့် အိုလံပီယာကော့စ် အသင်းအား အဝေးကွင်းမှာ (၂-၀)ဖြင့် ရှံးနိမ့်ခဲ့ရခြင်းကြောင့် နောက်နှစ် ချန်ပီယံလိဒ် ၀င်ခွင့်အတွက်ေ၀၀ါးလာခဲ့ ပြီလည်း ဖြစ်ပါတယ်။

Football Café , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time