Pages

Tuesday, March 4, 2014

လွှတ်တော်အမတ် ဦးလှဆွေကို အန်အယ်လ်ဒီ တရားစွဲမည်


RangonNewsDaily: March . 4 .2014
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ အန်အယ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။
အန်အယ်လ်ဒီပါတီနဲ့ ပတ်သက်ပြီး ပြည်တွင်းထုတ်ဂျာနယ်တွေ မှာ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မကျေနပ်လို့ အန်အယ်လ်ဒီအနေနဲ့ တရားစွဲဆိုဖို့ ဆုံးဖြတ်တာလို့ ဦးဝင်းထိန်က ပြောပါတယ်။

“ဦးလှဆွေက ကျနော်တို့ အန်အယ်လ်ဒီပါတီကိုရော ပုတ်ခတ်ပြောဆိုတဲ့အတွက် တရားစွဲမှ ဖြစ်မယ်။ ငြိမ်ခံနေလို့ မဖြစ်ဘူး။ တရားစွဲမှဖြစ်မယ်ဆိုပြီး ကျနော်က တိုက်တွန်းလိုက်တာ။ အကြောင်းရင်းက ဂျာနယ်ထဲမှာ ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ကျန်တဲ့ကောင်တွေက တယောက်မှာ —အသုံးမကျဘူးတဲ့။ နောက်ပြီး ကျနော်တို့ကို ဒီချုပ်လို့ခေါ်တာကို ဒီချုပ်မဟုတ်ဘူးတဲ့၊ ဒီရှုပ်တဲ့။ ဒါတွေက တရားမကြောင်းနဲ့ တရားစွဲလို့ ရတယ်၊ ရာဇ၀တ်ကြောင်းနဲ့လည်း တရားစွဲလို့ရတယ်။ ”

အန်အယ်ဒီဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းကလည်း ခုလို တရားစွဲဆိုဖို့ ဥပဒေကြောင်းအရ ပြင်ဆင်မှုတွေပြုလုပ်နေပြီး တရားစွဲဆိုမှု အသေးစိတ်ကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

ဦးလှဆွေရဲ့ သဘောထားကို မေးမြန်းရာမှာတော့ အန်အယ်လ်ဒီအနေနဲ့ တရားစွဲဆိုမယ်လို့ မထင်ကြောင်း ပြောပါတယ်။

“ကျနော်ကတော့ မကြားဘူး၊ စွဲလိမ့်မယ်လို့ မထင်ပါဘူး။ စွဲလိမ့်မယ်လို့ မထင်ပါဘူး။ ဒါက လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိတယ်လေ။ လွတ်လပ်စွာ သဘောကွဲလွဲတာကို သူတို့က သဘောမကွဲလွဲနိုင်ဘူးဆိုရင် ဒီမိုကရေစီမဟုတ်ဘူးပေါ့။ ကျနော်တို့ကတော့ ဒီမိုကရေစီလေ ကြံ့ခိုင်ရေးက။ ”

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေဟာ ဒီဗွီဘီ ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဒီဘိတ်ဆွေးနွေးပွဲတခုမှာ အန်အယ်လ်ဒီပါတီက ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့အတူ ပါဝင်ဆွေးနွေးခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့အပတ်က ဂျာနယ်အင်တာဗျူးတခုမှာ အန်အယ်လ်ဒီပါတီနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

DVB , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment