Pages

Tuesday, March 4, 2014

အူရီဒူးက 3G ကွန်ရက်စနစ်ကို စမ်းသပ်အသုံးပြု နေပြီဟုဆို

RangonNewsDaily: March . 4 .2014
ဆက်သွယ်ရေး လိုင်စင်ရ အော်ပရော အူရီဒူးမြန်မာ၏ 3G ကွန်ရက်စနစ်ကို ပြည်တွင်းတွင် စမ်းသပ်အသုံးပြုမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟု အူရီဒူးမြန်မာက မတ် ၄ ရက်တွင်သတင်းထုတ်ပြန်သည်။ အဆိုပါ ကွန်ရက်တွင် အချက်အလက်များ ချိတ်ဆက်ခြင်း ၊ စာတိုပေးပို့လက်ခံခြင်း ၊ အသံလှိုင်း အရည်အသွေး စမ်းသပ်ခြင်း များပြုလုပ်နိုင်ပြီဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ 
အူရီဒူးကွန်ရက်ကို စတင်မိတ်ဆက်သောပွဲတွင် အူရီဒူးမြန်မာ၏ ဝန်ထမ်းများနှင့် တက်ရောက်လာသူ များက မိုဘိုင်းဖုန်းများဖြင့်စတင်စမ်းသပ်ခဲ့ပြီး စာတိုပေးပို့လက်ခံခြင်းနှင့် အင်တာနက်အသုံးပြုခြင်းများအား စမ်းသပ် အသုံးပြုခဲ့ကြသည်။ 

“ယခုကဲ့သို့ အောင်အောင်မြင်မြင်စမ်းသပ်အသုံးပြုနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူ ပါသည် “ ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောသည်။ 

Ross Cormack က “ ကျွန်တော်တို့ ကွန်ရက်ဖြန့်ကျက်ရာမှာ ဒီနေ့ အခုလိုအောင်အောင်မြင်မြင်ကွန်ရက်ကို ရရှိသွားတာဟာ အူရီဒူးမြန်မာအတွက် သမိုင်းမှတ်ကျောက်တစ်ခုကို တည်ထောင်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။

အူးရီဒူးမြန်မာကို နေ့စဉ် အဖွဲ့ဝင်နေပြီဖြစ်တဲ့ ရောင်းဝယ်ဖောက်ကား သူတွေအတွက်ပါ စိတ်လှုပ်ရှား ပျော်ရွှင်စရာပါပဲ။ ” ဟု ပြောသည်။ 

အူရီဒူးမြန်မာ အနေဖြင့် လုပ်ငန်းလိုင်စင်၏ သဘောတူညီချက်များကို ပြည့်မီရန် ဆောင်ရွက်စဉ် အခက် အခဲများ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်ဟုလည်း Mr. Ross Cormack က ပြောသည်။ 

Ross Cormack က “ အချိန်တိုအတွင်းမှာ သတ်မှတ်ချက်တွေပြည့်မီဖို့ဆိုတာ တကယ်တော့ အခက်အခဲတွေ စိန်ခေါ်မှုတွေကြုံတွေ့ရပါတယ်။ တာဝါတိုင်ဆောက်လုပ်ရေးတွေမှာ ဆောက်လုပ်ခွင့်တွေကျဖို့ ထင်ထား တာ ထက် ပိုကြာတာကို တွေ့ရပါတယ်။ ဒီလုပ်ငန်းစဉ် အဆင့်ဆင့်ကို အလျင်အမြန်ပြီးစီး ဖို့ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ် ” ဟု ဆိုသည်။ 

အူရီးဒူးက ကွန်ရက် ချိတ်ဆက် စမ်းသပ်ရာတွင် ရုံးချုပ် တည်ရှိရာ MICT Park နှင့် အနီးပတ်ဝန်းကျင်တွင် ကွန်ရက် ချိတ်ဆက် စမ်းသပ်ခြင်းဖြစ်သည်။ အူးရီးဒူး၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ဇန်နဝါရီ ၃ဝ ရက်က ရရှိခဲ့ခြင်းဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment