Pages

Tuesday, March 4, 2014

သန်းခေါင်စာရင်း လှုံ့ဆော်ပွဲ ဖျော်ဖြေရန် ဇာဂနာနှင့်အဖွဲ့ ကလေးမြို့သို့လာမည်

RangonNewsDaily: March . 4 .2014
မြန်မာနိုင်ငံတွင် နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် သန်းခေါင်စာရင်းနှင့် ပတ်သက်၍ လှုံ့ဆော်ပွဲ ဖျော်ဖြေရန် ရုပ်ရှင် သရုပ်ဆောင် ဇာဂနာ ဦးဆောင်သောအဖွဲ့ ကလေးမြို့သို့ မတ်လ ၁၂ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း မြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ အတွင်းရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။
သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ပြည်သူများ သိရှိ နားလည်စေရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ စီစဉ်မှုဖြင့် ရုပ်ရှင်သရုပ်ဆောင်များ ဦးဆောင်သော အကြိုလှုံ့ဆော်မှု နယ်လှည့် ဖျော်ဖြေရေး ပြုလုပ်ခြင်း ဖြစ်ရာ မတ်လ (၂) ရက်နေ့
မှစ၍ နိုင်ငံအနှံ့ လှည့်လည် ဟောပြော စည်းရုံးမည် ဖြစ်ကြောင်း အထက်မြန်မာပြည် ခရီးစဉ်အဖြစ် ပျဉ်းမနားမြို့မှ စတင်၍ မုံရွာ- ယာကြီး-ကလေးလမ်းအတိုင်း မတ်လ ၁၂ ရက်နေ့ ညနေတွင် ကလေးသို့ ရောက်ရှိပြီး ၁၃ ရက်နေ့တွင် ကလေးမြို့၊ အားကစား
ကွင်း အတွင်း၌ ဖျော်ဖြေမည် ဖြစ်ကြောင်း၊ ယင်းဖျော်ဖြေပွဲပြီးလျှင် ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ခရီးဆက်မည်ဟု ၎င်းကဆိုသည်။

ယင်းအကြို လှုံ့ဆော်ရေး ခရီးစဉ်၌ အထက်မြန်မာပြည်အတွက် ဇာဂနာ၊ အောက်မြန်မာပြည်အတွက် ဒေါ်ဆွေဇင်ထိုက်တို့က ဦးဆောင်ကာ ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ ဟဲလေး၊ ရဲရင့်အောင် စသော နာမည်ကျော် အနုပညာရှင်များ ပါဝင်မည် ဖြစ်ကြောင်း မြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ အတွင်းရေးမှူးထံမှ သိရသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း စီမံချက်အရ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့ထိ မြေပြင် ကွင်းဆင်း၍ စာရင်း ကောက်ယူမည် ဖြစ်ရာ ကလေးခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၈၀၁ ကွက် ဖွဲ့စည်း ထားကြောင်း၊ ယင်းသို့ ကောက်ယူနိုင်ရန် ဆရာ/မ ၈၀၁ ဦးကိုလည်း ရွေးချယ်ထားပြီ ဖြစ်ကြောင်း၊ 


ခရိုင်အတွင်းရှိ တပ်ရင်း တပ်ဖွဲ့များ၊ ဆေးရုံနှင့် အကျဉ်းထောင်များ၊ သစ်တောကြိုးဝိုင်း အတွင်းရှိ ရေနံမှော်နှင့် ကျောက်မီးသွေးမိုင်း များတွင်ရှိသော အိမ်ထောင်စုများအတွက် ဒေသခံ အဖွဲ့အစည်းများ၏ တာဝန်ခံများက ကောက်ခံကြမည် ဖြစ်ကြောင်း ကလေးခရိုင် သန်းခေါင်စာရင်း ကော်မတီ ဥက္ကဌ ဦးမောင်တူးက ပြောဆိုသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment