Pages

Tuesday, March 4, 2014

အမြန်လမ်းမတွင် ခရီးသွားယာဉ်နှစ်စီး လေးခွဖြင့်ပစ်ခတ်ခံရ


RangonNewsDaily: March . 4 .2014
ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၈ မိုင် ၃ ဖာလုံ အနီး တွင် မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်က H-A-L Travel ယာဉ်လိုင်းမှ ခရီးသည်တင် ယာဉ်နှစ်စီးကို အမည်မသိ လူတစ်စုက လေးခွ ဖြင့် ပစ်ခတ်ခဲ့ကြောင်း အဆိုပါ H-A-L Travel ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုမိုးက ပြောကြားသည်။အဆိုပါ ခရီးသည်တင် ယာဉ်နှစ်စီးမှာ လားရှိုးမြို့ ရှန်ခိုက် ဘုရားပွဲမှ ရန်ကုန် သို့ ပြန်လာခြင်း ဖြစ်ပြီး ၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်တိုင်အမှတ် ၁၂၈ အနီးတွင် လမ်းမဘေးဘက်မှ လေးခွများဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်း ကြောင့် မောင်းနှင်လာသော ယာဉ်နှစ်စီးအနက် ရှေ့တစ်စီးသည် လေကာမှန် ကွဲသွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ခရီးသည်တွေတော့ ထိခိုက်မှု မရှိဘူး။ ဒရိုင်ဘာတော့ ခေါင်းပေါက်သွား တယ်။ အခုတော့ ဖြစ်တဲ့နေရာနဲ့ အနီးဆုံးက ဗောဓိကုန်းသူ ရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုသည် အုတ်တွင်းမြို့နယ် ဧရိယာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လူနေရွာနှင့် ခုနစ်မိုင်ခန့် ဝေးကွာကြောင်း၊ ပစ်ခတ်သော လူဦးရေ အရေ အတွက်ကို အတိအကျ မသိရှိနိုင်ကြောင်း၊ အမှုနံပါတ် ၃၇၉ နှင့် အမှုဖွင့်ထား ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“လောလောဆယ်တော့ ကျွန်တော်တို့ တရားခံလို့ ယူဆရတဲ့သူ နှစ်ယောက် ကိုတော့ ဖမ်းမိထားပါ။ ကျန်တာကတော့ စစ်ဆေးဆဲပါ” ဟု ဗောဓိကုန်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လေးခွဖြင့် ပစ်ခေတ်ခံရသော ခရီးသွား ယာဉ်နှစ်စီးပေါ်တွင် ခရီးသည် ၁၀၀ ကျော်ခန့် ပါဝင်ကြောင်း ပစ်ခတ်ခံရသော H-A-L Travel ယာဉ်လိုင်းထံမှ သိရှိရသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment