Pages

Tuesday, March 4, 2014

Gravityဇာတ်ကား ဆု(၇)ခု ဆွတ်ခူး အောင်ပွဲခံခဲ့သည့် ၂၀၁၄ အော်စကာ


RangonNewsDaily: March . 3 .2014
အကောင်းဆုံး ဇာတ်ကားဆုကို 12 Years A Slaveက သိမ်းပိုက်သွားခဲ့သော်လည်း Gravity အနေဖြင့် ဖန်တီးတင်ဆက်မှုဆိုင်ရာ ဆုအများအပြားကို ရရှိခဲ့ခြင်း ဖြစ်သည်
(၈၆)ကြိမ်မြောက် အော်စကာ ဆုနှင်းသဘင်တွင် Gravity ဇာတ်ကားက ဆု(၇)ခုထိ ဆွတ်ခူးရရှိကာ အောင်ပွဲခံနိုင်ခဲ့သည်။ အကောင်းဆုံး ဇာတ်ကားဆုကို 12 Years A Slaveက သိမ်းပိုက်သွားခဲ့သော်လည်း Gravity အနေဖြင့် ဖန်တီးတင်ဆက်မှုဆိုင်ရာ ဆုအများအပြားကို ရရှိခဲ့ခြင်း ဖြစ်သည်။ 

ဆန်ဒရာဘူးလော့ခ် အဓိက သရုပ်ဆောင်ကာ ဂျော့ဂ်ျကလူနီးက ပံ့ပိုးခဲ့သည့် အဆိုပါ ဇာတ်ကားသည် အယ်လ်ဖွန်ဆို ကူရာရိုအတွက် အကောင်းဆုံး ဒါရိုက်တာဆု၊ အထူးပြုလုပ်ချက်ဆု၊ အကောင်းဆုံး အသံရောယှက်မှုဆု၊ အကောင်းဆုံး တည်းဖြတ်ဆုများ အပါအဝင် ဆု(၇)ဆုထိ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 12 Years A Slave ဇာတ်ကားအတွက် ဆုကိုမူ အဓိက ထုတ်လုပ်သူဖြစ်သည့် မင်းသား ဘရတ်ပစ်တ်က လက်ခံယူခဲ့သည်။

အကောင်းဆုံး မင်းသားဆုတွင် လီယိုနာဒို ဒစ်ကာပရီယိုတစ်ယောက် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ရှာဘဲ Dallas Buyers Clubမှ မက်သရူး မက်ကော့တနီ ဆုရသွားသည်ကိုသာ လက်ခုပ်တီးခဲ့ရသည်။ မင်းသမီးဆုကိုမူ အပြတ်အသတ် ရေပန်းစား နာမည်ကြီးနေပြီးဖြစ်သည့် ကိတ်ဘလန်ချတ်ကပင် Blue Jasmine ဇာတ်ကားဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။ 


အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို Dallas Buyers Club ဇာတ်ကားမှပင် ဂျာရတ်လီတိုက ရရှိခဲ့ရာ အဆိုပါ ဇာတ်ကားသည် အမျိုးသား သရုပ်ဆောင် နှစ်ဦးအတွက် ကံကောင်းစေခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ အကောင်းဆုံး ဇာတ်ပို့ အမျိုးသမီးဆုကိုမူ နာမည်ကျော် ဂျနီဖာလောရင့်စ်ကို ကျော်ဖြတ်ပြီး 12 Years A Slaveမှ လူပီတာညွန်းက ဆွတ်ခူးသွားခဲ့သည်။

အကောင်းဆုံး နိုင်ငံခြား ဘာသာစကားပြော ဇာတ်ကားကို The Great Beautyက အီတလီ ဘာသာစကားဖြင့် ရရှိသည်။ Animation ဇာတ်ကားဆုကို Frozenက ရရှိခဲ့ပြီး Frozenတွင် ပါဝင်သည့် ဇာတ်ဝင်သီချင်း Let It Goက အကောင်းဆုံး သီချင်းဆုအတွက် ရွေးချယ်ခံခဲ့ရသည်။


မိတ်ကပ်အပြင်အဆင်ဆုသည် Dallas Buyers Clubအတွက် ဖြစ်လာပြီး အဝတ်အစား အဆင်အပြင် အကောင်းဆုံးဆုကိုမူ The Great Gatsbyက ရရှိခဲ့သည်။ ကိုးကား ဇာတ်ညွှန်းဆုကို 12 Years A Slaveက ရရှိခဲ့ပြီး မူရင်းဇာတ်ညွှန်းဆုကိုမူ Her ဇာတ်ကားက ဆွတ်ခူးနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment