Pages

Tuesday, March 4, 2014

ကိုစစ်နိုင်နှင့် သက်မွန်မြင့်တို့ ဇနီးမောင်နှံ၏ ချစ်စခင်စ အိမ်ထောင်သည်ဘဝ ကြည်နူးစရာ စကားများ


RangonNewsDaily: March . 4 .2014
တူနှစ်ကိုယ်ချစ်ခြင်းမေတ္တာနှင့် တူနှစ်ဖြာ လက် ထပ်ထိမ်းမြားမင်္ဂလာပွဲ ဆင်ယင်ကျင်းပပြီး နှစ်ဦးဂဟေ ဆက်ဘဝနှစ်ခုပေါင်းစပ်၍ အိမ်ထောင် တစ်ခုကို တည် ထောင်ပြုခဲ့ ကြသည့် ခင်ပွန်းသည် ကိုစစ်နိုင်နှင့် ဇနီး သည် သရုပ်ဆောင်အကယ်ဒမီ သက်မွန်မြင့်တို့၏ နှစ်ဦးသား ပိုင်ဆိုင်ထားရှိသည့် အိမ်ထောင်သည်ဘဝ စိတ်ခံစားမှု၊ ခိုင်မြဲသော အိမ်ထောင်တစ်ခု တည်ဆောက်ရန် အမြင် များ အပြင် အနုပညာအလုပ်ကိစ္စ၊ ဘဝရှေ့ရေး ပြင်ဆင်ထားရှိမှုအကြောင်းတို့ကို မေးမြန်းဖြစ်ခဲ့ ပါသည်။
►ကိုစစ်နိုင် သူပါဝင်တဲ့ဇာတ်ကားတိုင်း ကြည့်ဖြစ်၊ အားပေးဖြစ်တယ်

ဒီမာယာပရောဂျက် ဇာတ် ကားထဲမှာ သူတော်တော်လေးလှတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ရိုက်ထားတာ။ ကျွန်တော်တို့စတွေ့တဲ့ အချိန်လောက်ဆိုတော့ တအားလှတယ်။ အခု လည်းလှပါတယ်။ ဒီဇာတ်ကားထဲမှာ သူက မြန်မာဆန် ဆန်လေးဝတ်ထားတာ
ဆိုတော့ သူ နဲ့ လိုက်တယ်။ အစကတည်းက ကျွန် တော်က သူ့ပရိသတ်အနေနဲ့ သူ့ ဇာတ်ကားတွေကို ကြည့် ပြီး အားပေးဖြစ်သလို၊ ကြိုက်လည်း ကြိုက် ပါတယ်။

►နိုင်ငံခြားရုပ်ရှင်ကြည့်ပြီး အကြံဥာဏ်လေးတွေ ပေးဖြစ်တယ်

နောက်ပိုင်း မှာလည်း ကျွန် တော်က အနု ပညာပိုင်းနဲ့ ပတ် သက်ပြီး သူ့ကို အကြံဥာဏ်ပေးလို့ ရတဲ့ကိုယ်မြင်တဲ့ ခံစား ချက်လေးတွေ၊ ပြီး တော့ နိုင်ငံ ခြားရုပ်ရှင်တွေ လည်းကျွန်တော်ကကြည့်ရတာ ဝါသနာပါတော့ ဟို ဘက် ကနေပြီး မြန်မာနိုင်ငံနဲ့ လုပ်နေတာတွေကို ဟိုဘက်အနုပညာနဲ့ ပတ် သက်ပြီး ဘာတွေအတု ယူစရာရှိလဲ ကျွန်တော်မြင်တာလေး တွေကို သူ့ကိုအကြံဥာ

ဏ်ပေးမယ်သူကလည်းဒီဘက်ခေတ်သရုပ် ဆောင်တစ်ယောက်အနေနဲ့ သူဖျော်ဖြေနိုင်တာလေးတွေ ကို ပေးနိုင် အောင် ကျွန်တော်
လည်းတတ်နိုင်သလောက် အကြံဥာဏ်ပေးသွားမှာပါ။

►မတ်လထဲမှာ ဟန်းနီးမွန်းခရီးထွက် မယ်

ဟန်းနီးမွန်းကတော့ ငွေဆောင် ကို သွားဖြစ်တယ်။ နောက်ပိုင်း တော့ မတ်လထဲမှာလည်း သွားမယ်။ ဧပြီ ထဲမှာလည်း ခရီးသွားဖို့ရှိ တယ်။ ခရီး ကတော့ အမြဲတမ်း သွားဖြစ်နေတော့ သူ့ကို ပြောပါတယ်။ အမြဲတမ်း ဟန်းနီးမွန်းခရီးပေါ့လို့ သင်္ကြန်ကိုတော့ နိုင်ငံခြား

သွားဖို့ တော့ စီစဉ်ထားတယ်။

►ချစ်သူရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝ ကမတူဘူး

နားလည်မှုဆိုတာက တော့အခုမှန်ညှိတုန်းပေါ့။ ရည်း စားဘဝနဲ့ အိမ်ထောင်သည်ဘဝ ကတော့မတူဘူး။အိမ်ထောင်သည် ဖြစ်သွား

 ပြီဆိုတော့နှစ်ဖက်မိဘဆွေ မျိုး အသိုင်းအဝိုင်းတွေကိုအခုမှ တစ် ယောက်နဲ့ တစ်ယောက်တွေ့ကြတယ်။ တစ်ယောက်အကြောင်း တစ်ယောက် ပိုပြီး သိရတယ်။

သူ့မိသားစုကလည်း ချစ်ခင် ပြီးသားဆိုတော့ တအားအဆင်ပြေ ပါတယ်။ သူ့ကိုလည်း ကိုယ်က အိမ် ထောင်ရှင်မဖြစ်ပြီဖြစ်
တဲ့အ
တွက် သူမသိတာလေးတွေ ရှိရင် ပြောပြရ တာမျိုးတွေရှိတယ်။ သူက သူ့မိသား စုမှာလည်း အငယ်ဆုံးဆိုတော့ ကလေးဆန်တယ်။ အဲဒါလေးတွေကို တော့ ကျွန်တော့်အနေနဲ့ ပြောပြဖြစ် အဆင်ပြေပါ တယ်။

►ကလေးချစ်တတ်သူမို့ ရင်သွေးယူဖို့ ညှိရဦးမယ်

ကလေးယူဖို့ကတော့ ညှိရဦးမှာ ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နှစ် ယောက် လုံးက အလုပ်လုပ်နေတော့ နှစ်ယောက်စလုံးကတော့ ကလေး တအား ချစ်တတ်ကြတယ်။ ကလေး ယူဖို့တော့ ညှိရဦးမယ်။

►သက်မွန်မြင့် အနုပညာအလုပ်ပေါ် မှာ တာဝန် ကျေချင်တယ်

အနုပညာအလုပ်နဲ့ ပတ်သက် ပြီးတော့ အိမ်ထောင်ကျတာနဲ့ မကျ တာနဲ့တော့ မဆိုင်ပါဘူး။ အစက တည်းက ကိုယ်က အလုပ်စလုပ်

က တည်းက တာဝန်ကျေချင်တယ်။ ကိုယ်ရိုက်တဲ့ကားမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီးတော့ သရုပ် ဆောင်တယ်။ ကိုယ့်
ဇာတ်ကားကြည့် တဲ့အခါမှာ ကြည့်ရတာ တန်တယ်ဆို တာမျိုးပဲ ဖြစ်ချင်တာပါ။

►ချစ်သူရည်းစားဘဝကတည်းက နားလည်မှုရှိပြီးသား အိမ်ထောင်တစ် ခုပါ

သီးသန့်ကြီးတော့ မရှိပါဘူး။ ချစ်သူဘဝကတည်းက နားလည်မှုရှိ ပြီးသားမို့လို့ အိမ်ထောင်တစ်ခုကို တည်ဆောက်ကြတယ်။ ထွေထွေထူး ထူးပြောင်းလဲသွားတာတော့ မရှိပါ ဘူး။ ကိုယ့်အလုပ်ကို သူနားလည် ပေး တယ်။ တစ်ယောက်နဲ့တစ် ယောက်က နားလည်မှုနဲ့ပဲ သူလည်း အလုပ်လုပ် ကိုယ်လည်း အလုပ်လုပ် နားလည်မှုနဲ့ပဲ ဆက် သွားကြမယ်။ 


သူကိုယ်တိုင် ကလည်း ရုပ်ရှင်ကြည့် တာ ဝါသနာပါတယ်။ အနုပညာကို ခံစားတတ်တယ်။ အရင်တုန်းက တော့ သူတစ်နေ့ကို ရုပ်ရှင်တစ် ကားအမြဲကြည့် တယ်ဆိုတော့ ကိုယ့် ကိုလည်း သူက သူသိတာလေးတွေကို အကြံဥာဏ်ပေးပါတယ်။

►အလုပ်တွေ အကြွေးတင်နေလို့ ဟန်းနီးမွန်းခရီး မစီစဉ်ဖြစ်သေး

ဟန်းနီးမွန်းကတော့ သေသေ ချာချာ ရွေးပြီးတော့ မသွားဖြစ်သေး ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲ အတွက်ကို စီစဉ်နေတဲ့အချိန်

မှာ အလုပ်တွေကို ပစ်ထားရတာကြာပြီ ဆိုတော့ သူလည်း အလုပ်တွေပေါ် မှာ အကြွေး တင်နေတယ်။ ကိုယ်က လည်း မရိုက်ရ
တာကြာပြီိဆိုတော့ အလုပ်လုပ်ချင် တယ်။ အလုပ်တွေကို အရင်လုပ်လိုက်ဦးမယ်။ ပွဲပြီးပြီးချင်း တော့ နားတဲ့သဘောနဲ့ ငွေဆောင် တော့ ရောက်ဖြစတယ်။ သင်္ကြန်ကျ တော့ သွားဖို့တော့ စီစဉ်ထား တယ်။ သေတော့မသေချာသေးပါဘူး။

►အိမ်ထောင်သည်ဘဝရောက်လည်း အနုပညာအလုပ်ကို ဆက်ကြိုးစား လုပ်မယ်

သက်မွန်ကတော့ အနုပညာ အလုပ်တွေကို ဆက်ပြီးတော့ ကြိုး စားသွား မှာပါ။ အိမ်ထောင်သည် ဘဝရော၊ အနုပညာဘဝရောကို မျှ ပြီးတော့ အောင်မြင်အောင် ကြိုးစား သွားမယ်လို့ ပြောချင်ပါတယ်။

►ကိုယ်တိုင် မိခင်တာဝန်ယူနိုင်ခါကျမှ ကလေးယူတော့မယ်

လောလောဆယ်တော့ ကလေး ယူဖို့ကိုတော့ မစဉ်းစားသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်လည်း ရှိသင့်တယ်။ ကလေး

ကတော့ နှစ် ယောက်စလုံး ချစ်တတ် တာတော့ ဟုတ်တယ်။ ကိုယ်တိုင်ကလည်း ကလေးဆန်တယ်။ နောက်ပြီး ကလေးကို ကိုယ်
ထိန်းသိမ်းနိုင်မလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေသေး တယ်။ ကိုယ်က တာဝန်ယူနိုင်တဲ့ အချိန်ကျ မှ ယူတာကောင်း
တယ်။

►နေမှုထိုင်မှု ပြောဆိုမှုတွေ ခင်ပွန်း သည်က သွန်သင်ဆုံးမတယ်

သူကတော့ ကိုယ့်ကိုပြောတာ ဆိုတာတွေကို ပြောပြတယ်။ ကိုယ် က စိတ်ထဲရှိတိုင်း မပြောရဘူးလို့ ပြောပြတယ်။ သက်မွန်က တအားခံ စားလွယ်တယ်။ အဲဒီတော့ မပျော့ ညံ့ရဘူး။ ကိုယ်က သေသေချာချာ တွေး တတ်ရတယ်။ နေတတ်ထိုင် တတ်စားတတ်၊ ပြောတတ်ရတယ် လို့ ပြောပြ တာတွေရှိတယ်။ 


သူက လူကြီး ပုံစံအသက်က်ေ တာ့ တအားကြး မကွာ ပေမယ့် သူက ပိုပြီးကိုယ့်ထက်ရင့် ကျက်တယ်။ သင်ပေးတာလည်း ရှိတယ်။

Popular Journal , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment