Pages

Wednesday, September 19, 2012

စစ်ဆန့်ကျင်ရေး ဆန္ဒပြလိုသူများ ခွင့်ပြုမိန့်မရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ အပါအဝင် လွှတ်တော်၊ သမ္မတရုံး၊ ရန်ကုန်နှင့်ကျောက်မဲမြို့တို့
တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့၌ ဆန္ဒပြုခွင့်ပြုပါရန် ခွင့်ပြု
မိန့် လျှောက်ထားရာ ငြင်းပယ်ခံရကြောင်း ဆန္ဒပြလိုသူများထဲမှ တဦးဖြစ်သည့် မခင်စန္ဒာညွန့်ကြည် က ပြော
သည်။

ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

 
ပြည်တော်ပြန်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမိုးသီးဇွန်ကပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲ
တွင်ဝင်ရောက်ယှဉ်ပြိုင်လိုသောကြောင့်၎င်းအတွက်အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်
ပေးရန် တောင်းဆိုလိုက်သည်။

မန္တလေးဈေးချိုတော်ကို မီးရှို့ရန်ကြံစည်ပြီး ကြွပ်ကြွပ် အိတ်နှင့် ထည့်ထားသော ဓါတ်ဆီများ တွေ့ရှိ

ဤသို့ ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော ဓါတ်ဆီ များကို ရှာဖွေ တွေ့ရှိခဲ့သည်

မန္တလေး ဈေးချိုတော် ၇ (ခုနှစ်)နံပတ်ရုံ (မုန့်စုံရုံ ဟုလည်းခေါ်ကြ) နဲ့ဈေးအိမ်သာ (သန့်စင်ခန်း)အကြား မှာ   ဆိုင်တွေအောက်ခြေနားကကြွတ်ကြွတ်အိတ်နဲ့ထည့်ထားတဲ့ ဓာတ်ဆီအိတ် ၄ အိတ်ကို ဈေးမဖွင့်ခင် မနက် ၆ နာရီဝန်းကျင်ကတွေ့ရှိကြောင်း သိရပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်တဲ့ အာရှအသံ (RFA) ရုံးချုပ် လာရောက် လည်ပတ်

Photo: ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်တဲ့ အာရှအသံ (RFA) ရုံးချုပ် လာရောက် လည်ပတ်
2012-09-18

အမေရိကန် ပြည်ထောင်စုကို လာရောက်တဲ့ ရည်ရွယ်ချက်က မြန်မာ့ ဒီမိုကရေစီအရေး အားပေး ထောက်ခံခဲ့သူတွေကို ကျေးဇူးတင်ဖို့၊ ရှေ့ရေး ဆက်လက်ဆွေးနွေး တိုင်ပင်ဖို့ ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဝါရှင်တန် ဒီစီ မြို့တော် အခြေစိုက် လွတ်လပ်တဲ့ အာရှအသံ RFA ရုံးချုပ်ကို လာရောက် လည်ပတ်စဉ်အတွင်း မြန်မာဌာနနဲ့ တွေ့ဆုံရာမှာ
 ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။

"ကျွန်မ ဒီလာတယ်ဆိုတာ အဓိကကတော့ အကြောင်းနှစ်ကြောင်းပေါ့နော်။ တစ်ကြောင်းကတော့ ကျွန်မတို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အားပေးခဲ့တဲ့ ကူညီခဲ့တဲ့ အမေရိကန်မှာရှိတဲ့ အမေရိကန်လွှတ်တော် အမတ်တွေနဲ့ တခြားပုဂ္ဂိုလ်ကြီးတွေကို ကျေးဇူးတင်တယ်ဆိုတာပြောဖို့။ ဒုတိယကတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ထွန်းကားမှုကို ဆက်လက်ပြီးတော့ ဘယ်လိုပုံစံနဲ့ ကူညီနိုင်မလဲဆိုတာကို တိုင်ပင်ပြီးတော့ လုပ်သွားဖို့
 ဖြစ်ပါတယ်"

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ - ဒီကိစ္စဖြေရှင်းဖို့ဆိုရင် အမုန်းတရားရဲ့ အရင်းခံဇစ်မြစ်တွေကို ဖယ်ရှားပစ်ရမှာဖြစ်ပြီး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေ
အပေါ် လေးစားလိုက်နာမှု၊ ညှိုနှိုင်းဆောင်ရွက်မှု တွေနဲ့ ဖြေရှင်းသွားရ
မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပဋိပက္ခဖြေရှင်းရေး ပြောဆိုကြတဲ့အခါ ဘယ်သူတွေက ဘယ်လို
အကြံဥာဏ်တွေပဲ ပေးပေး၊ ရှောင်လွှဲလို့မရတဲ့ ကိစ္စကတော့ တစ်ဖက်သားနဲ့ စကားပြောရပါမယ်၊ ညှိနှိုင်းရပါမယ်၊ ပြဿနာတွေကို ဓားနဲ့ဖြေရှင်းမယ့်
အစား စကားနဲ့ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် ဒေါ်အောင်ဆန်းစုကြည် အသံမထွက်ဘဲ တိတ်ဆိတ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း မိမိတို့အနေနဲ့ အစိုးရတစ်ရပ် မဟုတ်တဲ့အတွက် ဘာလုပ်မယ်၊ ဘာတွေဆောင်ရွက်မယ်ဆိုတာ ဆုံးဖြတ် ပြောဆိုနိုင်တဲ့ အနေအထားမှာ မရှိဘူးဆိုတာ နားလည်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်
က ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ မနက်ပိုင်းက အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့ပြီး USIP ခေါ် အမေရိကန်
 ပြည်ထောင်စု ငြိမ်းချမ်းရေး ဆိုင်ရာအဖွဲ့နဲ့ Asia Society အဖွဲ့တို့ ပူးတွဲ ကမကထ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကိုလည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကို လာရောက်တဲ့ ရည်ရွယ်ချက်က မြန်မာ့ ဒီမိုကရေစီအရေး အားပေး ထောက်
ခံခဲ့သူတွေကို ကျေးဇူးတင်ဖို့၊ ရှေ့ရေး ဆက်လက်ဆွေးနွေး တိုင်ပင်ဖို့ ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်
စုကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်
က ပြောကြားလိုက်ပါတယ်။

၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ မ၀င်းမော်ဦးနဲ့တကွ ကျဆုံးသွားခဲ့တဲ့ မောင်တင်ထွန်း၊ မောင်သန်းဌေး စတဲ့ အာဇာနည်ကျောင်းသူ၊ ကျောင်းသားတွေအတွက် (၂၄)နှစ်ပြည့် အထိမ်းအမှတ်ပွဲပြုလုပ်

Photo: ၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ မ၀င်းမော်ဦးနဲ့တကွ ကျဆုံးသွားခဲ့တဲ့
 မောင်တင်ထွန်း၊ မောင်သန်းဌေး စတဲ့ အာဇာနည်ကျောင်းသူ၊
 ကျောင်းသားတွေအတွက် (၂၄)နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားနဲ့ နှစ်ပတ်လည် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ဒီကနေ့နံနက် ၇ နာရီက ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာရှိတဲ့ ဘုရားငါးဆူတန်ဆောင်းမှာ ကျင်းပခဲ့ပါတယ်။

၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ မ၀င်းမော်ဦးရဲ့တောင်းတချက် တစ်ခုဖြစ်တဲ့ မြန်မာပြည် ဒီမိုကရေစီ မရမချင်း သူ့အတွက် အမျှဝေမပေးဖို့ သူမရဲ့ဖခင်ကိုမှာခဲ့ချက်အရ စစ်မှန်တဲ့ ဒီမိုကရေစီမရသေးတာကြောင့် အမျှမဝေသေးဘူးလို့ မ၀င်းမော်ဦးရဲ့မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်းက RFA ကို ပြောပါတယ်။

ဒီအခမ်းအနားကို ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ၈၈ မျိုးဆက်
 ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လူကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပေမယ့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ အသက်ပေးတိုက်ပွဲ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကိုယ်စား မ၀င်းမော်ဦး အတွက် ဂုဏ်ပြုရေးသားထားတဲ့ ကဗျာတစ်ပုဒ်ကို ၈၈မျိုးဆက်ကျောင်းသား ကိုဇော်မင်းက ရွတ်ဆိုဂုဏ်ပြုခဲ့ပါတယ်။

ဒီအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုထွန်းမြင့်အောင်၊ ကိုဇော်မင်းတို့တက်ရောက်ခဲ့ပြီး ဗကသ ကျောင်းသားတွေ၊ နိုင်ငံရေး ပါတီအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။ 

လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့မှာလည်း မ၀င်းမော်ဦးရဲ့ ၂၄ နှစ်ပြည့် ဆွမ်းကျွေးတရားနာပွဲကို သူမရဲ့မိဘတွေရဲ့နေအိမ်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ မ၀င်းမော်ဦးနဲ့တကွ ကျဆုံးသွားခဲ့တဲ့ မောင်တင်ထွန်း၊ မောင်သန်းဌေး စတဲ့ 
အာဇာနည်ကျောင်းသူ၊ ကျောင်းသားတွေအတွက် (၂၄)နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအောက်မေ့ဖွယ် အ
ခမ်းအနားနဲ့ နှစ်ပတ်လည် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ဒီကနေ့နံနက် ၇ နာရီက ရန်ကုန် ကြည့်မြင်တိုင်မြို့
နယ် ပန်းပင်ကြီးလမ်းမှာရှိတဲ့ ဘုရားငါးဆူတန်ဆောင်းမှာ ကျင်းပခဲ့ပါတယ်။

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ မိုးကောင်းမြို့နဲ့ နမ္မတီးမြို့တွေက ဒေသခံတွေနဲ့တွေ့ဆုံ

Photo: ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ
 မိုးကောင်းမြို့နဲ့ နမ္မတီးမြို့တွေကို သွားရောက်ပြီး ကျောင်းသူ  
ကျောင်းသားတွေ၊ ဒေသခံပြည်သူတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

 မိုးကောင်းမြို့ ပိစ္ဆိမာရုံကျောင်းတိုက်မှာ ပြုလုပ်တဲ့ ကိုမင်းကိုနိုင်ရဲ့ 
 ဟောပြောပွဲကို မူလတန်းကနေ (၁၀)တန်းအထိ ကျောင်းသူကျောင်းသား (၄၀၀)ကျော်လောက်တက်ရောက်ခဲ့ကြပါတယ်။ 

ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမာကီးတို့ပါဝင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားတွေဟာ ဖားကန့်မြို့မှာ စတင်ခဲ့တဲ့ ကချင်ပြည်နယ်က စစ်ပွဲရပ်စဲရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို မိုးကောင်းမြို့နဲ့ နမ္မတီးမြို့တွေမှာလည်း ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ 

ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ လေကြောင်းခရီးနဲ့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာဖို့
အတွက် ဖားကန့်ခရီးစဉ်ကို အဆုံးသတ်ပြီး ဒီကနေ့ မြစ်ကြီးနားမြို့မှာ
 ရောက်ရှိနေကြပြီဖြစ်ပါတယ်။

(Photo: 88 Generation Students Group- စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင်နေကြရသည့် ဖားကန့်ဒေသရှိ ကလေးငယ်များနှင့် အတူ)
(Photo: 88 Generation Students Group- စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင်နေကြရသည့် ဖားကန့်ဒေသရှိ ကလေးငယ်များနှင့် အတူ)
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ မိုးကောင်းမြို့နဲ့ နမ္မတီးမြို့တွေ
ကို သွားရောက်ပြီး ကျောင်းသူ ကျောင်းသားတွေ၊ ဒေသခံပြည်သူတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

မိန်းကလေးများအတွက် ဘ၀ ဒဿန

(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို
ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲမလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်
ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။

ပျော်ရွှင်မိန်းမသားရဲ့ အိမ်ထောင်ရေးအတွေ့အကြုံ

ကျွန်မ (၃၁)နှစ်မှ အိမ်ထောင်ပြုပါတယ်။ အခု အိမ်ထောင်ရေးလမ်းခရီး သာယာဖြောင့်ဖြူးလျှက်ရှိပါတယ်။ အရင်က ကျွန်မကိုယ်တိုင်လည်း နာကျင်ကြေကွဲတဲ့ခံစားချက်တွေ ခံစားတွေ့ကြုံခဲ့ဖူးပါတယ်။ အခုလက်ရှိမှာ ခင်ပွန်းသည်၊ သူ့မိသားစုတို့နဲ့ ကျွန်မရဲ့ပေါင်းသင်းဆက်ဆံရေးက အလွန်သင့်မြတ်နေပါတယ်။ ကျွန်မရဲ့အတွေ့အကြုံတချို့ကိုအချစ်ခရီးလမ်းမှာစမ်းတဝါးဝါးဖြစ်နေတဲ့ညီအစ်မတွေကို မျှဝေပေးချင်ပါသေး
တယ်။  

ဆရာမ လွန်းထားထားရဲ့ "အတွေးစာစု(၆၄)"


လူတိုင်းဆီက ချီးကျူးစကားသံတွေကြားချင်ခဲ့ ပေမယ့် ..

တခြားသူတစ်ယောက်ကို စတင်ချီးကျူးစကားဆိုဖို့ ..

ဝန်လေးတွန့်ဆုတ်ချင်နေလိမ့်မယ်..။

ကားပြပွဲ တွေ မှာ အဖော်လွန် တဲ့ မော်ဒယ်(လ) တွေ ကို တရုတ် နှိပ် ကွပ်

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-snc6/225973_347907195300820_322559510_n.jpg

တရုတ် ပြည်မှာ မော်တော် ကား ပြပွဲ တွေ ကျင်းပ တဲ့ အခါ မလုံ မခြံ ၀တ်ထား တဲ့ မော်ဒယ်(လ)တွေ ကို ဖမ်း
ဆီး အရေး ယူတာ တို့  မော်တော်ပြ ပွဲ ကျင်း ပတဲ့ ကုမ္ပဏီ ကို လည်း အရေးယူတာတွေ လုပ် လာ ပြီ ဖြစ်တဲ့
 အကြောင်း ဒီနေ့ ထုတ် ဝေတဲ့ South China Morning Post သတင်းစာ မှာ ဖော်ပြထား ပါတယ်။

Huawei ရဲ့နောက်ဆုံးပေါါ်မော်ဒလ် Huawei Ascend P1 S ကမ္ဘာ့အပါးလွှာဆုံးဖုန်း


Huawei ကအသစ်ထုတ်လုပ်လိုက်တဲ့ Huawei Ascend P1 S ဖုန်းအကြောင်းMobile Hand Phone တွေကိုချစ်
တဲ့User များအတွက်မိတ်ဆက်လိုက်ရပါတယ်။တရုတ်ကုမ္ပဏီကထုတ်လုပ်တဲ့ဖုန်းဆိုပေမယ့် ဖုန်းရဲ့ပါဝင်
တဲ့ Hardware တွေနဲ့ Operating System ကိုကြည့်လိုက်တာနဲ့Huawei Ascend P1 S ဖုန်းရဲ့ အဆင့်အတန်း
ကိုလျှော့တွက်လို့မရမှန်းသိကြမှာပါ။ 

KIA နှင့် ဒိန်ဂါယန်တိုက်ပွဲတွင် အစိုးရတပ် ၃ ဦးကျ ၆ ဦးဒဏ်ရာရ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မှ ၃ မိုင်အကွာရှိ ဒိန်ဂါယန် (Dingga Yang) တွင်တပ်ချထားသော
မန်မာအစိုးရတပ်နှင့် က ချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြားတိုက်ပွဲအနည်းငယ်ပြင်းထန်စွာဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွား ကြောင်း ရှေ့တန်းမှ အရာရှိများမှသိရသည်။

ဓာတ်ပုံ မော်ဒယ် နှင့် တေးသံရှင် ၀တီ ရဲ့ အလှ

 ဓာတ်ပုံ မော်ဒယ် နှင့် တေးသံရှင် ၀တီ ရဲ့ အလှ ဓာတ်ပုံလေးတွေစုစည်းဖော်ပြလိုက်ပါတယ်။

မြန်မာဗီဒီယိုတစ်ကားကို အနည်းဆုံး ၁၀ ရက်နဲ့ ရုပ်ရှင်တစ်ကားကို အနည်းဆုံး ရက် ၂၀ ရိုက်ကူးဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက စည်းကမ်းချက် ထုတ်ပြန်

ဗီဒီယိုတစ်ကားကို အနည်းဆုံး ၁၀ ရက်နဲ့ ရုပ်ရှင်တစ်ကားကို အနည်းဆုံး ရက် ၂၀ ရိုက်ကူးဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက စည်း
ကမ်းချက် ထုတ်ပြန်လိုက်ပါတယ်။

လူသတ်မှုဟုယူဆရသော လူသေဆုံးမှု အားသက်ဆိုင်ရာသို့ တိုင်ကြားခြင်းမပြုနိုင်အောင် ရေလှဲနှဲကောအုပ်စုရေးမှုး ဦးသံချောင်းနှင့် အဖွဲ့အား အရေးယူပေးပါရန် (တိုင်ကြားစာ)


လူသတ်မှုဟုယူဆရသော လူသေဆုံးမှုအားသက်ဆိုင်ရာသို့တိုင်ကြားခြင်းမပြုနိုင်အောင် ရေလှဲနှဲကောအုပ်
စုရေးမှုး ဦးသံချောင်းနှင့် အဖွဲ့အားအရေးယူပေးပါရန်စာဖြင့်ပေးပို့လားပါတယ်။  အထက်ပါစာကိုမှုရင်းအ
တိုင်းတင်းပေးလိုက်ပါတယ်။တာဝန်ရှိသူများအနေဖြင့်လိုအပ်သလိုအရေးယူပေးနိုင်ရန် ပေးပို့လိုက်တာဖြစ်
ပါတယ်။

ရဲမေနှစ်ဦးကို ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမား


(သတ်ဖြတ်ခံရသည့် ရဲမေနှစ်ဦး)
ဗြိတိန်နိုင်ငံ၊ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့မှ ရဲမေနှစ်ဦးကို အကောက်ကြံ ဖြားယောင်းခေါ်ယူပြီး သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမားကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် စီစဉ်နေပြီ ဖြစ်သည်။ အသက်(၃၂)နှစ်ရှိ ဖီယိုနာဘုန်းနှင့် အသက်(၂၃)နှစ်အရွယ် နီကိုလာဟုဂ်ျတို့မှာ ဖောက်ထွင်းမှု တစ်ခုအတွက် သတင်းပို့ တိုင်ကြားသဖြင့် သွားရောက်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ


မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစား ရှိသော်လည်း အကြောင်းကြောင်း ကြောင့် မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ။ သို့သော်လည်း တိုင်းတပါးကို ရောက်လာတဲ့အခါမှာတော့ ကိုယ့် ပတ်ဝန်း ကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာပါတယ်။

“ မြန်မာ့အာမခံလုပ်ငန်းအကျိုးအမြတ်အားကောင်း၍ ပြည်ပ ကမ်းလှမ်းမှု အမြောက်အများရှိသော်လည်း် လက်မခံသေး”

နေပြည်တော်၊စက်တင်ဘာ၊၁၉ 

မြန်မာ့အာမခံဈေးကွက်သည်ကမ္ဘာ့အာမခံဈေးကွက်နှင့်နှိုင်းယှဉ်က အကျိုးအမြတ်အားကောင်
း၍ပြည်ပလုပ်
ငန်းရှင်အမြောက်အများဝင်ရောက်လုပ်ကိုင်ရန်ကမ်းလှမ်းသော်လည်းလက်ခံခြင်းမရှိကြောင်း ဘဏ္ဍာရေး
နှင့်အခွန် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောသည်။

KIA ကွန်မန်ဒို ကိုလဖိုင်ဇော်ဆိုင်း ရန်ကုန်ေ၇ာက်ပြီ