Pages

Wednesday, September 19, 2012

မန္တလေးဈေးချိုတော်ကို မီးရှို့ရန်ကြံစည်ပြီး ကြွပ်ကြွပ် အိတ်နှင့် ထည့်ထားသော ဓါတ်ဆီများ တွေ့ရှိ

ဤသို့ ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော ဓါတ်ဆီ များကို ရှာဖွေ တွေ့ရှိခဲ့သည်

မန္တလေး ဈေးချိုတော် ၇ (ခုနှစ်)နံပတ်ရုံ (မုန့်စုံရုံ ဟုလည်းခေါ်ကြ) နဲ့ဈေးအိမ်သာ (သန့်စင်ခန်း)အကြား မှာ   ဆိုင်တွေအောက်ခြေနားကကြွတ်ကြွတ်အိတ်နဲ့ထည့်ထားတဲ့ ဓာတ်ဆီအိတ် ၄ အိတ်ကို ဈေးမဖွင့်ခင် မနက် ၆ နာရီဝန်းကျင်ကတွေ့ရှိကြောင်း သိရပါသည်။ထိုအိတ်များကိုဈးခင်းဖို့ရောက်လာတဲ့ရှမ်းခေါက်ဆွဲဆိုင်ရှင်မိန်းမကြီးကမီးတောက်နေတာကို စတင်တွေ့
ရှိလို့ဈေးသန့်စင်ခန်းအစောင့်ကိုအော်ဟစ်အကူအညီတောင်းတာကြောင့်အခြားသောဈေး သူဈေးသားများ
နဲ့အတူ ရေစိုပုဆိုး၊ ရေစို အ၀တ်တွေနဲ့ငြိမ်းသတ်ရာမှာ မီးတောက် တစ်တောင် သာသာပဲ ရှိခဲ့လို့ ခဏတွင်း
မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 


မနက်ပိုင်းမှာ ဓာတ်ဆီအိတ် ၄အိတ်တွေ့ရှိခဲ့တာဖြစ်ပြီး ခေါင်မိုးနေရာတွေမှာ ဆက်လက်ရှာဖွေရာဓာတ်ဆီ အိတ်တွေဆက်တွေ့တယ်လို့ဆိုပါတယ်။ မွန်းလွဲ ၁ နာရီ လောက်မှာတော့ ဓာတ်ဆီအနံ့ထပ်ရတာကြောင့် ဆက်လက်ရှာဖွေရာ နောက်ထပ် ကြွတ်ကြွတ်အိတ်အနက်ရောင်နဲ့ ထည့်ထားတဲ့ ဓာတ်ဆီအိတ်တွေကို ထပ်မံတွေ့ရှိပါသည်။



ဒီတစ်ကြိမ်က ပထမဆုံးမဟုတ်ပဲ ဒီလိုဖြစ်တာ ၄ ကြိမ်ရှိပြီဖြစ်တာကြောင့် ဈေးသူဈေးသားများက တရားခံကို အမြန်ဆုံးဖမ်းမိစေချင်နေကြပြီး မီးဘေးအတွက်လည်း စိုးရိမ်နေကြရကြောင်းသိရသည်။
ဤသို့ ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော ဓါတ်ဆီ များကို ရှာဖွေ တွေ့ရှိခဲ့သည်

သက်ဆိုင်ရာတာဝန်ရှိသူများ နေ့လည်(၂)နာရီခန့်တွင် ရောက်ရှိလာပြီး စုံစမ်းမှုများပြုလုပ်သွားသည်ကို တွေ့ရသည်။
 
 ရွှေနိုင်ငံဘလော့

0 comments:

Post a Comment