Pages

Wednesday, September 19, 2012

၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ မ၀င်းမော်ဦးနဲ့တကွ ကျဆုံးသွားခဲ့တဲ့ မောင်တင်ထွန်း၊ မောင်သန်းဌေး စတဲ့ အာဇာနည်ကျောင်းသူ၊ ကျောင်းသားတွေအတွက် (၂၄)နှစ်ပြည့် အထိမ်းအမှတ်ပွဲပြုလုပ်

Photo: ၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ မ၀င်းမော်ဦးနဲ့တကွ ကျဆုံးသွားခဲ့တဲ့
 မောင်တင်ထွန်း၊ မောင်သန်းဌေး စတဲ့ အာဇာနည်ကျောင်းသူ၊
 ကျောင်းသားတွေအတွက် (၂၄)နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားနဲ့ နှစ်ပတ်လည် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ဒီကနေ့နံနက် ၇ နာရီက ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာရှိတဲ့ ဘုရားငါးဆူတန်ဆောင်းမှာ ကျင်းပခဲ့ပါတယ်။

၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ မ၀င်းမော်ဦးရဲ့တောင်းတချက် တစ်ခုဖြစ်တဲ့ မြန်မာပြည် ဒီမိုကရေစီ မရမချင်း သူ့အတွက် အမျှဝေမပေးဖို့ သူမရဲ့ဖခင်ကိုမှာခဲ့ချက်အရ စစ်မှန်တဲ့ ဒီမိုကရေစီမရသေးတာကြောင့် အမျှမဝေသေးဘူးလို့ မ၀င်းမော်ဦးရဲ့မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်းက RFA ကို ပြောပါတယ်။

ဒီအခမ်းအနားကို ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ၈၈ မျိုးဆက်
 ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လူကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပေမယ့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ အသက်ပေးတိုက်ပွဲ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကိုယ်စား မ၀င်းမော်ဦး အတွက် ဂုဏ်ပြုရေးသားထားတဲ့ ကဗျာတစ်ပုဒ်ကို ၈၈မျိုးဆက်ကျောင်းသား ကိုဇော်မင်းက ရွတ်ဆိုဂုဏ်ပြုခဲ့ပါတယ်။

ဒီအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုထွန်းမြင့်အောင်၊ ကိုဇော်မင်းတို့တက်ရောက်ခဲ့ပြီး ဗကသ ကျောင်းသားတွေ၊ နိုင်ငံရေး ပါတီအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။ 

လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့မှာလည်း မ၀င်းမော်ဦးရဲ့ ၂၄ နှစ်ပြည့် ဆွမ်းကျွေးတရားနာပွဲကို သူမရဲ့မိဘတွေရဲ့နေအိမ်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ မ၀င်းမော်ဦးနဲ့တကွ ကျဆုံးသွားခဲ့တဲ့ မောင်တင်ထွန်း၊ မောင်သန်းဌေး စတဲ့ 
အာဇာနည်ကျောင်းသူ၊ ကျောင်းသားတွေအတွက် (၂၄)နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအောက်မေ့ဖွယ် အ
ခမ်းအနားနဲ့ နှစ်ပတ်လည် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ဒီကနေ့နံနက် ၇ နာရီက ရန်ကုန် ကြည့်မြင်တိုင်မြို့
နယ် ပန်းပင်ကြီးလမ်းမှာရှိတဲ့ ဘုရားငါးဆူတန်ဆောင်းမှာ ကျင်းပခဲ့ပါတယ်။၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ မ၀င်းမော်ဦးရဲ့တောင်းတချက် တစ်ခုဖြစ်တဲ့ မြန်မာပြည်ဒီမိုက
ရေစီ မရမချင်း သူ့အတွက် အမျှဝေမပေးဖို့ သူမရဲ့ဖခင်ကိုမှာခဲ့ချက်အရ စစ်မှန်တဲ့ ဒီမိုကရေစီမရသေးတာ
ကြောင့် အမျှမဝေသေးဘူးလို့ မ၀င်းမော်ဦးရဲ့မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်းက RFA ကို ပြောပါတယ်။

ဒီအခမ်းအနားကို ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
က လူကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပေမယ့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ အသက်ပေးတိုက်ပွဲကျ
ဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကိုယ်စား မ၀င်းမော်ဦး အတွက် ဂုဏ်ပြုရေးသားထားတဲ့ ကဗျာတစ်ပုဒ်ကို ၈၈
မျိုးဆက်ကျောင်းသား ကိုဇော်မင်းက ရွတ်ဆိုဂုဏ်ပြုခဲ့ပါတယ်။

ဒီအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုထွန်းမြင့်အောင်၊ ကိုဇော်မင်းတို့တက်ရောက်ခဲ့ပြီး ဗကသ ကျောင်းသားတွေ၊ နိုင်ငံရေး ပါတီအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ သတင်းမီဒီယာတွေတက်ရောက်
ခဲ့ကြပါတယ်။

လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့မှာလည်း မ၀င်းမော်ဦးရဲ့ ၂၄ နှစ်ပြည့် ဆွမ်းကျွေးတရားနာပွဲကို သူမရဲ့
မိဘတွေရဲ့နေအိမ်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
 
RFA (Burmese)

0 comments:

Post a Comment