Pages

Wednesday, September 19, 2012

ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

 
ပြည်တော်ပြန်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမိုးသီးဇွန်ကပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲ
တွင်ဝင်ရောက်ယှဉ်ပြိုင်လိုသောကြောင့်၎င်းအတွက်အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်
ပေးရန် တောင်းဆိုလိုက်သည်။
“ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါပေမယ့်အခြေခံဥပဒေကမြန်မာနိုင်ငံမှာ၁ဝနှစ်အနည်းဆုံးဆက်တိုက်နေမှရွေးကောက်ပွဲ ဝင်ခွင့်ရမယ်ဆို
တဲ့ကန့်သတ်ချက်ကြောင့်အခက်ကြုံနေရပါတယ်။ဒါကိုပြင်ပေးဖို့ လိုတယ်။ ပြင်ပေးဖို့လည်း တောင်းဆိုပါ
တယ်” ဟု ဦးမိုးသီးဇွန် က ပြောသည်။
၂ဝဝ၈ခုစ်ကအတည်ပြုခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂ဝ (ဂ)တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး၏အရည်အချင်းအဖြစ်“ရွေးကောက်တင်မြှောက်ခံရသည့်အချိန်နှင့် တဆက်တည်း ပြည်ထောင်စု မြန်
မာနိုင်ငံတော်တွင် အနည်းဆုံး ၁ဝ နှစ် အခြေချနေထိုင်ခဲ့သူ” ဖြစ်ရမည်ဟု ဖေါ်ပြပါရှိသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချုပ်မှုအောက်၁၉၈၈ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှု
နိုင်ငံအဝှမ်းဖြစ်ပွားခဲ့သောလူထုအုံကြွမှုအတွင်းထင်ရှားလာခဲ့သည့်ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန်
သည်စစ်တပ်မှအာဏာသိမ်းအပြီးနောက်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တည်ထောင်ဦးဆောင်ခဲ့ဖူး
သည်။
ထို့နောက် စစ်အစိုးရအား လက်နက်ကိုင် တော်လှန်ရေးအတွက် မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ခွါခဲ့ကာ ABSDFခေါ်ကျောင်းသားတပ်မတော်တွင်ဥက္ကဋ္ဌတာဝန်ယူခဲ့ဖူးသည့် ဦးမိုးသီးဇွန်သည် နောက်ပိုင်းကာလ
များတွင်ပြည်ပတွင်သာ အခြေချနေထိုင်လာခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။
သမ္မတဦးသိန်းစိန်၏အထူးကိုယ်စားလှယ်ဝန်ကြီးဦးအောင်မင်းခေါင်းဆောင်သော ညှိနှိုင်းဆွေးနွေးရေးအဖွဲ
့နှင့်ပမာဏတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်းဦးမိုးသီးဇွန်နှင့်၎င်း၏ လုပ်ဖော်ကိုင်ဖက်အချို့ မြန်
မာနိုင်ငံသို့စက်တင်ဘာ၁ရက်နေ့တွင်လေကြောင်းခရီးဖြင့်ပြန်လည် ဝင်ရောက်လာခဲ့သည်။ အစိုးရကလည်း သူအပါအဝင်ပြည်ဝင်ခွင့်ပိတ်ပင်ထားသူပေါင်း၂ဝဝဝကျော်ကိုBlackListစာရင်းမည်းမှ ဖယ်ရှားပေးခဲ့ကြောင်း
 ကြေညာထား ခဲ့သည်။
ဦးမိုးသီးဇွန် ပါတီထောင်၍ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေး ဥပဒေများ ပြင်ဆင်နိုင်ရန် လွှတ်တော်အတွင်း တင်ပြဆွေးနွေးသွားမည်ဟုလည်း လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောသည်။
“လွှတ်တော်အတွင်းကနေပြင်ဖို့လိုအပ်တဲ့ဥပဒေတွေကိုပြင်ရမယ်။ ကျနော့်အနေနဲ့လည်း ဆောင်ရွက်နိုင်သ
မျှဆောင်ရွက်ပေးမယ်။ ဖြစ်လာတဲ့ ပြဿနာပေါ် မူတည်ပြီး အခြေခံ ဥပဒေကို ပြင်ဖို့ ပြောမှာပဲ။ အခုလည်း ဒီကိစ္စကိုပြောမှာပဲ” ဟု ဆိုသည်။
ပြည်ပရောက် အတိုက်အခံများ မြန်မာနိုင်ငံသို့ ပြန်လာလိုကြသော်လည်း ပြည်ဝင်ခွင့် ဗီဇာဖြည့်ရာကအစ ကန့်သတ်ချက်များ များလွန်းနေပြီး ယင်းသို့သော
ရှုပ်ထွေးသည့် လုပ်ထုံးများကြောင့် အခက်အခဲဖြစ်နေသည်ဟုလည်း ဦးမိုးသီးဇွန်က ဆိုသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက် ကြိုဆိုနေသူများကို “ကျနော်တို့ အခက်အခဲတွေ
အများကြီးကြားထဲက ပြန်လာနိုင်ခဲ့ပါပြီ။ ကျနော်တို့ အရမ်းပျော်ပါတယ်။ ကျနော်တို့ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူ့ကိုမှ ဒုက္ခ မပေးပါဘူး။ ကျနော်တို့ရဲ့ပျော်ရွှင်မှုမှာ အားလုံးပါဝင်ပါတယ်” ဟု ဦးမိုးသီးဇွန် က စက်တင်ဘာလ ၁၂ ရက်နေ့ တွင် နှုတ်ခွန်းဆက်စကား ဆိုခဲ့သည်။
၁၉၈၈ ခုနှစ်မှစတင်၍ ၂၃ နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလတွင်းမှ အဆမတန် တိုးပွားလာခဲ့သော Black list စာရင်းမည်းတွင်ပြည်ပနှင့်နယ်စပ်ရှိအတိုက်အခံများ၊နိုင်ငံခြားသားများ၊ သတင်းစာဆရာများ၊ မြန်မာအ
တိုက်အခံ များကို ထောက်ခံအားပေးသူ နိုင်ငံခြားသားများလည်း ပါဝင်သည်။
နိုင်ငံခြားရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ပြန်ကြားရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန စသည်ဖြင့် ဌာနပေါင်းစုံမှ စုဆောင်း တင်ပြချက်အရ တားမြစ်သော စာရင်းတွင် လူတဦးထဲကိုပင် စာရင်းသွင်းမှု တကြိမ်ထက်ပို ပါဝင်နေတတ်ပြီးနိုင်ငံ့ဝန်ထမ်းများနှင့်နိုင်ငံတော်ကုန်ကျငွေဖြင့်ပညာတော်သင် သွားရောက်ပြီး ပြန်မလာ
တော့သည့်သူများနှင့် “နိုင်ငံရေးနှင့် ငြိစွန်းသည်” ဟု ခေါ်ဝေါ်လေ့ရှိသော အတိုက်အခံလှုပ်ရှားမှုနှင့် ပတ်သက်သူများကိုလည်း ပိတ်ပင်လေ့ရှိသည်။
မူလစာရင်းတွင်အရေအတွက်မည်မျှပါဝင်သည်ကိုထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း အငြိမ်းစား နိုင်ငံ
ခြားရေး ဝန်ကြီးဌာန အရာရှိဟောင်းတဦး အဆိုအရ နှစ်သောင်းခန့်ပင် ရှိခဲ့ဖူးသည်ဟု သိရသည်။
ပိတ်ပင်ထားသောစာရင်းမှဖယ်ရှားပြီးနောက်ထိုင်းနိုင်ငံတွင်နေထိုင်လျက်ရှိကြသော လူ့ဘောင်သစ်ဒီမိုက
ရစ်တစ်ပါတီခေါင်းဆောင်ဦးအောင်မိုးဇော်၊မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးမောင်မောင်
တို့လည်းမြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာကြပြီ ဖြစ်သည်။
 
 
ရန်ကုန် (မဇ္ဈိမ) 

0 comments:

Post a Comment