Pages

Wednesday, September 19, 2012

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ တံတားတစ်စင်းဖောက်ခွဲဖျက်ဆီးခံရ

ယမန်နေ့ည၈နာရီအချိန်ခန့်တွင်ကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမ္မတီးကျေးရွာအုပ်စု ကံလှကျေးရွာအနီး
ရှိ ရေအေးချောင်း တံတားကို ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။အဆိုပါတံတားသည် သံဘောင်နှင့် သစ်သားတံတားအမျိုးအစား ဖြစ်ပြီး ပေ၄၀ခန့်ရှည်သော မြစ်ကြီးနား - တနိုင်း လမ်းပေါ်ရှိ ပို့ဆောင်ဆက်သွယ်ရေး အတွက် အဓိက အသုံးပြု ရသည်ဟုသိရသည်။
 
ယခုအခါကုန်ကားကြီးများသွားလာနိုင်သေးခြင်းမရှိပဲအိမ်စီးယာဉ်ငယ်များသာသွားလာနိုင်ကြောင်းသက်ဆိုင်
ရာမှလည်း လုံခြုံရေးအကူထားကြောင်းအဆိုပါ မြို့ခံများကပြောသည်။
 
 
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment