Pages

Wednesday, September 19, 2012

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနအား အမျိုးသားအိမ် ရာ ကော်ပိုရေးရှင်းအဖြစ် ပြင်ဆင်ဖွဲ့ စည်းသွားမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအားအမျိုးသားအိမ်ရာက်ာပိုရေးရှင်းအဖြစ် ပြင်ဆင်ဖွဲ့ စည်းသွားမည်ဟု သိရသည်။ဝင်ငွေနည်းမိသားစုများ အိမ် ရာ
ပိုင်ဆိုင်ခွင့်ရရှိစေေ ရးနှင့် အဆင့် အတန်းမြင့်မားသည့် ဖွံ့ဖြိုးတိုး တက်သော အိမ်ရာများဖော်ထုတ် တည်ဆောက်နိုင်ရေး၊ အိမ်ရာ ဘဏ္ဍာငွေစီမံခန့်ခွဲမှုစနစ်တစ်ခု ဖြစ်ပေါ် လာရေးအတွက် ရှေးရှု၍ နိုင်ငံတော်မူဝါဒများအတိုင်း ပြန် လည်ဖွဲ့စည်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ရာတွင်ဝန်ကြီးဌာနများ၊တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိက
လုပ်ငန်းရှင်များပူးပေါင်းပါဝင်အကောင်အထည်ဖော်ဆာင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်မှ ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်တွင်ရှိမြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မြို့ရွာဖွံ့ဖြိုး
တိုးတက်မှုနှင့်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊မြေအသုံးချစီမံခန့်ခွဲရေး အစရှိသည်တို့အား ဆောင်ရွက်လျက်ရှိ
ကြောင်းသိရ သည်။

အိမ်ရာဆောက်လုပ်ရေး ကဏ္ဍ၌လည်း အရည်အသွေးမြင့် မား၍ တာရှည်ခိုင်ခံ့စေရန်သာမက သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဒဏ်မှ လျော့ပါးစေရေးအတွက်ကို ပါ အရည်အသွေးစစ်ဆေးကြပ် မတ်ဆာင်ရွက်ခြင်းအားအရေးကြီးသည့်လုပ်ငန်းစဉ်အဖြစ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်
စုဝန်ကြီးက ဆွေးနွေးပြော ကြားခဲ့သည်။

သုတလင်း

0 comments:

Post a Comment