Pages

Wednesday, September 19, 2012

ဆရာမ လွန်းထားထားရဲ့ "အတွေးစာစု(၆၄)"


လူတိုင်းဆီက ချီးကျူးစကားသံတွေကြားချင်ခဲ့ ပေမယ့် ..

တခြားသူတစ်ယောက်ကို စတင်ချီးကျူးစကားဆိုဖို့ ..

ဝန်လေးတွန့်ဆုတ်ချင်နေလိမ့်မယ်..။

လူတိုင်းဆီက မာယာကင်းတဲ့ ရိုးသားတဲ့ ဆက်ဆံရေးကို

မျှော်လင့်နေမိသော်လည်း..

ကိုယ်က စတင်ရိုးသားကြည့်ဖို့ ..သတိမေ့ချင်မေ့နေလိမ့်မယ်..။

သူတစ်ပါးဆီက နက်ရှိုင်းလေးနက်လွန်းတဲ့  ချစ်မြတ်နိုးခြင်းကို
အလိုရှိတောင့်တလွန်းမိပေမယ့် ..
ကိုယ်ကိုယ်တိုင်က စတင်လေးနက်ကြည့်ဖို့ 
မလိုအပ်သေးဖူးလို့  ထင်ချင်ထင်မိနေလိမ့်မယ်..။

လွန်းထားထား(ဆေးတက္ကသိုလ်)

0 comments:

Post a Comment