Pages

Wednesday, September 19, 2012

“ မြန်မာ့အာမခံလုပ်ငန်းအကျိုးအမြတ်အားကောင်း၍ ပြည်ပ ကမ်းလှမ်းမှု အမြောက်အများရှိသော်လည်း် လက်မခံသေး”

နေပြည်တော်၊စက်တင်ဘာ၊၁၉ 

မြန်မာ့အာမခံဈေးကွက်သည်ကမ္ဘာ့အာမခံဈေးကွက်နှင့်နှိုင်းယှဉ်က အကျိုးအမြတ်အားကောင်
း၍ပြည်ပလုပ်
ငန်းရှင်အမြောက်အများဝင်ရောက်လုပ်ကိုင်ရန်ကမ်းလှမ်းသော်လည်းလက်ခံခြင်းမရှိကြောင်း ဘဏ္ဍာရေး
နှင့်အခွန် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောသည်။ “အာမခံလုပ်ငန်းမှာ လျော်ရတာကို Loss Ratio လို့သက်မှတ်တယ်။မြန်မာ့အာမခံရဲ Loss Ratio က ၂၀-၃၅
ရာနှုန်းပဲရှိတော့င်မတန်လုပ်လို့ကောင်းတဲ့ဈေးကွက်ဆိုပြီးလုပ်ချင်ကြတယ်။" ဟု ၎င်းကပြောသည်။ ဆက်
လက်၍ ဦးမောင်မောင်သိမ်းက " ကမ္ဘာအာမခံလောကမှာ လုပ်ငန်းရှင်တွေသုံးတဲ့ မြေပုံတစ်ခုရှိတယ်။
 
အဲ့ဒီမြေပုံမှာတော့မြန်မာနိုင်ငံကကြောက်စရာကြီး။ငလျင်ကြောက မြန်မာနိုင်ငံကဖြစ်ထားတယ်ဗျ။သို့သော်
အဲ့ဒီမြေပုံတွေက မတိကျသလိုလက်တွေမှာလည်း ငလျင်တွေမုန် တိုင်းတွေက ရှားရှားပါးပါးသာကြုံနေရ
တော့ သူတို့ကလုပ်ချင်နေကြတဲ့သဘောပါပဲ။ဒါပေမယ့် ကိုယ်လုပ်ငန်း၇ှင်တွေကို ရိုက်ချိုးသလိုဖြစ်မှာ ဆိုး
လို့ လက်မခံထားဘူး”ဟု ပြောသည်။

ယင်းသို့လက်မခံသည့်တိုင်ပြည်ပရှိအာမခံကုမ္ပဏီအချို့ကမြန်မာနိုင်ငံရှိလေကြောင်းလိုင်းများနှင့်ဆက်သွယ်
၍၎င်းတို့ ပရီမီယံနှုန်းထားများ လက်ရှိပေါက်ဈေးအောက် လေးပုံတစ်ပုံထိ ဈေးချပေးမည့်အကြောင်းကို မထင်မရှား ရှင်းလင်းပွဲများပြုလုပ်လျက် ရှိနေသည်ဟုသိရသည်။

ထို့အပြင် လာမည့် ၂၀၁၅ခုနှစ် AFTA တွင် ပြည်ပကုမ္ပဏီတို့် မဖြစ်မနေ၀င်ရောက် လာနိုင်ပြီးဖြစ်၍ တိုင်း
ရင်းသားပိုင်ကုမ္ပဏီများ ပြည့်ဝနေရန်လိုအပ်ကြောင်း မြန်မာ့စီးပွားရေးယခုထက် ကောင်းမွန်လာပြီး အာမခံ
လုပ်ငန်းကြီးများကျယ်ကျယ်ပြန့်ပြန့်လိုအပ်လာပါက အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်များထပ်မံပေးသွားမည်ဖြစ်
ကြောင်း ဦးမောင်မောင်သိမ်းက ပြောသည်။


-ပေါ်ပြူလာဂျာနယ်

0 comments:

Post a Comment