Pages

Wednesday, September 19, 2012

ပခုက္ကူ လေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် မြှင့်တင်မည်

နိုင်ငံခြားသား အများဆုံး ဝင်ရောက်သည့် လေဆိပ်တခု ဖြစ်သည့် ပုဂံညောင်ဦး လေဆိပ်အားနိုင်ငံတကာ အဆင့်မီ တိုးချဲ့ခြင်းထက် ပခုက္ကူလေဆိပ်အား အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် တည်ဆောက်ရန် ရည်ရွယ်ထားသည် ဟု  လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန က ဆိုသည်။
“လေယာဉ်ကြီးတွေ အတက်အဆင်းကြောင့် တုန်ခါမှုတွေ ဖြစ်ပေါ်ပြီး ပုဂံညောင်ဦးက ရှေးဟောင်း အဆောက်အအုံတွေ၊ စေတီပုထိုးတွေ ထိခိုက်ပျက်စီးနိုင်တယ်။ ဒါကြောင့် ပခုက္ကူလေဆိပ်ကို နိုင်ငံတကာ
လေဆိပ်အဖြစ် တည်ဆောက်နိုင်ဖို့ လျာထားခြင်းဖြစ်တယ်” ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဦးတင်ထွန်းဦး က ပြောသည်။

စက်တင်ဘာလဒုတိယပတ်က နေပြည်တော်တွင် ကျင်းပခဲ့သည့် လေကြောင်း ပို့ဆောင်ရေးကဏ္ဍ  ဖွံဖြိုးတိုးတက်ရေးအတွက်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအလုပ်ရုံဆွေးနွေးပွဲတွင်၎င်းက ထိုကဲ့သို့ ပြောကြား
လိုက်ခြင်း ဖြစ်သည်။

“ပခုက္ကူကနေ ညောင်ဦးကို ကားနဲ့ လာမယ်ဆိုရင် ၄၅ မိနစ်လောက်ပဲ ကြာမယ်။ လောလောဆယ်တော့ စီးမယ့် ခရီးသည် နည်းတဲ့အတွက် ပခုက္ကူလေဆိပ်က အခုချိန်မှာ လေယာဉ် ဆိုက်ရောက်မှုကို ရပ်နားထားတယ်” ဟု ၎င်းက ဆိုသည်။

သို့သော်အဆိုပါပခုက္ကူလေဆိပ်အဆင့်မြှင့်ရေးစီမံကိန်းအားမည်သည့်အချိန်တွင်စတင် အကောင်ထည်ဖော်
မည်ကိုမူ ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။

လက်ရှိမြန်မာနိုင်ငံတွင်အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ်သတ်မှတ်ထားသည့်လေယာဉ်ကွင်းများဖြစ်သည့်
ရန်ကုန်၊ မန္တလေး နှင့် ညောင်ဦး၊ ဟဲဟိုး၊ သံတွဲ လေဆိပ်များမှာ ခရီးသည် အများဆုံး ဝင်ရောက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၉ ကွင်း ရှိသည့်အနက် ၃၂ ကွင်းတွင် ခရီးသည်တင် လေယာဉ်များ ဆင်းသက်ပျံသန်းလျက်ရှိသည်
 
ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment