Pages

Wednesday, September 19, 2012

ပျော်ရွှင်မိန်းမသားရဲ့ အိမ်ထောင်ရေးအတွေ့အကြုံ

ကျွန်မ (၃၁)နှစ်မှ အိမ်ထောင်ပြုပါတယ်။ အခု အိမ်ထောင်ရေးလမ်းခရီး သာယာဖြောင့်ဖြူးလျှက်ရှိပါတယ်။ အရင်က ကျွန်မကိုယ်တိုင်လည်း နာကျင်ကြေကွဲတဲ့ခံစားချက်တွေ ခံစားတွေ့ကြုံခဲ့ဖူးပါတယ်။ အခုလက်ရှိမှာ ခင်ပွန်းသည်၊ သူ့မိသားစုတို့နဲ့ ကျွန်မရဲ့ပေါင်းသင်းဆက်ဆံရေးက အလွန်သင့်မြတ်နေပါတယ်။ ကျွန်မရဲ့အတွေ့အကြုံတချို့ကိုအချစ်ခရီးလမ်းမှာစမ်းတဝါးဝါးဖြစ်နေတဲ့ညီအစ်မတွေကို မျှဝေပေးချင်ပါသေး
တယ်။  
ကျွန်မရဲ့အိမ်ထောင်ရေးလမ်း သာယာဖြောင့်ဖြူးနေလို့ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူဝင့်ကြွားနေတာတော့ မဟုတ်ပါဘူး။ ကိုယ်မှားတဲ့အမှားထဲကနေ ကျွန်မတို့ ပိုကြီးပြင်းရင့်ကျက်ဖို့လိုကြောင်း ကျွန်မထင်လို့ပါ။ ကိုယ်ခလုတ်တိုက်ခဲ့မိတဲ့နေရာ ထပ်တလဲလဲ မတိုက်မိစေချင်ပါဘူး။ ဒီအတွေ့အကြုံတွေက ညီအစ်မတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အသုံးသင့်ဖို့ မျှော်လင့်ပါတယ်။

(၁) လုပ်နိုင်စွမ်းမှာရော၊ ရုပ်ရည်မှာရော ထူးချွန်ထက်မြက်ဖို့ မိန်းကလေးတွေ ကြိုးစားသင့်ပါတယ်

ကြော်ငြာစာသားတစ်ခုကဒီလိုဆိုထားပါတယ်။"တည်ကြည်လေးနက်တဲ့မိန်းမသားကအလှဆုံး"တဲ့။ လူတိုင်း
မှာကိုယ်ပိုင်ရှင်သန်နည်းတွေရွေးချယ်ခွင့်ရှိပါတယ်။ဒါပေမဲ့လေးနက်တည်ကြည်ရမယ်။ 
ကိုယ့်ကိုယ်တိုင်ကိုပဲဖြစ်ဖြစ်၊ အလုပ်ကိုပဲဖြစ်ဖြစ်၊ ဘဝကိုပဲဖြစ်ဖြစ် အလေးအနက်ထားရပါတယ်။ ဒီလို မိန်းကလေးတွေဟာမွေးရာပါရုပ်ရည်မလှပသည့်တိုင် မိမိကိုယ်ကိုယ်ယုံကြည်မှုအလှက ပေါ်လွင်ပါတယ်။
ယောက်ျားကောင်းတို့ နှစ်သက်သဘောကျတဲ့ အမျိုးအစားဖြစ်ပါတယ်။

ညီအစ်မအများကအလုပ်မှာထူးချွန်ချင်မှထူးချွန်ပါလိမ့်မယ်။ဒီလိုဆိုရင်ကိုယ့်ရုပ်ရည်ကို လန်းဆန်းသန့်ရှင်း
အောင်ထားပါ။ဒါဟာကြီးမားတဲ့အကျိုးအမြတ်တစ်ခုပါပဲ။အခုခေတ်ယောက်ျားတွေက ရုပ်ရည်ကိုအရင်ကြည့်
တယ်ဆိုပေမယ့်ယောက်ျားတိုင်းကချောမောလှပတဲ့မိန်းကလေးကိုပဲချစ်တာတော့မဟုတ်ဘူး။ သန့်ရှင်းလန်း
ဆန်းတဲ့ မိန်းကလေးကိုလည်း ယောက်ျားအများက စိတ်ဝင်စားတတ်ပါတယ်။

(၂)
ယောက်ျားကောင်းတွေကကိုယ့်ရဲ့လိုအပ်ချက်အပေါ်တောင်းဆိုမှုများပေမယ့် မိန်းကလေးအပေါ်မှာတော့
တောင်းဆိုမှုနည်းပါတယ်။ကိုယ့်ချစ်သူမိန်းကလေးရဲ့ လိုအပ်ချက်အပေါ် တောင်းဆိုမှုများတဲ့ယောက်ျားကို
ဝေးဝေးရှောင်တာ အကောင်းဆုံးပါ။ 
ဒီလိုယောက်ျားမျိုးနဲ့ အိမ်ထောင်ကျခဲ့ရင် သူ့တောင်းဆိုမှုအောက်မှာ သင်အသက်ရှုရကျပ်နိုင်ပါတယ်။ မိန်းကလေးတွေလည်း အနည်းဆုံးတော့ ကိုယ့်ယောက်ျားရဲ့လေးစားမှုကို လိုအပ်ပါတယ်။ ကိုယ့်မိန်းမကို ကိုယ်စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲ တောင်းဆိုမယ့်ယောက်ျားဟာ အိမ်ထောင်ဖက်ကောင်းမဖြစ်နိုင်ပါဘူး။

(၃)
တူတဲ့အကျင့်စရိုက်ကအဓိကပါ။တူတဲ့အကျင့်စရိုက်၊တူညီတဲ့ ဘဝအတွေးအခေါ်၊ ငွေကြေးအတွေးအခေါ်က အိမ်ထောင်ရေးအတွက်အကောင်းဆုံးအာမခံချက်ဖြစ်ပါတယ်။ အကျင့်စရိုက်မတူဘူး၊ နေ့စဉ်ပြောတဲ့စကား
တွေက အဟဇတမဖြစ်ဘူးဆိုရင် တစ်လောကလုံးက အလိုက်ဖက်ဆုံးအတွဲလို့ သတ်မှတ်ထားရင်တောင် လက်မထပ်သင့်ပါဘူး။ သင့်ဘဝတစ်ခုလုံးရဲ့ အချိန်တော်တော်များများက သူနဲ့အတူဖြတ်ကျော်ရမှာမို့ပါ။

(၄)
စစချင်းကတည်းက သင်နဲ့မထိုက်တန်ပါဘူးလို့ ပြောတဲ့ယောက်ျားက နောက်လည်း သင်နဲ့ဘယ်တော့မှ ထိုက်တန်မှာမဟုတ်ပါဘူး။ထူးချွန်ထက်မြက်တဲ့မိန်းကလေးတချို့က မစွမ်းအစငုပ်နေတဲ့ ယောက်ျားလေးနဲ့
တွေ့ကြုံရတတ်တယ်။ သူ့အတွက် သင့်ကိုယ်သင်ပြောင်းလဲတယ်၊ သူ့အတွက် သင်ပေးဆပ်တယ်ဆိုပေမယ့် သူ့အပေါ် သင်အရမ်းကောင်းကြောင်း၊ သူဟာ သင်နဲ့မတန်ကြောင်း (ဥပမာ- ပညာ၊ ငွေကြေး၊ လုပ်နိုင်စွမ်း၊ ရာထူး၊ ရုပ်ရည်စတာတွေ သင့်ကိုမမီကြောင်း)ပြောတယ်။
ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့၊သင့်ကိုသာအားကိုးတဲ့ယောက်ျားလေးကနာင်လည်းသင့်အပေါ်ကောင်းမှာ မ
ဟုတ်ပါဘူး။ သင်ထူးချွန်ထက်မြက်လေ သူသိမ်ငယ်တယ်လို့ ခံစားရလေပါပဲ။

(၅)
ဘဝတစ်သက်လက်တွဲဖို့သူ့မိသားစုကိုလည်းကြည့်ရတယ်။သူ့မိသားစု ငွေကြေးဘယ်လောက်ချမ်းသာတယ်
ဆိုတာကိုကြည့်ခိုင်းတာမဟုတ်ပါဘူး။သူ့မိသားစုအချင်းချင်းရဲ့ သင့်မြတ်မှု၊ ဂရုစိုက်မှု၊ နားလည်သိတတ်မှုကို ကြည့်ခိုင်းတာပါ။
မိသားစုထဲမှာမိန်းမကိုရိုက်နှက်တတ်တဲ့ယောက်ျားရှိတယ်။မေးမြန်းဂရုစိုက်တာမျိုးလည်းမရှိဘူး။ မသိချင်
ဟန်ဆောင်နေတတ်တဲ့မိသားစုဆိုရင်နောင်တချိန်မှာသင့်ရဲ့သေရေး၊ရှင်ရေးကိုလည်း သူတို့ဂရုစိုက်လိမ့်
မယ် မဟုတ်ပါဘူး။ 
မိသားစုတိုင်းမှာ လိုအပ်ချက်တွေ ရှိကြပါတယ်။ ကိုယ်ယူမယ့်ယောက်ျားရဲ့စိတ်သဘောထားကို အရှင်းဆုံး
မေးမြန်းသိထားသင့်ပါတယ်။အမှားအမှန်မခွဲခြားဘဲကိုယ့်မိသားစုကိုသာ ကာကွယ်တတ်တဲ့ ယောက်ျားတွေ
က ကိုယ့်မိန်းမအပေါ်ထားတဲ့ လေးစားမှုကိုလည်း ကန့်သတ်တတ်ပါတယ်။

(၆)
ကိုယ်ကိုယ်တိုင်သုံးဖြုန်းဖို့ကျတော့မချွေတာဘဲကိုယ့်ချစ်သူအတွက်ကျတော့ ကပ်စီးနည်းတဲ့ ယောက်ျားမျိုး
ကတစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။ငွေကြေးကယောက်ျားတစ်ယောက်ရဲ့စိတ်သဘောထားနဲ့ ခံစား
ချက်ကို မြင်သာစေတဲ့အရာတစ်ခုပါ။ မိန်းကလေးတွေက ချစ်လို့ ချစ်သူထားတာပါ။ ငွေကြေးကြောင့် မဟုတ်ပါဘူး။ဒါပေမယ့်ငွေကြေးအပေါ်ကပ်သပ်လွန်းတဲ့ ယောက်ျားတွေက ဘယ်လောက်ပဲကောင်းနေပါစေ သင်နဲ့ မသင့်တော်ပါဘူး။ 
ချစ်သူရည်းစားဘဝကတည်းကချိန်းတွေ့တာနဲ့နင့်စားတာနင်ရှင်း၊ငါစားတာငါရှင်းမယ်ဆိုတဲ့ယောက်ျားမျိုးက
ကိုယ်နစ်နာမှာကိုအရမ်းစိုးရိမ်သူပါ။အိမ်ထောင်ပြုပြီးနောက်လိုအပ်တဲ့စွန့်လွှတ်၊ အနစ်နာခံမှုတွေရှိလာတဲ့
အခါ ဒီလိုယောက်ျားမျိုးက အရင်ဆုံးခေါင်းရှောင်ပါလိမ့်မယ်

(၇)
မိန်းမကိုရိုက်နှက်တတ်တဲ့ယောက်ျားမျိုး၊လှေနံနှစ်ဖက်နင်းတဲ့ယောက်ျားမျိုး မယူသင့်ပါဘူး။ ပြတ်သင့်ရင်
ပြတ်ရပါမယ်။ ခုပြတ်မှ နောင်အေးပါမယ်။

(၈)
အချစ်ရေးမှာမိန်းကလေးတွေ အောက်ခြေစည်းမျဉ်းလိုပါတယ်။ သူ့ကိုချစ်တိုင်း ကိုယ့်ကိုယ်ကို လေးစားမှုကို လက်မလွတ်သင့်ပါဘူး။ ကိုယ့်မိဘကို အရှက်တကွဲ မဖြစ်စေရပါဘူး။ ကိုယ့်အလုပ်ကို စွန့်လွှတ်တာမျိုး မဖြစ်သင့်ပါဘူး။ ကောင်းတဲ့အချစ်ရေး၊ ကောင်းတဲ့ခံစားချက်က အိမ်ထောင်ရေးကို အောင်မြင်စေပါတယ်။ တစ်ဘက်သတ် ပေးဆပ်၊ အနစ်နာခံတာမျိုး မဟုတ်ပါဘူး။

(၉)
ပြောစရာရှိတာကိုရှင်းရှင်းလင်းလင်းပြောပါ။ဘယ်လိုစိတ်ကူးအတွေးမျိုးရှိရှိ ပွင့်ပွင့်လင်းလင်းပြောပါ။ ယော
က်ျားလေးကိုမခန့်မှန်းစေပါနဲ့။ပြောဆိုဆက်ဆံနိုင်တာကသင့်ဘဝကိုပျော်ရွှင်မှုတွေပေးပါတယ်။ ဘယ်ယော
က်ျားကမှ ကိုယ့်ချစ်သူရဲ့စိတ်ကိုခန့်မှန်းပြီး ပျော်ရွှင်ကြတာ မဟုတ်ပါဘူး။


***မနှစ်ဒီဇင်ဘာလကတည်းကရးထားတဲ့စာပါDraftကိုပြန်ကြည့်ရင်းတွေ့လို့ အစဆွဲထုတ်လိုက်ပါတယ်။ Bookmarksထဲထည့်ထားတဲ့မူရင်းလင့်လည်း မတွေ့တော့ပါဘူး.. စာက ဆုံးသေးမှာမဟုတ်ဘူး... ပြန်ရှာပြီး ဆက်ရေးပါဦးမယ်..း)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

0 comments:

Post a Comment