Pages

Thursday, March 7, 2013

မြန်မာ့ရိုးရာ ကမ္ဘာ့ပထမဆုံး ခေါင်းပန်းလှန်မည့် Android Application

မြန်မာ့ရိုးရာ ကမ္ဘာ့ပထမဆုံး ခေါင်းပန်းလှန်မည့် Android Application
Thursday, March 7, 2013

မြန်မာ့ရိုးရာ ကျပ်၊ပြား၊ မူးစေ့၊ မတ်စေ့ များနဲ့ ခေါင်းပန်း လှန်တန်း ဆော့ရ မယ့် Application ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ့ မြန်မာ့ ငွေဒင်္ဂါးပေါင်း ၃၄ မျိုး ထည့်သွင်း ထားတယ်လို့ဆိုပါတယ်။ ခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ ဒင်္ဂါးပြားများကို စိတ်ကြိုက်ရွေးချယ်လို့ ဆော့ကစားနိုင်ပါတယ်။

တကယ့်အပြင်မှာ ခေါင်းကျနိုင်ချေက ၅၅ ရာခိုင်နှုန်း အခွင့်အရေးရှိ ပါတယ်။ သိပ္ပံနည်းကျ လေ့လာထားခြင်း ဖြစ်ပြီး ခေါင်းဘက်အခြမ်းက ပိုလေးလို့ ဖြစ်ပါတယ်။ ယခု Application ထဲမှာတော့ ခေါင်းကျနိုင်ချေနဲ့ ပန်း ကျနိုင်ချေ ၅၀ ရာခိုင်နှုန်းဆီပါပဲ။

ဆော့ကစားလိုသူများအတွက် mToss အမည်ရ မြန်မာ့ရိုးရာ ခေါင်းပန်းလှန် Application ကို အောက်ပါလခ့်များမှာ ဝင်ရောက် Downlaod ဆွဲ နိုင်ပါတယ်။
--
https://play.google.com/store/apps/details?id=com.mtoss.maa&feature=search_result#?t=W251bGwsMSwyLDEsImNvbS5tdG9zcy5tYWEiXQ..

or

http://www.mediafire.com/?ajq2zj57o86q192

http://www.mediafire.com/?ba9wvsvd8dsu3fr
--
Via: Myanmar Android Authority
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/03/androidapplication.html

--
TechSpace Journal

Thursday, March 7, 2013

မြန်မာ့ရိုးရာ ကျပ်၊ပြား၊ မူးစေ့၊ မတ်စေ့ များနဲ့ ခေါင်းပန်း လှန်တန်း ဆော့ရ မယ့် Application ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ့ မြန်မာ့ ငွေဒင်္ဂါးပေါင်း ၃၄ မျိုး ထည့်သွင်း ထားတယ်လို့ဆိုပါတယ်။ ခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ ဒင်္ဂါးပြားများကို စိတ်ကြိုက်ရွေးချယ်လို့ ဆော့ကစားနိုင်ပါတယ်။

Huawei နှင့် E-Lite ပူးပေါင်း၍ ဝန်ဆောင်မှုစင်တာ ၂ဝ ခန့် ဖွင့်မည်

Huawei နှင့် E-Lite ပူးပေါင်း၍ ဝန်ဆောင်မှုစင်တာ ၂ဝ ခန့် ဖွင့်မည်
Thursday, March 7, 2013

တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ Huawei က ပြည်တွင်း၏ ပုဂ္ဂလိက ဆက်သွယ်ရေး လုပ်ငန်းဖြစ်သော E-Lite Tech Manufacturing နှင့် ပူးပေါင်းကာ ဝန်ဆောင်မှုစင်တာ ၂၀ ခန့်ကို မြို့ကြီးများတွင် ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် အရင်ဆုံးဖွင့်လှစ်မည့် အဆိုပါ ဝန်ဆောင်မှုစင်တာ ၂၀ ခန့်ကို Huawei မိုဘိုင်းပစ္စည်းများ သုံးစွဲသူများအတွက် အဓိကရည်ရွယ် ဖွင့်လှစ်ခြင်း
ဖြစ်ကြောင်း ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

၂၀၁၃ အတွင်း ဆားဗစ်စင်တာ ၂၀ ခန့် ဖွင့်လှစ်ပြီးပါက လာမည့်နှစ် များတွင်လည်း ဆက်လက် တိုးချဲ့သွားရန်ရှိပြီး E-Lite အပြင် အခြားသော မိုဘိုင်းဖုန်း လုပ်ငန်းများနှင့်လည်း လက်တွဲသွားမည်ဟု သိရသည်။

ပြည်တွင်းဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ ၂၀၁၀ ဝန်းကျင်က စတင်ဝင်ရောက်ခဲ့သည့် Huawei အမှတ်တံဆိပ် မိုဘိုင်းဖုန်းများသည် ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ စတင်အသုံးပြုနိုင်ချိန်တွင် မထင်မှတ်ထားသည့် ရောင်းအားစံချိန်ကို ရရှိခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဈေးကွက်ရှာဖွေရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ရန်ကုန်နှင့် မန္တလေးအခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းများ၏ အဆိုအရ Huawei အမှတ်တံဆိပ် တရုတ်မိုဘိုင်းပစ္စည်းများသည် ပြည်တွင်းဈေးကွက် အတွင်း၌ ရောင်းအား အကောင်းဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်နေကြောင်း သိရသည်။

ပြည်တွင်း မိုဘိုင်းဈေးကွက်အတွင်း ထိပ်ဆုံးမှ နေရာယူထားသော Huawei အမှတ်တံဆိပ် မိုဘိုင်းဖုန်းများသည် ထုတ်လုပ်မှု အရည်အသွေးပိုင်းတွင် သုံးစွဲသူများနှင့် ရာနှုန်းပြည့် ထပ်တူကျမှု မရှိသေးသော်လည်း လူလတ်တန်းစားအများစု လက်လှမ်းမီနိုင်သည့် ဈေးနှုန်းဖြစ်သဖြင့် လူသုံးအများဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်နေခြင်းဖြစ်သည်ဟု ဈေးကွက် ကျွမ်းကျင်သူများက ဆိုကြသည်။

Ref & Credit : 7 Days News Journal
ဓာတ်ပုံ - mizzima
သက်နိုင်စိုး
Myanmar Mobile Application Store

Thursday, March 7, 2013

တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ Huawei က ပြည်တွင်း၏ ပုဂ္ဂလိက ဆက်သွယ်ရေး လုပ်ငန်းဖြစ်သော E-Lite Tech Manufacturing နှင့် ပူးပေါင်းကာ ဝန်ဆောင်မှုစင်တာ ၂၀ ခန့်ကို မြို့ကြီးများတွင် ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် အရင်ဆုံးဖွင့်လှစ်မည့် အဆိုပါ ဝန်ဆောင်မှုစင်တာ ၂၀ ခန့်ကို Huawei မိုဘိုင်းပစ္စည်းများ သုံးစွဲသူများအတွက် အဓိကရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၁၂ နှစ်ကြာ အစာငတ်ခံဆန္ဒပြသူ အိန္ဒိယအမျိုးသမီး တရားစွဲခံရ

၁၂ နှစ်ကြာ အစာငတ်ခံဆန္ဒပြသူ အိန္ဒိယအမျိုးသမီး တရားစွဲခံရ
Thursday, March 7, 2013

နိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားရာဒေသတွင်း လူ့အခွင့်အရေးများ လျစ်လျူရှုခံရမှုကိုကန့်ကွက်သည့်အနေဖြင့် အစာငတ်ခံဆန္ဒ့ပြသူ အိန္ဒိယအမျိုးသမီးတစ်ဦး တရားစွဲဆိုခံရကြောင်း သိရသည်။
အသက် ၄ဝ အရွယ် အိုင်ရွန်ရှာမီလာ အမည်ရ အဆိုပါအမျိုး သမီးမှာ ၁၂ နှစ်တာကာလအတွင်း မည်သည့်အစာကိုမျှ မစားခဲ့ရာ အာဏာပိုင်များမှ အတင်းအကျပ် အစာပိုက်သွင်းပြီး နောက်မိမိကိုယ်ကို သတ်သေရန် 
ကြံစည်မှုဖြင့် စွဲဆိုခံရခြင်း ဖြစ်သည်။

အိန္ဒိယတပ်မတော် အထူးခွင့်ပြုအာဏာ အက်ဥပဒေကို ဆန့် ကျင်၍ မဏိပူရနယ်တွင် ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်ရာ လူမသိသူမသိ အဖြစ်မှ တစ်နိုင်ငံလုံး ဟိုးဟိုးကျော်သွားခဲ့ရသည်။ အဆိုပါ ဥပဒေအရ ကက်ရှမီးယားနှင့် နိုင်ငံအရှေ့မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များမှ တရားစွဲဆို ခြင်း မခံရဘဲမသင်္ကာသူများကို ပစ် သတ်ခွင့်နှင့်စစ်သွေးကြွ ဟုမသင်္ကာ ပါကဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသကဲ့သို့ ရဲတပ်ဖွဲ့တွင် 
လည်း စိတ်တိုင်းကျ ရှာဖွေဖမ်းဆီးခွင့်ရှိသည်။

ရှာမီလာမှ အဆိုပါဥပဒေကို မနှစ်မြို့၍ အစာငတ်ခံဆန္ဒပြခဲ့ခြင်း ဖြစ်ရာ ၂ဝဝဝ ခုနှစ် နိုဝင်ဘာလ ၄ ရက်က မဏိပူရနယ် အင်ဖာမြို့ တွင် စားခဲ့သည့် အစာအပြီး သူမမည်သည်ကိုမျှ မစားခဲ့ဟု ဆိုသည်။

ဆန္ဒပြအပြီး သုံးရက်အကြာတွင် အဖမ်းခံခဲ့ရပြီး နှာခေါင်းပိုက်တပ်၍ အစာရေဆာ သွင်းခံခဲ့ရရာ တစ်နှစ် အတွင်း မိမိသဘော အလျောက် အစာ ပြန်စားလျှင် ထောင်မှလွှတ်ရန် ဖြစ်သော်လည်း မစားခဲ့၍ အ
ကျဉ်းမှ မလွှတ်ခဲ့ပေ။

''ကျွန်မ အသက်ရှင်ချင်ပါ တယ်။ ကိုယ့်အသက်ကိုယ် မနုတ် လိုပါဘူး။ ဒါပေမဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး လိုချင်ပါတယ်''ဟု ပြောခဲ့ကြောင်း ပီတီအိုင်သတင်း တစ်ရပ်က ဆိုသည်။

တရားသူကြီးက မေ ၂၂ ရက် နေ့သို့ ချိန်းဆိုလိုက်ရာ ၎င်းအနေ နှင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်နှစ်ကျခံရဖွယ် ရှိသည်။
ဥပဒေရေးရာ ဝန်ကြီး အက်ဝီ နီ ကူးမားကမူ သောင်းကျန်းသူများ အား ဖြိုခွင်းရာတွင် အထူးအာဏာ လိုအပ်ကြောင်း ကာကွယ်ပြောကြား ရာ၌နိုင်ငံတော် ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကိစကိစ္စများမှာ

ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေအတွင်းအထူး အရေးပါသဖြင့် ယခုကဲ့သို့ 
အခွင့် အာဏာပေးထားရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ မဏိပူရနယ်ခံ တက်ကြွလှုပ်ရှားသူ ကျောင်းသားများက အိန္ဒိယတပ်မတော် အနေဖြင့်
အကြွင်းမဲ့အာဏာသုံး၍ အရပ်သားများကို သောင်းကျန်းသူများ
သဖွယ် ဆက်ဆံသည်ကို ပြင်းထန်စွာ ကန့်ကွက်ကြသည်။

Ref: AP News
Popular Myanmar News Journal

Thursday, March 7, 2013
နိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားရာဒေသတွင်း လူ့အခွင့်အရေးများ လျစ်လျူရှုခံရမှုကိုကန့်ကွက်သည့်အနေဖြင့် အစာငတ်ခံဆန္ဒ့ပြသူ အိန္ဒိယအမျိုးသမီးတစ်ဦး တရားစွဲဆိုခံရကြောင်း သိရသည်။ အသက် ၄ဝ အရွယ် အိုင်ရွန်ရှာမီလာ အမည်ရ အဆိုပါအမျိုး သမီးမှာ ၁၂ နှစ်တာကာလအတွင်း မည်သည့်အစာကိုမျှ မစားခဲ့ရာ အာဏာပိုင်များမှ အတင်းအကျပ် အစာပိုက်သွင်းပြီး နောက်မိမိကိုယ်ကို သတ်သေရန် ကြံစည်မှုဖြင့် စွဲဆိုခံရခြင်း ဖြစ်သည်။

အခမဲ့ ဖျော်ဖြေပွဲ ပြုလုပ်သွားမည့် စိုးသူ

အခမဲ့ ဖျော်ဖြေပွဲ ပြုလုပ်သွားမည့် စိုးသူ

ရန်ကုန်၊ မတ် ၇။

မတ်လ(၃၀)တွင် ပြုလုပ်မည့် စိုးသူ၏ တစ်ကိုတော်ဖျော်ဖြေပွဲတွင်
ပရိသတ်များ ပျော်ရွှင်စွာ လာရောက်ကြည့်ရှုနိုင်ရန် အတွက်
အခမဲ့ အဖြစ်စီစဉ်လျက်ရှိကြောင်း စိုးသူက မြန်မာ့ခေတ်သို့
ပြောကြားသည်။

"ဝင်ကြေး၊ အခကြေးငွေ မယူပဲ ဖျော်ဖြေပွဲ လုပ်ပေးရင် လူကြီး၊
လူငယ်မရွေး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်နိုင်မှာပဲဆိုပြီး
စီစဉ်ဖြစ်တယ်။ အားလုံး အဆင်ပြေပြေနဲ့ ကြည့်နိုင်အောင် ဇုံတွေ
ခွဲထားတယ်။ ကခုန်မယ့် သူတွေ၊ အနုပညာရှင်တွေ၊ မိသားစုတွေ၊
အတွက်ဇုံတွေ ခွဲထားတယ်။စီစဉ်သူတွေကလည်း စေတနာထားပြီး စီစဉ်ပေးထားတယ်။ အဲဖျော်ဖြေပွဲကို အားလုံးနဲ့ တိုင်ပင်ပြီး
အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် သွားမှာပါ” ဟု စိုးသူက
ပြောသည်။

၎င်းသည် ပထမဦး ဆုံးအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေမှု
ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့်နောက်ဆုံး စီးရီးဖြစ်သော "ကိုယ့်ရဲ့
နေ့သစ်များ" စီးရီးထွက်ပြီး အချိန်၌ နိုင်ငံခြားသို့ ထွက်ခွာသွားခြင်း
ဖြစ်ကြောင်း သိရသည်။

်တေးစီးရီး (၁၁)ခွေ ထွက်ရှိခဲ့ပြီး၊ ပရိသတ်နှင့်အဆင်ပြေလျင် စီးရီးထပ်မံထုတ်ရန် ရှိသေးကြောင်းကို"နောက်ထပ်လည်း
ပြောထားတာတွေ ရှိပါတယ်။ စီးရီးထုတ်ဖို့ အစီစဉ်တော့
ရှိပါတယ်"ဟု စိုးသူက ပြောသည်။

ယခုလက်ရှိ အနုပညာနှင့် ပတ်သက်ပြီး ပဒုမ္မာဆပ်ပြာ
ကြော်ငြာရိုက်နေကြောင်းနှင့်"ကျွန်မ၏ သစ်ပင်" ရုပ်ရှင်
ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းထားခြင်း
လည်းရှိကြောင်းသိရသည်။

"တစ်ခြား ကြော်ငြာတွေ ရိုက်ဖို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ ရုပ်ရှင်နဲ့ကတော့သူတို့က လာပြီးတော့ ရိုက်ဖို့ကမ်းလှမ်းထား
တာရှိတယ်။ အကြောင်း မပြန်ရသေးပါဘူး။အကြောင်းပြန်ဖို့
အတွက် စိတ်ရှည်၊ လက်ရှည် စဉ်းစားပါဆိုလို့ ကမ်းလှမ်းလာ
ပါတယ်။သူ့ကိုလည်း အကြောင်းပြန်ရဦးမှာပါ။ လောလောဆယ်
အတွက် တစ်ကိုယ်တော် ဖျော်ဖြေရေးအတွက် စီစဉ်လှုပ်ရှား
နေရလို့” ဟု စိုးသူက ပြောကြားခဲ့သည်။

အိအိ

အေးချမ်းမွန်မှ ( The Myanma Age ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ရန်ကုန်၊ မတ် ၇။
မတ်လ(၃၀)တွင် ပြုလုပ်မည့် စိုးသူ၏ တစ်ကိုတော်ဖျော်ဖြေပွဲတွင် ပရိသတ်များ ပျော်ရွှင်စွာ လာရောက်ကြည့်ရှုနိုင်ရန် အတွက် အခမဲ့ အဖြစ်စီစဉ်လျက်ရှိကြောင်း စိုးသူက မြန်မာ့ခေတ်သိုပြောကြားသည်။

Notification တိုင်းအတွက် မီးလင်းပေးမယ့် လက်ပတ်

Notification တိုင်းအတွက် မီးလင်းပေးမယ့် လက်ပတ်
Thursday, March 7, 2013

Bluetooth Device တစ်ခုပါပဲ။ ဖုန်းမှာ သူ့ Application install လုပ်ထားရင် ဖုန်းမှာ ဘာထူးခြားချက်ပဲ ရှိရှိ အလင်းရောင်လင်းနေမှာ ဖြစ်ပါတယ်။ Android, iOS ဖုန်းတွေတိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

EMBRACE+ အမည်ရ လက်ပတ်ဖြစ်ပြီး

Incoming Calls (for Specific Contacts or Groups)
Text Messages
Email
Instagram
Twitter
Tumblr
Facebook
LinkedIn
Skype
Calendar Alerts (Birthdays, Reminders, etc.)
Alarm and Timer
Low phone battery

စတာတွေအတွက် အလင်းရောင်ပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ ဖုန်းနဲ့ မိမိနဲ့ ဝေးသွားပြီဆိုရင်လည်း အလင်းရောင်လင်းလာမှာ ဖြစ်ပါတယ်။ လူ့ကျန်းမာရေးအတွက် ထိခိုက်တာ ဘာမှ မရှိပါဘူး။ အသုံးပြုတဲ့ ပစ္စည်းများကလည်း လုံခြုံရေးအဆင့်မြင့်ပါတယ်။

အရောင်လည်းစိတ်ကြိုက်ရွေးလို့ရသလို။ အကွင်းပုံစံကိုလည်း စိတ်ကြိုက်ရွေးလို့ ရပါတယ်။ ပုံစံ သုံးမျိုး ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

EMBRACE+ လက်ပတ်အကြောင်း အသေးစိတ် အချက်အလက်ကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.kickstarter.com/projects/embraceplus/embrace-1

----
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/03/notification.html

--
TechSpace Journal

Thursday, March 7, 2013
Bluetooth Device တစ်ခုပါပဲ။ ဖုန်းမှာ သူ့ Application install လုပ်ထားရင် ဖုန်းမှာ ဘာထူးခြားချက်ပဲ ရှိရှိ အလင်းရောင်လင်းနေမှာ ဖြစ်ပါတယ်။ Android, iOS ဖုန်းတွေတိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

' မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စ်လင်မ် မျိုးဆက်သစ်လူငယ်များ၏ လိုလားမှုနှင့် မေတ္တာရပ်ခံချက် '

အတ်စ္စလာမို့ အလိုင်ကွန်းမ် ဝရဟ်မသွလ္လာဟေ့ ဝဗရကာသုဟူ

' မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စ်လင်မ် မျိုးဆက်သစ်လူငယ်များ၏ လိုလားမှုနှင့် မေတ္တာရပ်ခံချက် '
===================================

စည်းလုံးညီညွတ်ခြင်းသည် အင်အားတစ်ခုဖြစ်ပါသည်။ အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ်၏အမိန့်ကို နာခံခြင်းဖြင့်
အောင်မြင်မှုကို ရရှိပါမည်။ ထိုသို့ဆိုလျှင် အသျှင်မြတ်နှင့် အသျှင့်ရစူလ်၏ကျေနပ်နှစ်သက်မှုကို မျှော်လင့်မက်ထား၍ ထိုအသျှင်မြတ်နှင့် အသျှင့်ရစူလ်၏လမ်းညွှန်မှုနှင့်အညီ စည်းလုံးညီညွတ်ခြင်း၌သာ မုချဧကန် အောင်မြင်မှုကြီးကို လှမ်းယူဆွတ်ခူးနိုင်သည့် အင်အားကောင်းတစ်ခု ဖြစ်ပေမည်။ ဤသည်ပင် စစ်မှန်သော''စုပေါင်းညီညာ အောင်ကြောင်းဖြာ''သည့် ကိစ္စရပ် ဖြစ်ပါသည်။

၁။ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်သာသနာ့ပညာရှင် အကြီးအကဲများ ခင်ဗျာ  -  ယင်းစည်းလုံးညီညွတ်မှု၌
နဗီတမန်တော်များ၏ အမွေစားအမွေခံများဖြစ်သော သာသနာ့ပညာရှင်များသည် ဦးဆောင်ဦးရွက်ပြု ပါဝင်ရပ်တည်ရန်
အရေးကြီးပါသည်။ သို့မှသာ အွမ္မသ်ထုတစ်ရပ်လုံးသည်လည်း အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ်၏လမ်းညွှန်ချက်နှင့်အညီ
စည်းလုံးညီညွတ်ခြင်းတွင် ယုံကြည်မှုအပြည့်နှင့် တိကျခိုင်မာစွာ ရပ်တည်လာပေမည်။

၂။ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင် လောကဓါတ်ပညာရှင်များ ခင်ဗျာ  - ယင်းစည်းလုံးညီညွတ်မှု၌ သာသနာ့ပညာရှင်များ၏ ဦးဆောင်ဦးရွက်မှုနှင့်အတူ လောကဓါတ်ပညာရှင်များလည်း အထူးလိုအပ်ပေသည်။ မိမိတို့ တတ်သိ
နားလည်ထားသော ခေတ်ပညာရပ်များကို အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ် ကျေနပ်နှစ်သက်စေရန် ရည်သန်၍ (မြန်မာ)
မွတ်စ်လင်မ်ထုတစ်ရပ်လုံး အစ္စလာမ့်လမ်းညွှန်ချက်နှင့်အညီ စည်းလုံးညီညွတ်ရေးအတွက် အသုံးပြုသွားရမည်။ သို့မှသာ
အဆိုပါ စည်းလုံးညီညွတ်ခြင်း၏ ကဏ္ဍတိုင်းတွင် အသက်ဝင်ပြီး အနှစ်သာရပြည့်ဝသော အကျိုးထူးများကို လူတမ်းစေ့ ခံစားနိုင်
ပေမည်။

၃။ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ့်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ ခင်ဗျာ -  ယင်းစည်းလုံးညီညွတ်မှုသည်
တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ရရှိနိုင်မည်မဟုတ်ပါ။ ယခင်ခေတ်ကာလများ၌ သဘောထားချင်း
မတိုက်ဆိုင်ကြသည့်အတွက် အဖွဲ့အသီးသီး တည်ထောင်ခဲ့ကြသည်။ ထို့ကြောင့် အကျိုးပြုမှုအတိုင်းအတာ၌လည်း မွတ်စ်လင်မ်
တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး အကျိုးပြုနိုင်စွမ်း မရှိခဲ့ချေ။ ထိုအဖွဲ့အစည်းများအား မွတ်စ်လင်မ်တစ်မျိုးသားလုံး၏
ယုံကြည်စိတ်ချရမှုနှင့် အားကိုးအားထားမှုတို့သည် တဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။ အလ္လာဟ်နှင့်အလ္လာ့ဟ်ရစူလ်၏
လမ်းညွှန်ချက်နှင့်အညီ မွတ်စ်လင်မ်တစ်မျိုးသားလုံး၏ ခိုင်မာသည့် စည်းလုံးညီညွတ်မှုဖြင့်သာ ကြုံကြိုက်လာသမျှ အခက်အခဲများကို ကျော်လွှားဖြေရှင်းသွားနိုင်မည် ဖြစ်သည်။

၎။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များ ခင်ဗျာ -  စည်းလုံးညီညွတ်ခြင်းသည်
အင်အားဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင် ထိုထိုသောစည်းလုံးညီညွတ်နေသည့် (အဖွဲ့အစည်း) အင်အားများ ရှိခဲ့သော်ငြားလည်း ၎င်းအဖွဲ့အစည်း အင်အားတို့သည် အောင်မြင်မှုဆီသို့ အရောက် ပို့ဆောင်မပေးနိုင်သည်မှာ နဗီတမန်တော်များ၏ ခေတ်အဆက်ဆက် သမိုင်းများက ဒွိဟမဲ့ ရှင်းလင်းပြတ်သားစွာ သက်သေထူနေပါသည်။ သို့ပါ၍ အောင်မြင်မှုဆီသို့ အရောက်တွန်းပို့ပေးနိုင်သော စည်းလုံးညီညွတ်မှုသည် (၁) အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ် လိုလားနှစ်သက်သော လမ်းညွှန်ချက်နှင့်အညီ ဖွဲ့စည်းခြင်း၊ (၂) အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ်၏အမိန့်တော်များကို နားလည်တတ်ကျွမ်းပြီး လက်တွေ့ကျင့်သုံးသော ပညာရှင်များ၏ ဦးဆောင်ဦးရွက်မှုပြုခြင်း၊ (၃) ထိုက်တန်ပြီး အစ္စလာမ်သာသနာကို ယုံကြည်မြတ်နိုး၍ လက်တွေ့ကျင့်သုံးသော ဥပဒေပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးကျွမ်းကျင်သူများပါဝင်ခြင်း တို့ဖြစ်သည်။ ထိုကဲ့သို့ ဖွဲ့စည်းထားခြင်းသည်သာလျှင် ယုံကြည်စိတ်ချ မှန်ကန်တိကျလှသော အောင်မြင်မှုကို  ခိုင်ခံ့မြဲမြံစွာ ရရှိပေမည်။ ဤသို့ ဓမ္မဓိဋ္ဌာန်ကျသည့်  လိုလားမှုနှင့် မေတ္တာရပ်ခံချက်ကို အသိတရားရှင် မွတ်စ်လင်မ်တိုင်း မုချဧကန် လက်ခံမည်ဟု ယုံကြည်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စ်လင်မ် မျိုးဆက်သစ်လူငယ်များ၏ အထက်ပါ လိုလားချက်များကို အကောင်အထည်ဖော်ပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

(ကျွန်ုပ်ထံသို့ ၂၀၁၃ ခု၊ မတ်လ ၆ ရက်နေ့တွင် မွတ်စလင်မ် မျိုးဆက်သစ် လူငယ်များထံမှ အီးမေလ်းမှတဆင့် ပေးပို့လာခြင်း ဖြစ်ပါသည်။ မွတ်စလင်မ်များအတွက် အထူးတင်ပြပေးဖို့ အရေးကြီးပါကြောင်းနဲ့ ဆက်လက်၍ သက်ဆိုင်သူများအားလုံးသို့ အသိပေးနိုင်ပါရန် တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ သောကကြီးစွာနဲ့ ပေးပို့လိုက်တဲ့ ညီနောင်တွေကို လေးစားပါတယ်)

အတ်စ္စလာမို့ အလိုင်ကွန်းမ် ဝရဟ်မသွလ္လာဟေ့ ဝဗရကာသုဟူ

စည်းလုံးညီညွတ်ခြင်းသည် အင်အားတစ်ခုဖြစ်ပါသည်။ အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ်၏အမိန့်ကို နာခံခြင်း
ဖြင့်အောင်မြင်မှုကို ရရှိပါမည်။ ထိုသို့ဆိုလျှင် အသျှင်မြတ်နှင့် အသျှင့်ရစူလ်၏ကျေနပ်နှစ်သက်မှုကို မျှော်
လင့်မက်ထား၍ ထိုအသျှင်မြတ်နှင့် အသျှင့်ရစူလ်၏လမ်းညွှန်မှုနှင့်အညီ စည်းလုံးညီညွတ်ခြင်း၌သာ မုချဧ
ကန် အောင်မြင်မှုကြီးကို လှမ်းယူဆွတ်ခူးနိုင်သည့် အင်အားကောင်းတစ်ခု ဖြစ်ပေမည်။ ဤသည်ပင် စစ်
မှန်သော''စုပေါင်းညီညာ အောင်ကြောင်းဖြာ''သည့် ကိစ္စရပ် ဖြစ်ပါသည်။

ဝန်ကြီးချုပ်ဦးသာအေး သား၏သူငယ်ချင်းဟုပြောသူကအဘွားအိုအား ရိုက်နှက်

နေအိမ်သို့လာရောက်တည်းခိုသော ဧည့်သည်မှ အိမ်ရှင်ဖြစ်သူ အဘွားအိုတစ်ဦးအား ရိုက်နှက်ပြီး အိမ်ရှိပရိဘောဂများအား ဖျက်ဆီးခဲ့သော ဖြစ်စဉ်တစ်ခု မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်း၊ ဆောက်လုပ်ရေးဌာနမှ အစိုးရဝန်ထမ်းတစ်ဦးဖြစ်သူ အောင်စိုးထွန်း(ဘ)ဦးတင်မြင့် အသက်(၄၁) သည် ၂၀၁၃ခုနှစ် မတ်လ(၆)ရက် ည(၁၁)နာရီခန့်တွင် မုံရွာမြို့သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်တွင် နေထိုင်နေသော သူ၏သူငယ်ချင်းဖြစ်သူ မစံပယ်အား မိမိလာရောက်တည်းခိုလိုပါသည်ဟု ခွင့်တောင်းခဲ့သည်။

ဘရစ်တနီးစပီးယား ဆိုဖို့ Telephone အမည်ရ သီချင်း လေဒီဂါဂါ ရေူးပေူ

လေဒီဂါဂါသည် Telephone ကို ဘရစ်တနီအတွက် ရေးခဲ့

ဘရစ်တနီးစပီးယား ဆိုဖို့ဆိုပြီး လေဒီဂါဂါတစ်ယောက် Telephone အမည်ရ သီချင်းကို ရေးစပ်ပေးခဲ့ပါတယ်။

ဒီမိုဗားရှင်းလည်း အသံသွင်းပြီး တကယ်ခွေထုတ်တဲ့အခါကျ ပါမလာပါဘူး။ ဘရစ်တနီးစပီးယားအနေနဲ့ ယင်းသီအချင်းဟာ အယ်လ်ဘမ်တွင် ထည့် မသုံးခဲ့ခြင်းအပေါ် လေဒီဂါဂါအနေနဲ့ ဘာ Comment မှမပေးပဲ သူနဲ့ ဘီယွန်ဆေးနဲ့ ပေါင်းလို့ ဆိုလိုက်ပါတယ်။

The Fame Monster အယ်ဘမ်ခေါင်းစဉ်အောက်ကနေ ၂၀၁၀ ခုနှစ် က ဖြန့်ချိခဲ့ပြီး ဂရမ်မီဆုစာရင်းဝင်ရလောက်အောင်ကို တစ်ဟုန် ထိုး အောင်မြင်ခဲ့ပါတယ်။ အဲ့လိုအောင်မြင်တုန်းက လေဒီဂါဂါပဲ ဆိုတယ်လို့ သိထားခဲ့ကြတာပါ။ ၂၀၁၀ ခုနှစ် မေလမှာပဲ ဘရစ်တနီးယား ဆိုတဲ့ ဒီမိုဗားရှင်း Youtube မှာ ပြန့်သွားမှပဲ အမှန်ကို သိသွားပါတယ်။

"ဒီသီချင်းကို သူမအတွက် ရေးဖြစ်ခဲ့တာပါ။ သူ့အယ်လ်ဘမ်မှာ မသုံးဘူး ဆိုတော့ ဘီယွန်းနဲ့ ဆိုဖြစ်ခဲ့ပါတယ်" လို့ အင်တာဗျူး တစ်ခုမှာ လေဒီဂါဂါ တစ်ယောက် ဖြေကြားခဲ့ပါတယ်။

လေဒီဂါဂါ နှင့် ဘရစ်တနီစပီးယားတို့ ဆိုသော Telephone

http://youtu.be/EVBsypHzF3U

ဘရစ်တနီစပီးယားဆိုတေသာ Telephone

http://youtu.be/1QyrNb7GJ1E

--
ရိုးရာလေး အနုပညာ

http://www.yoyarlay.com/entertainment/song/34553-lady-gaga-wrote-telephone-for-britney

အေးချမ်းမွန်မှ ( YoYarLay ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

လေဒီဂါဂါသည် Telephone ကို ဘရစ်တနီအတွက် ရေးခဲ့

ဘရစ်တနီးစပီးယား ဆိုဖို့ဆိုပြီး လေဒီဂါဂါတစ်ယောက် Telephone အမည်ရ သီချင်းကို ရေးစပ်ပေးခဲ့ပါတယ်။

ဒီမိုဗားရှင်းလည်း အသံသွင်းပြီး တကယ်ခွေထုတ်တဲ့အခါကျ ပါမလာပါဘူး။ ဘရစ်တနီးစပီးယားအနေနဲ့ ယင်းသီအချင်းဟာ အယ်လ်ဘမ်တွင် ထည့် မသုံးခဲ့ခြင်းအပေါ် လေဒီဂါဂါအနေနဲ့ ဘာ Comment မှမပေးပဲ သူနဲ့ ဘီယွန်ဆေးနဲ့ ပေါင်းလို့ ဆိုလိုက်ပါတယ်။

The Fame Monster အယ်ဘမ်ခေါင်းစဉ်အောက်ကနေ ၂၀၁၀ ခုနှစ် က ဖြန့်ချိခဲ့ပြီး ဂရမ်မီဆုစာရင်းဝင်ရလောက်အောင်ကို တစ်ဟုန် ထိုး အောင်မြင်ခဲ့ပါတယ်။ အဲ့လိုအောင်မြင်တုန်းက လေဒီဂါဂါပဲ ဆိုတယ်လို့ သိထားခဲ့ကြတာပါ။ ၂၀၁၀ ခုနှစ် မေလမှာပဲ ဘရစ်တနီးယား ဆိုတဲ့ ဒီမိုဗားရှင်း Youtube မှာ ပြန့်သွားမှပဲ အမှန်ကို သိသွားပါတယ်။

"ဒီသီချင်းကို သူမအတွက် ရေးဖြစ်ခဲ့တာပါ။ သူ့အယ်လ်ဘမ်မှာ မသုံးဘူး ဆိုတော့ ဘီယွန်းနဲ့ ဆိုဖြစ်ခဲ့ပါတယ်" လို့ အင်တာဗျူး တစ်ခုမှာ လေဒီဂါဂါ တစ်ယောက် ဖြေကြားခဲ့ပါတယ်။

လေဒီဂါဂါ နှင့် ဘရစ်တနီစပီးယားတို့ ဆိုသော Telephone

http://youtu.be/EVBsypHzF3U

ဘရစ်တနီစပီးယားဆိုတေသာ Telephone

http://youtu.be/1QyrNb7GJ1E

--
ရိုးရာလေး အနုပညာ

http://www.yoyarlay.com/entertainment/song/34553-lady-gaga-wrote-telephone-for-britney

အေးချမ်းမွန်မှ ( YoYarLay ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
လေဒီဂါဂါသည် Telephone ကို ဘရစ်တနီအတွက် ရေးခဲ့

ဘရစ်တနီးစပီးယား ဆိုဖို့ဆိုပြီး လေဒီဂါဂါတစ်ယောက် Telephone အမည်ရ သီချင်းကို ရေးစပ်ပေးခဲ့ပါတယ်။

ဒီမိုဗားရှင်းလည်း အသံသွင်းပြီး တကယ်ခွေထုတ်တဲ့အခါကျ ပါမလာပါဘူး။ ဘရစ်တနီးစပီးယားအနေနဲ့ ယင်းသီအချင်းဟာ အယ်လ်ဘမ်တွင် ထည့် မသုံးခဲ့ခြင်းအပေါ် လေဒီဂါဂါအနေနဲ့ ဘာ Comment မှမပေးပဲ သူနဲ့ ဘီယွန်ဆေးနဲ့ ပေါင်းလို့ ဆိုလိုက်ပါတယ်။

The Fame Monster အယ်ဘမ်ခေါင်းစဉ်အောက်ကနေ ၂၀၁၀ ခုနှစ် က ဖြန့်ချိခဲ့ပြီး ဂရမ်မီဆုစာရင်းဝင်ရလောက်အောင်ကို တစ်ဟုန် ထိုး အောင်မြင်ခဲ့ပါတယ်။ အဲ့လိုအောင်မြင်တုန်းက လေဒီဂါဂါပဲ ဆိုတယ်လို့ သိထားခဲ့ကြတာပါ။ ၂၀၁၀ ခုနှစ် မေလမှာပဲ ဘရစ်တနီးယား ဆိုတဲ့ ဒီမိုဗားရှင်း Youtube မှာ ပြန့်သွားမှပဲ အမှန်ကို သိသွားပါတယ်။

"ဒီသီချင်းကို သူမအတွက် ရေးဖြစ်ခဲ့တာပါ။ သူ့အယ်လ်ဘမ်မှာ မသုံးဘူး ဆိုတော့ ဘီယွန်းနဲ့ ဆိုဖြစ်ခဲ့ပါတယ်" လို့ အင်တာဗျူး တစ်ခုမှာ လေဒီဂါဂါ တစ်ယောက် ဖြေကြားခဲ့ပါတယ်။

လေဒီဂါဂါ နှင့် ဘရစ်တနီစပီးယားတို့ ဆိုသော Telephone

http://youtu.be/EVBsypHzF3U

ဘရစ်တနီစပီးယားဆိုတေသာ Telephone

http://youtu.be/1QyrNb7GJ1E

--
ရိုးရာလေး အနုပညာ

http://www.yoyarlay.com/entertainment/song/34553-lady-gaga-wrote-telephone-for-britney

အေးချမ်းမွန်မှ ( YoYarLay ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ယနေ့နေ့လည်စစ်တွေမြို့ ဆန္ဒဖေါ်ထုတ်ပွဲကို ဦးဆောင်သူတွေကိုဖမ်းပြီ

စစ်တွေမြို့တွင် ယနေ့နေ့လည်က ဆန္ဒဖေါ်ထုတ်ပွဲကို ဦးဆောင်ခဲ့သော ရခိုင်လူမှုကွန်ရက်(စစ်တွေ) မှ
 တက်ကြွလှုပ်ရှားသူများဖြစ်သည့် ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေး
တို့နှစ်ဦးအား  ယနေ့ညနေ  ရ နာရီဝန်းကျင်ခန့်တွင် ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရသည်။

စစ်တွေမြို့တွင် ယနေ့နေ့လည်က ဆန္ဒဖေါ်ထုတ်ပွဲကို ဦးဆောင်ခဲ့သော ရခိုင်လူမှုကွန်ရက်(စစ်တွေ) မှ
တက်ကြွလှုပ်ရှားသူများဖြစ်သည့် ဦးကျော်ဇောဦးနှင့် ဒေါ်ညိုအေး တို့နှစ်ဦးအား ယနေ့ညနေ ရ နာရီဝန်းကျင်ခန့်တွင် ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရသည်။

Lesch-Nyhan syndrome (LNS) လို့ခေါ်တဲ့ ကိုယ့်အသားကို ပြန်စားသော ရောဂါ