Pages

Thursday, March 7, 2013

မြဝတီဂိတ်မှ ကျိုက်ထီးရိုးအထိ ထိုင်းဧည့်များအား ဝင်ခွင့် ပြုတော့မည်

မြဝတီဂိတ်မှ ကျိုက်ထီးရိုးအထိ ထိုင်းဧည့်များအား ဝင်ခွင့် ပြုတော့မည်

06 MARCH 2013  | BY POPULAR NEWS

ထိုင်းနိုင်ငံ သားများမြဝ တီဂိတ်မှတစ် ဆင့်ဝင်ရောက် ခွင့်ကို မိုင် ၁ဝဝ ကျော် အထိ တိုး မြှင့်သွားမည် ဟု လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင် အားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဦး ခင်ရီကပြောသည်။
ယခုနှစ် ဧပြီလပိုင်း တွင်ခွင့်ပြုနိုင် ရန်နှစ်နိုင်ငံ ဆက် သွယ်ဆောင် ရွက်နေပြီးမြ ဝတီမှဘား အံ- ကျိုက်ထို- သထုံ-ကျိုက်ထီးရိုး စေတီတော် အထိသွား ရောက်နိုင် မည် ဖြစ်သည်။ မြဝတီတွင် သာမက အခြားထိုင်း-မြန်မာနယ် စပ်ဂိတ်များ ဖြစ်ကြသည့် တာချီလိတ်၊ ဘုရားသုံးဆူ နှင့်ကော့သောင်း ဂိတ်များအား လုံးတွင် လည်း ဝင်ရောက်ခွင့် နယ်နိမိတ် များကိုနှစ် နိုင်ငံစလုံး မှ ရှိရင်းစွဲထက် ပိုမိုချဲ့ထွင်ရန် နှစ်နိုင်ငံ တာဝန်ရှိသူ များ ဆက်လက်ညှိနှိုင်း နေကြပြီး မကြာမီတွင်ပင် အကောင်အထည် ဖော်နိုင်မည်ဟု သိရပါသည်။
ထို့ကြောင့် ကမ္ဘာလှည့်ခရီး သွားများသာမ ကနယ် စပ်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများ နှင့် ယာယီနယ်စပ်ဖြတ်ကျော်လက် မှတ်ကိုင်ဆောင်ထား သူများအတွက် ပိုမိုအ ဆင်ပြေသွားမည်ဖြစ်သည်။
''ဝင်ရောက်ခွင့်နယ်နိမိတ် ပို သွားတာက အလုပ်လုပ်ခွင့်နယ်နိ မိတ် ပိုကျယ်လာတယ်လို့ တစ်ထစ် ချပြောလို့မရသေးဘူး''ဟု မြန်မာ ရွှေ့ပြောင်း လုပ်သားတစ်ဦးက ပြော သည်။
''ပြည်ဝင်ခွင့် ဗီဇာနဲ့ ၃ ည အိပ် ၄ ရက်ခရီး၊ ဒါမှမဟုတ် ၅ ညအိပ် ၇ ရက်ခရီး ဒီလိုတော့ စီစဉ်နေတယ်။ ခွင့်ပြုပေးမယ့် ရက် အတိအကျ သတ်မှတ် ဖို့ ဆွေးနွေး နေဆဲပါပဲ''ဟု၎င်းဝန်ကြီးဌာန တာ ဝန်ရှိသူက ပြောသည်။ယခင်က ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် ငြိမ်းချမ်းမှု မရှိခြင်း ကြောင့်မြဝတီ နယ်စပ်ဂိတ်ပေါက် ဝမှ မြဝတီမြို့တွင်းသာ တစ်ဖက် နိုင်ငံသားများ နေ့ချင်းပြန် ခရီးသာ လူဝင်မှုကြီးကြပ်ရေးနှ င့် ပြည်သူ့ အင်အားဦးစီးဌာနက ခွင့်ပြုခဲ့သည်။ ''ဒီလိုခွင့်ပြုဖို့ စီစဉ်နေတာက ငြိမ်းချမ်းရေးရဲ့အသီးအပွင့်ကို စပြီး ခံစားရမှုပဲ။ အရင်က အခြေအနေ အကြောင်းကြောင်းတွေကြောင့်ခွင့် မပြုပေးနိုင်ခဲ့ ဘူး''ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
ယခုကဲ့သို့ ဧပြီတွင်ထိုင်းဘက် မှ ခရီးသည်များကို ခွင့်ပြုပေးလိုက် မှုကြောင့် ကျိုက်ထီးရိုး၊ ကျိုက်ထို သို့ လာရောက်ချင်ကြသူများ အ နေဖြင့် ယခင်ကထက် မြန်ဆန် သွားခြင်း၊ အချိန်ကုန်၊ လူပန်း သက်သာသွားခြင်းတို့ ခံစားရမည့် အပြင် မြန်မာဘက်ရှိ ထိုဒေသတို့ မှာလည်း ပြည်ပခရီးသွားများ ပိုမို များပြားလာခြင်းကြောင့် ဝင်ငွေတိုး ကာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမည် ဟု ဝန်ကြီးဌာနမှ သုံးသပ်သည်။
ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ''ဒီလိုဖွင့်ပေးရင် ကျိုက် ထီးရိုး ကျိုက်ထို ပိုစည်မှာပေါ့။ အ ရင်က ထိုင်းကနေ ကျိုက်ထီးရိုးဖူး ချင်ရင် ဘန်ကောက်ကိုသွား၊ အဲဒီ ကနေ ရန်ကုန်၊ ရန်ကုန်ကနေ ကျိုက်ထိုဆိုတော့ လာချင်ကြတာ တောင် အကုန်မလာနိုင်ဘူး'' ဟု ပြောသည်။
မြဝတီနယ်စပ်ဂိတ်မှ ပြည် တွင်း သို့ခရီးသွားယာဉ်တန်းများ၊ ဆိုင်ကယ်ယာဉ်တန်းများဖြင့် သတ် မှတ်ပုံစံအတိုင်း ဝင်ရောက်ခွင့်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန် ကြီးဌာနမှခွင့်ပြုပေးနေခဲ့သော်လည်း ယခုကဲ့သို့သီးခြားခွင့်ပြုမှုကို လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပထမဦးဆုံး ခွင့်ပြု ပေးခြင်း ဖြစ်သည်။
ကျိုက်ထီးရိုးသို့ လာရောက်ဖူး မြော်ကြသည့် နိုင်ငံခြားဧည့်များထဲ တွင် ထိုင်းလူမျိုးမှာ အများဆုံးဖြစ် ပြီး ၇ဝ ရာခိုင်နှုန်းခန့်ရှိသည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့မှ သိရ သည်။ 

အေးချမ်းမွန်မှ (  POPULAR NEWS ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

06 MARCH 2013
ထိုင်းနိုင်ငံ သားများမြဝ တီဂိတ်မှတစ် ဆင့်ဝင်ရောက် ခွင့်ကို မိုင် ၁ဝဝ ကျော် အထိ တိုး မြှင့်သွားမည် ဟု လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင် အားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဦး ခင်ရီကပြောသည်။ ယခု
နှစ် ဧပြီလပိုင်း တွင်ခွင့်ပြုနိုင် ရန်နှစ်နိုင်ငံ ဆက် သွယ်ဆောင် ရွက်နေပြီးမြ ဝတီမှဘား အံ- ကျိုက်ထို- သထုံ-ကျိုက်ထီးရိုး စေတီတော် အထိသွား ရောက်နိုင် မည် ဖြစ်သည်။
မြဝတီတွင် သာမက အခြားထိုင်း-မြန်မာနယ် စပ်ဂိတ်များ ဖြစ်ကြသည့် တာချီလိတ်၊ ဘုရားသုံးဆူ နှင့်
ကော့သောင်း ဂိတ်များအား လုံးတွင် လည်း ဝင်ရောက်ခွင့် နယ်နိမိတ် များကိုနှစ် နိုင်ငံစလုံး မှ ရှိရင်းစွဲထက် ပိုမိုချဲ့ထွင်ရန် နှစ်နိုင်ငံ တာဝန်ရှိသူ များ ဆက်လက်ညှိနှိုင်း နေကြပြီး မကြာမီတွင်ပင် အကောင်အထည်
 ဖော်နိုင်မည်ဟု သိရပါသည်။

ထို့ကြောင့် ကမ္ဘာလှည့်ခရီး သွားများသာမ ကနယ် စပ်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများ နှင့် ယာ

ယီနယ်စပ်ဖြတ်ကျော်လက် မှတ်ကိုင်ဆောင်ထားသူများအတွက် ပိုမိုအ ဆင်ပြေသွားမည်ဖြစ်သည်။''ဝင်
ရောက်ခွင့်နယ်နိမိတ် ပို သွားတာက အလုပ်လုပ်ခွင့်နယ်နိ မိတ် ပိုကျယ်လာတယ်လို့ တစ်ထစ် ချပြောလို့မရ
သေးဘူး''ဟု မြန်မာ ရွှေ့ပြောင်း လုပ်သားတစ်ဦးက ပြော သည်။

''ပြည်ဝင်ခွင့် ဗီဇာနဲ့ ၃ ည အိပ် ၄ ရက်ခရီး၊ ဒါမှမဟုတ် ၅ ညအိပ် ၇ ရက်ခရီး ဒီလိုတော့ စီစဉ်နေတယ်။ ခွင့်ပြု

ပေးမယ့် ရက် အတိအကျ သတ်မှတ် ဖို့ ဆွေးနွေး နေဆဲပါပဲ''ဟု၎င်းဝန်ကြီးဌာန တာ ဝန်ရှိသူက ပြောသည်။

ယခင်က ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် ငြိမ်းချမ်းမှု မရှိခြင်း ကြောင့်မြဝတီ နယ်စပ်ဂိတ်ပေါက် ဝမှ မြဝ
တီမြို့တွင်းသာ တစ်ဖက် နိုင်ငံသားများ နေ့ချင်းပြန် ခရီးသာ လူဝင်မှုကြီးကြပ်ရေးနှ င့် ပြည်သူ့ အင်အားဦးစီး
ဌာနက ခွင့်ပြုခဲ့သည်။ ''ဒီလိုခွင့်ပြုဖို့ စီစဉ်နေတာက ငြိမ်းချမ်းရေးရဲ့အသီးအပွင့်ကို စပြီး ခံစားရမှုပဲ။ အရင်က အခြေအနေ အကြောင်းကြောင်းတွေကြောင့်ခွင့် မပြုပေးနိုင်ခဲ့ ဘူး''ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ယခုကဲ့သို့ ဧပြီတွင်ထိုင်းဘက် မှ ခရီးသည်များကို ခွင့်ပြုပေးလိုက် မှုကြောင့် ကျိုက်ထီးရိုး၊ ကျိုက်ထို သို့ လာ

aရာက်ချင်ကြသူများ အ နေဖြင့် ယခင်ကထက် မြန်ဆန် သွားခြင်း၊ အချိန်ကုန်၊ လူပန်း သက်သာသွားခြင်းတို့ ခံစားရမည့် အပြင် မြန်မာဘက်ရှိ ထိုဒေသတို့ မှာလည်း ပြည်ပခရီးသွားများ ပိုမို များပြားလာခြင်းကြောင့် ဝင်
ငွေတိုး ကာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမည် ဟု ဝန်ကြီးဌာနမှ သုံးသပ်သည်။ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ တစ်
ဦးက'ဒီလိုဖွင့်ပေးရင် ကျိုက် ထီးရိုး ကျိုက်ထို ပိုစည်မှာပေါ့။ အ ရင်က ထိုင်းကနေ ကျိုက်ထီးရိုးဖူး ချင်ရင် ဘန်
ကောက်ကိုသွား၊ အဲဒီ ကနေရန်ကုန်၊ရန်ကုန်ကနေကျိုက်ထိုဆိုတော့လာချင်ကြတာ တောင်အကုန်မလာနိုင်
ဘူး'' ဟု ပြောသည်။

မြဝတီနယ်စပ်ဂိတ်မှ ပြည် တွင်း သို့ခရီးသွားယာဉ်တန်းများ၊ ဆိုင်ကယ်ယာဉ်တန်းများဖြင့် သတ် မှတ်ပုံစံအ

တိုင်း ဝင်ရောက်ခွင့်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန် ကြီးဌာနမှခွင့်ပြုပေးနေခဲ့သော်လည်း ယခုကဲ့သို့
သီးခြားခွင့်ပြုမှုကို လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပထမဦးဆုံး ခွင့်ပြု ပေးခြင်း ဖြစ်
သည်။

ကျိုက်ထီးရိုးသို့ လာရောက်ဖူး မြော်ကြသည့် နိုင်ငံခြားဧည့်များထဲ တွင် ထိုင်းလူမျိုးမှာ အများဆုံးဖြစ် ပြီး ၇ဝ ရာခိုင်နှုန်းခန့်ရှိသည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့မှ သိရ သည်။

 POPULAR NEWS

RND: 7.3.2013

0 comments:

Post a Comment