Pages

Thursday, March 7, 2013

"မန်းမြို့တော်ဝန် ဗဟိုမဏ္ဍပ် စတင်ဆောက်လုပ်"

ယခုနှစ်သင်္ကြန်အတွက် မန်းမြို့တော်ဝန်မဏ္ဍပ်(ဗဟိုမဏ္ဍပ်) စတင်ဆောက်လုပ်နေပြီဖြစ်ပြီး ပုံမှန်ကျင်းပသည့် သင်္ကြန်ပွဲတော်များ အတိုင်း ယခုနှစ်မှာလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်
ကြောင်း သိရသည်။ သင်္ကြန်အကြိုနေ့ ညနေတွင် မြို့တော်ဝန်မှ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မြို့မအသင်းက ဦးဆောင်ကာ မန်းမြို့ပေါ်ရှိရပ်ကွက်အသီးသီးမှ အလှပြယာဉ်များမှ မြို့တော်ဝန်မဏ္ဍပ်ကို
ဦးတိုက်စေမည်ဖြစ်ပြီးည ၇ နာရီ တွင် ဖျော်ဖြေရေး စတင်မည် ဖြစ်ကြောင်း သိရသည်။

ဖျော်ဖြေရေးအတွက် သိန်းတန်(မြန်မာပြည်)၊ဖြိုးကြီး၊ ဟဲလေး၊ အယ်လ်ဆိုင်းဇီ၊ ယုဇန၊ အိမ့်ချစ်၊ ကော်နီ၊ မေခ လာ၊ ဝေလျှံ၊ ဒီယံ၊ မေကဗျာ၊ ခင်မောင်ထူး၊ ဘိုဘိုဟန်၊ ဂျက်မြသောင်း၊ သန်းမြတ်စိုး၊ မန္တ လေးသိန်းဇော်၊ ကြည်သာ (ပွဲကြိုက်ခင်)၊ မှူးရတနာ၊ သားစိုးနှင့်အဖွဲ့၊ ညီနန္ဒ၊ မြို့မတီးဝိုင်း၊21st Century ပလေးဘွိုင်းတီးဝိုင်းတို့အား ကျပ်သိန်း ၁၆၅ဝ အကုန်အကျခံကာ ငှားရမ်းထားပြီးဖြစ်ကြောင်း မန်း
စည်ပင်ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေး ဌာနမှ သိရသည်။

အဆိုပါ ငှားရမ်းမှုများမှာ ကနဦးငှားရမ်းမှုများသာ ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ထပ်တိုးလာနိုင်ကြောင်း မြို့တော်ဝန် မဏ္ဍပ်တစ်ခုလုံး၏ ကုန်ကျစရိတ်အားတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားပြီး
၎င်းတို့၏ သဘောတူညီချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မန်းစည်ပင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှ ဌာနမှူးဦးသန်းလွင်က ပြောသည်။

ကနဦးအနေဖြင့် မြို့တော်ဝန်မဏ္ဍပ်အတွက် ဒီဇိုင်းပြပွဲ လျှောက်လွှာများဖိတ်ခေါ်ထားပြီး သင်္ကြန်တွင်း ပြိုင်ပွဲများအဖြစ် မဏ္ဍပ်အလှပြပြိုင်ပွဲ၊ အလှပြယာဉ်ပြိုင်ပွဲနှင့် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲ ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲများလည်း ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆုနှုန်းထားများကို မသတ်မှတ်ရသေးကြောင်း၊ ယခင်နှစ်များထက် ပိုမိုချီးမြှင့် သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွက် ယခင်နှစ်များနှင့် မတူထူးခြားစီစဉ်မှုအဖြစ် မြို့မတီးဝိုင်းအား ညနေသုံးနာရီမှညနေ ခြောက်နာရီအထိ သင်္ကြန်ရက်များတွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း မန္တလေးစည်ပင်ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှ သိရသည်။

ဖိုးလပြည့်

အေးချမ်းမွန်မှ ( Popular Myanmar News Journal ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

RND: 7.3.2013
Popular Myanmar News

0 comments:

Post a Comment