Pages

Thursday, March 7, 2013

' မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စ်လင်မ် မျိုးဆက်သစ်လူငယ်များ၏ လိုလားမှုနှင့် မေတ္တာရပ်ခံချက် '

အတ်စ္စလာမို့ အလိုင်ကွန်းမ် ဝရဟ်မသွလ္လာဟေ့ ဝဗရကာသုဟူ

' မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စ်လင်မ် မျိုးဆက်သစ်လူငယ်များ၏ လိုလားမှုနှင့် မေတ္တာရပ်ခံချက် '
===================================

စည်းလုံးညီညွတ်ခြင်းသည် အင်အားတစ်ခုဖြစ်ပါသည်။ အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ်၏အမိန့်ကို နာခံခြင်းဖြင့်
အောင်မြင်မှုကို ရရှိပါမည်။ ထိုသို့ဆိုလျှင် အသျှင်မြတ်နှင့် အသျှင့်ရစူလ်၏ကျေနပ်နှစ်သက်မှုကို မျှော်လင့်မက်ထား၍ ထိုအသျှင်မြတ်နှင့် အသျှင့်ရစူလ်၏လမ်းညွှန်မှုနှင့်အညီ စည်းလုံးညီညွတ်ခြင်း၌သာ မုချဧကန် အောင်မြင်မှုကြီးကို လှမ်းယူဆွတ်ခူးနိုင်သည့် အင်အားကောင်းတစ်ခု ဖြစ်ပေမည်။ ဤသည်ပင် စစ်မှန်သော''စုပေါင်းညီညာ အောင်ကြောင်းဖြာ''သည့် ကိစ္စရပ် ဖြစ်ပါသည်။

၁။ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်သာသနာ့ပညာရှင် အကြီးအကဲများ ခင်ဗျာ  -  ယင်းစည်းလုံးညီညွတ်မှု၌
နဗီတမန်တော်များ၏ အမွေစားအမွေခံများဖြစ်သော သာသနာ့ပညာရှင်များသည် ဦးဆောင်ဦးရွက်ပြု ပါဝင်ရပ်တည်ရန်
အရေးကြီးပါသည်။ သို့မှသာ အွမ္မသ်ထုတစ်ရပ်လုံးသည်လည်း အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ်၏လမ်းညွှန်ချက်နှင့်အညီ
စည်းလုံးညီညွတ်ခြင်းတွင် ယုံကြည်မှုအပြည့်နှင့် တိကျခိုင်မာစွာ ရပ်တည်လာပေမည်။

၂။ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင် လောကဓါတ်ပညာရှင်များ ခင်ဗျာ  - ယင်းစည်းလုံးညီညွတ်မှု၌ သာသနာ့ပညာရှင်များ၏ ဦးဆောင်ဦးရွက်မှုနှင့်အတူ လောကဓါတ်ပညာရှင်များလည်း အထူးလိုအပ်ပေသည်။ မိမိတို့ တတ်သိ
နားလည်ထားသော ခေတ်ပညာရပ်များကို အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ် ကျေနပ်နှစ်သက်စေရန် ရည်သန်၍ (မြန်မာ)
မွတ်စ်လင်မ်ထုတစ်ရပ်လုံး အစ္စလာမ့်လမ်းညွှန်ချက်နှင့်အညီ စည်းလုံးညီညွတ်ရေးအတွက် အသုံးပြုသွားရမည်။ သို့မှသာ
အဆိုပါ စည်းလုံးညီညွတ်ခြင်း၏ ကဏ္ဍတိုင်းတွင် အသက်ဝင်ပြီး အနှစ်သာရပြည့်ဝသော အကျိုးထူးများကို လူတမ်းစေ့ ခံစားနိုင်
ပေမည်။

၃။ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ့်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ ခင်ဗျာ -  ယင်းစည်းလုံးညီညွတ်မှုသည်
တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ရရှိနိုင်မည်မဟုတ်ပါ။ ယခင်ခေတ်ကာလများ၌ သဘောထားချင်း
မတိုက်ဆိုင်ကြသည့်အတွက် အဖွဲ့အသီးသီး တည်ထောင်ခဲ့ကြသည်။ ထို့ကြောင့် အကျိုးပြုမှုအတိုင်းအတာ၌လည်း မွတ်စ်လင်မ်
တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး အကျိုးပြုနိုင်စွမ်း မရှိခဲ့ချေ။ ထိုအဖွဲ့အစည်းများအား မွတ်စ်လင်မ်တစ်မျိုးသားလုံး၏
ယုံကြည်စိတ်ချရမှုနှင့် အားကိုးအားထားမှုတို့သည် တဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။ အလ္လာဟ်နှင့်အလ္လာ့ဟ်ရစူလ်၏
လမ်းညွှန်ချက်နှင့်အညီ မွတ်စ်လင်မ်တစ်မျိုးသားလုံး၏ ခိုင်မာသည့် စည်းလုံးညီညွတ်မှုဖြင့်သာ ကြုံကြိုက်လာသမျှ အခက်အခဲများကို ကျော်လွှားဖြေရှင်းသွားနိုင်မည် ဖြစ်သည်။

၎။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များ ခင်ဗျာ -  စည်းလုံးညီညွတ်ခြင်းသည်
အင်အားဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင် ထိုထိုသောစည်းလုံးညီညွတ်နေသည့် (အဖွဲ့အစည်း) အင်အားများ ရှိခဲ့သော်ငြားလည်း ၎င်းအဖွဲ့အစည်း အင်အားတို့သည် အောင်မြင်မှုဆီသို့ အရောက် ပို့ဆောင်မပေးနိုင်သည်မှာ နဗီတမန်တော်များ၏ ခေတ်အဆက်ဆက် သမိုင်းများက ဒွိဟမဲ့ ရှင်းလင်းပြတ်သားစွာ သက်သေထူနေပါသည်။ သို့ပါ၍ အောင်မြင်မှုဆီသို့ အရောက်တွန်းပို့ပေးနိုင်သော စည်းလုံးညီညွတ်မှုသည် (၁) အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ် လိုလားနှစ်သက်သော လမ်းညွှန်ချက်နှင့်အညီ ဖွဲ့စည်းခြင်း၊ (၂) အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ်၏အမိန့်တော်များကို နားလည်တတ်ကျွမ်းပြီး လက်တွေ့ကျင့်သုံးသော ပညာရှင်များ၏ ဦးဆောင်ဦးရွက်မှုပြုခြင်း၊ (၃) ထိုက်တန်ပြီး အစ္စလာမ်သာသနာကို ယုံကြည်မြတ်နိုး၍ လက်တွေ့ကျင့်သုံးသော ဥပဒေပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးကျွမ်းကျင်သူများပါဝင်ခြင်း တို့ဖြစ်သည်။ ထိုကဲ့သို့ ဖွဲ့စည်းထားခြင်းသည်သာလျှင် ယုံကြည်စိတ်ချ မှန်ကန်တိကျလှသော အောင်မြင်မှုကို  ခိုင်ခံ့မြဲမြံစွာ ရရှိပေမည်။ ဤသို့ ဓမ္မဓိဋ္ဌာန်ကျသည့်  လိုလားမှုနှင့် မေတ္တာရပ်ခံချက်ကို အသိတရားရှင် မွတ်စ်လင်မ်တိုင်း မုချဧကန် လက်ခံမည်ဟု ယုံကြည်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စ်လင်မ် မျိုးဆက်သစ်လူငယ်များ၏ အထက်ပါ လိုလားချက်များကို အကောင်အထည်ဖော်ပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

(ကျွန်ုပ်ထံသို့ ၂၀၁၃ ခု၊ မတ်လ ၆ ရက်နေ့တွင် မွတ်စလင်မ် မျိုးဆက်သစ် လူငယ်များထံမှ အီးမေလ်းမှတဆင့် ပေးပို့လာခြင်း ဖြစ်ပါသည်။ မွတ်စလင်မ်များအတွက် အထူးတင်ပြပေးဖို့ အရေးကြီးပါကြောင်းနဲ့ ဆက်လက်၍ သက်ဆိုင်သူများအားလုံးသို့ အသိပေးနိုင်ပါရန် တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ သောကကြီးစွာနဲ့ ပေးပို့လိုက်တဲ့ ညီနောင်တွေကို လေးစားပါတယ်)

အတ်စ္စလာမို့ အလိုင်ကွန်းမ် ဝရဟ်မသွလ္လာဟေ့ ဝဗရကာသုဟူ

စည်းလုံးညီညွတ်ခြင်းသည် အင်အားတစ်ခုဖြစ်ပါသည်။ အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ်၏အမိန့်ကို နာခံခြင်း
ဖြင့်အောင်မြင်မှုကို ရရှိပါမည်။ ထိုသို့ဆိုလျှင် အသျှင်မြတ်နှင့် အသျှင့်ရစူလ်၏ကျေနပ်နှစ်သက်မှုကို မျှော်
လင့်မက်ထား၍ ထိုအသျှင်မြတ်နှင့် အသျှင့်ရစူလ်၏လမ်းညွှန်မှုနှင့်အညီ စည်းလုံးညီညွတ်ခြင်း၌သာ မုချဧ
ကန် အောင်မြင်မှုကြီးကို လှမ်းယူဆွတ်ခူးနိုင်သည့် အင်အားကောင်းတစ်ခု ဖြစ်ပေမည်။ ဤသည်ပင် စစ်
မှန်သော''စုပေါင်းညီညာ အောင်ကြောင်းဖြာ''သည့် ကိစ္စရပ် ဖြစ်ပါသည်။
၁။ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်သာသနာ့ပညာရှင် အကြီးအကဲများ ခင်ဗျာ - ယင်းစည်းလုံးညီညွတ်မှု၌
နဗီတမန်တော်များ၏ အမွေစားအမွေခံများဖြစ်သော သာသနာ့ပညာရှင်များသည် ဦးဆောင်ဦးရွက်ပြု ပါ
ဝင်ရပ်တည်ရန်အရေးကြီးပါသည်။သို့မှသာအွမ္မသ်ထုတစ်ရပ်လုံးသည်လည်းအလ္လာဟ်နှင့်အလ္လာ့ဟ်ရစူလ်
၏လမ်းညွှန်ချက်နှင့်အညီစည်းလုံးညီညွတ်ခြင်းတွင် ယုံကြည်မှုအပြည့်နှင့် တိကျခိုင်မာစွာ ရပ်တည်လာ
ပေမည်။

၂။ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင် လောကဓါတ်ပညာရှင်များ ခင်ဗျာ - ယင်းစည်းလုံးညီညွတ်
မှု၌ သာသနာ့ပညာရှင်များ၏ ဦးဆောင်ဦးရွက်မှုနှင့်အတူ လောကဓါတ်ပညာရှင်များလည်း အထူးလိုအပ်ပေ
သည်။ မိမိတို့ တတ်သိ နားလည်ထားသော ခေတ်ပညာရပ်များကို အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ် ကျေနပ်
နှစ်သက်စေရန် ရည်သန်၍ (မြန်မာ) မွတ်စ်လင်မ်ထုတစ်ရပ်လုံး အစ္စလာမ့်လမ်းညွှန်ချက်နှင့်အညီ စည်းလုံး
ညီညွတ်ရေးအတွက် အသုံးပြုသွားရမည်။ သို့မှသာ အဆိုပါ စည်းလုံးညီညွတ်ခြင်း၏ ကဏ္ဍတိုင်းတွင်အသက်
ဝင်ပြီး အနှစ်သာရပြည့်ဝသော အကျိုးထူးများကို လူတမ်းစေ့ ခံစားနိုင် ပေမည်။

၃။ မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ့်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ ခင်ဗျာ - ယင်းစည်းလုံးညီညွတ်
မှုသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ရရှိနိုင်မည်မဟုတ်ပါ။ ယခင်ခေတ်ကာလ
များ၌ သဘောထားချင်း မတိုက်ဆိုင်ကြသည့်အတွက် အဖွဲ့အသီးသီး တည်ထောင်ခဲ့ကြသည်။ ထို့ကြောင့် အကျိုးပြုမှုအတိုင်းအတာ၌လည်း မွတ်စ်လင်မ် တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး အကျိုးပြုနိုင်စွမ်း မရှိခဲ့ချေ။ ထိုအဖွဲ့အစည်းများအား မွတ်စ်လင်မ်တစ်မျိုးသားလုံး၏ ယုံကြည်စိတ်ချရမှုနှင့် အားကိုးအားထားမှုတို့သည် တဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။ အလ္လာဟ်နှင့်အလ္လာ့ဟ်ရစူလ်၏ လမ်းညွှန်ချက်နှင့်အညီ မွတ်စ်လင်မ်
တစ်မျိုးသားလုံး၏ ခိုင်မာသည့် စည်းလုံးညီညွတ်မှုဖြင့်သာ ကြုံကြိုက်လာသမျှ အခက်အခဲများကို ကျော်
လွှားဖြေရှင်းသွားနိုင်မည် ဖြစ်သည်။

၎။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များ ခင်ဗျာ - စည်းလုံးညီညွတ်
ခြင်းသည်အင်အားဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင် ထိုထိုသောစည်းလုံးညီညွတ်နေသည့် (အဖွဲ့အစည်း) အင်အားများ ရှိခဲ့သော်ငြားလည်း ၎င်းအဖွဲ့အစည်းအင်အားတို့သည် အောင်မြင်မှုဆီသို့အရောက် ပို့ဆောင်
မပေးနိုင်သည်မှာ နဗီတမန်တော်များ၏ ခေတ်အဆက်ဆက် သမိုင်းများက ဒွိဟမဲ့ ရှင်းလင်းပြတ်သားစွာ သက်သေထူနေပါသည်။ 

သို့ပါ၍ အောင်မြင်မှုဆီသို့ အရောက်တွန်းပို့ပေးနိုင်သော စည်းလုံးညီညွတ်မှုသည် 

(၁) အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ် လိုလားနှစ်သက်သော လမ်းညွှန်ချက်နှင့်အညီ ဖွဲ့စည်းခြင်း၊ 

(၂) အလ္လာဟ်နှင့် အလ္လာ့ဟ်ရစူလ်၏အမိန့်တော်များကို နားလည်တတ်ကျွမ်းပြီး လက်တွေ့ကျင့်သုံးသော ပညာရှင်များ၏ ဦးဆောင်ဦးရွက်မှုပြုခြင်း၊ 

(၃) ထိုက်တန်ပြီး အစ္စလာမ်သာသနာကို ယုံကြည်မြတ်နိုး၍ လက်တွေ့ကျင့်သုံးသော ဥပဒေပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးကျွမ်းကျင်သူများပါဝင်ခြင်း တို့ဖြစ်သည်။ 

ထိုကဲ့သို့ ဖွဲ့စည်းထားခြင်းသည်သာလျှင် ယုံကြည်စိတ်ချ မှန်ကန်တိကျလှသော အောင်မြင်မှုကို ခိုင်ခံ့မြဲမြံစွာ ရရှိပေမည်။ ဤသို့ ဓမ္မဓိဋ္ဌာန်ကျသည့် လိုလားမှုနှင့် မေတ္တာရပ်ခံချက်ကို အသိတရားရှင် မွတ်စ်လင်မ်တိုင်း မုချဧကန် လက်ခံမည်ဟု ယုံကြည်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စ်လင်မ် မျိုးဆက်သစ်လူငယ်များ၏ အထက်ပါ လိုလားချက်များကို အကောင်အထည်ဖော်ပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

(ကျွန်ုပ်ထံသို့ ၂၀၁၃ ခု၊ မတ်လ ၆ ရက်နေ့တွင် မွတ်စလင်မ် မျိုးဆက်သစ် လူငယ်များထံမှ အီးမေလ်းမှတ

ဆင့် ပေးပို့လာခြင်း ဖြစ်ပါသည်။ မွတ်စလင်မ်များအတွက် အထူးတင်ပြပေးဖို့ အရေးကြီးပါကြောင်းနဲ့ ဆက်
လက်၍ သက်ဆိုင်သူများအားလုံးသို့ အသိပေးနိုင်ပါရန် တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ သောကကြီးစွာ
နဲ့ ပေးပို့လိုက်တဲ့ ညီနောင်တွေကို လေးစားပါတယ်)


ကေတီဇက်ဦး
RND: 7.3.2013


0 comments:

Post a Comment