Pages

Thursday, March 7, 2013

ကိုရီးယားသမ္မတနိုင်ငံတွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားတစ်ဦး၏ အုပ်ထိန်းသူမိဘများအား အာမခံလျော်ကြေးငွေပေးအပ်…

ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အစိုးရပြည်ပအလုပ်အကိုင်
အေဂျင်စီမှတစ်ဆင့်သွားရောက်ခဲ့သည့် မြန်မာအလုပ်သမားမောင်မင်းသန်း
သည် ကိုရီးယားသမ္မတနိုင်ငံရှိ ၎င်းနေထိုင်ရာအိမ်ခန်းတွင် နှလုံးရောဂါနဲ့
ကွယ်လွန်သွားခဲ့ပါတယ်။ မောင်မင်းသန်းအတွက်လုပ်ငန်းခွင်ပြင်ပအသက် အာမခံလျော်ကြေးငွေ ခံစားခွင့်ပြုနိုင်ဖို့ကိုရီးယားသမ္မတနိုင်ငံရှိသက်ဆိုင်ရာ အာမခံဌာန ကစိစစ်မှုများပြုလုပ်ပြီးနောက်အာမခံလျော်ကြေးငွေကိုရီးယား
ဝမ်(၁၅၀)သိန်းကိုမင်းသန်းရဲ့မိဘအုပ်ထိန်းသူတို့ကိုကိုယ်စားလှယ်အဖြစ်
လွှဲအပ်ပေးထားသည့် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာအလုပ်သမားအရာရှိ
ထံသို့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှာထုတ်ပေးခဲ့ပါတယ်။

အဲဒီအာမခံလျော် ကြေးငွေဝမ်(၁၅၀)သိန်းနဲ့ညီမျှတဲ့ မြန်မာငွေကျပ်(၁၁၄)သိန်း(၄)သောင်း (၅)ထောင်ကို ကိုရီးယားသမ္မတနိုင်ငံရှိမြန်မာအလုပ်သမား အရာရှိက အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီသို့ငွေလွှဲနဲ့ပေး ပို့ခဲ့တဲ့အတွက်မတ်လ (၁)ရက်နေ့၊

မွန်းလွဲပိုင်းမှာအစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီရုံးခန်းမှာ အလုပ်သ မားညွှန် ကြားရေးဦးစီးဌာန ၊ညွှန်ကြားရေးမှူးချုပ်ရဲ့ရှေ့မှောက် မှာ အေဂျင်စီရဲ့မန်နေဂျင်းဒါရိုက်တာကမောင်မင်းသန်းရဲ့အုပ်ထိန်းသူမိဘ များဖြစ်တဲ့ဦးကျော်အုံးနဲ့ဒေါ်ခင်မြင့်တို့ ကိုလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

Skynet News

Rangonnewsdaily: 7.3.2013

0 comments:

Post a Comment