Pages

Thursday, March 7, 2013

ရန်ကုန်မြို့အပါအ၀င် မြို့ကြီးအချို့တွင် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၃) နီးပါးကျရောက်လျက်ရှိ၊ အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင်အာရုံချို့ တဲ့သော ရောဂါများ ဖြစ်ပွားနိုင်

န်ကုန်မြို့အပါအ၀င် မြို့ကြီးအချို့တွင် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၃) နီးပါးကျရောက်လျက်ရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောကြားလိုက်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (၈)နှင့် အထက်ဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အဆင့်လို့ သတ်မှတ်ထားပါတယ်။ အညွှန်းကိန်း (၈၊ ၉၊ ၁၀)အထိတက်ရောက်ပါက အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင်အာရုံချို့ တဲ့သော ရောဂါများနှင့်အညွှန်းကိန်း (၁၃၊ ၁၄)အထိတက်ရောက်ပါက သားသမီးမရနိုင်သည့်ရောဂါများအထိ သက်ရောက်နိုင်တယ်လို့ သိရပါတယ်။

ယခုနှစ် ဖေဖေါ်ဝါရီနောက်ဆုံးပါတ်မှာ ရန်ကုန်မြို့မှာ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအမှတ် (၁၂.၈)အထိကျရောက်ခဲ့ပြီး၊ ကော့သောင်းမြို့နဲ့ ထားဝယ်မြို့မှာ (၁၃.၂)၊ ပုသိမ်မြို့မှာ (၁၃.၁)နဲ့ နေပြည်တော်မှာ (၁၁.၇)ကျရောက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့နှင့် ဘားအံမြို့တို့မှာ (၁၂.၈)၊ လွိုင်ကော်မြို့မှာ (၁၂.၄)နဲ့ တောင်ကြီးမှ အညွှန်းကိန်း (၁၂)အသီးသီး ကျရောက်ခဲ့တာဖြစ်ပါတယ်။

မနှစ်က ခရမ်းလွန်ရောင်ခြည်ကျရောက်မှုဟာ အဆင့် (၁၀၊၁၁)ပဲ ရှိခဲ့ပြီးတော့ ဒီနှစ်မှာ (၁၃)ထိ ရှိလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပြင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတွေမှာလည်း ခရမ်းလွန်ရောင်ခြည် (၁၃)နီးပါး ကျရောက်နေတယ်လို့ ဦးထွန်းလွင် မှ ဆက်လက်ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ ခရန်းလွန်ရောင်ခြည့်ရဲ့ အညွှန်းကိန်းကို ၂၀၁၂ခုနှစ်မှာ စတင်တိုင်းတာခဲ့တာဖြစ်ပါတယ်။

ခရမ်းလွှန်ရောင်ခြည်အညွှန်းကိန်းကို တိုင်းတာရာမှာ

(၀ မှ ၃အထိ)ကို အနိမ့်စား

(၄ မှ ၇အထိ)ကို အသင့်အတင့်

(၈နှင့် အတက်)ကို အန္တရာယ်ရှိအဆင့် လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးသက်ရောက်ချိန်ဟာ မွန်းတည့်ချိန်ဖြစ်တာကြောင့်

နံနက် (၁၁း၀၀)မှ မွန်းလွဲ (၂း၀၀)နာရီအချိန်အတွင်း

နေပူထဲကိုသွားလာပါက သတိပြုဖို့လိုအပ်ပြီးတော့ ထီး၊ နေကာမျက်မှန်၊ စတဲ့ အကာအကွယ်တွေနဲ့ သွားလာသင့်တယ်လို့ ဦးထွန်းလွင်က အကြံပြု ပြောကြားထားပါတယ်။

 


 RND: 7.3.2013
Eleven Media Group:

0 comments:

Post a Comment