Pages

Thursday, March 7, 2013

နိုင်ငံအတွင်း လှည့်လည်စီးဆင်းငွေ ကျပ်သန်းပေါင်း ၆၇ သိန်းကျော် ရှိနေပြီး ငွေကြေးဖေါင်းဖွမှုတိုးပွားနေ

နိုင်ငံအတွင်း လှည့်လည်စီးဆင်းငွေ ကျပ်သန်းပေါင်း ၆၇ သိန်းကျော် ရှိနေ
Thursday, March 7, 2013

မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေပမာဏ ကျပ်သန်းပေါင်း ၆၇ သိန်းခွဲခန့် ရှ်ိနေပြီး ငွေကြေးဖေါင်းဖွမှုမှာ ဇန်နဝါရီလ ကိန်းဂဏန်းအရ ၁.၉၅ ရာခိုင်နှုန်း ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက ဆိုသည်။

“နိုင်ငံတော်အတွင်း လှည့်လည်သုံးစွဲနေသော ငွေပမာဏ ကျပ်သန်းပေါင်း ၆,၇၄၈,၅၆၆ ရှိနေပြီး ငွေကြေးဖေါင်းပွမှု အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ကိန်းဂဏန်းအရ ၁.၉၅ ရာခိုင်နှုန်း ရှိနေပါတယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု 
ဝန်ကြီး ဦးဝင်းရှိန် က ပြောကြားသည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ရသုံးခန့်မှန်းခြေ ငွေစာရင်းအရ
နိုင်ငံတော်၏ ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များတွင် ရငွေ
စုစုပေါင်း ကျပ် ၁၂,၇၇၄,၅၂၀ သန်း၊ သုံးငွေစုစုပေါင်း ကျပ် ၁၄,၄၃၉,၄၆၆ သန်း၊ လိုငွေကျပ် ၁,၆၆၄,၀၄၆ သန်း ရှိနေသည်။ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၅၁,၂၀၇,၅၇၇ သန်း ဖြစ်ကာ လိုငွေနဲ့ ဂျီဒီပီအချိုးမှာ ၃.၂၅ ရာခိုင်နှုန်း
ဖြစ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ငွေကြေးဖေါင်းပွမှုနှုန်းက နှစ်စဉ် ၂ ရာခိုင်နှုန်း ဝန်းကျင်မှာပဲ ရှိနေပါတယ်။ လိုငွေ ကျပ်သန်းပေါင်း ၁၆ သိန်းကျော် ပြတာက လိုငွေပြတိုင်း မကောင်းတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် စီးပွားရေးဖွံ့ဖြိုးမှု
မျှော်မှန်းချက် ကြီးတယ်လို့ သဘော သက်ရောက်ပါတယ်။ သုံးစွဲငွေကလည်း များမယ်။ ရငွေကလည်း မျှော်မှန်းသလို များမယ်ဆိုရင်တော့ ပိုကောင်း
ပါတယ်” ဟု စီးပွားရေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့မှ ဦးသန်းဦး က သုံးသပ်ပြောဆိုသည်။

ခင်မျိုးသွယ်
မဇ္ဈိမ

Thursday, March 7, 2013

မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေပမာဏ ကျပ်သန်းပေါင်း ၆၇ သိန်းခွဲခန့် ရှ်ိနေပြီး ငွေကြေးဖေါင်းဖွမှုမှာ ဇန်နဝါရီလ ကိန်းဂဏန်းအရ ၁.၉၅ ရာခိုင်နှုန်း ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက ဆိုသည်။ “နိုင်ငံတော်အတွင်း လှည့်လည်သုံးစွဲနေသော ငွေပမာဏ ကျပ်သန်းပေါင်း ၆,၇၄၈,၅၆၆ ရှိနေပြီး ငွေကြေးဖေါင်းပွမှု အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ကိန်းဂဏန်းအရ ၁.၉၅ ရာခိုင်နှုန်း ရှိနေပါတယ်” ဟု မတ်လ ၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းရှိန် က ပြောကြားသည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ရသုံးခန့်မှန်းခြေ ငွေစာရင်းအရ နိုင်ငံတော်၏ ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များတွင် ရငွေ စုစုပေါင်း ကျပ် ၁၂,၇၇၄,၅၂၀ သန်း၊ သုံးငွေစုစုပေါင်း ကျပ် ၁၄,၄၃၉,၄၆၆ သန်း၊ လိုငွေကျပ် ၁,၆၆၄,၀၄၆ သန်း ရှိနေသည်။ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၅၁,၂၀၇,၅၇၇ သန်း ဖြစ်ကာ လိုငွေနဲ့ ဂျီဒီပီအချိုးမှာ ၃.၂၅ ရာခိုင်နှုန်း ဖြစ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ငွေကြေးဖေါင်းပွမှုနှုန်းက နှစ်စဉ် ၂ ရာခိုင်နှုန်း ဝန်းကျင်မှာပဲ ရှိနေပါတယ်။ လိုငွေ ကျပ်သန်းပေါင်း ၁၆ သိန်းကျော် ပြတာက လိုငွေပြတိုင်း မကောင်းတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် စီးပွားရေးဖွံ့ဖြိုးမှု မျှော်မှန်းချက် ကြီးတယ်လို့ သဘော သက်ရောက်ပါတယ်။ 
 
သုံးစွဲငွေကလည်း များမယ်။ ရငွေကလည်း မျှော်မှန်းသလို များမယ်ဆိုရင်တော့ ပိုကောင်း ပါတယ်” ဟု စီးပွားရေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့မှ ဦးသန်းဦး က သုံးသပ်ပြောဆိုသည်။

ခင်မျိုးသွယ်
Rangonnewsdaily: 7.3.2013
မဇ္ဈိမ

0 comments:

Post a Comment