Pages

Thursday, March 7, 2013

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းနဲ့ပတ်သတ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ရဲ့ပြောပြချက်

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကယနေ့ကျင်းပပြုလုပ်သော ပြည်သူ့
လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သော ပုံနှိပ်ခြင်းနှင့်
ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းနှင့် ပတ်သက်၍ မီဒီယာလုပ်ငန်း
လုပ်ကိုင်သူများအကြားကန့်ကွက်မှုများရှိနေသော်လည်း ပြည်ထောင်စုဝန်ကြီး
ဦးအောင်ကြည်က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံမှာ စာပေယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဆိုးပြစ်ကို ကာကွယ်နိုင်ဖို့ ဘာမှ မရှိပါဘူး၊ အခု ဖြစ်ပွား နေတဲ့ ပုဒ်မ၇ဟာလည်း
နိုင်ငံတကာနှုန်းထားများနဲ့အညီ ထည့်သွင်းထားတာ၊ ဒီဟာနဲ့ ပတ်သက်ပြီး
ကျူးလွန် လို့ ရှိရင်လည်း ဖမ်းဆီးခြင်း၊ ရှာဖွေခြင်း လုံးဝမပြုလုပ်ဘဲ ထုတ်ဝေခွင့်ကိုသာ ရပ်ဆိုင်းမှာဖြစ်ပါတယ်။ အမျိုးသား အကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ လုပ်ရခြင်းဖြစ်တဲ့အတွက် အားလုံးလုံခြုံပြီးစိတ်ချနိုင်
ပါတယ်” ဟု ၀န်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကိုလွှတ်တော်က ဆွေးနွေးစဉ်းစားရန်ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ယခုလ ၁၈ ရက်နောက်ဆုံးထား၍ တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

အေးချမ်းမွန်မှ ( Messenger News Journal) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကယနေ့ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းနှင့် ပတ်သက်၍ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများအကြားကန့်ကွက်မှုများရှိနေသော်လည်း ပြည်ထောင်စုဝန်ကြီး
ဦးအောင်ကြည်က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာ စာပေယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဆိုးပြစ်ကို ကာကွယ်နိုင်ဖို့ ဘာမှ မရှိပါဘူး၊ အခု ဖြစ်ပွား နေတဲ့ ပုဒ်မ၇ဟာလည်းနိုင်ငံတကာနှုန်းထားများနဲ့အညီ ထည့်သွင်းထားတာ၊ ဒီဟာနဲ့ ပတ်သက်ပြီးကျူးလွန် လို့ ရှိရင်လည်း ဖမ်းဆီးခြင်း၊ ရှာဖွေခြင်း လုံးဝမပြုလုပ်ဘဲ ထုတ်ဝေခွင့်ကိုသာ ရပ်ဆိုင်းမှာဖြစ်ပါတယ်။ အမျိုးသား အကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ လုပ်ရခြင်းဖြစ်တဲ့အတွက် အားလုံးလုံခြုံပြီးစိတ်ချနိုင်ပါတယ်” ဟု ၀န်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကိုလွှတ်တော်က ဆွေးနွေးစဉ်းစားရန်ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ယခုလ ၁၈ ရက်နောက်ဆုံးထား၍ တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

RND: 7.3.2013
Messenger News

0 comments:

Post a Comment