Tuesday, February 26, 2013
၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ညနေ ၆ နာရီကကျင်းပပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရိ ၂၆။
ယနေ့ ကျရောက်သော ၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် ညနေ ၆ နာရီ၌
ကျင်းပခဲ့သည်။အဆိုပါမွန်အမျိုးသားနေ့သို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်
တက်ရောက်ခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့်အခြားတာဝန်ရှိသူများ တက်ရောက်
ခဲ့ကြောင်း သိရသည်။
![]() |

မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ
ရန်ကုန်၊ ဖေဖေါ်ဝါရီ- ၂၆ လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ်ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့်ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
အကြီးမားဆုံးမူးယစ်ဆေး ဖမ်းဆီးရမိမှုတစ်ခုတွင် အဖမ်းခံရသူ ၆ ဦးအနက်ဗိုလ်မှူးကြီးတစ်ဦးပါဝင်
![]() |
February 26, 2013
တနင်္ဂနွေနေ့က ချန်ဒယ်ခရိုင်တွင် မြန်မာနိုင်ငံဖက်သို့တရားမဝင်ခိုးထုတ်မည့်
ရူပီးငွေ ၁၅ ကုဋေ တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့်
ဗိုလ်မှူးကြီးတစ်ဦးနှင့် အခြားသူ ၅ ဦးတို့ကို မဏိပူရရဲတပ်ဖွဲ့ကလည်း
ဖမ်းဆီးခဲ့ပြီး ၎င်းပြည်နယ်အတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှု တစ်ခုဖြစ်သည်ဟု
သိရှိရသည်။