Pages

Tuesday, February 26, 2013

တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေ ၃ နာရီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံ

မြန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေ ၃ နာရီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံနေကြစဉ်။ 

အသက် ၈၂ နှစ်အရွယ်ရှိ ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးမှာ တောင်အာဖရိက အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးကာလအတွင်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ အမှန်တရားနှင့် ပြန်လည်သွေးစည်းရေး ကော်မရှင်ကို ဦးဆောင်ခဲ့သူလည်းဖြစ်ကာ ငြိမ်းချမ်းရေး နိုဗယ်ဆုအပြင် နိုင်ငံတကာမှ ချီးမြှင့်သော ဂုဏ်ပြုဆုတံဆိပ်များစွာ လက်ခံရရှိထားသော ပုဂ္ဂိုလ်ဖြစ်သည်။ 

မြန်မာ့နိုင်ငံရေးကို အထူးအလေးထား စိတ်ပါဝင်စားသူဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျရောက်နေသော ကာလများတွင် သူမလွတ်မြောက်ရေးအတွက် အမြဲတစေ တိုက်တွန်းခဲ့သူလည်းဖြစ်သည်။

မြန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ညနေ ၃ နာရီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံနေကြစဉ်။
အသက် ၈၂ နှစ်အရွယ်ရှိ ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးမှာ တောင်အာဖရိက အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးကာလအတွင်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ အမှန်တရားနှင့် ပြန်လည်သွေးစည်းရေး ကော်မရှင်ကို ဦးဆောင်ခဲ့သူလည်းဖြစ်ကာ ငြိမ်းချမ်းရေး နိုဗယ်ဆုအပြင် နိုင်ငံတကာမှ ချီးမြှင့်သော ဂုဏ်ပြုဆုတံဆိပ်များစွာ လက်ခံရရှိထားသော ပုဂ္ဂိုလ်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးကိုအထူးအလေးထား စိတ်ပါဝင်စားသူဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်
ကျရောက်နေသောကာလများတွင်သူမလွတ်မြောက်ရေးအတွက်အမြဲတစေ တိုက်တွန်းခဲ့သူလည်းဖြစ်
သည်။
 7Day News Journal

0 comments:

Post a Comment