Pages

Tuesday, February 26, 2013

SSPP/SSA နှင့် တိုက်ပွဲဖြစ်ပွား အစိုးရတပ် ၃၀ ခန့်သေ

SSPP/SSA နှင့် တိုက်ပွဲ အစိုးရတပ် ၃၀ ခန့်သေ

TUESDAY 26 FEBRUARY 2013 13:25 သျှမ်းသံတော်ဆင့်



ဖေဖေါ်ဝါရီ လနှောင်းပိုင်းအတွင်း သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားရာမှာ အစိုးရတပ် ဘက် အယောက်သုံးဆယ်ထက်မနည်းသေဆုံးကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။


"တိုက်ပွဲကတော ၂၂ ရက်နေ့တုန်းက တော်တော်ပြင်းထန်တယ်။၂၃ ရက်နေ့တုန်းကတော့ ဒဏ်ရာရတဲ့ လူတွေနဲ့အလောင်းတွေကို ပြန်ကောက်ကြတယ်လေ။ဗမာတပ်ဘက်က အယောက်သုံးဆယ် ထက်မနည်းသေတယ်" - ဟု အမည်မဖေါ်လိုသည့် ဒေသအတွင်း ပြည်သူ့စစ်ခေါင်းဆောင်တဦးက ပြောပါသည်။                                                                                                                                                                                                                                  ၂၄ ရက်နေ့က လွယ်နိုင်းရွာဘက်သို့ မြန်မာစစ်တပ်မှ ပစ်သော ၆၀ မမ လက်နက်ကြီးမှာ မပေါက်ကွဲ ရှိနေရာ၊ညပိုင်း ရွာသားများ ယာမီးရှို့စဉ်အဆိုပါကျည် မီးလောင်ကျွမ်းပေါက်ကွဲသဖြင့် ထိုည၌ မြန်မာစစ်တပ် ဘက်မှ တဘက်တည်း တညလုံးဒရစပ်ပစ်ခတ်နေကြောင်း ရွာသားများ ပြောပြချက် အရသိရသည်။                                                                                                                                                                                                                                                              သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ ထိန်းချုပ် လွယ်လန်းစခန်းအား ဖယ်ပေးရန် ပြည်ထောင်စုနေ့မတိုင်မှီကတည်းက အစိုးရတပ်မှ ညွှန့်ကြားလာကြောင်း၊ဖယ်ပေးရန် သျှမ်းပြည်တပ်မတော် ဘက် ငြင်းဆန်ပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်အင်အားဖြည့် လှုပ်ရှားလာ ကြောင်း၊လွယ်လန်းတောင်ကြောရှိ SSPP/SSA စခန်းအား ၇ ကြိမ် တက်တိုက်ခဲ့ကြောင်း၊ဖေဖေါ်ဝါရီ ၂၂ ရက် နေ့တိုက်ပွဲအတွင်း အစိုးရတပ်ဘက် ၂၈ ယောက်သေဆုံးကြောင်း သျှမ်းပြည်တပ်မတော်ဌာနချုပ် အရာရှိတဦးက ပြောပါသည်။                                                                                                                                                                                                                                                                                                                                              "ကျနော်တို့ရတဲ့ အချက်အလက်တွေအရ အစိုးရတပ်ဘက်က အလောင်း ၂၈ လောင်းနဲ့ ဒဏ်ရာ ရတာ ၁၄ ယောက်ရတယ်လို့ ပြောတယ်။ဒီလိုဖြစ်တဲ့ ကိစ္စက ကျနော်တို့က ခံစစ်လေ။အပေါ်က အမိန့်ကို မလွန်ဆန် နိုင်ဘဲ ဟိုဘက်က ရဲဘော်လေးတွေက ဘုမသိဘမသိ တက်လာတယ်။အဲတော့ ပစ်ချခံရတာပေါ့။ကျနော် တို့က ဒဏ်ရာအနည်း အကျဉ်း ရတယ်။ကျနော်တို့ အထူးရှောင်ရမှာက ဗမာတပ်ရဲ့ လက်နက်ကြီး ပစ်မှတ်ပဲ"- ဟု ရှေ့တန်းရောက် တပ်မှူးတဦးက ပြောပါသည်။                                                                                                                                                                                                                                          တိုက်ပွဲရပ်တန့်ရန် နေပြည်တော်အစိုးရ သမ္မတ ဦးသိန်းစိန် ညွှန့်ကြားထားသော် သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ခမယ ၃၂၂ ၊ ၃၁၅ ၊ ၅ရရ ၊ ၅၇၄ ၊ ၅၂၅ ၊ ၅ရ၅ ၊ ခလရ ၃၃ ၊ ၁၃၁ ၊ ၂၉၅ တို့မှ အင်းအား တထောင်ခန့်က တပ်ရုပ်ပြန်ခြင်းမရှိသောကြောင့် တန့်ယန်းမြို့နယ်နှင့်မိုင်းရှူးမြို့နယ်အတွင်း စစ်ရေးဆက်လက်တင်းမာနေကြောင်း ကြားသိရပါသည်။

26 FEBRUARY 2013
ဖေဖေါ်ဝါရီ လနှောင်းပိုင်းအတွင်း သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားရာမှာ အစိုးရတပ် ဘက် အယောက်သုံးဆယ်ထက်မနည်းသေဆုံးကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
"တိုက်ပွဲကတော ၂၂ ရက်နေ့တုန်းက တော်တော်ပြင်းထန်တယ်။၂၃ ရက်နေ့တုန်းကတော့ ဒဏ်ရာရတဲ့ လူ
တွေနဲ့အလောင်းတွေကို ပြန်ကောက်ကြတယ်လေ။ဗမာတပ်ဘက်က အယောက်သုံးဆယ် ထက်မနည်းသေ
တယ်" - ဟု အမည်မဖေါ်လိုသည့် ဒေသအတွင်း ပြည်သူ့စစ်ခေါင်းဆောင်တဦးက ပြောပါသည်။ 

၂၄ ရက်နေ့က လွယ်နိုင်းရွာဘက်သို့ မြန်မာစစ်တပ်မှ ပစ်သော ၆၀ မမ လက်နက်ကြီးမှာ မပေါက်ကွဲ ရှိနေ
ရာ၊ညပိုင်း ရွာသားများ ယာမီးရှို့စဉ်အဆိုပါကျည် မီးလောင်ကျွမ်းပေါက်ကွဲသဖြင့် ထိုည၌ မြန်မာစစ်တပ် ဘက်မှ တဘက်တည်း တညလုံးဒရစပ်ပစ်ခတ်နေကြောင်း ရွာသားများ ပြောပြချက် အရသိရသည်။ 

သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ ထိန်းချုပ်လွယ်လန်းစခန်းအား ဖယ်ပေးရန် ပြည်ထောင်
စုနေ့မတိုင်မှီကတည်းက အစိုးရတပ်မှ ညွှန့်ကြားလာကြောင်း၊ဖယ်ပေးရန် သျှမ်းပြည်တပ်မတော် ဘက် ငြင်း
ဆန်ပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်အင်အားဖြည့် လှုပ်ရှားလာ
ကြောင်း၊လွယ်လန်းတောင်ကြောရှိ SSPP/SSA စခန်းအား ၇ ကြိမ် တက်တိုက်ခဲ့ကြောင်း၊ဖေဖေါ်ဝါရီ ၂၂ ရက် နေ့တိုက်ပွဲအတွင်း အစိုးရတပ်ဘက် ၂၈ ယောက်သေဆုံးကြောင်း သျှမ်းပြည်တပ်မတော်ဌာနချုပ် အရာရှိတဦးက ပြောပါသည်။ 

"ကျနော်တို့ရတဲ့ အချက်အလက်တွေအရ အစိုးရတပ်ဘက်က အလောင်း ၂၈ လောင်းနဲ့ ဒဏ်ရာ ရတာ ၁၄
 ယောက်ရတယ်လို့ ပြောတယ်။ဒီလိုဖြစ်တဲ့ ကိစ္စက ကျနော်တို့က ခံစစ်လေ။အပေါ်က အမိန့်ကို မလွန်ဆန်
 နိုင်ဘဲ ဟိုဘက်က ရဲဘော်လေးတွေက ဘုမသိဘမသိ တက်လာတယ်။အဲတော့ ပစ်ချခံရတာပေါ့။ကျနော် တို့က ဒဏ်ရာအနည်း အကျဉ်း ရတယ်။

ကျနော်တို့ အထူးရှောင်ရမှာက ဗမာတပ်ရဲ့ လက်နက်ကြီး ပစ်မှတ်ပဲ"- ဟု ရှေ့တန်းရောက် တပ်မှူးတဦး က
ပြာပါသည်။ တိုက်ပွဲရပ်တန့်ရန် နေပြည်တော်အစိုးရ သမ္မတ ဦးသိန်းစိန် ညွှန့်ကြားထားသော် သျှမ်းပြည်
တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ခမယ ၃၂၂ ၊ ၃၁၅ ၊ ၅ရရ ၊ ၅၇၄ ၊ ၅၂၅ ၊ ၅ရ၅ ၊ ခလရ ၃၃ ၊ ၁၃၁ ၊ ၂၉၅ တို့မှ အင်းအား တထောင်ခန့်က တပ်ရုပ်ပြန်ခြင်းမရှိသောကြောင့် တန့်ယန်းမြို့
နယ်နှင့်မိုင်းရှူးမြို့နယ်အတွင်း စစ်ရေးဆက်လက်တင်းမာနေကြောင်း ကြားသိရပါသည်။


RND: 26.2.2013
သျှမ်းသံတော်ဆင့်

0 comments:

Post a Comment