Pages

Tuesday, February 26, 2013

"သူငယ်ချင်းမိတ်ဆွေနဲ့ မိတ်ဆုံစားပွဲ ကျင်းပခဲ့တဲ့ ဒေါ်မာမာအေး"

"သူငယ်ချင်းမိတ်ဆွေနဲ့ မိတ်ဆုံစားပွဲ ကျင်းပခဲ့တဲ့ ဒေါ်မာမာအေး"

မြန်မာ့ဂီတလောကမှာ ကိုယ်ပိုင်ခေတ်တစ်ခေတ်ကို တည်ထောင် နိုင်ခဲ့သူလည်းဖြစ်၊ လူငယ်လူကြီး မရွေး၊ ဂီတချစ်သူ ပရိသတ်တွေထဲ မှာလည်း လူကြိုက်အများဆုံး   မြန်မာ သံအဆိုရှင်ဖြစ်သူ ဒေါ်မာမာအေး ဟာ ဂီတချစ်သူမိတ်ဆွေ၊ အပေါင်း အသင်း၊ ဂီတပရိသတ်တွေနဲ့ နှစ် အတော်ကြာကင်းကွာခဲ့ရာကနေ မြန်မာနိုင်ငံ ကို ပြန်လာ ခွင့်ရတဲ့အခါ ဂီတမောင်နှမတွေနဲ့အတူ မြန်မာ့ဂီတ ပရိသတ်တွေအတွက် ‘ရသနှလုံး သားပေးဆပ်သူ’ ဂီတဖျော်ဖြေပွဲ ကို ပြည်သူ့ရင်ပြင်မှာကျင်းပခဲ့ပါတယ်။ 

အဲဒီနောက်ဒုတိယအကြိမ်မြောက် ဖျော်ဖြေပွဲကြီးကိုလည်း အမျိုးသား ကဇာတ်ရုံမှာ ကျင်းပခဲ့ပြီး မြန်မာ့ ဂီတကို ပရိသတ်တွေကလည်း တစ်ခဲ နက်အားပေးကြတာကို တွေ့ရပါ တယ်။ မြန်မာသံတေးများနဲ့ ဖျော်ဖြေ ပွဲများ ကျင်းပခဲ့ပြီး ရရှိလာတဲ့ အနုပညာကြေးတွေကိုလည်း ဘာသာရေး၊လူမှုရေးအဖွဲ့အစည်းတွေ မှာ သွားရောက်လှူဒါန်းမှုတွေ ပြု လုပ်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည် အမိမြေမှာ နှစ်လတာလောက် နေထိုင် ခဲ့တဲ့ ဒေါ်မာမာအေးဟာ မတ်လ ၁ ရက်နေ့မှာတော့ အမေရိကားကို ပြန်မှာဖြစ်တဲ့အတွက် ဂီတ ညီအစ်ကို မောင်နှတွေ၊သူငယ်ချင်းမိတ်ဆွေ တွေကို စုံလင်အောင် တွေ့ချင်တဲ့ အတွက် မိတ်ဆုံစားပွဲလေးပြုလုပ် ဖြစ်ခဲ့ကြောင်းကို “ဒီမှာက သူငယ် ချင်းမိတ်ဆွေတွေ အများကြီးရှိတယ်။ အကုန်လုံးကို သွားတွေ့ဖို့ကလည်း အချိန်မပေးနိုင်ဘူး။ သူတို့ကလာတွေ့ ရင်လည်း ကိုယ်ကအိမ်မှာမရှိဘူး။ အဲဒီလိုမျိုးတွေဖြစ်တဲ့အခါကျတော့ ဘယ်လိုမှကိုတွေ့ဖို့ အချိန်မရှိဘူး ဖြစ်နေတယ်။ တချို့အိမ်တွေကို မှတ်မိတယ်။ တချို့အိမ်တွေကို မမှတ်မိဘူး။ အဲဒီလိုဖြစ်တာနဲ့ တစ် ပေါင်းတည်းစုပြီး တွေ့လို့ရအောင် ခုလို အလှူလေးလုပ်တယ်ပေါ့။

ကိုယ့်မွေးနေ့ကလည်းပြီးနေပြီ တစ် ခြားအလှူကလည်း ဘာလှူစရာမှ လည်းမရှိဘူး။ အဲဒါနဲ့ သာသနာရေး အဖွဲ့အစည်းတွေ၊ လူမှုရေးအ ဖွဲ့အ စည်းတွေ၊ ဂီတလောကထဲက တချို့ ကိုလည်း အခြေအနေလေးကြည့်ပြီး လှူမယ်။ အကုန်လုံးတော့ အများကြီးတော့မလှူနိုင်ပါဘူး။ ဒီကျောင်း မှာ ဆရာတော်ကြီး ရှိစဉ် အခါတည်း က ဒီမှာဆရာတော်ကြီးရဲ့ ပွဲမှန်သမျှ ကို အသံလှူပါတယ်ဆိုပြီးတော့ ပြော ထားတယ်။ ဒီကျောင်းမှာရှိတဲ့ သံဃာ တော်တွေကို ဒီနေ့မနက်မှာ ဆွမ်း ကပ်တယ်။ သူငယ်ချင်းမိတ်ဆွေတွေ အားလုံးကိုဖိတ်ပြီး မုန့်ဟင်းခါးကျွေး တယ်။ ခုလို လုပ်လုပ်တော့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တွေ့ရတယ်။ လူမှု ရေးအဖွဲ့အစည်းေ လးတွေကို ကိုယ့် ချွေးနှဲစာထဲက ကိုယ့်ကိုချစ်တဲ့ ပရိသတ်အားလုံးက မေတ္တာနဲ့ ပေးတဲ့  ပိုက်ဆံလေးတွေကို ကုသိုလ်ရအောင် ခုလိုလုပ်ဖြစ်သွားတယ်” လို့ ပြောပြ ခဲ့ပါ တယ်။ ဖေဖော်ဝါရီ ၂၇ရက်နေ့ မှာတော့ ဂီတအစည်းအရုံးမှာ သင်တန်းပေးပို့ဖို့ စိတ်ကူးထား ကြောင်းကိုလည်း ထပ်မံပြောပြခဲ့ ပါတယ်။ ကဗျာဆရာ၊ စာရေးဆရာ ကြီး ဆရာတင်မိုးကွယ်လွန်ခြင်း ၆ နှစ်ပြည့်အမှတ်တရအဖြစ် ကျင်းပခဲ့တဲ့ပွဲလေးမှာလည်း ကဗျာရွတ်ဖြစ် တာနဲ့ ပတ်သက်ပြီး “ဒီကဗျာလေး က ဆရာဆုံးတဲ့ ၂နှစ်ပြည့်တုန်း ကရေး    ထားတဲ့ ကဗျာလေးကို နုတ်စာအုပ်ထဲမှာ ပါလာတဲ့အတွက် ဖတ်ဖြစ်လိုက်တာ ပါလို့” ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်

မြန်မာ့ဂီတလောကမှာ ကိုယ်ပိုင်ခေတ်တစ်ခေတ်ကို တည်ထောင် နိုင်ခဲ့သူလည်းဖြစ်၊ လူငယ်လူကြီး မရွေး၊ ဂီတချစ်သူ ပရိသတ်တွေထဲ မှာလည်း လူကြိုက်အများဆုံး မြန်မာ သံအဆိုရှင်ဖြစ်သူ ဒေါ်မာမာအေး ဟာ ဂီတချစ်သူမိတ်ဆွေ၊ အပေါင်း အသင်း၊ ဂီတပရိသတ်တွေနဲ့ နှစ် အတော်ကြာကင်းကွာခဲ့ရာကနေ မြန်မာနိုင်ငံ ကို ပြန်လာ ခွင့်ရတဲ့အခါ ဂီတမောင်နှမတွေနဲ့အတူ မြန်မာ့ဂီတ ပရိသတ်တွေအတွက် ‘ရသနှလုံး သားပေးဆပ်သူ’ ဂီတဖျော်ဖြေပွဲ ကို ပြည်သူ့ရင်ပြင်မှာကျင်းပခဲ့ပါတယ်။ အဲဒီနောက်ဒုတိယအကြိမ်မြောက် ဖျော်ဖြေပွဲကြီးကိုလည်း အမျိုးသား ကဇာတ်ရုံမှာ ကျင်းပခဲ့ပြီး မြန်မာ့ ဂီတကို ပရိသတ်တွေကလည်း တစ်ခဲ နက်အားပေးကြတာကို တွေ့ရပါ တယ်။ မြန်မာသံတေးများနဲ့ ဖျော်ဖြေ ပွဲများ ကျင်းပခဲ့ပြီး ရရှိလာတဲ့ အနုပညာကြေးတွေကိုလည်း ဘာသာရေး၊လူမှုရေးအဖွဲ့အစည်းတွေ မှာ သွားရောက်လှူဒါန်းမှုတွေ ပြု လုပ်ဖြစ်ခဲ့ပါတယ်။
 
 မြန်မာပြည် အမိမြေမှာ နှစ်လတာလောက် နေထိုင် ခဲ့တဲ့ ဒေါ်မာမာအေးဟာ မတ်လ ၁ ရက်နေ့မှာတော့ အမေရိကားကို ပြန်မှာဖြစ်တဲ့အတွက် ဂီတ ညီအစ်ကို မောင်နှတွေ၊သူငယ်ချင်းမိတ်ဆွေ တွေကို စုံလင်အောင် တွေ့ချင်တဲ့ အတွက် မိတ်ဆုံစားပွဲလေးပြုလုပ် ဖြစ်ခဲ့ကြောင်းကို “ဒီမှာက သူငယ် ချင်းမိတ်ဆွေတွေ အများကြီးရှိတယ်။ 
 
အကုန်လုံးကို သွားတွေ့ဖို့ကလည်း အချိန်မပေးနိုင်ဘူး။ သူတို့ကလာတွေ့ ရင်လည်း ကိုယ်ကအိမ်မှာမရှိဘူး။ အဲဒီလိုမျိုးတွေဖြစ်တဲ့အခါကျတော့ ဘယ်လိုမှကိုတွေ့ဖို့ အချိန်မရှိဘူး ဖြစ်နေတယ်။ တချို့အိမ်တွေကို မှတ်မိတယ်။ တချို့အိမ်တွေကို မမှတ်မိဘူး။ အဲဒီလိုဖြစ်တာနဲ့ တစ် ပေါင်းတည်းစုပြီး တွေ့လို့ရအောင် ခုလို အလှူလေးလုပ်တယ်ပေါ့။

ကိုယ့်မွေးနေ့ကလည်းပြီးနေပြီ တစ် ခြားအလှူကလည်း ဘာလှူစရာမှ လည်းမရှိဘူး။ အဲဒါနဲ့ သာသနာရေး အဖွဲ့အစည်းတွေ၊ လူမှုရေးအ ဖွဲ့အ စည်းတွေ၊ ဂီတလောကထဲက တချို့ ကိုလည်း အခြေအနေလေးကြည့်ပြီး လှူမယ်။ အကုန်လုံးတော့ အများကြီးတော့မလှူနိုင်ပါဘူး။ 
 
ဒီကျောင်း မှာ ဆရာတော်ကြီး ရှိစဉ် အခါတည်း က ဒီမှာဆရာတော်ကြီးရဲ့ ပွဲမှန်သမျှ ကို အသံလှူပါတယ်ဆိုပြီးတော့ ပြော ထားတယ်။ ဒီကျောင်းမှာရှိတဲ့ သံဃာ တော်တွေကို ဒီနေ့မနက်မှာ ဆွမ်း ကပ်တယ်။ သူငယ်ချင်းမိတ်ဆွေတွေ အားလုံးကိုဖိတ်ပြီး မုန့်ဟင်းခါးကျွေး တယ်။ 
 
ခုလို လုပ်လုပ်တော့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တွေ့ရတယ်။ လူမှု ရေးအဖွဲ့အစည်းေ လးတွေကို ကိုယ့် ချွေးနှဲစာထဲက ကိုယ့်ကိုချစ်တဲ့ ပရိသတ်အားလုံးက မေတ္တာနဲ့ ပေးတဲ့ ပိုက်ဆံလေးတွေကို ကုသိုလ်ရအောင် ခုလိုလုပ်ဖြစ်သွားတယ်” လို့ ပြောပြ ခဲ့ပါ တယ်။ ဖေဖော်ဝါရီ ၂၇ရက်နေ့ မှာတော့ ဂီတအစည်းအရုံးမှာ သင်တန်းပေးပို့ဖို့ စိတ်ကူးထား ကြောင်းကိုလည်း ထပ်မံပြောပြခဲ့ ပါတယ်။ 
 
ကဗျာဆရာ၊ စာရေးဆရာ ကြီး ဆရာတင်မိုးကွယ်လွန်ခြင်း ၆ နှစ်ပြည့်အမှတ်တရအဖြစ် ကျင်းပခဲ့တဲ့ပွဲလေးမှာလည်း ကဗျာရွတ်ဖြစ် တာနဲ့ ပတ်သက်ပြီး “ဒီကဗျာလေး က ဆရာဆုံးတဲ့ ၂နှစ်ပြည့်တုန်း ကရေး ထားတဲ့ ကဗျာလေးကို နုတ်စာအုပ်ထဲမှာ ပါလာတဲ့အတွက် ဖတ်ဖြစ်လိုက်တာ ပါလို့” ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
RND: 26.2.2013
Popular Journal

0 comments:

Post a Comment