Pages

Friday, May 31, 2013

တောင်ကုတ်မှာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော မြန်မာပြည်သား အစ္စလာမ်ဘာသာဝင် ရှဟ်ဒီ (၁၀) ဦး နှင့် အဖိနှိပ်ခံ ဗမာပြည် မွတ်စလင်များရဲ့ ဘဝ



2012 ဂျွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် အုပ်စုဖွဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုကြီး မြန်မာနိုင်ငံ ရခိုင်ပြည်
နယ် တောင်ကုတ်မြို့မှာ ဖြစ်ပွားခဲ့တာဆိုရင် ၄  လကျော်နေပြီဖြစ်ပါတယ်။

Vodafone နှင့် China Mobile ကုမ္ပဏီ မြန်မာပြည်တွင် မိုဘိုင်းအော်ပရေတာ အဖြစ် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ရန် ဆုံးဖြတ်

ဗိုဒါဖုန်း(Vodafone) နှင့်  ချိုင်းနားမိုဘိုင်း(China Mobile)  ကုမ္ပဏီ မြန်မာပြည်တွင် မိုဘိုင်းအော်ပရေတာ အဖြစ် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ရန် ဆုံးဖြတ်
============
မေ-၃၁၊၂၀၁၃
M-Media

ဗြိတိန်အခြေစိုက် ဗိုဒါဖုန်း(Vodafone) မိုဘိုင်းဖုန်း ကုမ္ပဏီနှင့် တရုတ်နိုင်ငံအခြေစိုက် ချိုင်းနားမိုဘိုင်း(China Mobile) မိုဘိုင်းဖုန်းကုမ္ပဏီနှစ်ခုတို့သည် မြန်မာအစိုးရမှ သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများမှာ ၎င်းတို့နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့် လိုင်စင်ရရန် လျှောက်ထားမှုမှ နှုတ်ထွက်တော့မည်ဟု ကြေညာလိုက်သည်။

မြန်မာအစိုးရမှ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများကို နှစ်ခုမှ လေးခုအထိတိုးမြှင့်ရန် စီစဉ်ခဲ့ခြင်းကြောင့် ကမ္ဘာပေါ်တွင် ပထမနှင့် ဒုတိယအကြီးဆုံး မိုဘိုင်ဖုန်းဝန်ဆောင်မှုပေးသည့် အဆိုပါ ကုမ္ပဏီနှစ်ခုက မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့်လိုင်စင်ရရန်အတွက် အစိုးရအား လျှောက်ထားခဲ့သည်ဟု ဧပြီလက ထုတ်ဖော်ပြောကြားခဲ့သည်။

“မေလ ၂၀ ရက်နေ့က ကြေညာတဲ့ လိုင်စင်နဲ့ပက်သက်တဲ့ နောက်ဆုံး ထုတ်ပြန်ချက်ပြီးတဲ့နောက် ဗိုဒါဖုန်းနဲ့ ချိုင်းနားမိုဘိုင်းတို့က သတ်မှတ်ကျင့်သုံးတဲ့ ရင်းနှီးမြှုပ်နှံမှု စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဒီရင်းနှီးမြှုပ်နှံမှုကို မလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။” ဟု ဗိုဒါဖုန်း ကုမ္ပဏီက ဆိုသည်။

Ref: ရိုက်တာ

မေ-၃၁၊၂၀၁၃

ဗြိတိန်အခြေစိုက် ဗိုဒါဖုန်း(Vodafone) မိုဘိုင်းဖုန်း ကုမ္ပဏီနှင့် တရုတ်နိုင်ငံအခြေစိုက် ချိုင်းနားမိုဘိုင်း(China Mobile) မိုဘိုင်းဖုန်းကုမ္ပဏီနှစ်ခုတို့သည် မြန်မာအစိုးရမှ သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများမှာ ၎င်း
တို့နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် မြန်မာနိုင်ငံတွင်လုပ်ပိုင်ခွင့်လိုင်စင်ရရန် လျှောက်ထားမှုမှ နှုတ်ထွက်တော့
မည်ဟု ကြေညာလိုက်သည်။

ညစာစားပွဲ လက်မှတ်တစ်စောင် ကန်ဒေါ်လာ(၁၅၀)

Photo: ညစာစားပွဲ လက်မှတ်တစ်စောင် ကန်ဒေါ်လာ(၁၅၀)

မေလ ၃၁ ရက် ၊ ၂၀၁၃ခုနှစ်။

မန်ယူကစားသမားဟောင်း(၄)ဦးနှင့်အတူ ParkRoyal Hotel တွင် ညစာစား သုံးလိုသူများသည် လူတစ်ဦးလျင် အမေရိကန်ဒေါ်လာ(၁၅၀) ကုန်ကျ မည်ဖြစ်ကြောင်း ParkRoyal မှသိရသည်။

“လူတစ်ဦးကို ဒေါ်လာ ၁၅၀ သတ်မှတ်ထားပါတယ်။ ၁၀ ယောက်လာလဲ ဒီဈေးနှုန်းပါပဲ။ လက်မှတ်ကိုတော့ ကျွန်တော်တို့ ဟော်တယ်မှာပဲ လာဝယ်လို့ရပါတယ်”ဟု ParkRoyal Hotel  မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မန်ယူကစားသမားဟောင်းလေးဦးမှာ ဒင်းနစ်အာဝင်၊ အန်ဒီကိုးလ်၊ လီရှပ်နှင့် ကလေတန်ဘလက်မိုးတို့ဖြစ်ပြီး ၎င်းတို့နှင့်အတူညစာစားခွင့်လက်မှတ်ကို ဇွန်လ(၁)ရက်နေ့တွင်စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ညစာစားပွဲကို ဇွန်လ(၉)ရက် ည(၇)နာရီတွင် ParkRoyal Hotel ၌ ကျင်းပပြု လုပ်သွားမည် ဖြစ်ပြီး ညစာ စားပွဲသို့ တက်ရောက်သူများမှာ မန်ယူကစားသ မားဟောင်းများနှင့် အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခွင့် ရရှိမည်ဖြစ်သည်။

“ကျွန်တော်လည်းမန်ယူပရိသတ်ပါ။ ဒါပေမယ့် ကျွန်တော်တို့အနေ နဲ့ဆို ရင်တော့ ဒီဈေးနှုန်းကများလွန်းပါတယ်၊ မသွားနိုင်ပါဘူး။ ဒါပေမယ့် ဘော လုံးပွဲကိုတော့ သွားအားပေးမှာပါ”ဟု မန်ယူပရိတ်သတ်တစ်ဦးဖြစ်သည့် ကိုသီဟဇော်ကပြောသည်။

မန်ယူကစားသမားဟောင်း(၄)ဦးမှာ မြန်မာ့လက်ရွေးစဉ်အသင်း၊ MNL All Star အသင်းတို့နှင့်အတူ ရန်ပုံငွေ ခြေစမ်းပွဲ လာရောက် ကစားခြင်းဖြစ်သည်။ 
ရန်ပုံငွေ ဘောလုံးပွဲကို ဇွန်လ(၉)ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်း၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ပြီး ကွင်းဝင်ကြေးမှာ အထူးတန်း တစ်ထောင်ကျပ်နှင့် ရိုးရိုးတန်း ငါးရာကျပ်သတ်မှတ်ထားကြောင်း မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ်က သိရှိရသည်။

“ဘောလုံးပွဲက ရတဲ့ပိုက်ဆံတွေအားလုံးကို ကျွန်တော်တို့သတ်မှတ်တဲ့နေ ရာတွေမှာ လှူဒါန်းသွားမှာပါ။ ဘောလုံးပွဲလက်မှတ်ဈေးနှုန်းတွေကိုလည်း လူတိုင်းကြည့်နိုင်အောင် စီစဉ်ပေးထားပါတယ်”ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကပြောသည်။

ဘောလုံးပွဲမှရရှိသော ကွင်းဝင်ကြေးများအား မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ သီတဂူမျက်စိ ဆေးရုံနှင့် သုခရိပ်မြုံလူမှုထောက် ပံ့ရေးစီမံချက်တို့ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆက် လက်ပြောဆိုသည်။
ကျော်ဇင်မန်း(မြစ်မခ) /မြန်မာခရိုနီကယ်

မေလ ၃၁ ရက် ၊ ၂၀၁၃ခုနှစ်။

မန်ယူကစားသမားဟောင်း(၄)ဦးနှင့်အတူ ParkRoyal Hotelတွင်ညစာစားသုံးလိုသူများသည်လူတစ်ဦးလျင်
အမေရိကန်ဒေါ်လာ(၁၅၀) ကုန်ကျ မည်ဖြစ်ကြောင်း ParkRoyal မှသိရသည်။

ထိုင်းဘီးထက် တရုတ်ဘီးများအ၀ယ်လိုက်နေသည့် နေပြည်တော် ဆိုင်ကယ်ဈေးကွက်

Photo: ထိုင်းဘီးထက် တရုတ်ဘီးများအ၀ယ်လိုက်နေသည့် နေပြည်တော် ဆိုင်ကယ်ဈေးကွက်
	
မေလ (၃၀)ရက်၊ ၂၀၁၃ ခုနှစ်။

နေပြည်တော် ဆိုင်ကယ်ဈေးကွက်အတွင်းသို့ ယိုးဒယားဆိုင်ကယ် များဝင်ရောက်မှု များပြားလာသော်လည်း တရုတ်ဆိုင်ကယ်များသာ အ၀ယ် များနေကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူများထံက သိရှိရသည်။

"အခုနောက်ပိုင်း ယိုးဒယားဘီးတွေလည်းအ၀င်များလာတယ်။ ယိုးဒယားဘီး ကို အကြိုက်နည်းတယ်။ အ၀ယ် လိုက်ကြတာလဲ တရုတ်ဘီးတွေပဲ။ ဈေး ကတော့ ပုံမှန်ပါပဲ"ဟု ပျဉ်းမနားမြို့တွင် ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင် သူ ကိုအာကာက ပြောသည်။

နေပြည်တော် ဆိုင်ကယ်ဈေးကွက်အတွင်းရှိ ယိုးဒယား ဆိုင်ကယ်များမှာ အမျိုးအစားပေါ်မူတည်၍ လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၇သောင်းမှ ၈သိန်း ၀န်းကျင်အထက်အထိ ဈေးနှုန်းများရှိကြောင်း သိရှိရသည်။

"ကြိုက်တဲ့သူကတော့ ဈေးကောင်းပေးပြီးဝယ်ကြပါတယ်။ ဒါပေမယ့် အများစု ကတော့ ယိုးဒယားဘီးတစ်စီး အစား တရုတ်ဘီးနှစ်စီးဝယ်စီး မယ်ဆိုတာများ ပါတယ်။ ကြံ့ခိုင်မှုအပိုင်းရော အရည်အသွေးပိုင်းမှာရော တော်တော် ကွာပါ တယ်"ဟု ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုမင်းဝေက ပြောသည်။

တရုတ်နိုင်ငံထုတ် ဆိုင်ကယ် Kenbo အမျိုးအစားနှင့် luojia အမျိုးအစားမှာ ပုံမှန် အရောင်းအ၀ယ်ဖြစ်ပေါ်လျက်ရှိပြီး Kenbo (110)အမျိုးအစား တစ်စီး (လိုင်စင်ပါ)လျင် ကျပ် (၃)သိန်း (၅) သောင်း ၀န်းကျင်မှ မော်ဒယ် အနိမ့် အမြင့်ပေါ်မှုတည်၍ ကျပ် (၇)သိန်း ၀န်းကျင်အထိဈေးကွက်ရှိကြောင်း သိရှိရသည်။

အလားတူ Luojia အမျိုးအစားမှာ တစ်စီး(လိုင်စင်ပါ)လျင် ကျပ် (၅)သိန်း (၅)သောင်းဝန်းကျင်ရှိပြီး ၃၄ယ/…. လိုင်စင်ဖြစ်ပြီး နံပတ် (၃၄ယ/၄…., ၃၄ယ/၅…., ၃၄ယ/၆….)ပေါ်မူတည်၍ဈေးနှုန်း ကျပ် (၅)ထောင်မှ ကျပ်(၁)သောင်းကြား ဈေးနှုန်းကွာဟမှုရှိကြောင်း ရောင်းဝယ်ရေးလုပ်ကိုင်သူများထံက သိရှိရသည်။

"ကျွန်တော်တို့ကတော့ သင့်တင့်တဲ့ဈေးလောက်ပဲတတ်နိုင်တော့ နှစ်သိန်းခွဲ သုံးသိန်းတန်လောက်ပဲဝယ်နိုင် တယ်။ သွားလာလို့ရရင် ကုန်ပစ္စည်း သယ်လို့ရရင်တော်ပြီ ဆိုပြီးတော့ပေါ့။ သူများတွေလို အသန့်မစီးနိုင်ပါဘူး"ဟု ပျဉ်းမနားမြို့ ကင်ပွန်းတန်းကျေးရွာနေ တောင်ယာလုပ်ကိုင်သူ ကိုထွန်းမင်းက ပြောသည်။

အဆိုပါ ဆိုင်ကယ်ဈေးကွက်အတွင်းတွင် Trabo၊ Kokobo အမျိုးအစား များမှာ လိုင်စင်ဖြင့် ကျပ်(၃)သိန်း (၅)သောင်း ၀န်းကျင်မှ ကျပ် (၄)သိန်းဝန်း ကျင်ဈေးနှုန်းဖြစ်ပေါ်ပြီး လိုင်စင်မပါရှိပါက ကျပ် (၂)သိန်း (၅)သောင်းဝန်း ကျင်မှ ကျပ် (၃)သိန်း ၀န်းကျင် ဈေးနှုန်းရှိကြောင်း သိရှိရသည်။

ထို့ပြင် (၃)နှစ်အာမခံဖြင့် ရောင်းချသည့် Zin Star အမျိုးအစားမှာ ကျပ် (၆)သိန်း (၅)သောင်း ၀န်းကျင် ဈေးနှုန်း ရှိကြောင်း ဈေးကွက်တွင်းမှ စုံစမ်းသိရှိရသည်။   
ယမင်း (မြစ်မခ) /မြန်မာခရိုနီကယ်


နေပြည်တော် ဆိုင်ကယ်ဈေးကွက်အတွင်းသို့ ယိုးဒယားဆိုင်ကယ် များဝင်ရောက်မှု များပြားလာသော်လည်း တရုတ်ဆိုင်ကယ်များသာ အ၀ယ် များနေကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူများထံက သိရှိရသည်။

နယ်ဒေသခံများကြောင့် ရန်ကုန်အိမ်အငှားဈေးကွက်ပိုများလာ

အထက်ဗမာပြည်မှ ရန်ကုန်မြို့သို့ လာရောက်ကာ စီးပွားရေးလုပ်ကိုင်လာသူ များပြားလာခြင်းကြောင့် အိမ်အငှားဈေးကွက်သည် ယမန်နှစ်ထက် ပိုများလာကြောင်း အိမ်ခြံမြေ ပွဲစားများထံက သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး ၊ နေပြည်တော် ၊ မကွေးတိုင်း ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အစရှိသည့် မြို့များမှ ဒေသခံများသည် ရန်ကုန်မြို့၌ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူသည်ဟုဆိုကာ နယ်မြို့များမှ လာရောက်၍ အခန်းစုငှားခြင်းမှာ ပိုများလာခြင်းဖြစ်သည်ဟု သိရှိရသည်။

လာရှိုး မိဘမဲ့ဂေဟာမှ ကလေးများ ပျောက်ဆုံးနေ

လားရှိုးမြို့တွင်မကြာမီက ဖြစ်ပွားခဲ့သော အရေးအခင်းအတွင်းမီးရှို့ဖျက်ဆီးခံခဲ့ရသည့်မိဘမဲ့ဂေဟာကျောင်း
မှ ကလေး သူငယ် ၁၀၀ ဦးကျော် ပျောက်ဆုံးနေလျှက်ရှိသည်။ အဆိုပါ ဂေဟာတွင် အရေးအခင်းမဖြစ်ပွားမီ မှတ်ပုံတင်စာရင်းအရ မွတ်စ်လင်မ်ကျောင်းသား ကလေးသူငယ် ၂၁၇ ဦးရှိသည့်အနက် ယာယီဒုက္ခသည်စ
ခန်းများသို့ ရောက်ရှိလာသော ကလေးသူငယ် ၅၁ ဦးသာရှိပြီး ကျန် ၅၀ ဦးမှာ ဆွေမျိုးသား ချင်းများထံ ပြန်
လည်ရောက် ရှိသွားကြသည်။

ကိုးန၀င်း ပုတီးစိတ်လို့ရတဲ့ Android ဆော့ဝဲ


ဒီနေ့ ရှာဖွေရေးလုပ်တော့ ထူးထူးခြားခြား မြန်မာ app လေးတစ်ခု သွားတွေ့တယ်။ ကိုးန၀င်း ဆိုတဲ့ app ကတော့ ကိုးန၀င်း ပုတီးစိတ်နည်းကို လေ့လာနိုင်တဲ့အပြင် ဘယ်နေ့မှာဘယ်လိုပုတီးစိတ်ရမယ် ဆိုတာကို
ညွှန်ကြားပေးပါတယ်။

လားရှိုး ပဋိပက္ခတွင် ပါဝင်လှုံ့ဆော်သည်ဟု ယူဆရသူ ၃၈ ဦးအား ဖမ်းဆီးထား၊ ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရသူ အမျိုးသမီး သေဆုံးသည်ဆိုသည့် သတင်း မမှန်ကန်

Photo: လားရှိုး ပဋိပက္ခတွင် ပါဝင်လှုံ့ဆော်သည်ဟု ယူဆရသူ ၃၈ ဦးအား ဖမ်းဆီးထား၊ ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရသူ အမျိုးသမီး သေဆုံးသည်ဆိုသည့် သတင်း မမှန်ကန်
Friday, May 31, 2013

မေ ၃၀ ရက်အထိ လားရှိုးမြို့အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်သူ ၃၈ ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လားရှိုးမြို့နယ်အတွင်း အကြမ်းဖက် ဖျက်ဆီးမှုများနှင့် ပတ်သက်၍ ပါဝင်သူဟု ယူဆရသူများကို မေ ၂၉ ရက်မှ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မေ ၃၀ ရက် ညနေပိုင်းအထိ ဖမ်းဆီးထားသူ ဦးရေမှာ ၃၈ ဦး ရှိကြောင်း သိရသည်။

လမ်းပေါ်သို့ လူအုပ်စုဖြင့် ထွက်ကာ တုတ်ဓားလက်နက်များ ကိုင်ဆောင်ကာ အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်သည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းခံရသူများကို လားရှိုးထောင်တွင် စစ်ဆေးလျက်ရှိကြောင်း၊ ဖမ်းဆီးခံရသူ အများစုမှာ မြန်မာလူမျိုးများ ဖြစ်ပြီး အခြားတိုင်းရင်းသား အနည်းငယ် ပါဝင်ကြောင်း သိရသည်။

''ထိန်းသိမ်းထားတဲ့ ရည်ရွယ်ချက်က အကြမ်းဖက်မှု အခြေအနေတွေ တည်ငြိမ်သွားအောင် ခေတ္တ ထိန်းသိမ်းရတာ ဖြစ်ပါတယ်။ ဒေသတည်ငြိမ် အေးချမ်းရေးကို မပျက်စေဖို့ လိုက်လံထိန်းသိမ်း နေရတာ ဖြစ်ပါတယ်။ ဒီနေ့လည်း သာသနာရေး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ပြီး ဒုတိုင်းမှူးတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ အပါအ၀င် စစ်ကြောင်း ငါးကြောင်းနဲ့ တုတ်၊ ဓား လက်နက်ကိုင်ဆောင်တဲ့ အဖွဲ့အစည်းတွေကို လူစုခွဲတာတွေ၊ လိုက်လံရှင်းလင်းမှုတွေ ဆောင်ရွက်နေပါတယ်။ မေလ ၃၀ ရက်နေ့ အထိ လားရှိုးမြို့နယ် အခြေအနေက ထိန်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဖျက်ဆီးတဲ့ အဖွဲ့တွေကို ထိန်းနိုင်ပြီဖြစ်ပြီ ဖြစ်ပေမယ့် ပြဿနာကို ဖန်တီးဖို့စောင့်နေတဲ့ အဖွဲ့လေးတွေက ရှိနေပါသေးတယ်။ အင်နဲ့အားနဲ့တော့ မရှိတော့ပါဘူး'' ဟု သာသနာရေး ၀န်ကြီးဌာန၊ သာသနာထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က မေလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့အပြင် ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရကာ ဆေးရုံတက် ကုသခံနေရသူ မအေးအေးဝင်း သေဆုံးသည် ဆိုသော သတင်းထွက်ပေါ် ခဲ့သော်လည်း မှန်ကန်မှု မရှိကြောင်း သိရသည်။

မေ ၃၀ ရက် နံနက် ၈ နာရီခန့်တွင် နယ်မြေ ၁၇၊ ရပ်ကွက်(၇)၌ ၂၀ ဦးခန့်ရှိသော လူတစ်စုက မွတ်စလင်တစ်ဦး ပိုင်ဆိုင်သော အိမ်တစ်လုံးကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သော လူ ၁၃ ဦးခန့်ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့ရာ မေ ၂၈ ရက်မှ စတင်သည့် သုံးရက်တာ ပဋိပက္ခ ဖြစ်စဉ်အတွင်း ဆူပူလှုံ့ဆော်သူဟု သံသယရှိသူ စုစုပေါင်း ၃၈ ဦးအား ဖမ်းဆီးထားကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ် လားရှိုးမြို့နယ်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့အင်အား ၄၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

'လက်ရှိအချိန်မှာတော့ ဆူပူမှုတွေ အများစုကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်။ ဒီထက် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်'' ဟု လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူက ဆက်လက်ပြောကြားသည်။
လားရှိုးမြို့နယ်အတွင်း လုံခြုံရေး အင်အားကို မေလ ၃၀ ရက်နေ့တွင် ထပ်မံတိုးမြှင့်ခဲ့ပြီး ခမရ ၅၀၄ ကို လားရှိုးမြို့ လုံခြုံရေးအတွက် အင်အားပူးပေါင်းထားကြောင်း သိရှိရသည်။

မေ ၂၈ ရက်မှစ၍ နှစ်ရက်တာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် လူနေအိမ်ငါးလုံး၊ ဘာသာရေး အဆောက်အအုံသုံးလုံး၊ ဂိုဒေါင်လေးလုံး၊ ရုပ်ရှင်ရုံတစ်ရုံ၊ ဆိုင်ခန်း ၃၄ ခန်း၊ မော်တော်ယာဉ်နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

မေ ၃၀ ရက် နံနက်ပိုင်း၌ လားရှိုးမြို့တွင် အခြေအနေမှာ ပုံမှန်အတိုင်းရှိခဲ့ပြီး လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ လားရှိုးမြို့မ ဈေးကြီး၌လည်း ဈေးရောင်းချခွင့် ယာယီပိတ်ထားခဲ့သည်။
နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေရသော မွတ်စလင် ၁၀၀၀ ခန့်ကိုလည်း ရပ်ကွက် (၁၂) ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ စောင့်ရှောက်ထားကြောင်း သိရသည်။


ယင်းဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံသူ မွတ်စလင်တစ်ဦးက ''ကျွန်တော်တို့ မိသားစုလေးယောက်စလုံး ရောက်နေပါတယ်။ စစ်တပ်၊ ရဲနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အပြင်မှာနေရင် လုံခြုံရေး စိတ်မချရလို့ ဘုန်းတော်ကြီး ကျောင်းမှာပဲ နေထိုင်ဖို့ ပြောကြားထားပါတယ်။ ဆွေမျိုးသားချင်း တွေနဲ့တော့ အဆက်အသွယ်မရပါဘူး'' ဟု ဆိုသည်။
မြို့တွင်း၌လည်း သက်ဆိုင်ရာက''ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ ည ၇ နာရီ နောက်ပိုင်း အပြင်မထွက်ရန်လည်းကောင်း၊ လူစုလူဝေး မပြုလုပ်ရန်၊ တုတ်ဓားလက်နက် ကိုင်ဆောင်ခြင်းမပြုရန်''ကားဖြင့်လှည့်လည် အသိပေးလျက်ရှိသည်။

''လားရှိုးမြို့က ခြောက်ကပ်သွားပြီ။ အထူးသဖြင့် ရပ်ကွက် (၇) ဆိုရင် သုသာန်ပြင်လို ဆိတ်ငြိမ်လို့။ အကြမ်းဖက်လိုတဲ့ လူတွေကလည်း ဟိုနားစုစု၊ ဒီနားစုစုနဲ့။ စစ်တပ်၊ ရဲနဲ့ တာဝန်ရှိသူတွေက အကြောင်းကြားရင် ချက်ချင်းရောက်လာပေမယ့် သူတို့ လုံခြုံရေးမရှိတဲ့ဘက်ကို ရွှေ့ကြတယ်'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့တွင် မွတ်စလင်အများအပြား ၀င်ရောက်လာခြင်း၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်း၊ လူစုလူဝေးများ ပြုလုပ်နေခြင်း စသည့် ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ညနေ ၅ နာရီ ၃၀ မိနစ်ထိ အခြေအနေ တည်ငြိမ်မှုရှိခဲ့သည်။

ညနေ ၄ နာရီခန့်တွင် မီးရှို့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းမှာ လယ်ကွင်းအတွင်း၌ အမှိုက်ပုံမီးရှို့ခြင်းသာ ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သို့သော်လည်း ဈေးဆိုင်များ၊ စားသောက်ဆိုင်များမှာ ဖွင့်လှစ်ရောင်းချခြင်း မရှိခဲ့ဘဲ လမ်းမများပေါ်တွင်လည်း လူသွားလူလာမရှိသ လောက်ဖြစ်ခဲ့ပြီး တစ်မြို့လုံး ဆိတ်ငြိမ်ခဲ့သည်။

အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက် ၍ မေ ၃၀ ရက် ညနေပိုင်းအထိ တုတ်၊ ဓား ကိုင်ဆောင် အကြမ်းဖက်ဆူပူသူ ၃၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
''အခုအကြမ်းဖက်မှု ဖြစ်စဉ်တွေကို ထိန်းသိမ်းတဲ့နေရာမှာ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်မှုက ပြတ်သားပြီး ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါတယ်။ လားရှိုးမှာ ရှိတဲ့သူတွေကလည်း အေးအေးချမ်းချမ်းနဲ့နေပြီး ကိုယ့်စီးပွားရေးကိုပဲ အာရုံစိုက်ကြတဲ့ သူတွေပဲဆိုတော့ အကြမ်းဖက်လိုသူတွေ ဖမ်းပြလိုက်တော့ မိတ္ထီလာဖြစ်စဉ်လောက် မကြီးထွားခဲ့ပါဘူး။ နောက်ပြီး အဓိကလှုံ့ဆော်သူနဲ့ လွတ်နေတဲ့ သူတွေကိုပါ ဖမ်းဆီးအရေးယူဖို့လိုပါတယ်။ ပါဝင်ဆောင်ရွက်ခဲ့ပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်'' ဟု အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

EMG


Friday, May 31, 2013

မေ ၃၀ ရက်အထိ လားရှိုးမြို့အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်သူ ၃၈ ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပဋိပက္ခအလွန် လားရှိုး အခြေအနေ