Pages

Wednesday, May 29, 2013

ကယားပြည်နယ် မော်ချီးသတ္တုတွင်း ဒေသတွင် သတ္တုတွင်းလုပ်သားများနှင့် အစ္စလာမ်ဘာသာဝင်များ ပဋိပက္ခ ဖြစ်ပွားပြီး မူဆလင်နေအိမ်ဆိုင်ခန်းများ ဖျက်စီးခံရ

..........................................................................................................
မေ ၂၇ ၊ လွိုင်ကော်

မေလ ၂၇ ၇က်နေ့က ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီး သတ္တုတွင်းဒေသတွင် သတ္တုတွင်းလုပ်သား အချို့နှင့် မော်ချီးဒေသတွင် လာရောက်ဈေးရောင်းချနေထိုင်သော အစ္စလာမ်ဘာသာဝင်များ ပဋိပက္ခ ဖြစ်ပွား မှုကြောင့် အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်နှင့် ဈေးဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၆ ရက်နေ့ည ၁၀ နာရီခန့်တွင် မော်ချီးကျေးရွာအုပ်စု၊ ဇီးပင်ကွေ့ရပ်ကွက်ရှိ အစ္စလာမ် ဘာသာဝင် ဒေါ်နီလာ(ခ)ဟာလာဂျီ ပိုင် ရွှေတော်ဝင် ကုန်စုံဆိုင်တွင် ဈေးလာရောက် ၀ယ်ယူသော ခဲကျင်း လုပ်သား(၂)ဦးနှင့် ဆိုင်ပိုင်ရှင် ဒေါ်နီလာတို့ စကားအချေအတင်ဖြစ်ပွားရာမှ စတင်ခဲ့ကြောင်း သိရှိရသည်။ မေ ၂၇ ရက် နံနက် ၇နာရီ ခွဲ ခန့်တွင် ဒေါ်နီလာ၏ ဆိုင်အနီးတွင် ဇီးပင်ကွေ့ရွာရှိ လူငယ်(၅၀)ဦးခန့်မှ တုတ်၊ဓားများကိုင်ဆောင်ပြီး စုဝေး လာရာမှ လူ(၃၀၀)ဦးခန့်ဖြစ်လာပြီး နံနက် ၁၀ နာရီတွင် ဒေါ်နီလာပိုင် ရွှေတော်ဝင် ကုန်စုံဆိုင်အား ၀င်ရောက် ဖျက်ဆီးခဲ့သည်။ 

ရွှေတော်ဝင် ကုန်စုံဆိုင်ပိုင်ရှင် ဦးအောင်သန်း၊ ဒေါ်နီလာ မိသားစုမှာ တိမ်းရှောင်သွားခဲ့ပြီးနောက် လူစုလူဝေးသည် မူဆလင်အများစုနေထိုင်ရာ မော်ချီးအောက်ရွာသို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး လမ်းတစ်လျှောက်ရှိ အောင်ချမ်းသာရပ်ကွက်၊ ရွှေဥဒေါင်းရပ်ကွက်များရှိ မူဆလင်ဆိုင်များအား ဖျက်ဆီးခဲ့ပြီး မော်ချီးအောက်ရွာရှိ မူဆလင်နေအိမ်အချို့အား ဖျက်ဆီးကာ အသုံးအဆောင်ပစ္စည်းများအား မီးရှို့ခဲ့ကြသည်။ အစ္စလာမ်အများစုမှာ နီးစပ်ရာ ကရင်ကျေးရွာများအတွင်းသို့ တိမ်းရှောင်သွားကြကြောင်း သိရသည်။
နံနက် ၁၂ နာရီ ခွဲခန့်တွင် မော်ချီးဒေသခံ ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(ကမစည)နှင့်နယ်မြေခံရဲတို့မှ ၀င်ရောက်ထိမ်းသိမ်းပေးခဲ့သဖြင့် လူစုကွဲသွားခဲ့ကြောင်းသိရသည်။
ပဋိပက္ခစတင်ဖြစ်ပွားရာ ဇီးပင်ကွေ့ရပ်ကွက်သည် ကျောက်ပန်းတောင်း၊ မိတ္ထီလာဒေသမှ ဗုဒ္ဒဘာသာ ၀င် ဗမာလူမျိုး အများစုနေထိုင်ရာဖြစ်ပြီး အဆိုပါရပ်ကွက်တွင် ဒေါ်နီလာ၏ အစ္စလာမ်ဘာသာဝင်ဆိုင် တစ်ဆိုင်သာရှိပြီး ယခင်ကတည်းက မကျေလည်မှုများ ရှိနေကြောင်းသိရသည်။

မော်ချီးသတ္တုမိုင်းသည် ကိုလိုနီလက်ထက်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ဦးပိုင်လီမိတက်မှ တဆင့် ကန်ထရိုက်ဖြင့် ရဲထွဋ်ကျော် ကုမ္မဏီမှ ငှားရမ်းလုပ်ကိုင်နေပြီး မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်ခဲတူးဖော်သူ များဖြင့် လူဦးရေထူထပ်များလာသော ဒေသဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များမှာ လွိုင်ကော်၊ သာစည်ဒေသများမှ မော်ချီးဒေသတွင် ဈေးရောင်းခြင်း၊ သတ္တုမှောင်ခိုဝယ်ယူခြင်းများ လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
မေ ၂၈ ညနေပိုင်းတွင် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် မော်ချီးဒေသရှိ အစ္စလာမ်ဘာသာဝင်များ အား လုံခြုံရေးများဖြင့် လွိုင်ကော်မြို့သို့ ပြောင်းရွေ့ပေးလျက်ရှိကြောင်း သိရသည်။

ခက်ဇော်(လွိုင်ကော်)

မေလ ၂၇ ၇က်နေ့က ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီး သတ္တုတွင်းဒေသတွင် သတ္တုတွင်းလုပ်
သား အချို့နှင့် မော်ချီးဒေသတွင် လာရောက်ဈေးရောင်းချနေထိုင်သော အစၥလာမ္ဘာသာ၀င္မ်ား ပဋိပက
ၡ ဖြစ်ပွား မှုကြောင့် အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်နှင့် ဈေးဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရကြောင်း သိရ
သည်။
ဖြစ်စဉ်မှာ မေလ ၂၆ ရက်နေ့ည ၁၀ နာရီခန့်တွင် မော်ချီးကျေးရွာအုပ်စု၊ ဇီးပင်ကွေ့ရပ်ကွက်ရှိ အစ္စလာမ် ဘာသာဝင် ဒေါ်နီလာ(ခ)ဟာလာဂျီ ပိုင် ရွှေတော်ဝင် ကုန်စုံဆိုင်တွင် ဈေးလာရောက် ၀ယ်ယူသော ခဲကျင်း လုပ်သား(၂)ဦးနှင့် ဆိုင်ပိုင်ရှင် ဒေါ်နီလာတို့ စကားအချေအတင်ဖြစ်ပွားရာမှ စတင်ခဲ့ကြောင်း သိရှိရသည်။ မေ ၂၇ ရက် နံနက် ၇နာရီ ခွဲ ခန့်တွင် ဒေါ်နီလာ၏ ဆိုင်အနီးတွင် ဇီးပင်ကွေ့ရွာရှိ လူငယ်(၅၀)ဦးခန့်မှ တုတ်၊ဓားများကိုင်ဆောင်ပြီး စုဝေး လာရာမှ လူ(၃၀၀)ဦးခန့်ဖြစ်လာပြီး နံနက် ၁၀ နာရီတွင် ဒေါ်နီလာပိုင် ရွှေတော်ဝင် ကုန်စုံဆိုင်အား ၀င်ရောက် ဖျက်ဆီးခဲ့သည်။

ရွှေတော်ဝင် ကုန်စုံဆိုင်ပိုင်ရှင် ဦးအောင်သန်း၊ ဒေါ်နီလာ မိသားစုမှာ တိမ်းရှောင်သွားခဲ့ပြီးနောက် လူစုလူဝေးသည် မူဆလင်အများစုနေထိုင်ရာ မော်ချီးအောက်ရွာသို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး လမ်းတစ်လျှောက်ရှိ အောင်ချမ်းသာရပ်ကွက်၊ ရွှေဥဒေါင်းရပ်ကွက်များရှိ မူဆလင်ဆိုင်များအား ဖျက်ဆီးခဲ့ပြီး မော်ချီးအောက်ရွာရှိ မူဆလင်နေအိမ်အချို့အား ဖျက်ဆီးကာ အသုံးအဆောင်ပစ္စည်းများအား မီးရှို့ခဲ့ကြသည်။ အစ္စလာမ်အများစုမှာ နီးစပ်ရာ ကရင်ကျေးရွာများအတွင်းသို့ တိမ်းရှောင်သွားကြကြောင်း သိရသည်။

နံနက် ၁၂ နာရီ ခွဲခန့်တွင် မော်ချီးဒေသခံ ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(ကမစည)နှင့်နယ်မြေခံရဲတို့မှ ၀င်ရောက်ထိမ်းသိမ်းပေးခဲ့သဖြင့် လူစုကွဲသွားခဲ့ကြောင်းသိရသည်။

ပဋိပက္ခစတင်ဖြစ်ပွားရာ ဇီးပင်ကွေ့ရပ်ကွက်သည် ကျောက်ပန်းတောင်း၊ မိတ္ထီလာဒေသမှ ဗုဒ္ဒဘာသာ ၀င် ဗမာလူမျိုး အများစုနေထိုင်ရာဖြစ်ပြီး အဆိုပါရပ်ကွက်တွင် ဒေါ်နီလာ၏ အစ္စလာမ်ဘာသာဝင်ဆိုင် တစ်ဆိုင်သာရှိပြီး ယခင်ကတည်းက မကျေလည်မှုများ ရှိနေကြောင်းသိရသည်။

မော်ချီးသတ္တုမိုင်းသည် ကိုလိုနီလက်ထက်ကတည်းက စတင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ဦးပိုင်လီမိတက်မှ တဆင့် ကန်ထရိုက်ဖြင့် ရဲထွဋ်ကျော် ကုမ္မဏီမှ ငှားရမ်းလုပ်ကိုင်နေပြီး မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်ခဲတူးဖော်သူ များဖြင့် လူဦးရေထူထပ်များလာသော ဒေသဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များမှာ လွိုင်ကော်၊ သာစည်ဒေသများမှ မော်ချီးဒေသတွင် ဈေးရောင်းခြင်း၊ သတ္တုမှောင်ခိုဝယ်ယူခြင်းများ လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

မေ ၂၈ ညနေပိုင်းတွင် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် မော်ချီးဒေသရှိ အစ္စလာမ်ဘာသာဝင်များ အား လုံခြုံရေးများဖြင့် လွိုင်ကော်မြို့သို့ ပြောင်းရွေ့ပေးလျက်ရှိကြောင်း သိရသည်။

ခက်ဇော်(လွိုင်ကော်)

Rangonnewsdaily
RND:  :29.5.2013

0 comments:

Post a Comment