Pages

Wednesday, May 29, 2013

JTWC မှ INVEST 94B အား ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေ MEDIUM အဆင့် သတ်မှတ်

Wednesday, 29 May, 2013

မေလ ၂၉ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ လေဖိအားနည်းဆဲလ် INVEST 94B သည် ပိုမိုအားကောင်းလာပြီး(ဗဟိုဖိအား 1000 hPa နှင့် ဗဟိုတွင် လေတိုက်နှုန်း ၃ဝ နော်တီကယ်မိုင် – တစ်နာရီ ၃၅ မိုင်နှုန်း အထိရှိလာသည်) အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၆ မိုင်နှုန်းဖြင့် ရွေ့လျားလျှက်ရှိပါသည်။ JTWC မှ 1100UTC မှ 1800UTC အချိန်အတွက် ထုတ်ပြန်ချက်တွင် နောက် ၂၄ နာရီအထိ INVEST 94B သည်ဘင်္ဂလားပင်လယ်အော်အတွင်း ဆက်လက်တည်ရှိနေပြီးနောက် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားစဉ် အားပိုကောင်းလာနိုင်မည့် အခြေအနေရှိကြောင်း၊ ကွန်ပျူတာမော်ဒယ်များမှလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေသို့ ဦးတည်ရွေ့လျားသည့် အချိန်အထိ အားအနည်းငယ်မျှ ပိုမိုကောင်းလာနိုင်မည်ဖြစ်ကြောင်း၊ ဗဟိုဖိအား 1000MB နှင့် ဗဟိုတွင် လေတိုက်နှုန်း ၂၅ မှ ၃ဝ နော်တီကယ်မိုင်အထိရှိနိုင်ကြောင်း၊ လာမည့် ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်လာနိုင်ခြေ အဆင့်မှာ MEDIUM သို့ တိုးမြှင့်သတ်မှတ်ကြောင်း ဖေါ်ပြထားပါသည်။

INVEST 94B သည် နောက်ဆုံးရရှိသည့် အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်-အနောက်တောင်ဘက် ၂ဝ၅ မိုင်ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်မြောက်ဘက် ၂၇၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်-အရှေ့တောင်ဘက် ၈၅ မိုင်ခန့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တည်ရှိနေပြီး – အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေမှ ၁၂ မိုင်ခန့်သာ ကွာဝေးကြောင်း တွေ့ရပါသည်။

THE AREA OF CONVECTION PREVIOUSLY LOCATED NEAR 20.7N 89.4E IS NOW LOCATED NEAR 21.3N 88.9E, APPROXIMATELY 80 NM SOUTH-SOUTHEAST OF KOLKATA, INDIA.

ANIMATED MULTISPECTRAL SATELLITE IMAGERY AND A 290920Z SSMI 37 GHZ IMAGE DEPICT A CONSOLIDATING LOW-LEVEL CIRCULATION CENTER (LLCC) WITH IMPROVED DEEP CONVECTIVE BANDING OVER THE SOUTH QUADRANT WRAPPING INTO THE EAST QUADRANT OF A WELL-DEFINED LLCC.

UPPER LEVEL ANALYSIS INDICATES MODERATE TO STRONG (20 TO 30 KNOTS) VERTICAL WIND SHEAR (VWS) OFFSET BY GOOD POLEWARD OUTFLOW.

CONVECTIVE DEVELOPMENT, ESPECIALLY OVER THE NORTHERN SEMI-CIRCLE, IS HINDERED BY INTERACTION WITH LAND; HOWEVER, THERE IS A SLIGHT POSSIBILITY THE SYSTEM MAY INTENSIFY FURTHER AS IT TRACKS SLOWLY NORTHWARD AND REMAINS SITUATED NEAR THE BAY OF BENGAL FOR THE NEXT DAY. THE AVAILABLE DYNAMIC MODELS INDICATE SLIGHT INTENSIFICATION OVER THE NEXT DAY UNTIL THE SYSTEM TRACKS INTO SOUTHERN BANGLADESH.

MAXIMUM SUSTAINED SURFACE WINDS ARE ESTIMATED AT 25 TO 30 KNOTS. MINIMUM SEA LEVEL PRESSURE IS ESTIMATED TO BE NEAR 1000 MB.

THE POTENTIAL FOR THE DEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS IS UPGRADED TO MEDIUM.


လေဖိအားနည်းဆဲလ် INVEST 94B
29 May 2013 1200Z
Location: 21.4 88.8
Winds: 30 knots
Central Pressure: 1000 hPa

 
MM Weather ,  Rangonnewsdaily
RND:  :29.5.2013

0 comments:

Post a Comment