Pages

Wednesday, May 29, 2013

လားရှိုးတွင် အစ္စလာမ်ဘာသာဝင်များအား မြို့အနှံ့တွင် မီးရှို့တိုက်ခိုက် ( မေ ၂၉ နံနက် ၁း၀၀ နာရီ)

လားရှိုးတွင် အစ္စလာမ်ဘာသာဝင်များအား မြို့အနှံ့တွင် မီးရှို့တိုက်ခိုက်
=======================================
မြန်မာ့ခေတ် သတင်းတစ်ရပ်ဖေါ်ပြချက် အရ အကြမ်းဖက်မှုမဖြစ်ပွားမှီ လုံခြုံရေး အပြည့်တင်းကျပ်ထားပာုဆို

မေ ၂၉ နံနက် ၁း၀၀ နာရီ

ပိာန်းအောင် ( မြန်မာမွတ်စလင်မ်မီဒီယာ )

ဓါတ်ပုံ - 缅甸综合服务站缅甸综合服务站缅甸综合服务站 缅甸综合服缅甸综合服务站 

လာရှိုးမြို့တွင် မိတ္ထီလာကဲ့သို့ မွတ်စလင်များအား မီးလုံးကျွတ်မီးရှို့ခြင်းအား လုံခြုံရေး များ အကာ အကွယ်မပေးခဲ့ကြောင်းသိရသည်။ လားရှိုးမြို့တွင် အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမှီ ကတည်းက လားရှိုးမြို့မဈေးနှင့် ဗလီ အနီးလုံခြုံရေးထူထပ်စွာ ချထားကြောင်း မြန်မာ့ခေတ် သတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။အဆိုပါ သတင်းရင်းမြစ်ဖေါ်ပြချက်အရ အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမှီ ကတည်းက လုံခြုံရေးတင်းကျပ်စွာချထားခဲ့ကြောင်းသိရပြီး ဒေသခံ များပြောကြားချက်အရ အဆိုပါလုံခြုံရေးများမှာ အကြမ်းဖက်သူများအား ပာန့်တားခဲ့ခြင်းမရှိကြောင်းသိရသည်။

"ဗလီနားက မင်းမင်းစတိုးကို မီးလောင်နေပြီလို့ဖုန်းရတယ်။ ဈေးကိုကူးပြီလို့ လဲကြားတယ်။ဗလီကို မီးမရှို့ခင်ကတည်းက စစ်ကား ၈ စီးရောက်နေတယ် ဒါကို ပုဒ်မ ၁၄၄ မထုတ်မှီ အထိ ဘာမှမတားဘူး ထိုင်ကြည့်နေတယ်"ပာု ဒေသခံနှင့်ဆွေမျိုးတော်စပ်သူ တစ်ဦးက မေလ ၂၈ ရက်နေ့ည ၁၀ နာရီ အချိန်တွင် မြန်မာမွတ်စလင်မ်မီဒီယာသို့ ပြောသည်။

လားရှိုးမြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ ဂျာမေ့ဗလီဝတ်ကျောင်းတော်၊မိဘမဲ့ကလေးများစာသင်ကျောင်းနှင့် မွတ်စလင်မ်ပိုင် အဆောက် အဦးများကို ဗုဒ္ဓဘာသာဝင် အကြမ်းဖက်အုပ်စုများက ယနေ့ည ၈ နာရီဝန်းကျင်မှ စတင်ကာ မီးရှို့ဖျက်ဆီးလိုက်ကြောင်းဒေသတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။

ယခုအချိန်တွင် ဒေသတွင်းသြဇာကြီးမားသည့် ဘုန်းတော်ကြီးများ ၊အန်အယ်ဒီ အဖွဲ့ဝင်များ၊ကျားဖြူပါတီမှ ပုဂ္ဂိုလ်များ ကမြို့အနှံ့လှည့်လည်ကာ ထိန်းကျောင်းခဲ့သော်လည်း အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

ဗလီဝတ်ကျောင်းတော်အားလောင်ကျွမ်းနေသည့် မီးငြီမ်းသွားသော်လည်း အခြားနေရာများတွင်လောင်ကျွမ်းနေသည့် မီးများမှာ ထိန်းချုပ်နိင်ရန်ခက်ခဲနေဆဲဖြစ်ကြောင်းသိရသည်။

မီးကူးစက်မှုမှာ ပြင်းထန်လာခဲ့ပြီး မေလ ၂၈ ရက်နေ့ည ၁၁ နာရီ ၀န်းကျင်သတင်းအရ လားရှိုးမြို့ အခြေ အနေမှာ ပိုမိုဆိုးရွားလာပြီးနောက် အမှတ် (၁) ရပ်ကွက်သို့ပါ မီးကူးစက်သွားပြီဖြစ်ကြောင်းသိရသည်။

မြို့ပေါ်က မွတ်စလင်မ်အိမ် တွေကိုရွေးဖျက်သွားတာပါ။ရပ်ကွက် ၂က လားရှိုးဓါတ်ပုံတိုက်ကိုဖျက်တာ အတိုင်းသားကြားနေရတယ်။ဖျက်မယ့် အချိန်မှာ ရဲကားတစ်စီးကရောက်လာပြီးရပ်ကြည့်နေတယ်။တရုတ်ဆိုင်တွေကြား ရှိနေတဲ့ မွတ်စလင်မ်ပိုင် ကြယ်စိန်ဒန်ပေါက်ဆိုင်ကို လည်းရွေးဖျက်သွားသေးတယ်" ပာု အစ္စလာမ်ဘာသာဝင် တစ်ဦးကပြောသည်။

အကြမ်းဖက်သမားများသည် ၂၉ ရက်နေ့နံနက် ၀၀း၁၅ မိနစ် ၀န်းကျင်တွင် အမှတ် ၄ ရပ်ကွက်ရှိ အာရကေ စတိုးဆိုင်အား ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းလည်း သတင်းရရှိသည်။

အကြမ်းဖက်မှုသည် အမှတ် ၉ ရပ်ကွက် အထိကူးစက်နေပြီး အဆိုပါရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင်များပိုင် လက်ဘက်ရည်ဆိုင်များကို ဖျက်ဆီးနေကြောင်းလည်းသိရသည်။

လားရှိုးမြိုမှ အစ္စလာမ်ဘာသာဝင်များပိုင် နေအိမ်များကို မီးရှို့ရာမှတဆင့် အစ္စလာမ်ဘာသာဝင်မပာုတ်သူ အချို့နေအိမ်များလည်း မီးကူးစက်ခံခဲ့ရကြောင်းသိရသည်။

ရှမ်းပြည်နယ် လားရှိုးမြို့ အမှတ် (၈) ရပ်ကွက်မှ ကိုနေ၀င်းဆိုသူက ယနေ့ ညနေ ၅ နာရီ ၀န်းကျင်အချိန်တွင် ဒေါ်အေးဝင်း ဆိုသူအမျိုးသမီးတစ်ဦးအား မီးရှို့မှုအား မီးရှို့မှုဖြစ်ပွားခြင်းကို အကြောင်းပြကာ အမှတ် (၁) ရဲစခန်းရှေ့တွင် ရပာန်းရှင်လူ ၂၀၀ ၀န်း ကျင်က စုရုံးခဲ့ခြင်းကို နိင်နင်းအောင် မတားဆီးနိင်ခဲ့ရာမှ ယခုကဲ့သို့ အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက် တိုက်ခိုက်ခံနေ ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

Rangonnewsdaily
RND:  :28.5.2013 

0 comments:

Post a Comment