Pages

Monday, November 19, 2012

“အမြင်တွေပြောင်းလဲဖို့ အတွက် လူ့အဖွဲ့အစည်းတရပ်လုံး လိုအပ်ပါတယ်”

“အမြင်တွေပြောင်းလဲဖို့ အတွက် လူ့အဖွဲ့အစည်းတရပ်လုံး လိုအပ်ပါတယ်”

ရန်ကုန်မြို့၌ အခြေအနေမဲ့ တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့ လေလွင့်ကလေးများ ထိန်းသိမ်းရေး အထူးစီမံချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနက နိုဝင်ဘာ ၆ ရက်မှ စတင်ကာ ၂ ပတ်ကြာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကလေးသူငယ်နှင့် အမျိုးသမီး အခွင့်အရေး လေ့လာဆောင်ရွက်နေသူ ဥပဒေပညာရှင် ဒေါ်ခင်ခင်မေကို ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။ ။ လေလွင့် ကလေးသူငယ် စီမံချက်အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ပြန်လည် ထူထောင်ရေးဆိုတာက အစကတည်းက လုပ်နေခဲ့တဲ့ အစီအစဉ်ဆိုပေမယ့် ကျမတို့ မြင်တာကတော့ လမ်းပေါ် ရောက်တဲ့ ကလေးတိုင်းက မိဘမဲ့ မဟုတ်ဘူး။ လမ်းပေါ်မှာနေတဲ့ ကလေးတိုင်းကလည်း သူဖုန်းစား မဟုတ်ဘူး။ အိမ်ခြေရာမဲ့လည်း မဟုတ်ဘူး။ အိမ်မှာအဆင်မပြေလို့ လမ်းပေါ်ရောက်နေတဲ့ ကလေးရှိသလို၊ တမိသားစုလုံး လမ်းပေါ်မှာ အလုပ်လုပ် စားနေတာတွေလည်း ရှိတယ်။ စီမံချက်ဆိုတဲ့နေရာမှာ ဘာတွေပြဿနာ ရှိသလဲ ဆိုတော့ လမ်းပေါ်မှာ တောင်းစားတဲ့ ကလေးရော၊ ဈေးရောင်းတဲ့ ကလေးရော၊ ရှိသမျှကလေးတွေ စုတ်စုတ်ပြတ်ပြတ်ဆို အကုန်ဖမ်းတယ် ဆိုတာမျိုးတွေ ရှိတယ်။

ကလေးတွေကို ထိန်းသိမ်းတဲ့ အစီအစဉ်က ကောင်းပါတယ်။ အခုလို ထိန်းသိမ်းခြင်းအားဖြင့် ကလေးစစ်သား စုဆောင်းတာ၊ အဓမ္မ ခိုင်းစေခြင်းခံရတာ၊ အနိုင်ကျင့်ခံရတာတွေ နည်းသွားနိုင်တယ်။ လမ်းပေါ်က လေးအများစုဟာ ယောက်ျားလေးတွေ ဖြစ်တယ်။ အန္တရာယ် ကျရောက်နိုင်တာတော့ အားလုံး ကလေးတွေ ဖြစ်နေတာကြောင့်ပါပဲ။ တချို့က လမ်းပေါ်က တောင်းရမ်းတဲ့ ကလေး ပပျောက်သွားရင် နိုင်ငံ့ဂုဏ်သိက္ခာကို တက်စေမယ်၊ လူကုန်ကူးမှု လျော့မယ်၊ မတော်တရားလုပ်တာ လျော့မယ်လို့ ထင်ကြတယ်။ ဒီကလေးက ဘာဖြစ်လို့ လမ်းပေါ် ရောက်လာတာလဲ ဆိုတာတော့ မသိကြဘူး။ သိဖို့ လိုတယ်။ ဒါ အဓိကအချက်ပဲ။

မေး။ ။ သက်ဆိုင်ရာ ဌာနတွေကို ပို့ပြီးတော့ အစီအမံတွေ လုပ်ဆောင်ကြတယ် ဆိုတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ မိဘမရှိတဲ့ ကလေးတွေကို သူတို့က ၁၈ နှစ်ပြည့်သည်အထိ ထိန်းသိမ်းပြုပြင် စောင့်ရှောက်မယ်လို့ ပြောကြတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာအစီအစဉ်တွေ လုပ်ထားပြီးပြီလဲ။ သာမန်အားဖြင့် လူငယ်ပြုပြင်ထိန်းသိမ်းရေး ဆိုပြီး ကျောင်းထား ပေးတယ်လို့ ပြောတယ်။ ကလေးတယောက်ဟာ ကျောင်းမနေရတဲ့ ကလေးရှိသလို အသက်ကြီးနေရင်ရော ကျောင်း ဘယ်လို ထားပေးမလဲ။ ဖြတ်ညှပ်ကပ်လုပ်ပြီး ထားမလား ။ ကလေးတယောက်ကို ၁၈ နှစ် ပြည့်တဲ့အချိန်မှာ ဘာတွေ စီစဉ်ထားပေးပြီးပြီလဲ၊ သူ့အသက်မွေး ဝမ်းကျောင်းမှုအတွက် ဘာတွေလုပ်ပေးထားလဲ၊ လူတယောက် အပြင်မှာ ရပ်တည် နေထိုင်မယ်ဆိုရင် အဆင်ပြေအောင် ဘယ်လို လုပ်ပေးမလဲ၊ သူ့ကို လက်ခံမယ့်နေရာ ဘယ်နေရာရှိလဲ ဆိုတာမျိုးတွေ ပါဝင်ရမှာပေါ့။

မေး။ ။ လမ်းပေါ်က ကလေးဆိုတာ ဘယ်လိုကြောင့် ဖြစ်လာတယ်လို့ ထင်လဲ။

ဖြေ။ ။ အများစုက ဆင်းရဲလို့ ရောက်လာတယ် ဆိုပြီး ပြောတယ်။ ဒါပေမယ့် တနိုင်ငံလုံးခြုံကြည့်ရင် ဆင်းရဲတဲ့ဦးရေက အများစုပဲ။ ဒီတော့ ဆင်းရဲတဲ့ မိသားစုတိုင်းက ကလေးတွေ လမ်းပေါ်ရောက်လာတာ မဟုတ်ဘူး။ ဆင်းရဲတာထက် အသိပညာ မရှိမှု၊ လူငယ်တွေကို ပြုစုပျိုးထောင်မှု အားနည်းလို့၊ နောက်တခုက ကလေး တက်နေတဲ့ ကျောင်းမှာ အဆင်မပြေလို့ ဆိုတာတွေ ရှိတယ်။ အဲဒီတော့ ကျောင်းပြေးရာက ရရာအလုပ် လုပ်ရင်း အိမ်ပြေးဖြစ်သွားရော။ ဒါနဲ့ လမ်းပေါ်ရောက်သွားတာတွေ ရှိတယ်။ ဒီကလေး တွေကို အိမ်ပြန်ပို့တာတွေ ရှိတယ်။ မှန်တဲ့အတိုင်း ပြောရရင် စီမံချက်တွေနဲ့ လုပ်ပေမယ့် မအောင်မြင်ပါဘူး။ ပြန်လည်ထူထောင်ရေး လုပ်တယ် ဆိုပေမယ့် ကလေးအတော်များများက သူတို့ရဲ့ မူလ ပတ်ဝန်းကျင်ကို ပြန်ရောက်သွားတယ်။

ကလေးသူငယ် အခွင့်အရေးကို ကြည့်ပြန်တော့လည်း ကလေးဆိုတာ မိဘနဲ့ပဲ ပြန်နေရမယ်ဆိုတဲ့ အချက်ကို တွေ့ရတယ်။ ဒါပေမယ့် ပြန်နေရတဲ့ မိဘဆီမှာ နွေးထွေးတဲ့ မိသားစု မဟုတ်ဘူး၊ စားရမဲ့ သောက်ရမဲ့ ဖြစ်နေတယ်။ မိဘက မေတ္တာမပေးဘူး ဆိုရင်၊ မလိုလားဘူးဆိုရင် ဒီကလေးကို မိဘရှိလို့ မိဘတွေဆီ ပြန်ပို့လည်း စိတ်ဆင်းရဲရမယ်။ ဒါကြောင့် ထိန်းသိမ်းရေးက ကားတွေလာရင် နောက်ကနေ ပြေးလိုက်ကြတဲ့ ကလေးတွေတောင် ရှိတယ်။ ကလေးတိုင်းဟာ ကလေး ထိန်းသိမ်းရေး စခန်းမှာ နေချင်ကြလို့တော့ မဟုတ်ဘူး။ တချို့ကလေးတွေက အိမ်ကိုမပြန်ချင်တာ၊ မိထွေး၊ ပထွေးကိုကြောက်တာမျိုး၊ ဒါကြောင့် မပြန်ချင်တာမျိုးတွေရှိတယ်။

မေး။ ။ လေလွင့်ကလေးသူငယ် ကိစ္စတွေကို စီမံချက်နဲ့ လုပ်ဆောင်နေတာတွေက အောင်မြင်မှုရှိပါသလား။

ဖြေ။ ။ ဒီမှာက ပရောဂျက်တွေ လုပ်တယ်။ ဒါကလည်း အကန့်အသတ် ရှိတယ်။ သုံးလ၊ ခြောက်လဆိုအပြီး စသည့်ဖြင့် ရှိတယ်။ ဒီလတွေ အတွင်းမှာ ဒီကလေးက အိမ်ပြန်ရောက်ရမယ် ဆိုပြီး မရောက်ရောက်အောင် ပြန်လုပ်ရတာ။ ကိန်းဂဏန်းနဲ့ပဲ အလုပ်လုပ်ကြတယ်။ အောင်မြင်မှု အတွက်ကို ကိန်းဂဏန်းနဲ့ပဲ ကြည့် အလုပ်လုပ်ကြတယ်။

မေး။ ။ ကလေးသူငယ် ပြန်လည် ထူထောင်ရေး စခန်းတွေကရော ဘယ်လို အခြေအနေတွေ ရှိလဲ။

ဖြေ။ ။ တချို့ သင်တန်းကျောင်းတွေမှာက ကလေးတွေကို ဒဏ်ပေးတဲ့ စနစ်တွေရှိနေတယ်။ ကျမတို့ကတော့ ကလေးဆိုတာ အမှားလုပ်တယ်လို့ မမြင်မိဘူး။ သူ မသိနားမလည်လို့ ဖြစ်သွားတာလို့ပဲ ခံစားရတယ်။

မေး။ ။ ကလေးသူငယ်အရေး ကိုင်တွယ်မှုတွေမှာ ဘာတွေ လိုအပ်ချက်ရှိနေလဲ။

ဖြေ။ ။ ကလေးသူငယ်အရေး ကိုင်တွယ်မှုတွေမှာ သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ရွာ အခြေပြု အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ပါဝင်မှုက အရမ်း အားနည်းနေတယ်။ ICRC လို NGO တချို့ကလည်း ရန်ပုံငွေမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နိုးထမှု မရှိဘူး။

မေး။ ။ ပြန်လည်ထူထောင်ရေး အပေါ်ကိုရော ဘယ်လို အကြံပြုချင်လဲ။

ဖြေ။ ။ ပြန်လည်ထူထောင်ရေး ဆိုတဲ့ နေရာမှာလည်း ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုပြီး နှစ်မျိုးရှိမယ်။ သူတို့လိုအပ်တာတွေ ရုပ်ပိုင်းအရ ဖြည့်ဆည်း ပေးတယ်ဆိုပေမယ့် စိတ် မပြင်ရင် ဘယ်လိုလုပ်မလဲ၊ စိတ်ကို ပြုပြင်ဖို့အတွက်လည်း တွေးရမယ်။ လူမှုဝန်းကျင်ကြီး တခုလုံးရဲ့ အကူအညီကို ယူရမယ်။ တောင်းစားလို့ မရဘူးဆိုရင် ဘယ်သူမှ မတောင်းတော့ဘူး။ တောင်းစားလို့ ရနေလို့ တောင်းစား နေကြတာပေါ့၊ လာဘ်ပေးလာဘ်ယူလိုပဲ ပေးတဲ့သူမှာလည်း အပြစ်ရှိတယ်။

တောင်းစားတဲ့ ကလေးတွေထက် အဲဒီကလေးတွေအပေါ် အကာအကွယ်ပေးနေတဲ့ လူတွေရဲ့ အမြင်ကို ပြောင်းဖို့လည်း လိုသေးတယ်။ အမြင်တွေပြောင်းလဲဖို့ အတွက် လူ့အဖွဲ့အစည်းတရပ်လုံး လိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တယ် ဆိုပါစို့၊ တချို့ပြုပြင်ပြောင်းလဲရေး ကျောင်းတွေမှာ အနိုင်ကျင့်ခံရတာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် ဒီကျောင်းတွေမှာ ဒီလိုဖြစ်နေလို့ မဖြစ်သင့်ဘူး ပြောတော့ ပြောတဲ့သူရဲ့ အိမ်ကိုခေါ်သွားလို့ ပြန်ပြောရင်လည်း ခေါ်သွားနိုင်တဲ့ အခြေအနေ မရှိကြဘူးလေ။ သူတို့တွေကို လမ်းပေါ်မှာ ထားလိုက်ရင် ကလေးအချင်းချင်း လိင်တူဆက်ဆံတာတွေ၊ အချင်းချင်း အနိုင်ကျင့်တာတွေ ခံရနိုင်တယ်။ ဒီလိုပေါက်ကရတွေ မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာ ထိန်းသိမ်းတဲ့သူတွေကလည်း ကလေးတွေအပေါ် သေသေချာချာ နားလည်တဲ့ သူတွေသာ ဖြစ်သင့်တယ်၊ လုပ်သင့်တယ်။

မေး။ ။ ကလေးသူငယ် အရေးကိစ္စ ကိုင်တွယ်နေတဲ့ အဖွဲ့အစည်းတွေအပေါ်ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အခုစီမံချက်မှာ နိုင်ငံတော်အစိုးရ အပါအဝင် INGO တွေ၊ NGO တွေ အားလုံးပူးပေါင်းပြီး လုပ်ဆောင်ကြမှာ ဖြစ်တယ်။ အဲဒီလို NGO တွေမှာ လစာကောင်းကောင်းနဲ့ ဝင်လုပ်ပြီးတော့ သင်တန်း ၃ ပတ်တို့၊ ၁ လတို့ ပေးရုံလောက်နဲ့တော့ စွမ်းရည်က ပြည့်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ပြဿနာက NGO တွေ ကိုယ်တိုင် ဖောက်ဖျက်ပြီးတော့ ကိုယ်တိုင် စောင့်ရှောက်ရတဲ့ အသက်မပြည့်သေးတဲ့ ကလေးနဲ့ လက်ထပ်ယူတဲ့ သူတွေ၊ နယ်စပ်မှာ ကလေးတွေ ရောင်းစားတဲ့ ဇာတ်လမ်းမျိုးတွေ ရှိတယ်။ ပြုစုပျိုးထောင်ရေး လုပ်တဲ့အခါမှာ လုပ်တဲ့ သူရှိတယ်၊ ငွေကြေး စိုက်ထုတ်မယ့်သူလည်း ရှိတယ်။ ကျမတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက အရမ်းကောင်းတယ်။ အဲဒီအတိုင်းသာ လုပ်ပစေ ကျမတို့ အခွင့်အရေး အပြည့်အဝ ရမှာပဲ။

မေး။ ။ ထူထောင်ရေး လုပ်တဲ့အခါမှာ ဘယ်လိုဆောင် ရွက်သင့်တယ် ထင်ပါသလဲ။

ဖြေ။ ။ ကလေးသူငယ် ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ ကလေးသူငယ် အခြေခံမူကြီးလေးရပ်ကို လုံးဝ နားလည်တဲ့သူ ဖြစ်ရမယ်။ ဒါတွေကို လုပ်တဲ့သူတွေဟာ တယောက်တည်း လုပ်လို့ မရပါဘူး။ ကလေးတယောက်ရဲ့ ပြဿနာဟာ ဘက်ပေါင်းစုံက ရှုပ်ထွေးပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာဖြစ်တယ်။ ဂေဟာပို့လိုက်တယ် ဆိုတာ တခုတည်းနဲ့တော့ ပြဿနာက ပြီးမသွားသေးဘူး။ နောက်ဆက်တွဲတွေ ရှိတယ်။ အဲဒီလောက်အထိ ကြည့်ပေးနိုင်မလား၊ ကလေးသူငယ်တွေ ထိန်းသိမ်းတဲ့ နေရာမှာ ဘယ်သူတွေက လုပ်မှာလဲ၊ စနစ်တကျ လေ့ကျင့်ထားတဲ့ သူတွေလား၊ မြေပြင်မှာ ထိန်းသိမ်းတဲ့ သူတွေက စနစ်တကျ လေ့ကျင့်ထားရဲ့လား။

လာစမ်းဆိုပြီး နားပန်ကျင်း၊ ကားပေါ်တင်တာမျိုး မလိုချင်ဘူး။ တခါတလေကျရင် ကလေးက လမ်းပေါ်က ကလေးဖြစ်ချင်မှ ဖြစ်မှာလေ။ လမ်းပေါ်က ကလေးနဲ့ လာပြီးစကားပြောနေတဲ့ ကလေးတယောက်လည်း ဖြစ်ချင်ဖြစ်မယ်၊ လူလူချင်းတော့ ခွဲလို့ မရဘူး။ ကလေးတွေ့တိုင်း လမ်းပေါ်က ကလေးဆိုပြီး ဖမ်းတာတွေ ဖြစ်နေတတ်တယ်။ လမ်းပေါ်မှာကျင်လည် ကျက်စား နေတဲ့ ကလေးတွေဘက်က ရပ်တည်ပေးမယ့် ဥပဒေသမား ဘယ်သူရှိမလဲ။ ဥပဒေသမား ရှိရမယ်လေ။ လူတိုင်းမှာ အမှန်တရားရှိတယ်။ ခါးပိုက်နှိုက်တဲ့ ကလေးနဲ့ တခြားကလေးကို နည်းတမျိုးတည်းနဲ့ ကျင့်သုံးလို့မရဘူး။ အဲဒီလိုသာဆိုရင် အတတ် ပေါင်းစုံ ဖြစ်သွားမှာပေါ့။ နောက်တခုက လမ်းပေါ်က ကလေးတွေ ကော်ရှူတဲ့ ပြဿနာ။ ကလေးသူငယ်တွေ တကယ် အခွင့်အရေး ရရဲ့လား ဆိုတာကို ကလေးသူငယ် အခွင့်အရေး ပေတံနဲ့ တိုင်းတာရမယ်။ ကလေးက လမ်းပေါ်မှာ နေချင်တယ် ဆိုလို့ လမ်းပေါ်မှာ ထားရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

မေး။ ။ တောင်းစားနေတဲ့ ကလေးတွေရဲ့ နောက်ကွယ်ကနေ ကြိုးကိုင် ခိုင်းစေနေတာတွေ ရှိတဲ့အပေါ် အရေးယူမှု အားနည်းနေတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ အဲဒါကို မကိုင်တွယ် ကြဘူးလေ။ ကလေးတွေကို အကွက်ကျကျ ဂိုဏ်းဖွဲ့ပြီး တောင်းရမ်း စားသောက်ခိုင်းတဲ့ သူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်။ တိတိကျကျ အရေးယူလာပြီဆိုရင် အဲဒါမျိုး တောင်းစားတဲ့ ကလေးဆိုတာ အနည်းနဲ့အများ ပျောက်သွားမှာပေါ့။ တချို့က သာသနာ အရေခြုံပြီး ကလေးတွေကို ခိုင်းစားနေတာမျိုးတွေ ရှိနေတယ်။ ဒါမျိုးတွေကို သက်ဆိုင်ရာက ခွဲခြားသိဖို့ လိုတယ်။ ။

 ဧရာဝတီ

ရန်ကုန်မြို့၌ အခြေအနေမဲ့ တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့ လေလွင့်ကလေးများ ထိန်းသိမ်းရေး အ
ထူးစီမံချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန
က နိုဝင်ဘာ ၆ ရက်မှ စတင်ကာ ၂ ပတ်ကြာထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကိစ
္စနှင့်ပတ်သက်၍ ကလေးသူငယ်နှင့် အမျိုးသမီး အခွင့်အရေး လေ့လာဆောင်ရွက်နေသူ ဥပဒေပညာရှင် ဒေါ်
ခင်ခင်မေကို ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်း ထားပါသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့် ကျောင်းပိတ်လိုက်ရ

ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ အစိုးရ၏ ဗျူဟာကုန်းတပ်မှ ကချင်လွတ်လပ်ရေးတပ် KIA ရှိရာသို့ လက်
နက်ကြီးဖြင့် ၁ဝ ကြိမ် ပစ်ခတ်ခဲ့သဖြင့် ဖားကန့် အထက ကျောင်းသားများထိတ်လန့်မှု ဖြစ်ပွားခဲ့ကာတနင်္လာ
နေ့ ညနေပိုင်း ကျောင်းပိတ်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

နျူကလီးယားလုံခြုံရေး စည်းမျဉ်းသစ်များကို မြန်မာလက်မှတ်ထိုးတော့မည်

မြန်မာနိုင်ငံက ၎င်း၏သံသယဖြစ်ဖွယ် လျှို့ဝှက်နျူကလီးယား စီမံချက်နယ်မြေနေရာများကို စစ်ဆေးခွင့် ပြုတော့မည့် နျူကလီးယားလုံခြုံရေးစည်းမျဉ်းသစ်များကို သဘောတူလိုက်နာမည်ဖြစ်ကြောင်း သမ္မတအိုဘားမား၏ သမိုင်းဝင်ခရီးစဉ် မတိုင်မှီထုတ်ဖော် ကြေညာလိုက်ပါသည်။

မစ္စတာ ဘားရတ်အိုဘားမား၏ ကိုယ်ရေးအကျဉ်း

မစ္စတာ ဘားရတ်အိုဘားမား၏ ကိုယ်ရေးအကျဉ်း
Monday, November 19, 2012

မစ္စတာ ဘားရတ်အိုဘားမား အမေရိကန် ပြည်ထောင်စု၏ (၄၄)ဦးမြောက် သမ္မတ

- မစ္စတာ ဘားရတ် အိုဘားမား အား ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုရှိ ဟာဝိုင်ယီပြည်နယ်၊ဟိုနိုလူလူမြို့တွင်
မွေးဖွားခဲ့သည်။

- ၁၉၈၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုရှိ ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဟားဗတ် ဥပဒေကျောင်းမှ ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ဟားဗတ် ဥပဒေ စာစောင်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

- ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုတွင် Community Organizer အဖြစ် ဆောင်ရွက်ခဲ့သည်။

- ထို့နောက် ချီကာဂိုတွင် Civil Rights Attorney အဖြစ် အသက်မွေးဝမ်း
ကျောင်းပြုခဲ့ပြီး ၁၉၉၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ချီကာဂို တက္ကသိုလ် ဥပဒေ ကျောင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ သင်ကြား ပို့ချခဲ့သည်။

- ၁၉၉၆ ခုနှစ်တွင် အီလီနွိုက်ပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်အဖြစ်
ရွေးကောက် တင်မြှောက်ခြင်း ခံရပြီး ၂ဝဝ၄ ခုနှစ်အထိ သုံးကြိမ်တိုင်တိုင် တာဝန် ထမ်းဆောင်ခဲ့သည်။

- ၂ဝဝဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီကိုယ်စားပြု ဝင်ရောက်အရွေးခံခဲ့ရာ မအောင်မြင်ခဲ့
သောကြောင့် ၂ဝဝ၄ ခုနှစ်၊ နိုဝင်ဘာလတွင် အထက် လွှတ်တော်၌ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

- ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကွန်ဂရက်၌ အထက်လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

- ၂ဝဝ၈ ခုနှစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာ အတွက် ယှဉ်ပြိုင်ရာတွင် မစ္စစ်ဟီလာရီ ကလင်တန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိခဲ့သည်။

- ၂ဝဝ၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သည့် ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ္စတာ ဂျွန်မက်ကိန်းအား အနိုင်ရရှိခဲ့ပြီး ၂ဝ-၁-၂ဝဝ၉ ရက်နေ့တွင် (၄၄)ဦးမြောက် သမ္မတတာဝန်ကို စတင်ထမ်း ဆောင်ခဲ့သည်။

- ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာတွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

- အမေရိကန်နိုင်ငံ စီးပွားရေးအတွက် အထောက်အပံ့ဖြစ်စေရန် အမေရိကန် နိုင်ငံ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ရင်းနှီး မြှုပ်နှံခြင်းဆိုင်ရာ ဥပဒေ (American Recovery and Reinvestment Act) ကို ၂ဝဝ၉ ခုနှစ်၊ ဖေဖော် ဝါရီလတွင် လက်မှတ် ရေးထိုးခဲ့သည်။ ထို့အပြင် အခွန်လျှော့ပေါ့ရေး၊ အလုပ်လက်မဲ့ အာမခံများ ပြန်လည် ခွင့်ပြုခြင်းနှင့် အလုပ်အကိုင် ဖန်တီးရေး ဥပဒေ (Tax Relief, Unemployment Insurance Reauthorization, and Job Creation Act) တို့ကို ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် လက်မှတ် ရေးထိုး ခဲ့သည်။

- သမ္မတ အိုဘားမားသည် အခြားသော ပြည်တွင်း မူဝါဒများဖြစ်သည့် Patient Protection and Affordable Care Act, Dodd-Frank Wall Street Reform and Consumer Protection Act? Don't Ask, Don't Tell Repeal Act ESifh Budget Control Act of 2011 တို့ကိုလည်း အစပြုခဲ့သည်။

- နိုင်ငံခြားရေး မူဝါဒများတွင် အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာရေး၊ အာဖဂန်နစ္စတန် နိုင်ငံသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေး၊ ရုရှားနိုင်ငံနှင့် START လက်နက်ထိန်းချုပ်ရေး စာချုပ်အသစ်အား လက်မှတ် ရေးထိုးခြင်း၊ လစ်ဗျား နိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် (No-fly zone on Libya) သတ်မှတ်ရေးနှင့် ပါကစ္စတန် နိုင်ငံရှိ အယ်လ်ခိုင်ဒါ အကြမ်းဖက်ခေါင်း ဆောင် အိုစမာဘင်လာဒင်အား ဖမ်းဆီးနိုင်ရန်အတွက် စစ်ဆင်ရေးတို့ကို လည်း ဆောင်ရွက် စေခဲ့သည်။

- ၂ဝ၁၂ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ် ကန်ပါတီမှ မစ္စတာ မစ်ရွမ်နီအပေါ် သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်မဲ (၃ဝ၃-၂ဝ၆)မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမေရိကန် သမ္မတအဖြစ် ဒုတိယ အကြိမ် ထပ်မံရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။

- သမ္မတ အိုဘားမားသည် ၁၉၉၂ ခုနှစ်တွင် မီရှယ်လ် ရော်ဘင်ဆန်နှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ဦးဖြစ်သော မာလီယာ (၁၉၉၈)နှင့် ဆာရှာ(၂ဝဝ၁)တို့ကို မွေးဖွားခဲ့သည်။

မြ၀တီ

မစ္စတာ ဘားရတ်အိုဘားမား အမေရိကန် ပြည်ထောင်စု၏ (၄၄)ဦးမြောက် သမ္မတ

- မစ္စတာ ဘားရတ် အိုဘားမား အား ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုရှိ ဟာဝိုင်ယီပြည်နယ်၊ဟိုနိုလူလူမြို့တွင် မွေးဖွားခဲ့သည်။

- ၁၉၈၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုရှိ ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဟားဗတ် ဥပဒေကျောင်းမှ ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ဟားဗတ် ဥပဒေ စာ
စောင်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

အမေရိကန်သမ္မတအိုဘားမားရန်ကုန်တက္ကသိုလ်တွင် ပြောကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်(အပြည့်အစုံ)




မြန်မာနိုင်ငံ မင်္ဂလာပါ....
လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့်ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။
ကျွန်တော်တို့နှစ်နိုင်ငံဟာပြီးခဲ့တဲ့ဆယ်စုနှစ်များစွာမှာသူစိမ်းတွေလိုဖြစ်နေခဲ့ကြပါတယ်။‘ဒါပေမဲ့ ဒီနေ့မှာ
တော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာအမြဲတမ်းမျော်လင့်နေခဲ့တယ်ဆိုတာကို ကျွန်
တော် ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့်ချက်တွေ ပေးခဲ့ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားရဲ့ Air Force One လေယာဉ်အကြောင်း

အမေရိကန်သမ္မတ လေယာဉ် Air Force One အကြောင်း
Monday, November 19, 2012

နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်က အမေရိကန် သမ္မတ အိုဘးမားဟာ ရန်ကုန်မြို့ ကို သမ္မတလေယာဉ် Air Force One နဲ့ ရောက်ရှိလာပါတယ်။

အမျိုးအစား အတိအကျကတော့ Boeing VC-25 ဖြစ်ပါတယ်။ သူက နယ်နယ်ရရ လေယာဉ် တော့ မဟုတ်ပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၂၅ သန်း အကုန်ကျခံလို့ တည်ဆောက်ထားတဲ့ လေ ယာဉ် ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်က တည်ဆောက်ပြီး ပုံတူ နှစ်စီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။

အမှန်တော့ အမေရိကန် Boeing လေယာဉ် ကုမ္မဏီက သ
မ္မတစီးဖို့ပါဆိုပြီး လေယာဉ်ပျံ သပ်သပ် ထုတ်မထားပါဘူး။ Boeing 747 လေယာဉ်ကို အခြေခံပြီး ပြန်လည် Modify လုပ်ထားခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ကုန်ကျစရိတ်က အဆပေါင်းများစွာ တက်သွားပါတယ်။

သုံးထပ်လေယာဉ် ဖြစ်ပြီး အပေါ်ဆုံးထပ် (Main Deck) က ခရီးသည်များအတွက် ဖြစ်ပါတယ်။ စုစုပေါင်း ၇၆ ဦး ဆံ့တဲ့ လေယာဉ် ဖြစ် ပါတယ်။ သမ္မတအတွက် ရုံးခန်း၊ အိပ်ခန်း၊ နားနေခန်း၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ အခြား အရာရှိ ဧည့်သည်များအတွက် အိပ်ခန်း၊ နားနေခန်း၊ ထမင်းစားခန်း၊ နားနေခန်း၊ အစည်းအဝေးခန်းမ အစုံအလင် ပါရှိပါတယ်။ သမ္မတအခန်းရှေ့ က ကော်ရီဒါမှာလည်း လုံခြုံရေး သုံးယောက်လောက် ထားရှိနိုင်ပါတယ်။

အင်ဂျင် သုံးလုံး တပ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ မိုင်ပေါင် ၇၈၀၀ ကျော်ကို မနားတန်း မောင်းနှင်နိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ဒီအတွကလည်း ဆီအလုံအလောက် ပါပါတယ်။ ယင်းခရီးအကွာအဝေးက ကမ္ဘာရဲ့ သုံးပုံတစ်ပုံမျှ ခရီးနှင်နိုင်မှု ဖြစ်ပါတယ်။ အထဲမှာလည်း အစားအသောက် အပြည့်အဝပါရှိပြီး လူ အယောက် ၁၀၀ တစ်ထိုင်တည်း စားလို့လောက်ရအောင် မီးဖိုချောင် ၂ ခုနဲ့ သိုလောင်ထားပါတယ်။

၁၉၈၆ ခုနှစ်က တည်ဆောက်ပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်းမှ အမေရိကန် သမ္မတများအတွက် တရားဝင် အသုံးပြုစေခဲ့ပါတယ်။ အိမ်ဖြူတော် ပိုင် လေယာဉ် ဖြစ်ပါတယ်။ သမ္မတ တစ်ဦးချင်းစီ ပိုင်တဲ့ လေယာဉ် မဟုတ်ပဲ အမေရိကန် သမ္မတ ဖြစ်လာသူတိုင်း စီးဖို့အတွက် ဖြစ်ပါတယ်။

Boeing VC-25 က အတော်လေးကြာမြင့်နေပါပြီ။ လေယာဉ်ကနေ တိုက်ရိုက် မိန့်ခွန်းပြောလို့ရအောင် သမ္မတ ဘွတ်ရှ်ခေတ်
ကတည်းက ပြုလုပ်ခဲ့ပေမယ့် Boeing VC-25 ကို အစားထိုးတော့မှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်နောင်းပိုင်းဆိုရင် ယင်း လေယာဉ် နှစ်စီးအား အသုံးပြုမှု ရပ်နားပြီး နှစ်တိုစီမံကိန်းနဲ့ သမ္မတသုံး လေးယာဉ် အသစ် လေးစီးနဲ့ အစားထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: wiki
အောင်ခမ်း (TSJ team)
TechSpace Journal

နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်က အမေရိကန် သမ္မတ အိုဘးမားဟာ ရန်ကုန်မြို့ ကို သမ္မတလေယာဉ် Air Force One နဲ့ ရောက်ရှိလာပါတယ်။အမျိုးအစား အတိအကျကတော့Boeing VC-25 ဖြစ်ပါတယ်။သူက နယ်
နယ်ရရ လေယာဉ် တော့ မဟုတ်ပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၂၅ သန်း အကုန်ကျ
ခံလို့ တည်ဆောက်ထားတဲ့ လေ ယာဉ် ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်က တည်ဆောက်ပြီး ပုံတူ နှစ်စီး ဖန်တီး
ထားခြင်း ဖြစ်ပါတယ်။

သမ္မတအိုဘားမားနှင့် အဖွဲ့ သည် ယနေ့ ညနေ ၃း၄၀ အချိန်တွင် ကမ္ဘောဒီးယားနိုင်ငံသို့  ပြန်လည် ထွက်ခွာ

Photo: အိုဘားမား ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။

သမ္မတအိုဘားမားနှင့် အဖွဲ့ သည် ယနေ့ ညနေ ၃း၃၀ နာရီ ဝန်းကျင်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ
ဆိပ် လေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့  ထွက်ခွာသွားပြီ ဖြစ်ကြောင်းသတင်းရရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့တွေ့ဆုံ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု ရရှိရန်အတွက် တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့တွေ့ဆုံ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်
မှု ရရှိရန်အတွက် တတ်နိုင်သမျှ ကူညီသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ပြောကြား မြန်မာနိုင်ငံသို့
 တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ ဦးသိန်း
စိန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၄င်း၏
 နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည

အပစ်အခတ် ရပ်စဲလိုကြောင်း ပါလက်စတိုင်း ထိပ်တန်းအရာရှိမှပြော

Photo: Israel-Hamas Update:
ဂါဇာကမ်းမြောင်ကို အစ္စရေးက ပိတ်ဆို့ထားခြင်းနှင့် ယခုဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများ အဆုံးသတ်နိုင်ရန် ဟားမတ်စ်ပြောက်ကျားတို့က အပစ်အခတ် ရပ်စဲလိုကြောင်း ပါလက်စတိုင်း ထိပ်တန်းအရာရှိတစ်ဦးက တနင်္ဂနွေနေ့က ပြောကြားကြောင်း CNN သတင်းတွင် ဖော်ပြသည်။ 

ဂါဇာကမ်းမြောင်ကို ၂၀၀၇ ခုနှစ်ကတည်းက ထိန်းချုပ်ထားသည့် ဟားမတ်စ်တို့ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုတစ်စုမှ အရပ်သား ၁၀ ဦးသေဆုံးကြောင်း ပြောကြားသည်။ အစ္စရေးကလည်း ဟားမတ်စ်တို့က တနင်္ဂနွေနေ့တစ်ရက်တည်းတွင် အစ္စရေးနယ်မြေထဲသို့ ဒုံးကျည် ၁၅၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ပြောကြားသည်။ 

ပြီးခဲ့သည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့က စတင်ခဲ့ပြီး ၅ ရက်ကြာမြင့်ခဲ့ပြီဖြစ်သည့် အစ္စရေးနှင့်ဟားမတ်စ် အပြန်အလှန် တိုက်ခိုက်မှုများအတွင်း ပါလက်စတိုင်း ၈၆ ဦးနှင့် အစ္စရေး ၃ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း BBC World News က ပြောကြားသည်။


Israel-Hamas Update: ဂါဇာကမ်းမြောင်ကို အစ္စရေးက ပိတ်ဆို့ထားခြင်းနှင့် ယခုဖြစ်ပေါ်နေသည့် တိုက်ခိုက်
မှုများ အဆုံးသတ်နိုင်ရန်ဟားမတ်စ်ပြောက်ကျားတို့က အပစ်အခတ် ရပ်စဲလိုကြောင်း ပါလက်စတိုင်းထိပ်
တန်းအရာရှိတစ်ဦးက တနင်္ဂနွေနေ့က ပြောကြားကြောင်း CNN သတင်းတွင် ဖော်ပြသည်။

အမေရိကန် သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့ နှင်းသဘင် ခန်းမတွင် မြန်မာပြည်သူများသို့ မိန့် ခွန်းစတင်ပြောကြား

Photo: ဘွဲ့နှင်းသဘင်ခန်းမအတွင်းဝယ် အိုဘားမား မိန့်ခွန်းပြောကြားနေစဉ်

အမေရိကန် သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့ နှင်းသဘင် ခန်းမတွင် မြန်မာပြည်သူများသို့ မိန့် 
ခွန်းစတင်ပြောကြားနေပြီဖြစ်သည်

မိုင်းဆတ်မြို့တွင် သေနတ်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 
ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့အ၀င်တွင် နိုဝင်ဘာလ(၁၇)ရက်နေ့က တရားမ၀င် သေနတ်(၁)လက်၊ စိတ်ကြွရူး သွပ်ဆေးပြားများနှင့် ယိုးဒယားငွေစက္ကူများ သယ်ဆောင်လာသူ (၄)ဦးကို ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်မယ်

သမ္မတ အိုဘားမား ပြောခဲ့သလို(move forward) ရှေ့ကို ဆက်သွားမယ် ဆိုတဲ့ စကား အတိုင်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှု တွေကို ရှေ့ဆက် လုပ်ဆောင် သွားမှာ ဖြစ်တ