Pages

Tuesday, December 17, 2013

ယခင်မီတာ ၂ဝဝ ကမ္ဘာ့စံချိန်ကို ၁၉ စက္ကန့်အတွင်း ချိုးဖျက်ရန် အူစိန်ဘော့ဘတ်စကားနှင့် ယှဉ်ပြေး

Photo: ယခင်မီတာ ၂ဝဝ ကမ္ဘာ့စံချိန်ကို ၁၉ စက္ကန့်အတွင်း ချိုးဖျက်ရန် အူစိန်ဘော့ဘတ်စကားနှင့် ယှဉ်ပြေး
Tuesday, December 17, 2013

အာဂျင်တီးနား နိုင်ငံသို့ ရောက်ရှိနေသော ဂျမေကာနိုင်ငံမှ တာတို အပြေးသမား အူစိန်ဘော့ သည် မီတာ ၂ဝဝ ကို ၁၉ စက္ကန့်အတွင်း ယခင် မှတ်တမ်း တင်ထားသော ၎င်း၏ ကမ္ဘာ့ စံချိန် များကို ချိုးဖျက်ရန် ဘတ်စကား တစ်စီးနှင့် ယှဉ်ပြေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ အမြန်ဆုံး အပြေးသမားဘော့သည် နှစ်သစ်တွင် ၄င်း၏ ယခင်စံချိန်များကို ကျော်ဖြတ်၍ အကောင်းဆုံး အဆင့်သို့ ရောက်ရှိအောင် ကြိုးပမ်းသွားမည်ဟုလည်း သန္နိဋ္ဌာန် ချထားသည်။

ဘော့သည် အားကစား သမိုင်းတွင် ၂ဝဝ၈ ခုနှစ်က ပေကျင်းမြို့၌ ကျင်းပခဲ့သော အိုလံပစ် ပြိုင်ပွဲနှင့် ၂ဝ၁၂ ခုနှစ် လန်ဒန်မြို့၌ ကျင်းပခဲ့သော အိုလံပစ် ပြိုင်ပွဲ တို့တွင် နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် ပထမဆုံးအား ကစားသမား တစ်ဦး ဖြစ်လာခဲ့သည့် အပြင် ဂျာမနီ နိုင်ငံ ဘာလင်မြို့၌ ၂ဝဝ၉ ခုနှစ် အတွင်းက ကျင်းပခဲ့သော ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲ၏ မီတာ ၂ဝဝ တာတို ပြေးပွဲတွင် ၁၉ ဒသမ ၁၉ စက္ကန့်အတွင်း ပြေးနိုင်ခဲ့ သူတစ်ဦးအဖြစ် ကမ္ဘာ့ မှတ်တမ်း တင်ခံရသူ ဖြစ်သည်။

ယခုအခါ ဘော့သည် မီတာ ၁၂ဝ တာတိုပြေးပွဲတွင် တာတိုပြေးသမား မာရီအိုဖော်ခိုင်သီ၊ ကင်မာရီရို့ခ်ျ၊ ဒန်နီရယ်ဘေလီတို့နှင့် မယှဉ်ပြိုင်မီ ဒီဇင်ဘာ ၁၄ ရက်ကကိုက် ၈ဝ အကွာကွာအဝေး တစ်ခုကို ဘတ်စကားတစ်စီးနှင့် ယှဉ်၍ အပြေး လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: December . 17 .2013
အာဂျင်တီးနား နိုင်ငံသို့ ရောက်ရှိနေသော ဂျမေကာနိုင်ငံမှ တာတို အပြေးသမား အူစိန်ဘော့ သည် မီတာ ၂ဝဝ ကို ၁၉ စက္ကန့်အတွင်း ယခင် မှတ်တမ်း တင်ထားသော ၎င်း၏ ကမ္ဘာ့ စံချိန် များကို ချိုးဖျက်ရန် ဘတ်စကား တစ်စီးနှင့် ယှဉ်ပြေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပအလှပြင်ခန်းတစ်ခုမီးလောင်၊ အမျိုးသမီးတစ်ဦးသေဆုံး

Photo: တောင်ဥက္ကလာပအလှပြင်ခန်းတစ်ခုမီးလောင်၊ အမျိုးသမီးတစ်ဦးသေဆုံး
Tuesday, December 17, 2013

တောင်ဥက္ကလာပမြို့နယ်(၁၂) ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ အမှတ် ၁၅၃၊ ၁၄/၁၅လမ်း ဆုံမှတ်တိုင် အနီးရှိ THREE SEASON အလှ ပြင်ခန်း၌ ယနေ့မွန်းလွဲပိုင်းက မီး လောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့သည်။

ယနေ့မွန်းတည့် ၁၂နာရီဝန်း ကျင်တွင် အလှပြင်ခန်းဖွင့်ထား သည့် သုံးထပ်ခွဲတိုက်တွင် အပေါ် ဆုံးထပ်ခွဲရှိ မီးဖိုခန်းအတွင်း ထမင်းချက်ထားသည့် ထမင်း ပေါင်းအိုးမှ မီးစတင်လောင်ကျွမ်း ခဲ့ကြောင်း၊ မွန်းလွဲ ၁၂နာရီခွဲတွင် သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်း သတ်ခဲ့ကြောင်း၊ ရေချိုးခန်းနှင့် အိမ်သာတွဲလျက်အခန်းအတွင်း ပိတ်မိနေသော အသက် (၁၈)နှစ် အရွယ်အမျိုးသမီးတစ်ဦး မီးခိုးမွှန် ၍သေဆုံးခဲ့ကြောင်း မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝတွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း အရန်မီးသတ်တပ်ဖွဲ့ ဝင် ဦးအောင်လှကပြောသည်။

''ဘေးတိုက်က အမျိုးသမီး တစ်ဦးအော်သံကြားလို့ ကြည့်လိုက် တော့ မီးခိုးနည်းနည်းမြင်လိုက်ရ တယ်။မီးလောင်နေတဲ့တိုက်အောက် ခန်းက လူတစ်ယောက်မှ မသိကြ ဘူး။ သွားပြောမှ သိတာ။ မီးခိုး မွှန်ပြီး သေတာဖြစ်လိမ့်မယ်''ဟု မီးလောင်မှုဖြစ်ပွားခဲ့သည့်တိုက်၏ ဘေးကပ်လျက်တွင် ဆောက်လက် စတိုက်မှ အလုပ်သမားကိုရဲဝင်း လတ်ကပြောသည်။ 

မီးလောင်ရာ နေရာသို့တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုး နှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီး ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ လာရောက်ကူညီ ပေးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့၍ မီးလောင်ကျွမ်း ခဲ့သော ပစ္စည်းများပျက်စီးဆုံးရှုံးမှု တန်ဖိုး စုစုပေါင်းကျပ် ၂၃သိန်းဖြစ် ပြီး သုဝဏ္ဏဘောလုံးကွင်းတွင် ဆီး ဂိမ်းပြိုင်ပွဲများအတွက် တာဝန်ယူ ထားသော မီးသတ်ကားများအပါ အဝင် မီးသတ်ယာဉ် ၂၈စီး၊ ကြက် ခြေနီယာဉ်လေးစီး၊အထောက်အကူ ပြု ယာဉ်ခြောက်စီးနှင့် အုပ်ချုပ်မှု (၃)လာရောက်၍ မီးငြှိမ်းသတ်ရာ တွင်ပါဝင်ဆောင်ရွက်ခဲ့ပြီးသက်ဆိုင် သော တိုက်ပိုင်ရှင်မှာထွက်ပြေးပုန်း ရှောင်လျက်ရှိကြောင်း သိရသည်။

မိုးမြင့်
The Union Daily

RangonNewsDaily:: December . 17 .2013
တောင်ဥက္ကလာပမြို့နယ်(၁၂) ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ အမှတ် ၁၅၃၊ ၁၄/၁၅လမ်း ဆုံမှတ်တိုင် အနီးရှိ THREE SEASON အလှ ပြင်ခန်း၌ ယနေ့မွန်းလွဲပိုင်းက မီး လောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် သားဖြစ်သူက ဖခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်

RangonNewsDaily:: December . 17 .2013
တောင်တွင်းကြီးမြို့နယ် ကုက္ကိုကုန်းနယ်မြေရဲစခန်း၏ အနောက် တောင်ဘက်ခြောက်မိုင်ခန့်အကွာတွင် ယ

မန်နေ့ ညနေ ၄ နာရီချိန်က မတင်တင်မြင့် အသက် (၁၈)နှစ် ကြို့ချောင်းအလယ်ရွာအုပ်စုနေသူ သည် တစ်
အိမ်တည်းနေ ဖခင်ဖြစ်သူဦးအောင်သာနှင့်အတူ မီးလှုံနေ စဉ် တစ်ဝိုင်းတည်းအိမ်တောင်ဘက်ကပ်လျက်
အိမ်တွင် တစ်ဦးတည်း နေထိုင်သည့် အစ်ကိုဖြစ်သူကိုမြင့်ဇော်က ဖခင်၏ဆိုဆုံးမမှုကို မကျေ နပ်သဖြင့်နေ

ဟာဝိုင်ယီတွင် ရုပ်ရှင်ရိုက်ရင်း ချမ်းချမ်းစီးစီး ဖြစ်နေသည့် အမ်မာစတုန်း

Photo: ဟာဝိုင်ယီတွင် ရုပ်ရှင်ရိုက်ရင်း ချမ်းချမ်းစီးစီး ဖြစ်နေသည့် အမ်မာစတုန်း
Tuesday, December 17, 2013

အာဟူရှိ ကမ်းစပ် ရေတိမ်ပိုင်းတွင် အမ်မာတစ်ယောက် အတန်ကြာ စိုရွှဲနေခဲ့ပြီးနောက် ကမ်းပေါ်ပြန်တက်သည့်အခါ ပန်းရောင် မျက်နှာသုတ်ပဝါကြီးကို လွှမ်းခြုံထားသည်ကို တွေ့ရသည်။

ရုပ်ရှင်ဇာတ်ကားများ မပြတ်တမ်း ရိုက်ကူးနေရသည့် အမ်မာစတုန်းတစ်ယောက် လတ်တလောတွင် ဟာဝိုင်ယီဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အသက်(၂၅)နှစ်ရှိ Amazing Spiderman မင်းသမီးသည် ဟာဝိုင်ယီ ကမ်းခြေတစ်ခုတွင် တနင်္လာနေ့က ချမ်းချမ်းစီးစီးဖြင့် ရုပ်ရှင်ရိုက်နေခဲ့သည်။ အာဟူရှိ ကမ်းစပ် ရေတိမ်ပိုင်းတွင် အမ်မာတစ်ယောက် အတန်ကြာ စိုရွှဲနေခဲ့ပြီးနောက် ကမ်းပေါ်ပြန်တက်သည့်အခါ ပန်းရောင် မျက်နှာသုတ်ပဝါကြီးကို လွှမ်းခြုံထားသည်ကို တွေ့ရသည်။ အမ်မာသည် ဘီကနီ ဝတ်ထားသော်လည်း အပေါ်မှထပ်၍ တီရှပ်အဖြူနှင့် ဘောင်းဘီတိုတစ်ထည်ကို ဝတ်ဆင်ထားသည်။ ရိုက်ကွင်းပေါ်တွင် သူမနှင့်အတူ အင်္ကျီစိမ်းပြာရောင်နှင့် အခြားမိန်းကလေး တစ်ဦးလည်း ရှိနေခဲ့သည်။

အမ်မာသည် ရေထဲမှ ပြန်တက်လာပြီးနောက် လှော်တက်တစ်ချောင်းနှင့် ရေစိုခံ ကင်မရာ တစ်လုံးကို သယ်ယူသွားခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ကင်မရွန်ခရိုဝီက တာဝန်ယူထားပြီး အမ်မာနှင့်အတူ ဘရက်ဒ်လေကူးပါ၊ ရေချယ်လ် မက်အဒမ်စ်၊ ဘီလီမာရေးတို့လည်း ပါဝင် သရုပ်ဆောင်ထားသည်။ ဇာတ်ကားအမည်ကိုမူ အတိအကျ မသတ်မှတ်ရသေးဟုလည်း သိရသည်။ အမ်မာသည် Amazing Spiderman ရုပ်ရှင်ဖြင့် ကမ္ဘာသိ ကျော်ကြားလာပြီး အဆိုပါ ဇာတ်ကားမှ သရုပ်ဆောင်မင်းသား အန်ဒရူး ဂါဖီးလ်နှင့်လည်း ချစ်သူများ ဖြစ်လာခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: December . 17 .2013
အာဟူရှိ ကမ်းစပ် ရေတိမ်ပိုင်းတွင် အမ်မာတစ်ယောက် အတန်ကြာ စိုရွှဲနေခဲ့ပြီးနောက် ကမ်းပေါ်ပြန်တက်သည့်အခါ ပန်းရောင် မျက်နှာသုတ်ပဝါကြီးကို လွှမ်းခြုံထားသည်ကို တွေ့ရသည်။

မြန်မာမြားပစ်အဖွဲ့အတွက်ပထမဆုံးရွှေတံဆိပ်မအောင်ငှိမ်းရယူ

Photo: မြန်မာမြားပစ်အဖွဲ့အတွက်ပထမဆုံးရွှေတံဆိပ်မအောင်ငှိမ်းရယူ
Tuesday, December 17, 2013

နေပြည်တော် ဝဏ္ဏသိဒ္ဓိအား ကစားကွင်း၌ပြုလုပ်နေသောဆီးဂိမ်း
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ ချုပ်အတွက်ပထမဆုံးရွှေတံဆိပ်ဆု ကိုမြားပစ်ရွှေတံဆိပ်စံချိန်ရှင်မအောင် ငှိမ်းကယနေ့ရယူပေးလိုက်သည်။

မြားပစ်အားကစားမယ်မအောင် ငှိမ်းသည် အမျိုးသမီးတစ်ဦးချင်း Compound ပြိုင်ပွဲတွင် ရမှတ် ၁၃၈မှတ်ဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ပြိုင်ဘက်ကို ၈ မှတ်အသာရကာ ရွှေတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။ ရွှေ တံဆိပ်ဆုရှင်မအောင်ငှိမ်းကိုမြန်မာ နိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုး ကိုကိုတင့်ဆန်းကကျပ်သိန်း ၂ဝဝ ဆုချီးမြင့်သွားမည်ဟုသိရသည်။

ရွှေတံဆိပ်ဆုရမြန်မာ၊ငွေတံဆိပ် ဆုရ အင်ဒိုနီးရှားနှင့် ကြေးတံဆိပ် ဆုရ မလေးရှားကစားသမားများ ကိုအားကစားဝန်ကြီးဌာနျပြည်ထောင် စုဝန်ကြီးဦးတင့်ဆန်းနှင့်ဦးဖြိုးကိုကို တင့်ဆန်းတို့က ဆုချီးမြှင့်ခဲ့သည်။
မအောင်ငှိမ်းက''ရွှေတံဆိပ်ဆု ကတော့ နောက်ထပ်ပြိုင်စရာ ရှိပါ သေးတယ်။အဲဒါတွေကိုလဲရဖို့မျှော် လင့်ထားပါတယ်။ ကျွန်မအတွက် နိုင်ငံတကာ ရွှေတံဆိပ်က ဒါနဲ့ဆို (၂၇)ခုမြောက်ပါ။
ဆီးဂိမ်းရွှေတံဆိပ်အနေနဲ့ကတော့ (၅)ကြိမ်မြောက်ပါ။ ရွှေတံဆိပ်ကို ရယူနိုင်မယ်လို့တော့ ယုံကြည်ထား ပေမယ့် သေချာတာ ဘာတစ်ခုမှ မရှိဘူးလေ။ အခု ရွှေတံဆိပ်တစ်ခု ပိုင်ပိုင်နိုင်နိုင်ရလိုက်တဲ့အတွက်အရမ်း ဝမ်းသာပါတယ်။ ခုပြိုင်ပွဲမှာ ကွာ တားဖိုင်နယ်မှာ ပြိုင်ခဲ့ရတဲ့စင်ကာပူ ကတစ်ယောက်နဲ့ တော်တော်ခက် ခက်ခဲခဲပြိုင်ယူခဲ့ရပါတယ်''ဟု ပြောသည်။

မအောင်ငှိမ်းသည် နိုင်ငံတကာ ရွှေတံဆိပ်ဆု ၂၆ဆု ရယူထားပြီး ယခုဆုမှာ ၂၇ ဆု မြောက်ဖြစ်သည်။

မြန်မာနိုင်ငံ မြားပစ်အဖွဲ့အနေ ဖြင့် ယနေ့ပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ဆုသာရရှိခဲ့ပြီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် အောင်ငှိမ်းတို့အတွဲက ရယူပေးလိုက်ခြင်းဖြစ်သည်။

The Union Daily

RangonNewsDaily:: December . 17 .2013
နေပြည်တော် ဝဏ္ဏသိဒ္ဓိအား ကစားကွင်း၌ပြုလုပ်နေသောဆီးဂိမ်း
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ ချုပ်အတွက်ပထမဆုံးရွှေတံဆိပ်ဆု ကိုမြားပစ်ရွှေတံဆိပ်စံချိန်ရှင်မအောင် ငှိမ်းကယနေ့ရယူပေးလိုက်သည်။

ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ

Photo: ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ
Tuesday, December 17, 2013

ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့်  ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်းအထန် ပြင်ဆင် ကြိုးစားခဲ့သည်။

သို့သော် ယမန်နေ့ ညပိုင်းကမူ မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းကို ၁ ဂိုး ဂိုးမရှိနှင့် ရှုံးကာ အုပ်စုအဆင့်မှ လှည့်ထွက်ခဲ့ရသည့်အတွက်  မြန်မာ ဘောလုံးပရိသတ်များ ပေါက်ကွဲကာ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်ပင် ဖြစ်ခဲ့ရသည်။ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသည့် ရှုံးနိမ့်မှု၊ ဆူပူမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။     ။ နည်းပြ ပတ်ဆောင်ဟွာက အခုပြိုင်ပွဲစနစ် Head to Head ကို မသိဘူးလို့ သတင်းစာရှင်းလင်းပွဲများမှာ ပြောသွားတယ်၊  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြအကြားမှာ ဒီစနစ်နဲ့ ပတ်သက်ပြီး ဆက်သွယ် ရှင်းလင်းပြောကြားတာမျိုး မရှိဘူးလား။

ဖြေ ။     ။ အဲဒါတော့ မဟုတ်ပါဘူး၊ ဒီ Head to Head စနစ်နဲ့ ပတ်သက်ပြီး အာရှ ဘောလုံးအဖွဲ့ချုပ်ရော၊ ကျနော်တို့ရော ရှိရှိသမျှ အသင်းမှာရှိတဲ့ မြန်မာတာဝန်ခံရော၊ စကားပြန်ရော အကုန်ပြောပြီးပါပြီ။ ပရိသတ် ၃ သောင်းတောင် သိတာ၊ သူမသိဘူး ဆိုတာတော့ ဘယ်လိုဖြစ်နိုင်မလဲ။

မေး။     ။ လူထုတ်ပုံနည်းစနစ်နဲ့ ပတ်သက်ပြီး နည်းပြအဖွဲ့မှာရှိတဲ့ မြန်မာ တာဝန်ခံတွေကရော ထောက်ပြတာမျိုး မရှိဘူးလား။

ဖြေ ။     ။ နည်းပြသဘောထားက သူပဲလုပ်မယ် ဘေးလူ ဘာမှလာမပြောနဲ့၊ ၀င်ရောက်စွက် ဖက်တာကို လုံးဝ လက်မခံတဲ့ လူစားမျိုး၊ ပြောလေ ကန့်လန့်တိုက်လေ လူမျိုး။ ကျနော်တို့ အဖွဲ့ချုပ်ကလည်း စာချုပ်သက်တမ်း ၂ နှစ်နဲ့ ငှားပြီးနေတော့ အားလုံးက သည်းခံပြီး စာချုပ်ကုန်တဲ့အထိ ထားမယ်လို့  ဆုံးဖြတ်လိုက်တာပါ။ လူထုတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတဲ့အတွက်လည်း ကျန်တဲ့ မြန်မာနည်းပြတွေနဲ့ စကားများရတာလည်း အကြိမ်ကြိမ်ပါ။

အခု အင်ဒိုနီးရှားနဲ့ ပွဲမတိုင်ခင်မှာ ကျနော်ကိုယ်တိုင် သူ့ကို ပြောပါတယ်၊ အခုပွဲကို ဗိုလ်လုပွဲလို ကစားဖို့၊ ဘောလုံးဆိုတာ ဘာမဆို ဖြစ်လာနိုင်တဲ့အတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ဖို့ ပြောတယ်၊ စကားပြန်ကတဆင့် “စိတ်ချပါ၊ ဘာမှမဖြစ်ပါဘူး ” လို့ သူက ဖြေတယ်။

ကန်မယ့်နေ့ မနက်မှာလည်း သူတိုနဲ့ တွေ့တော့ “တဖက်အသင်းက ဖောင်ဖျက်တိုက်မှာ၊ မထင်မှတ်တာတွေ ဖြစ်တတ်တယ်၊ ပထမပိုင်း သေချာဖိကစား၊ နှစ်ဂိုးလောက်ရလို့ သေချာပြီဆိုမှ မင်းကြိုက်တာလုပ် ” ဆိုတော့ စိတ်ချပါလို့ ထပ်ကတိပေးတယ်။

ပွဲမစခင်မှာတင် တိုက်စစ်မှူး “ကျော်ကိုကို” ကို မထည့်ဘူး လုပ်ပြန်တယ်၊ ဒါကြောင့် ကျော်ကိုကို ကို ကျနော်ကိုယ်တိုင်ခေါ်ပြီး၊ နည်းပြ ပတ်ဆောင်ဟွာကို ကျေအေးအောင် ကန်တော့ခိုင်းပြီး Line up ထဲထည့်ဖို့ ပြောရတယ်၊ ဒါတောင် ဒုတိယပိုင်းမှ ထည့်တယ်။

ဖိအားတွေနဲ့ ကစားရတော့ ကစားသမားလေးတွေလည်း ဘယ်လိုလုပ်ရတော့မလဲ၊ အခြေအနေကို ကြည့်ပြီးတော့ လူစားထိုးသင့်တာ ထိုးရမယ်လေ။

မေး။     ။ အခုနည်းပြ ပတ်ဆောင်ဟွာကို ထုတ်လိုက်ပြီလား၊ မြန်မာ့ဘောလုံးအသင်းအတွက် ရှေ့ကို ဘာဆက်လုပ်မလဲ။

ဖြေ။     ။ ထုတ်လိုက်ပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့ ဘောလုံးက အများကြီး လုပ်ရမယ်၊ အခြေခံ အဆောက်အအုံတွေ၊နည်းပညာတွေ၊ နိုင်ငံတကာ ပြိုင်ပွဲတွေ အများကြီးလုပ်ရမယ်။ လက်ရွေးစင်အသင်းတခုထဲ ပြုပြင်ဖို့မဖြစ်နိုင်ဘူး၊ ကလပ်အသင်းတွေလည်း ပြုပြင်နိုင်မှဖြစ်မှာ။

ကန်တော့မှ နိုင်ချင်ရုံနဲ့တော့ မရဘူး။ အခုဆိုရင်  U -၁၉၊ U- 22  လည်း အာရှခြေစစ်ပွဲအောင်ပြီးပြီ။ အခုဟာက ရွှေရနိုင်တဲ့ အနေအထားမျိုးရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ၊ ဒီပွဲက မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပဲ၊  ပြည်သူလူထုကလည်း အရမ်းကို မျှော်လင့်နေတဲ့ အချိန်မှာ ဖြစ်သွားတာ၊ ပရိသတ်တွေကို နားလည်ပါတယ်။

မေး။     ။ ဒါဆို တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့  ဒီပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။

ဖြေ။     ။ ဒီပွဲ ရလဒ်နဲ့ ပတ်သက်ပြီး အလုပ်ပျက် အကိုင်ပျက်ခံပြီး လက်မှတ်တန်းစီပြီး ၀ယ်ယူအားပေးတဲ့ မြန်မာ ပရိသတ်ကြီးကို တာဝန်ရှိသူတယောက်အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။     ။

AFF Association of the Year ဆုနှင့်အတူတွေ့ရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် (ဓာတ်ပုံ – themff.org)

ဧရာဝတီ
AFF Association of the Year ဆုနှင့်အတူတွေ့ရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် (ဓာတ်ပုံ – themff.org)
RangonNewsDaily:: December . 17 .2013
ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ
ဝင်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်
ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ်ရရှိအောင်အပြင်းအထန် ပြင်
ဆင် ကြိုးစားခဲ့သည်။

မြန်မာ-အင်ဒိုနီးရှားဘောလုံးပွဲမှ ထိန်းသိမ်းထားသည့်လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့်ပြန်လွှတ်ပေး

မြန်မာ-အင်ဒိုနီးရှားဘောလုံးပွဲမှ ထိန်းသိမ်းထားသည့်လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့်ပြန်လွှတ်ပေး

kolatt(PBDN): December . 17 .2013

၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှမြန်မာအသင်းအား (၁-၀)ဖြင့် အနိုင်ရရှိ
ခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့အားပေးသည့် မြန်မာအသင်းရှုံးနိမ့်သွားသဖြင့်အားမလိုအားမရဖြစ်
ပြီး ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာ
တွင် ပါဝင်သည့် လူငယ်(၉)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တ
ထိန်းသိမ်းထားရှိခဲ့ပါသည်။
::
အဆိုပါလူငယ်များအနေဖြင့် မိမိတို့၏မြန်မာနိုင်ငံဘောလုံးအသင်းအား အနိုင်ရရှိစေလိုသည့်
စိတ်ဖြင့် အားပေးရာမှ အားမလိုအားမရဖြစ်ကာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိသဖြင့်
၁၇.၁၂.၂၀၁၃ရက်နေ့( ၁၈၀၀ )အချိန် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ဓမ္မာရုံတွင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ရန်ကုန်တိုင်ဒေသကြီး
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းဝင်းအေး၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေး၊ ရဲမှူး မြင့်ထွေး(ဦးစီး-၂)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်ထွန်းတို့မှ 
::
၎င်းလူငယ်(၉)ဦးဖြစ်သည့် ညီညီ(ခ) ညီညီအောင်၊ ကျော်ကျော်ထွန်း၊ ငြိမ်းငြိမ်းကျော်၊ သက်ပိုင်ထွေး၊
အောင်ခန့်၊ သန်ဇင်၊ နိုင်ပန်းလှ၊ လင်းထွဋ်ဦးနှင့် ကျော်မိုးလွင်တို့နှင့် အုပ်ထိန်းသူမိဘ(၁၅)ဦးတို့အား ခေါ်ယူတွေ့ဆုံ၍ တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးမှ ရဲတပ်ဖွဲ့သည်လည်းပြည်သူကြားကပေါက်ဖွားလာသော တပ်ဖွဲ့ဝင်များဖြစ်ပြီး ပြည်သူအကျိုးစီးပွားကို စောင့်ရှောက်နေသူများ
ဖြစ်ကြောင်း၊ 
::
အဆိုပါလူငယ်များအနေဖြင့် စိတ်ခံစားမှုကိုရှေ့တန်းတင်ပြီးဒေါသအလျောက် နောက်နောင်တွင်ယခု
ကဲ့သို့ ဥပဒေမဲ့ရမ်းကားမှုများ မပြုလုပ်ရန်နှင့် နိုင်ငံကြီးသား ပီသစွာပြုမူကျင့်ကြံနေထိုင်သွားကြရန်
ပြောဆိုဆုံးမပြီး ခံဝန်သတိပေးလက်မှတ်ရေးထိုး အရေးယူကာမြန်မာနိုင်ငံဘောလုံအဖွဲ့
ချုပ်ဥက္ကဌနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့ကိုယ်တိုင် မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်
အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

့Yangon Police ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: December . 17 .2013
၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန်အင်ဒိုနီးရှားအသင်းမှမြန်မာအသင်းအား(၁-၀)ဖြင့် အနိုင်ရရှိ ခဲ့ရာပရိတ်
သတ်အချို့မှ ၎င်းတို့အားပေးသည့် မြန်မာအသင်းရှုံးနိမ့်သွားသဖြင့်အားမလိုအားမရဖြစ်ပြီး ဖျက်ဆီးမှုအချို့ပြု
လုပ်ခြင်း၊

ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည်

Photo: ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည်
Tuesday, December 17, 2013

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။

နောက်ကွယ်က စေခိုင်းသည်ဟု ဆိုသူ စောတဝါးကို အမှန်တကယ် ဟုတ်မှန်ခြင်းရှိ မရှိ စောထွန်းထွန်းကို မေးမြန်းစစ် ဆေးပြီး အမှန်တကယ် နောက်ကွယ်က စေခိုင်းခြင်းမှန်လျှင် စောတဝါးကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီ ဖော်ထုတ် ဖမ်းဆီးသွားမည် ဖြစ်ကာ လက်ရှိတွင် စောတဝါးကို ဖမ်းဆီးထားခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တောင်ငူခရိုင် တပ်မဟာ (၃) အကူအညီဖြင့် ဖမ်းဆီး ရရှိထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် လယ်ဝေးမြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မီးရထား ရဲတပ်သားတစ်ဦးနှင့် ညောင်လေးပင်မြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးပေါ်ပေါက်ချက် များအရ စုံစမ်းသိရှိရသည်။

တောင်ငူမြို့ ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို ငွေကျပ် ၂၀,၀၀၀ ပေးပြီး ခိုင်းစေသူကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟိုမှ ဥက္ကဋ္ဌ ဖဒိုစောရော်ဂျာခင်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောဖောဒိုနှင့် အဖွဲ့ဝင် ဖဒိုစောအယ်ကလူဆေးတို့ ပါဝင်သော ပူးပေါင်းစုံစမ်း ဖော်ထုတ်ရေး ကော်မတီကို နိုဝင်ဘာလ အတွင်း ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

"စောတဝါးကို လက်ရှိမှာ ဖမ်းဆီးထားခြင်း မရှိသေးပါဘူး။ အကြမ်းဖက် ဖောက်ခွဲမှုတွေကို ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ လက်သင့်မခံပါဘူး။ သူက ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ ထဲမှာတော့ ရှိနေတယ်ဆိုတာ ဝန်ခံပါတယ်" ဟု အဆိုပါအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောဖောဒိုက ဆိုသည်။

မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ခုနစ်ရက်တာကာလ အတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: December . 17 .2013
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု
 ဖြစ်ပွားပြီးနောက်သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါးတို့ကိုဖမ်းဆီးနိုင်ရေး
 အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်

ရုရှားဒုံးကျည်များ ဖြန့်ကျက်ချထားမှုကြောင့် စိုးရိမ်မှုများ မြင့်တက်လာ

Photo: ရုရှားဒုံးကျည်များ ဖြန့်ကျက်ချထားမှုကြောင့် စိုးရိမ်မှုများ မြင့်တက်လာ
Tuesday, December 17, 2013

မော်စကိုအစိုးရက တနင်္လာနေ့တွင် အတည်ပြု ကြေညာခဲ့သော ဒုံးကျည်များ ဖြန့်ကျက်ချထားမှု သတင်းထုတ်ပြန်ချက်ကြောင့် အမေရိကန်ကဲ့သို့ပင် ရုရှား၏အိမ်နီးချင်း ဘောလ်တစ်ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် ပိုလန်၊ အက်စတိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားတို့ကလည်း စိုးရိမ်ပူပန်မှုများ ရှိလာ

ရုရှားနိုင်ငံက နျူကလီးယားထိပ်ဖူး သယ်ဆောင်ပစ်ခတ်နိုင်သော အစ်ကန်ဒါဒုံးကျည်များကို ဥရောပနယ်စပ်တွင် ဖြန့်ကျက်ချထားလိုက်သည့်နောက် အမေရိကန်အစိုးရနှင့် ရုရှားအိမ်နီးချင်း နိုင်ငံများကြား စိုးရိမ်မှုများ ရှိလာကြောင်း သိရသည်။ ရုရှားသည် အမေရိကန် ဦးဆောင်သော အငြင်းပွားဖွယ် လေကြောင်းကာကွယ်ရေးစနစ်ကို တုံ့ပြန်သည့်အနေဖြင့် အစ်ကန်ဒါဒုံးကျည်များကို ဖြန့်ကျက်ထားလိုက်ခြင်းဟုဆိုသည်။ အကွာအဝေး မိုင်ပေါင်း ၃၁၀ အထိ ရောက်ရှိနိုင်သော နည်းပညာမြှင့်တင်ထားသည့် အဆိုပါဒုံးကျည်မှာ မြေပြင်မှ ရေဒါဖြင့် ထောက်လှမ်းခြင်းနှင့် NATO ၏ ဒုံးကျည်ကြားဖြတ် ဟန့်တားစနစ်တို့ကို ရှောင်ကွင်းနိုင်သည်။

မော်စကိုအစိုးရက တနင်္လာနေ့တွင် အတည်ပြု ကြေညာခဲ့သော ဒုံးကျည်များ ဖြန့်ကျက်ချထားမှု သတင်းထုတ်ပြန်ချက်ကြောင့် အမေရိကန်ကဲ့သို့ပင် ရုရှား၏အိမ်နီးချင်း ဘောလ်တစ်ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် ပိုလန်၊ အက်စတိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားတို့ကလည်း စိုးရိမ်ပူပန်မှုများ ရှိလာသည်။ ရုရှား အနေဖြင့် ဒေသတွင်း မတည်မငြိမ် ဖြစ်စေမည့် ဆောင်ရွက်မှုများကို ဆက်လက် မပြုလုပ်ရန် အမေရိကန်အစိုးရ ပြောခွင့်ရအမျိုးသမီး မာရီ ဟတ်ဖ်က ပြောကြားလိုက်သည်။ ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ရုရှား၏ ဒုံးကျည်ဖြန့်ကျက်မှုကို စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားသည်။ ထို့အတူ လတ်ဗီးယား ကာကွယ်ရေးဝန်ကြီးဌာနက ရုရှား၏ ယခုဆောင်ရွက်မှုမှာ ဘောလ်တစ်ဒေသတွင်း နိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဟု သုံးသပ်ခဲ့သည်။

ရုရှားသည် ၎င်း၏ အစ်ကန်ဒါဒုံးကျည် ၁၀ စင်းခန့်ကို ပိုလန်နှင့် လစ်သူယေးနီးယား နှစ်နိုင်ငံကြား ဒေသတွင် ဖြန့်ကျက်ထားခဲ့ကြောင်း ဂျာမန်သတင်းစာ Bild က အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။ ရုရှားစစ်ဘက် ထိပ်တန်းအရာရှိကမူ ဒုံးကျည်များ ဖြန့်ကျက်ချထားမှုကို အတည်ပြုခဲ့သော်လည်း ထိုသို့ ဆောင်ရွက်ခြင်းမှာ နိုင်ငံတကာ သဘောတူစာချုပ်များကို ဖောက်ဖျက်ခြင်း မဟုတ်ကြောင်း၊ အနောက်အုပ်စုကိုလည်း ဆန့်ကျင်ခြင်း မဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။ ရုရှားအစိုးရသည် ဥရောပအရှေ့ပိုင်း ဒေသတွင် ဖြန့်ကျက်ထားသော NATO ၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တုံ့ပြန်သည့်အနေဖြင့် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ ချထားမည်ဟု ၂၀၁၁ ခုနှစ်အတွင်းက သတိပေးခဲ့ဖူးသည်။

Planet Myanmar Network

RangonNewsDaily:: December . 17 .2013
ရုရှားနိုင်ငံက နျူကလီးယားထိပ်ဖူး သယ်ဆောင်ပစ်ခတ်နိုင်သော အစ်ကန်ဒါဒုံးကျည်များကို ဥရောပနယ်စပ်
တွင် ဖြန့်ကျက်ချထားလိုက်သည့်နောက် အမေရိကန်အစိုးရနှင့် ရုရှားအိမ်နီးချင်း နိုင်ငံများကြား စိုးရိမ်မှုများ ရှိလာကြောင်း သိရသည်။

ထိုင်းအတိုက်အခံတို့ ရွေးကောက်ပွဲဝင်သင့် မဝင်သင့် သဘောထားကွဲလွဲ