Pages

Tuesday, December 17, 2013

မြန်မာ-အင်ဒိုနီးရှားဘောလုံးပွဲမှ ထိန်းသိမ်းထားသည့်လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့်ပြန်လွှတ်ပေး

မြန်မာ-အင်ဒိုနီးရှားဘောလုံးပွဲမှ ထိန်းသိမ်းထားသည့်လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့်ပြန်လွှတ်ပေး

kolatt(PBDN): December . 17 .2013

၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှမြန်မာအသင်းအား (၁-၀)ဖြင့် အနိုင်ရရှိ
ခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့အားပေးသည့် မြန်မာအသင်းရှုံးနိမ့်သွားသဖြင့်အားမလိုအားမရဖြစ်
ပြီး ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာ
တွင် ပါဝင်သည့် လူငယ်(၉)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တ
ထိန်းသိမ်းထားရှိခဲ့ပါသည်။
::
အဆိုပါလူငယ်များအနေဖြင့် မိမိတို့၏မြန်မာနိုင်ငံဘောလုံးအသင်းအား အနိုင်ရရှိစေလိုသည့်
စိတ်ဖြင့် အားပေးရာမှ အားမလိုအားမရဖြစ်ကာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိသဖြင့်
၁၇.၁၂.၂၀၁၃ရက်နေ့( ၁၈၀၀ )အချိန် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ဓမ္မာရုံတွင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ရန်ကုန်တိုင်ဒေသကြီး
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းဝင်းအေး၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေး၊ ရဲမှူး မြင့်ထွေး(ဦးစီး-၂)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်ထွန်းတို့မှ 
::
၎င်းလူငယ်(၉)ဦးဖြစ်သည့် ညီညီ(ခ) ညီညီအောင်၊ ကျော်ကျော်ထွန်း၊ ငြိမ်းငြိမ်းကျော်၊ သက်ပိုင်ထွေး၊
အောင်ခန့်၊ သန်ဇင်၊ နိုင်ပန်းလှ၊ လင်းထွဋ်ဦးနှင့် ကျော်မိုးလွင်တို့နှင့် အုပ်ထိန်းသူမိဘ(၁၅)ဦးတို့အား ခေါ်ယူတွေ့ဆုံ၍ တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးမှ ရဲတပ်ဖွဲ့သည်လည်းပြည်သူကြားကပေါက်ဖွားလာသော တပ်ဖွဲ့ဝင်များဖြစ်ပြီး ပြည်သူအကျိုးစီးပွားကို စောင့်ရှောက်နေသူများ
ဖြစ်ကြောင်း၊ 
::
အဆိုပါလူငယ်များအနေဖြင့် စိတ်ခံစားမှုကိုရှေ့တန်းတင်ပြီးဒေါသအလျောက် နောက်နောင်တွင်ယခု
ကဲ့သို့ ဥပဒေမဲ့ရမ်းကားမှုများ မပြုလုပ်ရန်နှင့် နိုင်ငံကြီးသား ပီသစွာပြုမူကျင့်ကြံနေထိုင်သွားကြရန်
ပြောဆိုဆုံးမပြီး ခံဝန်သတိပေးလက်မှတ်ရေးထိုး အရေးယူကာမြန်မာနိုင်ငံဘောလုံအဖွဲ့
ချုပ်ဥက္ကဌနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့ကိုယ်တိုင် မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်
အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

့Yangon Police ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: December . 17 .2013
၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန်အင်ဒိုနီးရှားအသင်းမှမြန်မာအသင်းအား(၁-၀)ဖြင့် အနိုင်ရရှိ ခဲ့ရာပရိတ်
သတ်အချို့မှ ၎င်းတို့အားပေးသည့် မြန်မာအသင်းရှုံးနိမ့်သွားသဖြင့်အားမလိုအားမရဖြစ်ပြီး ဖျက်ဆီးမှုအချို့ပြု
လုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပါဝင်သည့် လူငယ်(၉)ဦးအား လုံခြုံ
ရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်းထားရှိခဲ့ပါသည်။
::
အဆိုပါလူငယ်များအနေဖြင့် မိမိတို့၏မြန်မာနိုင်ငံဘောလုံးအသင်းအားအနိုင်ရရှိစေလိုသည့်စိတ်ဖြင့် အား
ပေးရာမှ အားမလိုအားမရဖြစ်ကာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိသဖြင့်၁၇.၁၂.၂၀၁၃ရက်နေ
့( ၁၈၀၀ )အချိန် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ဓမ္မာရုံတွင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ရန်ကုန်တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ ဒုတိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းဝင်းအေး၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေး၊ ရဲ
မှူး မြင့်ထွေး(ဦးစီး-၂)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်ထွန်း
တို့မှ
::
၎င်းလူငယ်(၉)ဦးဖြစ်သည့် ညီညီ(ခ) ညီညီအောင်၊ ကျော်ကျော်ထွန်း၊ ငြိမ်းငြိမ်းကျော်၊ သက်ပိုင်ထွေး၊အောင်
ခန့်၊ သန်ဇင်၊ နိုင်ပန်းလှ၊ လင်းထွဋ်ဦးနှင့် ကျော်မိုးလွင်တို့နှင့် အုပ်ထိန်းသူမိဘ(၁၅)ဦးတို့အား ခေါ်ယူတွေ့ဆုံ
၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှရဲတပ်ဖွဲ့သည်လည်းပြည်သူကြားကပေါက်ဖွားလာသော တပ်ဖွဲ့ဝင်များဖြစ်ပြီး
 ပြည်သူအကျိုးစီးပွားကို စောင့်ရှောက်နေသူများဖြစ်ကြောင်း၊
::
အဆိုပါလူငယ်များအနေဖြင့်စိတ်ခံစားမှုကိုရှေ့တန်းတင်ပြီးဒေါသအလျောက် နောက်နောင်တွင်ယခုကဲ့သို့ 
ဥပဒေမဲ့ရမ်းကားမှုများမပြုလုပ်ရန်နှင့် နိုင်ငံကြီးသားပီသစွာပြုမူကျင့်ကြံနေထိုင်သွားကြရန်ပြောဆိုဆုံးမပြီး
ခံဝန်သတိပေးလက်မှတ်ရေးထိုး အရေးယူကာမြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်ဥက္ကဌနှင့် တိုင်းဒေသကြီးရဲတပ်
ဖွဲ့မှူးတို့ကိုယ်တိုင် မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

့Yangon Police ::--kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment