Pages

Tuesday, December 17, 2013

နိုင်ငံနှင့် ပြည်သူများအား လိမ်လည် လှည့်ဖြားနေသည့် အကျင့်ဟောင်းများကို ပညာရေးဝန်ကြီးဌာန စွန့်လွှတ်ချိန် တန်ပြီဟုဆို

RangonNewsDaily:: December . 17 .2013
ပညာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံနှင့် ပြည်သူများအား လိမ်လည်လှည့် ဖြားနေသည့် အကျင့်ဟောင်း များ

ကို စွန့်လွှတ်ချိန်တန်ပြီဖြစ် ကြောင်း တက္ကသိုလ်ဆရာ၊ဆရာမများအသင်းက ပြောကြားလိုက် သည်။ယင်းကဲ့
သို့ပြောကြားခြင်းမှာလက်ရှိတက္ကသိုလ်များ ရှိအ ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်
ထား ရှိတော့မည်ဖြစ်သည့်အတွက်တချို့အဆောင်များတွင်ဆရာများအား ပြောင်းရွှေ့ခိုင်းနေရာ ဆရာ ဆရာ
မများ မှာနေရေး၊ ထိုင်ရေး အခက် အခဲ များဖြစ်ပေါ် နေကြောင်း သိရသည်။
ယင်းကဲ့ သို့ဖြစ်ပေါ်နေသည့်အတွက် တက္က သိုလ်ဆရာ၊ ဆရာမများအသင်း က အရေးပေါ်ကြေညာချက်တစ် ခုကို ဒီဇင်ဘာ၁၃ရက်ကထုတ် ပြန်ခဲ့ရာ ယင်းကြေညာချက်၏ နောက်ဆုံးအချက် တစ်ခုအနေ ဖြင့် ပညာရေး
ဝန်ကြီးဌာနအနေ ဖြင့်တိုင်းပြည်နှင့်ပညာရေးလောကအပေါ် စေတနာမှန်ပါကဆရာ၊ဆရာမများနှင့်ဝန်ထမ်း
များဘဝ ၏အခြေအနေအမှန်များကိုမျက်ကွယ်ပြုကာ ဟန်ပြအလုပ်၊ဗန်းပြအလုပ်များလုပ်ကာ နိုင်ငံ နှင့် ပြည်
သူများကို လိမ်လည်လှည့် ဖြားနေ သော အကျင့်ဟောင်း များကို အပြီးတိုင်စွန့်လွှတ်ချိန်တန် ပြီဖြစ်ကြောင်း 
တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းက သဘော ထားထုတ်ပြန်ခဲ့ကြောင်း သိရ သည်။

''ကျောင်းသားတွေပြန်ထား မယ်ဆိုပြီး တစ်ပတ်အလိုမှာ အ ကုန်လုံးဖယ်ကြ၊ ဖယ်ကြဆိုပြီး နေရာရွှေ့ခိုင်း
ခဲ့

တယ်။ သူတို့ပြော တာ မူလပိုင်ရှင်ကျောင်းသားတွေ ပြန်ပေးတာ ဟုတ်ပြီ။ ဆရာတွေ ကျတော့ ဘယ်လိုလုပ်
မှာလဲ။ သူ တို့ရဲ့စီမံ ခန့်ခွဲမှု က အင်မတန်အံ့ ဩစရာ၊ တုန်လှုပ်စရာ၊ ဝမ်းနည်း စရာကောင်းပါတယ်။ အခုနာ မည်ကောင်းလိုချင်လို့ စီမံတာ ပ ရမ်းပတာဖြစ်ကုန်တယ်။

 ရွှေဘိုနဲ့ဒဂုံကိုမိန်းကလေးတွေထားတာ သမိုင်းကိုဖျက်တာဖြစ်သလို ပညာ ရေးဝန်ကြီး ဌာနက စီမံတာတွေ
 က တော်တော်စိတ်ပျက်ဖို့ကောင်းတယ်ဆိုတာကို ပြောချင်တယ်''ဟုဒဂုံတက္ကသိုလ်ဆရာများအသင်းအတွင်း
ရေးမှူးဦးဇော်မျိုး လှိုင်က ပြောသည်။

၁၉၉၆ခုနှစ်မှစ၍ ကျောင်း သားအဆောင်များကိုပိတ်ထား ခဲ့ပြီး ဆောက်လုပ်ခဲ့ပြီးသော တက္ကသိုလ်များတွင်

လည်း ဆရာ များနေထိုင်ရန် စီစဉ်ထားရှိခြင်း များမရှိဘဲ ကျောင်းသားအဆောင် များတွင်သာ နေရာချထား
ခဲ့ ကြောင်း၊ လက်ရှိ အချိန်တွင် ကျောင်း သားများနေထိုင်ရန်အတွက် ဆရာများကို ရွှေ့ပြောင်းခိုင်းသည့် အ
တွက် ဆရာများမှာ နေထိုင် ရေးအခက်အခဲဖြစ်လျက်ရှိ ကြောင်း သိရသည်။

တက္ကသိုလ်ဆရာအသင်း ဥက္ကဋ္ဌဦးသန်းထိုက်အောင်က ''အ ခုအဆောင်တွေမှာ ကျောင်းသား တွေကိုထား

မယ့်ပုံစံတွေက ဘာ တွေမှန်းမသိဘူး။ ကျွန်တော် တို့ အရှေ့ပိုင်းမှာဆိုရင် အရင် က အိုင်အာလ်ဌာနကို စာ
သင် ဆောင်တွေဆီပို့တယ်။ အိုင်အာလ် ဌာနမှာ မိန်းကလေးဆောင်လုပ် တယ်။ 

 အဲ့ဒီအဆောင်တွေကို ခြံ စည်းရိုးတွေခတ်တယ်။ ဒါတွေ က မဖြစ်သင့်တာတွေပါ။ တက္ကသိုလ် တွေဆိုတာ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာရမယ်။ ပညာ ဆည်းပူးရမယ့်နေရာ တွေပါ'' ဟု ပြောသည်။

တက္ကသိုလ်တစ်ခုတည် ဆောက်မည်ဆိုပါက တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင် ဆောင်၊ အားကစား

ရုံ၊ ဆရာ များအဆောင်နှင့် ကျောင်းသား အဆောင်များစီမံထားရှိရမည်ဖြစ် သော်လည်း ယင်းကဲ့သို့ ပြည့်စုံ မှုသည် တက္ကသိုလ် တစ်ခုတည်း တွင် သာရှိကြောင်း၊ ကျန်တက္က သိုလ်များတွင်မရှိကြောင်း သိရ သည်။

The Yangon Times , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment