Pages

Thursday, April 25, 2013

ပိုမိုရှုပ်ထွေးလာတဲ့ Boston ဗုံးပေါက်ကွဲမှု သတင်း

ပိုမိုရှုပ်ထွေးလာတဲ့ Boston ဗုံးပေါက်ကွဲမှု သတင်းအကျဉ်း
----------------------------------------------------------
၂၅၊ ဧပြီ
Moon & Star 24-7 News Channel

ဘော်စတွန်ဗုံးပေါက်ကွဲမှု သံသယရှိသူ နှစ်ဦး၏ မိခင်ဖြစ်သူက လွန်ခဲတဲ့ ၁၀ နှစ်က အမေရိကန်ကိုပြောင်းရွှေ့ မိသည့်အတွက် နောင်တရမိကြောင်းပြောကြားခဲ့သည်။
Dagestan တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိခင်ဖြစ်သူ Zubeidat Tsarnaev က အမေရိကန်သည် သူမ၏ကလေးနှစ်ဦးအား သူမထံမှ ယူဆောင်သွားကြောင်းပြောကြားခဲ့သည်။
ထို့ အပြင် သူမ၏ကလေးနှစ်ဦးမှာ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းကို ထပ်လောင်းပြောကြားခဲ့သည်။
သူမက"ကျွန်မ အမေရိကန်မှာနေဖို့ ဆန္ဒမရှိပဲ ဘာလို့ သွားဖြစ်လည်း မသိတော့ပါဘူး၊ အမေရိကန်က ကျွန်မတို့ ကို အကာကွယ်ပေးမယ်လို့ ထင်ခဲ့တာ၊ ကျွန်မကလေးတွေက ဘယ်နည်းနဲ့ မှ ပါဝင်မပတ်သတ်ဘူးဆိုတာ သေချာပါတယ်"ဟု Dagestan တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ သူမ၏ ၂၆ နှစ်အရွယ်ရှိ သားကြီး Tamerlan Tsarnaev သည် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် ရဲတပ်ဖွဲ့ ၏ပစ်ခတ် သတ်ဖြတ်ချင်းကို ခံခဲ့ရသည်။ အသက် ၁၉ နှစ်အရွယ်ရှိ သားငယ် Dzhokhar Tsarnaev သည် ဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည်။ 
သံသယရှိသူ နှစ်ဦး၏ ဖခင်ဖြစ်သူ Anzor Tsarnaev က ကြာသာပတေး သို့ မဟုတ် သောကြာတစ်ရက်ရက်တွင် အမေရိကန်သို့ သွားရောက်မည်ဖြစ်ပြီး မိမိတို့ မိသားစု အနေဖြင့် သေဆုံးသွားသူ၏ ရုပ်အလောင်းအား ရုရှားသို့ ပြန်လည်သယ်ယူလိုကြောင်းပြောကြားခဲ့ သည်။
Ref: BBC
(((Moon & Star 24-7 News Channel)))

၂၅၊ ဧပြီ
ဘော်စတွန်ဗုံးပေါက်ကွဲမှု သံသယရှိသူ နှစ်ဦး၏ မိခင်ဖြစ်သူက လွန်ခဲတဲ့ ၁၀ နှစ်က အမေရိကန်ကိုပြောင်းရွှေ့ မိသည့်အတွက် နောင်တရမိကြောင်းပြောကြားခဲ့သည် Dagestan တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိခင်ဖြစ်သူ Zubeidat Tsarnaev က အမေရိကန်သည် သူမ၏ကလေးနှစ်ဦးအား သူမထံမှ ယူဆောင်သွားကြောင်းပြောကြားခဲ့သည်။

ဗြိတိန်မင်းသား ဟယ်ရီ သြစတြေးလျတပ်၌ ပူးတွဲတာဝန်ထမ်းဆောင်မည်

ဗြိတိန်မင်းသား ဟယ်ရီ သြစတြေးလျတပ်၌ ပူးတွဲတာဝန်ထမ်းဆောင်မည်
Thursday ,April25 ,2013

တော်ဝင်မင်းသားဟယ်ရီ သြစတြေးလျစစ်တပ်၌ ပူးတွဲတာဝန်ထမ်းဆောင်ရန်အတွက် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

အိမ်ရှေ့မင်းသား ချားလ်စ်၏ သားတော် ၂၈-နှစ်အရွယ်ရှိ မင်းသားဟယ်ရီသည် သြစတြေးလျ စစ်တပ်တွင် ၆-လတာခန့် တပ်ဖွဲ့တစ်ခုခု၌ တရားဝင် ဝင်ရောက်လျက်ဖြစ်စေ၊ လေ့လာသူ တစ်ဦးအနေဖြင့်ဖြစ်စေ တာဝန်ထမ်းဆောင်ရန် စီစဉ်လျက်ရှိကြောင်း ကြာသပတေးနေ့ထုတ် နယူးစ်လိမိတက်သတင်းစာတွင် ရေးသား   ဖော်ပြထားသည်။.
 
တော်ဝင်အမှုထမ်းများနှင့် လုံခြုံရေးအရာရှိများက တော်ဝင်မင်းသားတစ်ဦးအား တာဝန်ထမ်းဆောင် ခွင့်ပေးခြင်းမှာ စွန့်စားရာရောက်ကြောင်း၊ တင်ပြချက်အရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မင်းသား တာဝန်ထမ်းဆောင်မည့် ကာလ ၆-လတာကာလအတွက် အသေအချာ စီမံဆောင်ရွက် ရှိကြောင်းကိုလည်း ဖော်ပြပါရှိသည်။
 
မင်းသား၏ လန်ဒန်ကလဲရင့်စ် အိမ်တော်ဝန်ထမ်းများ၊ ဗြိတိသျှတပ်မတော်နှင့် သြစတြေလျ တပ်မတော်တို့မှ သက်ဆိုင်ရာအရာရိများသည် တာဝန်ထမ်းဆောင်မည့် အချိန်ကာလ နှင့် နေရာဌာနများအတွက် အသေးစိတ်စီစဉ်နေကြောင်းကိုလည်း သိရသည်။
 
အေအက်ဖ်ပီ သတင်းဌာန၏ မေးမြန်းချက်ကို သြစတြေလျကာကွယ်ရေးဌာနမှ အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုဘဲ ကလဲရင့်စ် အိမ်တော်သို့ ဆက်သွယ်မေးမြန်းရန် လမ်းလွှဲပေးခဲ့ ကြောင်းကိုလည်း သိရသည်။
 
သတင်းစာ၏ ဖော်ပြချက်အရ မင်းသားသည် တော်ဝင်မြင်းတပ်တပ်ရင်းမှ ဗိုလ်ကြီး အဆင့်ရှိ အရာရှိတစ်ဦးဖြစ်ပြီး အာဖဂန်နစ်စတန်တွင် ၂-ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုလည်း သြစတြေးလျစစ်သားများနှင့်အတူပူးတွဲ တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်လျက် ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

မင်းသားဟယ်ရီသည် တာဝန်ထမ်းဆောင်ရာမှ ဇန်နဝါရီလအတွင်းက အိမ်သို့ပြန်ရောက်လာပြီး၊ အာဖဂန်နစ္စတန်တွင် အပါချီ ဟယ်လီကော့ပတာတွဲဖက် ပိုင်းလော့ အဖြစ်တာဝန်ထမ်းဆောင်စဉ် သူ၏ ကွန်ပြူတာဂိမ်း ကျွမ်းကျင်မှုအားဖြင့် တာလီဘန်များကို သတ်ဖြတ်ရာတွင် ပိုမို စွမ်းဆောင် နိုင်ခဲ့ကြောင်း ပြောဆိုသဖြင့် မကျေနပ်မှုအငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်းကိုလည်း သိရသည်။

 
သတင်း- ဘန်ကောက်ပို့စ် အွန်လိုင်း
ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup on 25 Apr, 2013
http://myitmakhamediagroup.com/detail.php?newid=4474

Thursday ,April25 ,2013

တော်ဝင်မင်းသားဟယ်ရီ သြစတြေးလျစစ်တပ်၌ ပူးတွဲတာဝန်ထမ်းဆောင်ရန်အတွက် စီစဉ် ဆောင်ရွက်နေ
ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။ အိမ်ရှေ့မင်းသား ချားလ်စ်၏ သားတော် ၂၈-နှစ်အရွယ်ရှိ မင်းသားဟယ်ရီသည် သြစတြေးလျစစ်တပ်တွင် ၆-လတာခန့်တပ်ဖွဲ့တစ်ခုခု၌တရားဝင်ဝင်ရောက်လျက်
ဖြစ်စေ၊ လေ့လာသူ တစ်ဦးအနေဖြင့်ဖြစ်စေတာဝန်ထမ်းဆောင်ရန်စီစဉ်လျက်ရှိကြောင်း ကြာသပတေးနေ့
ထုတ် နယူးစ်လိမိတက်သတင်းစာတွင် ရေးသား ဖော်ပြထားသည်။.

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံ သွားမည်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံ သွားမည်

ပီတာအောင်- DVB - ၂၅-ဧပြီ- ၂၀၁၃

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီမိုကရေစီရေး အားပေးဖို့ လာမယ့် မေလနှောင်းပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ဂျပန်သတင်းဌာနတွေမှာ ရေးသားဖော်ပြကြပါတယ်။

မေ ၂၅ နဲ့ ၂၆ ရက်တွေမှာ သွားရောက်မှာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆက်လက်ဖွံဖြိုးတိုးတက်စေဖို့၊ အိုဒီအေလို့ ခေါ်တဲ့ ပြည်ပ အထောက်အပံ့တွေပေးရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အဦတွေ တိုးတက်ရေးမှာ ဂျပန်အစိုးရအနေနဲ့ အကူအညီပေးဖို့ ရည်ရွယ်ချက်တွေရှိကြောင်း အသိပေးဖွယ်ရှိတယ်လို့ ဂျပန်တိုင်းမ်သတင်းစာမှာ ရေးပါတယ်။

ဒါ့ပြင် မြန်မာလူနည်းစုတိုင်းရင်းသားတွေအတွက် စာသင်ကျောင်းတွေ ဆောက်လုပ်ပေးတာ၊ စိုက်ပျိုးရေးနည်းပညာတွေ ပံ့ပိုးပေးတာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရရင် တခြားအကူအညီနဲ့ အထောက်အပံ့တွေ တိုးမြှင့်ပေးမယ့် အစီအစဉ်တွေလည်း ကြေညာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးကျွမ်းကျင်တဲ့ ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာ မစ္စတာ တာနာဘဲ ခေါ် ဦးရွှေဘက “၀န်ကြီးချုပ်အာဘေး မြန်မာပြည်ကိုသွားမယ်ဆိုရင်တော့ ဆက်ပြီးတော့ ဂျပန်က အိုဒီအေပေးမယ်၊ အခြေခံအဆောက်အဦတွေ ဂျပန်ကအကူအညီတွေပေးမယ်။ အပြန်အလှန်သဘောမဟုတ်ပေမယ့် ဒီလိုလုပ်ခြင်းအားဖြင့် ဂျပန်စီးပွားရေုးလုပ်ငန်းတွေ မြန်မာပြည်ကိုလာရင် ပိုအဆင်ပြေအောင် လုပ်စေချင်တဲ့စိတ် ဂျပန်ဝန်ကြီးချုပ်စိတ်ထဲ ရှိမယ်ထင်တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လာတယ်။ ဂျပန်မှာ ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဆွေးနွေးတော့လည်း မြန်မာပြည်မှာလိုအပ်နေတာ ဒါတွေပါဆိုပြီး ပြောပြတော့ ဒါကို ဂျပန်အစိုးရအနေနဲ့ စိတ်ထဲမှာထားပြီးတော့ ဆက်ပြီးတော့ မြန်မာပြည်ကို ကူညီပေးဖို့ရှိတယ်။ ကျနော်အနေနဲ့ အဲသလိုပဲ မျှော်လင့်ပါတယ်။”

ကျိုဒိုသတင်းတပုဒ်မှာတော့ ရှင်ဇိုအာဘေးရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ အကျိုးဖြစ်စေလိမ့်မယ်လို့ ဂျပန်အစိုးရ တာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားရေးပါတယ်။

တကယ်တော့ လာမယ့် မေ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီးအစည်းအဝေးပွဲ ဆိုးလ်မြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် လတ်တလော ဒီနိုင်ငံတွေအကြား ဆန်ကကုကျွန်းပိုင်ဆိုင်မှု အငြင်းပွားမှု ပြဿနာတွေရှိနေတဲ့အတွက် ဆွေးနွေးပွဲ ပျက်သွားပြီး မြန်မာခရီးစဉ်သွားရောက်ဖို့ ဂျပန်ဝန်ကြီးချုပ်က စီစဉ်ခဲ့တာပါ။

ဂျပန်ဝန်ကြီးချုပ်ဟာ မြန်မာခရီးစဉ်အတွင်း ပြီးခဲ့တဲ့သီတင်းပတ်က ဂျပန်နိုင်ငံကို သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဂျပန်အစိုးရကတော့ တရားဝင်ထုတ်ပြန် ကြေညာထားတာ မရှိသေးပါဘူး။ အကယ်၍ ခရီးစဉ်အထမြောက်ခဲ့ရင်တော့ ဒါဟာ ၁၉၇၇ ခုနှစ်က ဂျပန်ဝန်ကြီးချုပ် တာကီအိုဖူကူဒါ သွားရောက်ခဲ့ပြီးနောက် ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ် တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်မှုလည်း ဖြစ်ပါတယ်။

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > DVB TV News<<Thank

၂၅-ဧပြီ- ၂၀၁၃

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီမိုကရေစီရေးအားပေးဖို့ လာမယ့်
မေလနှောင်းပိုင်းမှာမြန်မာနိုင်ငံကိုသွားရောက်ဖို့ရှိတယ်လို့ ဂျပန်သတင်းဌာနတွေမှာ ရေးသားဖော်ပြကြပါ
တယ်။

ကျောက်ဆည်မြို့မှာ မှတ်ပုံတင်တွေထုတ်ပေးနေသော်လည်း အစ္စလာမ်ဘာသာဝင်များကို ထုတ်မပေး

ကျောက်ဆည်မြို့မှာ မှတ်ပုံတင်တွေထုတ်ပေးနေသော်လည်း အစ္စလာမ်ဘာသာဝင်များကို ထုတ်မပေး 
=================================


ယနေ့ ( ၂၃-၄-၂၀၁၃ ) မနက် ၁၀ နာရီအချိန်က ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်၊ ရပ်ကွက်ရုံးမှာ မှတ်ပုံတင်များ ပြုလုပ်ပေးရန် စာရင်းကောက်ခံနေကြောင်း သတင်းရရှိပါတယ်။

“ဟုတ်ပါတယ်။ ကျနော်တို့ မွတ်စလင်မ်တွေလည်း မှတ်ပုံတင်ထုတ်ပေးနေတယ်ဆိုလို့ ၀မ်းသာအားရနဲ့ ရပ်ကွက်ရုံးကို သွားကြပါတယ်။ ရုံးရောက်တော့ အိမ်ထောင်စုဇယားနဲ့ မိဘမှတ်ပုံတင်တွေ ယူခဲ့ရမယ်ဆိုလို့ အိမ်ပြန်ပြီး သွားယူခဲ့ရပါသေးတယ်” ဟု ကျောက်ဆည်ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

“ရပ်ကွက်ရုံးမှာ စာရေးမတစ်ယောက်က မျက်နှာထား တင်းမာစွာဖြင့် ပြောပါတယ်။ မှတ်ပုံတင် လုပ်ပေးတာက ဗမာတွေကိုပဲ လုပ်ပေးတာ၊ မွတ်စလင်မ်တွေ မပါဘူးဆိုပြီး ကြမ်းတမ်းစွာဖြင့် ပြောဆိုခဲ့ပါတယ်”ဟု အခြားကျောက်ဆည်ဒေသခံတစ်ဦးက အလင်းမျက်ဝန်းသို့ သတင်းပေးပို့ခြင်း ဖြစ်ပါတယ်။

အဆိုပါ သတင်းပေးပို့သည့် ဒေသခံမှ “ကျနော်တို့ ကျောက်ဆည်က မွတ်စလင်မ်တွေ မှတ်ပုံတင် မရသေးတဲ့လူတွေ အများကြီး ရှိပါတယ်။ အရင်တုန်းကလည်း မှတ်ပုံတင်လုပ်မပေးခဲ့ပါဘူး။ အခုလည်း လုပ်ပေးမယ် မထင်ပါဘူး” ဆက်လက် ပြောကြားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့သည့် ဒေသခံမွတ်စလင်မ်များအား ယခင် စစ်အစိုးရလက်ထက်တွင် နိုင်ငံသားဖြစ်ချင်းအား တားဆီးခြင်းများရှိခဲ့သလို၊ နိုင်ငံသားဖြစ်မှုအား အဓမ္မ အလိုမတူဘဲ အဓိပ္ပါ ဖွင့်ဆိုခံရခြင်းများလည်း ရှိခဲ့ပါတယ်။


“သမီးတို့ဟာ မြန်မာပြည်သူ မွတ်စလင်မ်စစ်စစ်တွေပါ။ မှတ်ပုံတင်မှာတော့ အိန္ဒိယ-ဗမာ လို့ ထည့်ထားတယ်။ သမီး ကုလားစကားလဲ မပြောတတ်ဘူး။ ကုလားပြည်မှာလဲ ကုလားအမျိုးတော်တာတောင် မရှိဘူး။ အေမဘက္က အဘိုးက ဗုဒၶဘာသာ၊ အဘြားက အစၥလာမ္ဘာသာပါ။ ဘာသာမတူပေမယ့် နှစ်ယောက်စလုံးက မြန်မာနိုင်ငံသားတွေပဲ။ အဖေဘက်က ဘိုးဘွားတွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ အဖေကလည်း အမေနဲ့ယူပြီးမှ အစ္စလာမ်ဘာသာဝင်ဖြစ်လာတာပါ။ သမီးတို့မှာ အိန္ဒိယမျိုးနွယ်ဆိုတာ ဘယ်လိုမှ မရှိဘူး။ FRC အမျိုးဆိုတာ မရှိခဲ့ဖူးဘူး။ ဒါပေမယ့် သမီးတို့မောင်နှစ်မတွေရဲ့မှတ်ပုံတင်တွေမှာတော့ အိန္ဒိယ-ဗမာလို့ ထည့်ထားတယ်။ အဖေ အမေ မှတ်ပုံတင်မှာလည်း အဲ့လို မထည့်ထားဘူး။ ဘွဲ့ယူရမှာဆိုတော့ သူတို့ရေးပေးတဲ့အတိုင်းပဲ ယူရတယ်လေ။ လူမျိုးတွေ ဘာတွေက အဓိကမကျဘူး၊ လောလောဆယ် အဆင်ပြေဖို့အတွက်ပဲဆိုပြီး ထုတ်ပေးတာကို ယူခဲ့ရတာပါ။ အခု သမီးတို့ကို ဒီမှတ်ပုံတင်က လူမျိုးဆိုတာကို ထောက်ပြပြီး ဧည့်သည်တွေလို့ စွတ်စွဲလာပြီ။ အစိုးရက အစ္စလာမ်ဘာသာကို နှစ်ရှည်စီမံကိန်းနဲ့ အစီအစဉ်တကျ ဖျက်ဆီးနေတယ်လို့တောင် ထင်လာမိတယ်။ 

အစ္စလာမ်ဘာသာကိုးကွယ်နေရလို့ မျက်နှာငယ်ရတယ်။ ရုံးမှာဆိုရင်လည်း မိဘလက်ထက်ကတည်းက အလုပ်လုပ်ခဲ့လို့သာ တခြားအလုပ်မလုပ်တတ်လို့ သည်းခံပြီး လုပ်နေရတာပါ။ အဖေလည်း မွတ်စလင်မ်ဖြစ်လို့ ရာထူးမတိုးတော့ဘူး။ ရုံးက ၀န်ထမ်းလောကမှာကို မွတ်စလင်မ်တွေကို အင်တာနက်တွေထိုင်ထိုင်ကြည့်ပြီး ဆဲဆိုနေတယ်။ 969 အခွေတွေကိုလဲ ကွန်ပျူတာဘောက်ကနေ အကျယ်ကြီးတွေကို ဖွင့်ဖွင့်ထားတယ်ရှင့်” နေပြည်တော်ရှိ အစိုးရရုံးတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းတစ်ဦးဖြစ်သူ အသက်(၂၆)နှစ်အရွယ် မွတ်စလင်မ် အမျိုးသမီး မဥမ္မာနှင်းက အလင်းမျက်ဝန်းသို့ ပြောပြတာ ဖြစ်ပါတယ်။

ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် မှတ်ပုံတင် ထုတ်ပေးရာ၌ ခွဲခြားမှုများ ရှိနေဆဲဖြစ်ပြီး၊ လ၀က၀န်ထမ်းများအပါအ၀င် အစိုးရ၀န်ထမ်းအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မွတ်စလင်မ့်လူ့အသိုင်းအ၀ိုင်းအား ရန်သူသဖွယ် ပြုမူဆက်ဆံ၍ ပညာပြ ဆက်ဆံနေကြသည့် အကျင့်စရိုက်များရှိနေခြင်းကြောင့် မြန်မာမွတ်စလင်မ်အဖွဲ့အစည်းများမှ ဦးဆောင်၍ နိုင်ငံတော်သမ္မတအပါအ၀င် အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၍ အဖြေရှာရန် အရေးပေါ် လိုအပ်ကြောင်း လေ့လာသူများက ထောက်ပြပြောဆိုနေကြပါတယ်။ 

http://www.teol-mm.info/2013/04/blog-post_6168.html

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့် မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍ အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။

အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com

( ၂၃-၄-၂၀၁၃ ) မနက် ၁၀ နာရီအချိန်က ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်၊ ရပ်ကွက်ရုံးမှာ မှတ်ပုံတင်
များ ပြုလုပ်ပေးရန် စာရင်းကောက်ခံနေကြောင်း သတင်းရရှိပါတယ်။“ဟုတ်ပါတယ်။ ကျနော်တို့ မွတ်စလင်
မ်တွေလည်း မှတ်ပုံတင်ထုတ်ပေးနေတယ်ဆိုလို့ ၀မ်းသာအားရနဲ့ ရပ်ကွက်ရုံးကို သွားကြပါတယ်။ ရုံးရောက်
တော့ အိမ်ထောင်စုဇယားနဲ့ မိဘမှတ်ပုံတင်တွေ ယူခဲ့ရမယ်ဆိုလို့ အိမ်ပြန်ပြီး သွားယူခဲ့ရပါသေးတယ်” ဟု
ကျောက်ဆည်ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်

သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်
Thursday, April 25, 2013

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတော့မယ် လို့ ဒီကနေ့ထုတ် ရွှေနိုင်ငံသစ် သတင်းစာမှာ နက္ခဗေဒဆရာတယောက်က ရေးလိုက်ပါတယ်။

ဆရာ ဦးဇေယျာကို (နက္ခသိပ္ပံ) ရဲ့ ဆောင်းပါးမှာ အဲဒီလို ဟောကိန်းထုတ် ရေးသားထားတာပါ။


အသက် ၅၀ အရွယ်မှာ တွေ့ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Nic Dunlop)

"၂၀၁၅ နှောင်းပိုင်း ရွေးကောက်ပွဲအချိန်ကာလ နှင့် ၂၀၁၆ နှစ်ဦးပိုင်း သင်္ကြန်မတိုင်မီအချိန်ကာလများသည်  ဇာတာစန်းလဂ် တောက်ပ လင်းလက်လာမည့် အချိန်ကာလများ ဖြစ်သည့်အတွက် သူမ၏ အောင်မြင်မှုများအား မည်သူမှ တားဆီး ပိတ်ပင်၍ မရရှိနိုင်တော့ပေ" လို့ ဦးဇေယျာကို (နက္ခသိပ္ပံ)က ရေးထားပါတယ်။

"၂၀၁၅ ဇူလိုင်လနောက်ပိုင်း သိဟ်ရာသီရောက် ကောဇာကြာသပတေးဂြိုင်္ဟ်ကြီး၏ အထောက်အပံ့" ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံဇာတာမှာ တွေ့ရကြောင်း  ရွှေနိုင်ငံသစ် သတင်းစာမှာ နက္ခတ္တအမြင်တွေကို နေ့စဉ် ရေးနေတဲ့ ဦးဇေယျာကို (နက္ခသိပ္ပံ)က တွက်ချက်ပါတယ်။

မြန်မာပြည်မှာ နိုင်ငံအာဏာကို စစ်တပ်က ချုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ငါးဆယ်ရှိသွားပါပြီ။
စစ်တပ်ကရော ဗေဒင်ဆရာ ဟောကိန်းထုတ်သလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ထိပ်သီးခေါင်းဆောင်ကြီးဖြစ်လာရေးကို သဘောတူပါ့မလား။ ဒီအချက်ကိုလည်း ဦးဇေယျာကို (နက္ခသိပ္ပံ)က တွက်ချက်ပြပါတယ်။

တနင်္လာဂြိုင်္ဟ်၏ သဘောတရားအရ တပ်မတော်နှင့် အပေးအယူ ညီမျှစွာဖြင့် ညှိနှိုင်းဆောင်ရွက်မှသာ "အနာဂတ် နိုင်ငံရေးရည်မှန်းချက်"ကို ပုံဖော်ခွင့်ရပါမယ် တဲ့။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်နေဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူ သမ္မတ တာဝန် ထမ်းဆောင်လိုကြောင်း လူသိရှင်ကြားပြောကြားထားပြီးပါပြီ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမယ် ဆိုတာကို တကြိမ်ထက်မနည်း ဟောကိန်းထုတ်ခဲ့သူကတော့ အထင်ကရ ဗေဒင်ဆရာကြီးတယောက်ဖြစ်တဲ့  စံဇာဏီဘို ဖြစ်ပါတယ်။
သူ့ရဲ့ ဟောကိန်းအကြောင်းကို  ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/04/blog-post_15.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

အင်္ဂါနေ့ဖွား ဒေါ်အောင်ဆန်းစုကြည် မွေးတဲ့နေ့က ၁၃ဝ၇ ခုနှစ် ဝါဆိုလဆန်း ၁ဝ ရက်နေ့၊ ၁၉၄၅ ဇွန်လ ၁၉ ရက်နေ့ပါ။  ရန်ကုန်မြို့ ဇာတိ ဖြစ်ပြီး မိဘများကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်တို့ ဖြစ်ပါတယ်။

ဗေဒပညာရှင်တဦးဖြစ်တဲ့ ဆရာကျော်စစ်ဟိန်းရဲ့ စာအုပ်တအုပ်မှာရေးထားတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မွေးဖွားတဲ့အချိန်က ည ၇း၁၅ ဖြစ်ပါတယ် တဲ့။

မြန်မာပြည်မှာ၂၀၁၅ နှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကျင်းပပြီးရင်  အုပ်ချုပ်မှုအပြောင်းအလဲ ဖြစ်လာမှာပါ။
ဗေဒင်ဆရာတွေ ဟောကိန်းထုတ်တာ မှန်ကန်မယ် ဆိုရင်တော့ မဝေးတော့တဲ့ အနာဂတ်မှာ ဒီမိုကရေစီခေါင်းဆောင်က သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ တာဝန် ယူရပါလိမ့်မယ်။
အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အသက် ၇ဝ ရှိနေမှာ ဖြစ်ပါတယ်။
ဧရာဝတီ
အသက် ၅၀ အရွယ်မှာ တွေ့ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Nic Dunlop)
Thursday, April 25, 2013

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတော့မယ်လို့ဒီကနေ့ထုတ် ရွှေနိုင်
ငံသစ် သတင်းစာမှာ နက္ခဗေဒဆရာတယောက်က ရေးလိုက်ပါတယ်။ ဆရာ ဦးဇေယျာကို (နက္ခသိပ္ပံ) ရဲ့
ဆောင်းပါးမှာ အဲဒီလို ဟောကိန်းထုတ် ရေးသားထားတာပါ။

ရှမ်းမြောက်ပိုင်း အစိုးရတပ်နှင့် တအာင်းတပ် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

ရှမ်းမြောက်ပိုင်း အစိုးရတပ်နှင့် တအာင်းတပ် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

 ကြာသပတေးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၃ ခုနှစ်

ချင်းမိုင်(မဇ္စျိမ)။   ။ ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်း (ပလောင်)ဒေသအတွင်း အစိုးရ စစ်ကြောင်းများ အင်အားဖြည့်တင်းနေ၍ လက်ရှိ အင်အား ၃,၀၀၀ ကျော်ရှိလာပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်ဟု တအာင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးမိုင်ဘုန်းကျော် က ပြောသည်။

ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် တအာင်းတပ်ရင်း ၁၁၂ နှင့် အစိုးရ စစ်တပ်များအကြား ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အုပ်စုရှိ ကုန်ဆာရွာမှ နှစ်မိုင်အကွာတွင် တိုက်ပွဲ တနာရီကျော်ကြာ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

“အစိုးရတပ်က ကျနော်တို့ တအာင်းဘက် ထိုးစစ်တွေက တအားများလို့ တိုက်ပွဲ ခဏခဏ ဖြစ်တယ်။ အရင်လ ထက်ကို သုံးပုံတပုံလောက် ပိုများလာတယ်။ အရင်လက နှစ်ထောင် ကျော်ကျော်ပဲ ရှိတာ။ ခုက သုံးထောင်ကျော် သွားပြီ။ တနေရာမှာ ၃၀၀၊ ၄၀၀ နဲ့ ၁၀ နေရာကျော်လောက် ရှိသွားပြီ။ သူတို့က ကြာကြာနေမယ့်ပုံစံ ရှိတယ်။ ရိက္ခာ၊ လက်နက် ဖြည့်တင်းတဲ့ ကားတွေ ပုံမှန် ရှိနေတယ်” ဟု မဇ္စျိမကို ပြောသည်။

နမ်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ်ဆန်၊ မိုင်းလုံ၊ မိုးမိတ် စသည့် မြို့နယ်များတွင်း အစိုးရ စစ်အင်အား တိုးမြှင့်လာခြင်း
ဖြစ်သည်ဟု မိုင်ဘုန်းကျော် က ပြောသည်။

ဖေဖော်ဝါရီလက အစိုးရ၏ လေးလပတ် အစည်းအဝေးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်၊ တအာင်းနှင့် ရှမ်း လက်နက်ကိုင် တပ်ဖွဲ့များအား အမြစ်ပြတ် ချေမှုန်းရေး ညွန်ကြားချက်အတိုင်း ယခုကဲ့သို့ အစိုးရ စစ်တပ်များ ထိုးစစ်ဆင်မှု ပိုမိုပြုလုပ်လာခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“(ဒု-ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က လေးလပတ် အစည်းအဝေးမှာ ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ရှမ်း၊ ကချင်၊ အထူးသဖြင့် ကျနော်တို့ ပလောင်ပေါ့။ အကုန်လုံးကို  ချေမှုန်းရေး ညွန်ကြားချက်တွေ ထုတ်တယ်။ အဲဒီအတိုင်း၊ သူတို့ စီမံချက်အတိုင်း အကောင်အထည် ဖော်တယ်လို့ မြင်ပါတယ်။ တိုက်ပွဲက ဒီထက်ပိုပြင်းလာမယ့် သဘော ရှိတယ်” ဟု ဗိုလ်မှူးမိုင်ဘုန်းကျော် က ဆက်ပြောသည်။

ယမန်နေ့ကလည်း ကျောက်မဲနှင့် သီပေါမြို့နယ်ဘက်မှ တပ်ရင်းများ နမ့်ဆန်မြို့နယ်သို့ စစ်ကား အစီး ၂၀ ဖြင့်
ရောက်ရှိလာရာ အင်အား ၃၀၀ ခန့်ရှိမည်ဟု ၎င်းက ဆိုသည်။

ထိုတပ်ရင်းများသည် နမ့်ဆန် အရှေ့ပိုင်း လျှော်လည်ကွင်းတွင် လှုပ်ရှားနေသော အစိုးရ၏ ၅၀၂ တပ်ရင်းတို့နှင့် ပူးပေါင်း၍ ထားသော်လည်း ယနေ့ မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းက PSLF အဖွဲ့ကို အပစ်အခတ် ရပ်စဲရေး
ပြည်တွင်း တနေရာတွင် ဆွေးနွေးရန် ဖေဖော်ဝါရီလအတွင်းက ကမ်းလှမ်းခဲ့သော်လည်း PSLF အဖြင့် ယခုအချိန်မှာ ပြည်တွင်း၌ တွေ့ဆုံရန် မဖြစ်နိုင်၍ ညှိနှိုင်းမရခဲ့ရာမှ ယခုထိ ထပ်မံ တွေ့ဆုံရေး မဖြစ်သေးကြောင်း မိုင်ဘုန်းကျော် က ပြောသည်။

အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၇၊ ၃၄ နယ်မြေတွင်လည်း အစိုးရ စစ်တပ်နှင့်ပြည်သူ့စစ် တပ်ဖွဲ့များ ပူးပေါင်းတပ်များနှင့် ယခု ရက်သတ္တပတ်အတွင်း
နေ့စဉ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIO သတင်းရပ်ကွက်တခုမှ သိရသည်။

ကြာသပတေးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၃ ခုနှစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်း (ပလောင်)ဒေသအတွင်း အစိုးရ စစ်ကြောင်းများ အင်
အားဖြည့်တင်းနေ၍ လက်ရှိ အင်အား၃,၀၀၀ ကျော်ရှိလာပြီးတိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်
ဟု တအာင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးမိုင်ဘုန်းကျော် က ပြောသည်။

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။

အသက်က ၂၆ နှစ်သာရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့်သဲဖို ရုပ်ရှင်နဲ့ နာမည်ရအောင်မြင်လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါတယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။

Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွားမိပါတယ်။ အိန္ဒိယ ရူပီ ၁.၅ သန်း ရှိတယ်လို့ သွားကြွားမိတော့ ပြဿနာက စပါလေရော။

Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်းဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ်လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။

ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေတိုင်ကီမှာ ပစ်ခဲ့ပြီး ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။

နောက်တော့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်းသမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်စက်စက် သေဆုံး သွားရရှာပါတယ်။ အလှကြောင့် သေတာ မဟုတ်ပါဘူး။ စကားကြောင့် သေတာပါ။

ဒီမှာ သင်ခန်းစာ တစ်ခုရပါတယ်။ "မိမိရဲ့  ဘယ်လိုအခြေအနေမျိုးကို ပဲ ဖြစ်ဖြစ် ကြွားဝါပြောဆိုခြင်းကို သတိထားရမယ်" ဆိုတာလေးပါ။ ပြီးခဲ့တဲ့ ဧပြီက Tharpar ရဲ့  ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဖြစ်ပါတယ်။
--
Ref: telegraph
ရိုးရာလေး နိုင်ငံတကာ

--
www.yoyarlay.com/international-news/asia/35248-tharpar-and-dead-history

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > YoYarLay<<Thank

ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့
သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါ
တယ်။

လက်ပံတောင်းတောင် ပဋိပက္ခအပေါ် ၈၈မျိုးဆက်တို့၏ သဘောထား ကြေညာချက်ထုတ်ပြန်

လက်ပံတောင်းတောင်ဒေသအတွင်း ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ အစိုးရမှ အစီရင်ခံစာအပေါ် ပြန်လည်သုံးသပ်ပြီးဆုံးဖြတ်ချက်ချမှတ်ချိန်အထိ၊ နှစ်ဖက်ပဋိပက္ခများ၊ထိပ်တိုက်ရင်ဆိုင်မှုများ မဖြစ်စေရန် ရှောင်ရှားကြရန်လိုပါသည်။ပြည်သူတို့၏မည်သည့်ငြိမ်းချမ်းစွာလှုပ်ရှားမှုမျိုးကိုမဆို အကြမ်းဖက်နှိမ်နင်းခြင်းမှန်သမျှ လုံးဝလက်မခံပါ။

အငြင်းပွားရာမှ ရခိုင်ဝန်ကြီးချုပ်၏ ဒုက္ခသည်များအတွက် အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးပျက်