Pages

Thursday, April 25, 2013

လက်ပံတောင်းတောင် ပဋိပက္ခအပေါ် ၈၈မျိုးဆက်တို့၏ သဘောထား ကြေညာချက်ထုတ်ပြန်

လက်ပံတောင်းတောင်ဒေသအတွင်း ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ အစိုးရမှ အစီရင်ခံစာအပေါ် ပြန်လည်သုံးသပ်ပြီးဆုံးဖြတ်ချက်ချမှတ်ချိန်အထိ၊ နှစ်ဖက်ပဋိပက္ခများ၊ထိပ်တိုက်ရင်ဆိုင်မှုများ မဖြစ်စေရန် ရှောင်ရှားကြရန်လိုပါသည်။ပြည်သူတို့၏မည်သည့်ငြိမ်းချမ်းစွာလှုပ်ရှားမှုမျိုးကိုမဆို အကြမ်းဖက်နှိမ်နင်းခြင်းမှန်သမျှ လုံးဝလက်မခံပါ။ ပုဒ်မ(၁၄၄)ထုတ်ပြန်ထားသည့်ဒေသဖြစ်၍ လူစုခွဲသည်ဆိုရာ၌ ဝမ်းရေးအတွက် စိုက်ပျိုးရာသီကို အချိန်ကုန်ခံ ထိုင်စောင့်နေ၍ မဖြစ်နိုင်ပါ။သို့ဖြစ်၍ထိုမြေကိုအခြေပြုလုပ်ကိုင်စားသောက်နေရသော လယ်သမားများ၏ စားဝတ်နေရေးအတွက် မည်သို့အာမခံချက်ပေးနိုင်မည်၊တာဝန်ယူနိုင်မည်ကိုသက်ဆိုင်ရာအစိုးရမှ ညှိနှိုင်းအဖြေရှာပေးရန် လိုအပ်ပါသည်။
88 Generation Students

0 comments:

Post a Comment