Pages

Thursday, April 25, 2013

မိတ္ထီလာမြို့ရှိ အကြမ်းဖက်ခံရသည့် ဒုက္ခသည်အချို့ နေအိမ်ပြန်ခွင့်ရ

မိတ္ထီလာမြို့တွင်မတ်လအတွင်းကအကြမ်းဖက်မီးရှို့ခံခဲ့ရသည့် ဒုက္ခသည်များအနက် ပြည်သာယာ(မြောက်)
ရပ်ကွက်မှ ဒုက္ခသည်များအား နေအိမ်များသို ပြန်ခွင့်ရရှိသည့် အတွက် ယနေ့ ၁၁း၃၀ နာရီခန့်တွင် အိမ်များ
သို့ ပြန်ရောက်ပြီဖြစ်ကြောင်းသိရသည်။ မိတ္ထီလာမြို့နယ်ရှိ ဒုက္ခသည်များအနက် နေအိမ်များ ဖျက်ဆီးခံရသည့် ပြည်သာယာ(မြောက်)ရပ်ကွက်ရှိ ဒုက္ခသည်များသည်မိတ္ထီလာမြို့ အားကစားကွင်း၊ အ.ထ.က(၃)၊အ.ထ.က(၅) တို့တွင်ဒုက္ခသည်အဖြစ်နေထိုင်
ခဲ့ရာမှ ယခုအခါ နေအိမ်များသို့ ပြန်ခွင့် ရ၍ ပြန်ရောက်နေပြီဖြစ်သည်။ ပြည်သာယာ(မြောက်)ရပ်ကွက်မှ ဒုက္ခသည် စုစုပေါင်း (၂၀၀)ခန့်သည် ယနေ့ မနက်ပိုင်းတွင် ဒုက္ခသည်စခန်းများမှ ထွက်ခွာခွင့်ရခဲ့ကြပြီးပြည်
သာယာ (မြောက်)ရှိ မူလတန်းကျောင်းတွင် ယာယီစုစည်းနေခဲ့ရသည်။ 

ယင်းနောက် ယနေ့ ၁၁း၃၀ နာရီခန့်တွင် အိမ်များသို့ ပြန်ခွင့်ပေးလိုက်ကြောင်းလည်း သိရသည်။ ရပ်ကွက်အ
တွင်း လမ်းတိုင်းတွင် လုံခြုံရေးများ ချထားပြီး ဒုက္ခသည်များ စားသောက်ရန်အတွက် ၆-ရက်စာ ဆန်များလည်း ထည့်ပေးလိုက်ကြကြောင်း သိရသည်။

M-Media, Rangonnewsdaily
RND:  :25.4.2013

0 comments:

Post a Comment