မြစ်ကြီးနား နန်းကွေ့ချောင်းတွင်ရေနစ်သေဆုံးသူ လူငယ် (၃) ယောက်ရဲ့အလောင်းကို မြစ်ကြီးနားမီးသတ် စခန်းမှ ဦးစီးအရာရှိ ဦးနို င်ဝင်းထွန်း ခေါ င်းဆောင်၍တပ်ဖွဲ့ဝင်များက ခက်ခဲစွာ ရေငုပ်ကာ ရှာဖွေ ဆယ်ယူ နိုင်ခဲ့ပြီး တပ်ဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်၍ လုပ်ငန်းအား အပြီးပြတ်ဆောင်ရွက်နိုင်ခဲ့။
Saturday, October 22, 2016
မြစ်ကြီးနား နန်းကွေ့ချောင်းတွင် လူငယ် ၃ဦးရေနစ်သေဆုံး
မြစ်ကြီးနား နန်းကွေ့ချောင်းတွင်ရေနစ်သေဆုံးသူ လူငယ် (၃) ယောက်ရဲ့အလောင်းကို မြစ်ကြီးနားမီးသတ် စခန်းမှ ဦးစီးအရာရှိ ဦးနို င်ဝင်းထွန်း ခေါ င်းဆောင်၍တပ်ဖွဲ့ဝင်များက ခက်ခဲစွာ ရေငုပ်ကာ ရှာဖွေ ဆယ်ယူ နိုင်ခဲ့ပြီး တပ်ဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်၍ လုပ်ငန်းအား အပြီးပြတ်ဆောင်ရွက်နိုင်ခဲ့။
#ဘင်္ဂလားပင်လယ်အော်မုန်တိုင်းသတင်း(၂)
(၂၂-၁၀-၂၀၁၆)ရက် နံနက် (၅း၃၀)နာရီအချိန်တွင် ထုတ်ပြန်သည်။
.
(၁) (၂၂-၁၀-၂၀၁၆)နံနက်(၆)နာရီခွဲမှ (၂၆-၁၀-၂၀၁၆)နံနက်(၆)နာရီခွဲအထိ ကာလအတွင်း မုန်တိုင်းရွေ့လျှားသွားမယ့်လမ်းကြောင်း ခန့်မှန်းချက်အရ (၂၄-၁၀-၂၀၁၆)ရက်နံနက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် အနီးဆုံးနေရာအဖြစ် ဧရာဝြတီတိုင်း၊ ဟိုင်းကြီးကျွန်းအနားသို့ရောက်ရှိနိုင်ပါတယ်။ ရောက်ရှိချိန်တွင် အပူပိုင်းမုန်တိုင်းအဆင့် (လေတိုက်နှု38-54 mph) နှုန်း ဖြစ်ပြီး ဗဟိုချက်အနီး အများဆုံးလေတိုက်နှုန်းမှာာတစ်နာရီ (၄၅-၅၀)မိုင်ခန့်ရှိနိုင်ပါတယ်။
#မုန်တိုင်းငယ်သတိပေးချက်
RangonNewsDaily::Saturday. October 22. 2016
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၁း၀၀)နာရီအချိန်ထုတ်ပြန်ချက်)
====================================
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၁)၊၂၀၁၆
(က)ယနေ့မြန်မာစံတော်ချိန်(၁၀း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင်

ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၂၉၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင်(၄၁၀)ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် မိုင်(၄၉၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၂၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။ အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် အရှေ့-အရှေ့မြောက် ဘက်သို့ ရွေ့လျားပြီး၊ နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်း လာမည်ဟု ခန့်မှန်းရပါသည်။
(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေပါ သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
Subscribe to:
Posts (Atom)