Pages

Monday, December 17, 2012

သေမင်းတမန် ရထားလမ်းကြောရိုးကို အခြေခံပြီး သံဖြူဇရပ်-ဘုရားသုံးဆူ ရထားလမ်းပိုင်းအတွက် တိုင်းတာမှုများ စတင်


Photo: သေမင်းတမန် ရထားလမ်းကြောရိုးကို အခြေခံပြီး သံဖြူဇရပ်-ဘုရားသုံးဆူ ရထားလမ်းပိုင်းအတွက် တိုင်းတာမှုများ စတင် 
 
MONDAY, 17 DECEMBER 2012 15:44

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်သို့ မီးရထားလမ်းအတွက် လိုအပ်သော FEASIBILITY  SURVEY ကို (၁၄-၁၂-၂၀၁၂) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တွင် စတင်တိုင်းထွာမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

“FEASIBILITY  SURVEY ကို သံဖြူဇရပ်မြို့ကနေ အရင်က ဂျပန်ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် ရထားလမ်းဟောင်းရဲ့ ကြောရိုးတာဘောင်တွေကို မြေပြင်အခြေနေတွေကို စတင်တိုင်းတာပြီး၊ ကောင်းကင်မြေပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာပါ၊ အရင်လမ်းဟောင်းက နှစ်ခြောက်ဆယ်ကျော် ကြာလာတော့ ရာဘာပင်တွေ၊ အခြားသီးပင် စားပင်ကြီးတွေ ပေါက်ရောက်နေကြပြီဆိုတော့၊ လမ်းအူကြောင်းကို ပြန်ရွေးရဖို့ လိုပါတယ်၊ ရွေးတဲ့နေရာမှာ သဘာ၀၀န်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်မယ့် နေရာမျိုး၊ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု အနည်းဆုံးလိုဟာမျိုး ရွေးချယ်သွားမှာပါ၊ ဒီမိုကရေစီခေတ်မှာ ပထမဆုံး ရထားလမ်းဆိုတော့  လမ်းအူကြောင်းဝန်းကျင် နေထိုင်တဲ့ ဒေသခံတွေကိုလည်း အထိအခိုက်နည်းပြီး ရွာတွေနဲ့လည်း မနီးမဝေး အနေထားမျိုးထိပါ စဉ်းစားထားပါတယ်၊ ဘူတာရုံထားဖို့၊ နောက်ပြီး လက်ရှိကားလမ်းနဲ့လည်း မနီးမဝေးမှာရှိဖို့ စဉ်းစားထားပါတယ်၊ အားလုံးခြုံရင်တော့ ကုန်ကျစရိတ် အနည်းဆုံး၊ အမြန်ဆုံး၊ ဒေသတွက် ထိခိုက်မှု အနည်းဆုံး၊ အကျိုးအမြတ်ရှိအောင်လည်း တွက်ချက်ဖို့ ရှိပါတယ်၊ အခုလို ဆာဗေးလုပ်တာကိုလည်း  ရထားလမ်းကြီးတော့ ဖောက်နေပြီလို့ မထင်စေချင်ပါဘူး၊ ပြည်ပကလည်း အကူအညီယူပြီး မြေစမ်းတာမျိုး၊ ဂျီပီအက်တိုင်းတာပါ လုပ်ရပါမယ်၊ ဆာဗေးရဲ့ စေ့စပ်သေချာမှုရှိဖို့ အချိန်တော့ယူရမှာ၊ ဘယ်တော့ပြီးမယ် ဆိုတာက ဒေသလုံခြုံရေးပိုင်း၊ လမ်းပန်းဆက်သွယ်ရေးပိုင်း၊ ကျန်းမာရေး၊ ရာသီဥတု စတာတွေပေါ် မူတည်ပါတယ်” ဟု ဆာဗေးအဖွဲ့ခေါင်းဆောင်က ပြောပါသည်။


သေမင်းတမန် ရထားလမ်း စတင်ရာနေရာအား တွေ့ရစဉ်
အဆိုပါ သံဖြူဇရပ်-ဘုရားသုံးဆူ ဆာဗေးအဖွဲ့ အစီရင်ခံစာတင်ပြီး၊ ၀န်ကြီးဌာန၏ စီစစ်ဖြည့်စွက်မှုနှင့်အတူ လွှတ်တော်သို့ တင်ပြ အဆုံးအဖြတ်ယူ ခွင့်ပြုချက် ရယူရမည်ဟု သိရှိရပါသည်။ ယခင်၂၀၀၅ ခုနှစ်၊ ၂၀၀၇ ခုနှစ်တို့တွင်လည်း ဆာဗေးလုပ်ခဲ့ဘူးသည်ဟု သိရသည်။

ထိုင်း-မြန်မာ မီးရထားလမ်းကို ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၂-၁၉၄၅ ခုနှစ်ထိ ဂျပန်တို့က ဖောက်လုပ်ခဲ့သည်၊ ထိုင်းနိုင်ငံ ဘန်ပေါင် (BAN  PONG) ဘူတာမှ မြန်မာနိုင်ငံ သံဖြူဇရပ်ထိ (၁၇၅) မိုင်ရှိပြီး ယင်းမီးရထားလမ်း ဖောက်လုပ်ရန်အတွက် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အလုပ်သမားပေါင်း (၁၇၇၀၀၀) ၏ လုပ်အားဖြင့် ဖောက်လုပ်ခဲ့ကြောင်း၊ လုံခြုံမှုကင်းမဲ့ပြီး၊ ဆိုးဝါးသော ရာသီဥတု၊ ပြင်းထန်သောငှက်ဖျား၊ ၀မ်းရောဂါတို့ကြောင့် ချွေးတပ်သားပေါင်း  ရှစ်သောင်းကျော် သေကျေပျက်စီးမှု ရှိခဲ့သည်ဟု သိရှိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Eleven Media Group

MONDAY, 17 DECEMBER 2012
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်သို့ မီးရထားလမ်းအတွက် လိုအပ်သော FEASIBILITY SURVEY ကို (၁၄-၁၂-၂၀၁၂) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တွင် စတင်တိုင်းထွာမှုများ
ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ကမ္ဘာ့အကြီးဆုံးဖား

Photo: ကမ္ဘာ့အကြီးဆုံးဖား 

ပုံမှာမြင်တွေ့ရတာကတော့ အသက်ရှင်လျက် ကမ္ဘာ့အကြီးဆုံးဖားလို့ အသတ်မှတ်ခံထားရတဲ့ အာဖရိကန်အနောက်ပိုင်းဒေသ (Gabon) မှာတွေ့ရ တဲ့ ဖားဖြစ်ပါတယ်။ 

သူ့ရဲ့ ဇီဝဗေဒအမည်ကတော့ Conraua goliath ဖြစ်ပြီး ခန္ဒာကိုယ်အရှည် ၁၃ လက်မရှိပါတယ်။ အလေးချိန်အားဖြင့် ၈ပေါင် ရှိပြီး ၁၃ လက်မ အရှည် ရှိပါတယ်။ အာဖရိကတိုက် အလယ်ပင်းမှာ နေထိုင်ကျက်စားပြီး ကင်မရွန်းနဲ့ အီကွေတာဂီနီ နိုင်ငံတို့မှာ ပိုအတွေ့များပါတယ်။ 

Conraua goliath ဖားမျိုးတွေဟာ ကင်းမြီးကောက်၊ အင်းဆက်ပိုးများ နဲ့ ဖားငယ်များကို စားသုံးလေ့ရှိပါတယ်။ ယင်းဖားအမျိုးအစား ဟာ ရှားပါး လာပြီဖြစ်ပြီး အသက် ၁၅ နှစ်အထိပဲ အသက်ရှင်နိုင်ကြပါတယ်။ 
ဒါကြောင့် Conraua Goliath ခေါ် အာဖရိကဖားများကို ကမ္ဘာ့အကြီးဆုံး ဖားအဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။
---
Ref:Duknow

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International news for myanmar

ပုံမှာမြင်တွေ့ရတာကတော့ အသက်ရှင်လျက် ကမ္ဘာ့အကြီးဆုံးဖားလို့ အသတ်မှတ်ခံထားရတဲ့ အာဖရိကန်
အနောက်ပိုင်းဒေသ (Gabon) မှာတွေ့ရ တဲ့ ဖားဖြစ်ပါတယ်။

ရေတွင်းပေါ်မှ ဘောလုံးပွဲ တက်ကြည့်သူ ရေတွင်းထဲ လိမ့်ကျ သေဆုံး

ဖြူးမြို့နယ် ဇေယျဝတီမြို့ ဖဆရပ်ကွက် ရွှေစေတီ လမ်းနေ ကျော်ကျော်ဇင် ၃၂ နှစ်(ဘ) ဦးဝင်းမောင်သည် ဒီဇင်ဘာ ၁ဝ ရက် ညနေ ၅ နာရီခန့်က ရပ်ကွက် ဘောလုံး ပွဲကို နေအိမ်ခြံဝင်းအတွင်းရှိ ရေတွင်းပေါ်မှတက်
ကြည့် ရာ ရေတွင်းထဲ ပြုတ်ကျ သေဆုံးခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို အရောင်းစင်တာ ၁၈ ခုဖြင့် ဖွင့်လှစ် ရောင်းချသွားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို အရောင်းစင်တာ ၁၈ ခုဖြင့် ဖွင့်လှစ် ရောင်းချသွားမည်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အရောင်းစင်တာ ၁၈ ခု ဖွင့်လှစ်၍ ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန) မှ မိုဘိုင်း အင်ဂျင်နီယာချုပ်၏ ပြောကြားမှုအရ သိရှိရသည်။ အဆိုပါ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လာမည့် ၂ဝ၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်းလည်း သိရသည်။ ရောင်းချပေးမည့် နေရာများမှာ - လမ်း ၄ဝ အော်တိုအင်ဂျင်နီယာချုပ်ရုံး၊  အမှတ် ၁၂၅ ပန်းဆိုး တမ်းလမ်း ကြေးနန်းရုံး (Customer care Service Center)၊  ရွှေဂုံတိုင်ဗဟန်း မိုဘိုင်းအင်ဂျင်နီယာချုပ်ရုံး၊  အလုံမိုဘိုင်းဌာနရုံး၊ အမှတ် ၃၉ ဗိုလ်အောင်ကျော်လမ်း တိုင်းမန်နေဂျာကြီးရုံး၊  အင်းစိန်စာတိုက်၊  တက္ကသိုလ်စာတိုက် (ကမာရွတ်)၊  ဗိုလ်တထောင်စာတိုက်၊  ဒဂုံမြို့သစ် မြောက်ပိုင်းစာတိုက်၊  ရန်ကင်းစာတိုက်၊  ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်း၊ ပုဇွန်တောင်၊  သန်လျင်အိတ်ချိန်း၊  သုံးခွအိတ်ချိန်း၊  တွံတေးအိတ်ချိန်း၊  ထန်းတပင်အိတ်ချိန်း၊  မှော်ဘီအိတ်ချိန်း၊  တိုက်ကြီးအိတ်ချိန်းနှင့် လှည်းကူးအိတ်ချိန်း စသည့်နေရာများမှ စင်တာများတွင် ဖွင့်လှစ် ရောင်းချပေး သွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အရောင်းစင်တာ ၁၈ ခု ဖွင့်လှစ်၍ ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန) မှ မိုဘိုင်း အင်ဂျင်နီယာချုပ်၏ ပြောကြားမှုအရ သိရှိရသည်။

ခွဲခြားဆက်ဆံခံနေရသည်ဟုတော်ဝင်အ လုပ်သမားများပြောကြား

ရန်ကုန်၊ဒီဇင်ဘာ၊၁၈။

တိုင်းဝန်ကြီးဦးစိုးမင်း၏ မေတ္တာရပ်ခံချက်ကြောင့် တော်ဝင်သစ်ဆက်ပိုင်ရှင်ဦးကိုကိုထွေးမှ အလုပ်သမား
များအားလုပ်ငန်းခွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ခွင့်ပြုပေးခဲ့သော်လည်း ဆန္ဒထုတ်ဖော်သော အလုပ်
သမား ၂၆၈ ယောက်တို့သည် စက်ရုံအတွင်းသို့ဝင်ရောက်လုပ်ကိုင်ခွင့်မရကြပဲ အလုပ်ရှင်၏စက်ရုံဝင်းအ
တွင်း ကန့်သတ်နေရာတစ်ခုတွင် သီးခြားထားရှိခြင်းခံထားရကြောင်း ၄င်းအလုပ်သမားများက ပြောကြ
သည်။

ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ရွာမှ တိရိစ္ဆာန်များ ချောင်းရေကြောင့်သေဆုံး

လက်ပံတောင်းတောင် ကြေး နီစီမံကိန်းဧရိယာအတွင်းတွင်ရှိ နေသောရွာများရှိ ချောင်းရေ များတွင်အဆိပ်
သင့်နေသော ကြောင့် ထိုရေ များကို သောက်မိသည့်နွားများမှာ သေဆုံးသွား  ကြောင်း၊မိုး ကြိုးပြင်ကျေးရွာ မှ နွား ပိုင်ရှင် များက ပြောဆိုနေကြသည်။

ညအချိန် အကြမ်းဖက်တိုက်ခိုက်လုယက်မှုများတွင် အမျိုးသမီးအချို့ပါဝင်

Photo: ညအချိန် အကြမ်းဖက်တိုက်ခိုက်လုယက်မှုများတွင် အမျိုးသမီးအချို့ပါဝင်
Monday, 17 December 2012

မန္တလေးမြို့ ညအချိန် လူသူပျက်လပ်သော လမ်းမကြီးများတွင် အကြမ်းဖက် တိုက်ခိုက်လုယက်မှုများ ရှိနေကြောင်း ၎င်းလုယက်မှုများတွင် အမျိုးသမီး အချို့ ပါဝင်နေကြောင်း ကြုံတွေခဲ့ရသူ ဒေသခံတစ်ချို့ထံမှ သိရသည်။

ယင်းသို့အကြမ်းဖက်မှုများတွင် ဆိုင်ကယ်တားပြီး ရိုက်နှက်မှုများ ဆိုင်ကယ် စီးနေသူထံမှ လက်ကိုင်အိပ်၊ ဟန်းဖုန်းစသည့် လုယက်မှုများ ဖြစ်ပြီး အသက် အန္တရယ် ရန်ရှာမှုများအထိရှိကြောင်း သိရသည်။

“မန္တလေးတောင်ခြေဘက်မှာညတစ်ခါတစ်ရံည၁၂နာရီကျော်၁နာရီလောက်
ဖြစ်တတ်တယ်။ တလောက ဆိုင်ကယ်စီးလာတဲ့လူကို ရိုက်ပြီး ဆိုင်ကယ် လုခံရတယ်။ မနက်၁နာရီကျော်လောက် ဈေးသွားရောင်းတဲ့ ဈေးသည်ဆီက ပိုက်ဆံအိတ်လည်း လုခံရတယ်လို့လည်း ကြားတယ်။ သူတို့တွေ တော်
တော် အတင့်ရဲလာပြီ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းသို့ အလားတူဖြစ်ရပ်များမှာ မန္တလေးမြို့ပြင်နှင့် တစ်ခြားနေရာတချို့ တွင် လူသူပျက်လပ်ပြီး ညဥ့်နက်သောအချိန်များ၌ ရံဖန်ရံခါ ဖြစ် တတ်ပြီး အကြမ်းဖက်လုယက်သူတို့သည် အဖွဲ့လိုက်လှုပ်ရှားကြောင်း ကြားသိရသည်။

“နိုဝင်ဘာ(၁၇)ရက်နေ့လောက်က မန္တလေးကနေ ပုသိမ်ကြီးကိုလာတဲ့ လူတစ်ယောက်ကို ဆိုင်ကယ်တားပြီး စီးလာတဲ့သူကို ဓားနဲ့ထိုးပြီး ဆိုင်ကယ် လုသွားတယ်။ လူကိုတော့ ဆေးရုံတင်ထားရတယ်။ ညအချိန်မတော် အပြင် မထွက်သင့်တော့ဘူး”ဟု ပုသိမ်ကြီးမြို့ခံတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာ(၃၀)ရက် နေ့ညအချိန်၌ မန္တလေးပုသိမ်ကြီးကားလမ်းပေါ်တွင် ရပ်ထားသော ဆိုင်ကယ်အား အမျိုးသမီးတစ်ဦးက မောင်းယူထွက်ပြေး သွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ဖြစ်စဉ်များကြောင့် သက်ဆိုင်ရာမြို့နယ်အသီးသီးမှ ရဲတပ်ဖွဲ့များမှ ညကင်းလှည့်ခြင်း၊ မြို့အ၀င်အထွက်ယာဉ်များ စစ်ဆေးခြင်း၊ မသင်္ကာသူ များကို ခေါ်ယူစစ်ဆေးခြင်းများ စနစ်တကျပြုလုပ်နေကြောင်း လုယက်မှု ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။

မောင်ယဉ်ကျော်
The Myanma Age
မန္တလေးမြို့ ညအချိန် လူသူပျက်လပ်သော လမ်းမကြီးများတွင် အကြမ်းဖက် တိုက်ခိုက်လုယက်မှုများ ရှိနေကြောင်း ၎င်းလုယက်မှု များတွင် အမျိုးသမီး အချို့ ပါဝင်နေကြောင်း ကြုံတွေခဲ့ရ သူ ဒေသခံတစ်ချို့ထံမှ သိရသည်။

Android ဖုန်းတွေအတွက် အသံနဲ့ပါ Chatting လုပ်နိုင်မယ့် Go!Chat

အသံနဲ့ပါ Chatting လုပ်နိုင်မယ့် Android ဖုန်းတွေအတွက် Go!Chat 

Facebookဟာ တစ်ကမ္ဘာလုံးနီးပါး အသုံးပြုနေကြတဲ့ အကြီးဆုံး Social Network လို့ ပြောရင်လည်း မမှားပါဘူး။ Facebookရဲ့ Chat Box ကို Facebook သုံးသူတိုင်း အသည်းစွဲ ဖြစ်ကြပါတယ်။ ဒါကြောင့် Facebookရဲ့ Chat Boxကို Android ဖုန်းတွေမှာ မြန်မြန်ဆန်ဆန်နဲ့ အသုံးပြုနိုင်မယ့် Go!Chat Application လေးကို တီထွင်ခဲ့ပါတယ်။ အခုအခါမှာတော့ Go!Chat ဟာ Android ဈေးကွက်မှာ နေရာ အခိုင်အမာ ရထားတဲ့ Facebook ရဲ့ Chat Application တစ်ခု ဖြစ်လာပါတယ်။ Go!Chatမှာ Lite နဲ့ Pro ဆိုပြီး Version နှစ်ခု ထွက်ရှိတယ်လို့ သိရပါတယ်။ Lite Versionမှာ Marketကို Free ပေးထားပါတယ်။ ၄င်း Appမှာ ပုံမှန် Facebookမှာ အသုံး မပြုနိုင်တဲ့ Feature တွေကိုလည်း အသုံးပြုနိုင်တာ တွေ့ရပါတယ်။ Auto-Reply နဲ့ ချက်နိုင်မယ်၊ သင်မှတ်ယူထားတဲ့ Message တွေ၊ Photo တွေကိုလည်း တိုက်ရိုက် Share နိုင်မယ်။ 

Appရဲ့ ဒီဇိုင်းပုံစံကတော့ ရိုးရှင်းပါတယ်။ အဖြူရောင် နောက်ခံမှာ အခြား Elementsတွေ အများကြီး မပါဝင်ပါဘူး။ သင်နဲ့ ဆက်သွယ်နိုင်မယ့် Friendတွေရဲ့ Contact Iconတွေ ပါမယ်၊ နောက်ပြီး Nameတွေ ပါမယ်။ ပုံစံကတော့ Gtalk ပုံစံမျိုးပါပဲ။ Appထဲ ၀င်တာနဲ့ အလွယ်တကူ Chatting လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Facebookထဲကို Log in ၀င်ပြီး Chatting လုပ်နိုင်ဖို့အတွက် ပိုမို မြန်ဆန်လာပြီး ပိုမို လွယ်ကူလာတာကို တွေ့ရပါတယ်။ Videoတွေ၊ Photoတွေ ကိုလည်း တိုက်ရိုက် Share နိုင်မယ်။ အားသာချက် တစ်ခုကတော့ အသံနဲ့ Chatting ပြုလုပ်နိုင်ခြင်းပါပဲ။ နောက်ပြီး အမူအရာပြ ရုပ်ပုံလေးတွေနဲ့လည်း ဖော်ပြနိုင်ပါသေးတယ်။ Notificationတွေ တက်လာရင် Light, Vibrate, Ringtone ဆိုပြီး အချက်ပြစနစ် သုံးမျိုးကို ရွေးချယ်နိုင်ပါသေးတယ်။ 

သင်ဟာ သင့်အကောင့်ထဲက လူတစ်ယောက်နဲ့ စကားမပြောချင်ဘူး ဆိုပါ တော့။ ၄င်းလူရဲ့ အကောင့်ကို Hide လုပ်မည့် Groupထဲကို ဆွဲသွင်းထား နိုင်ပါသေးတယ်။ Hide Groupထဲမှာ ရောက်နေတဲ့ အကောင့်တွေကို Appက အလိုအလျောက် Ignore လုပ်ပေးနိုင်ပါတယ်။ Free ပေးထားတဲ့ Lite Version မှာတော့ Recorded Messageတွေကို တစ်ပတ်ကြာ ထိန်းသိမ်းထား နိုင်တယ်လို့ သိရပါတယ်။ Pro Versionကို အသုံးပြုမယ် ဆိုရင်တော့ $ 1.79 ကို ပေးဆောင်ရမယ်လို့ သိရပါတယ်။ Pro Version မှာတော့ မလိုအပ်တဲ့ Advertisingတွေကို ဖယ်ထုတ်ပေးတယ်လို့ ဆိုပါတယ်။ အခြား Feature တွေကတော့ Version နှစ်ခုလုံးမှာ အတူတူပါပဲ။ Go!Chatကို Install လုပ်ချင် တယ်ဆိုရင်တော့ Download လုပ်နိုင်တဲ့ Websiteတွေ တော်တော်များများ ရှိပါတယ်။ Googleမှာ ရှာကြည့်နိုင်ပါတယ်။ Size 3.0M ရှိပြီး Android Version 1.6 နဲ့ အထက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Myanmar ICT

Facebookဟာ တစ်ကမ္ဘာလုံးနီးပါး အသုံးပြုနေကြတဲ့ အကြီးဆုံး Social Network လို့ ပြောရင်လည်း မမှားပါဘူး။ Facebookရဲ့ Chat Box ကို Facebook သုံးသူတိုင်း အသည်းစွဲ ဖြစ်ကြပါတယ်။ ဒါကြောင့် Facebookရဲ့ Chat Boxကို Android ဖုန်းတွေမှာ မြန်မြန်ဆန်ဆန်နဲ့ အသုံးပြုနိုင်မယ့် Go!Chat Application လေးကို တီထွင်ခဲ့ပါတယ်။

ကမ္ဘာ့အရှည်ဆုံးကား

Photo: ကမ္ဘာ့အရှည်ဆုံးကား
Monday, 17 December 2012

ပုံမှာ မြင်တွေ့နေရတာကတော့ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကားဒီဇိုင်နာ Jay Ohrberg မှ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

အရှည်ပေ ၁၀၀ ရှိပြီး ၂၆ဘီး ပါရှိတဲ့ကား ဖြစ်ပါတယ်။ Ford Motor ကုမ္မဏီက ထုတ်လုပ်တဲ့ Limousine ကားကိုမှာ သူ့စိတ်ကြိုက် ပြန်ရှည် ထားတာ ဖြစ်ပါတယ်။ Limousine က Stretch လုပ်ထားတဲ့ ကားတောင် သူ့ကားလောက် မရှည်ပါဘူး။ ကမ္ဘာ့အရှည်ဆုံး Limousine ကားလို့လည်း စံချိန်တင် ရပါတယ်။ ဂင်းနစ် မှတ်တမ်းစာအုပ်ထဲမှာလည်း ကမ္ဘာ့အရှည်ဆုံး ကား အဖြစ် စံချိန်တင် ထားပါတယ်။

ဒီတော့ ကား ဒရိုင်ဘာခန်းက မီးရထားတွေလိုပဲ အရှေ့ မှာ တစ်ခန်း၊ အနောက်မှာ တစ်ခန်း ပါရှိပါတယ်။ အကွေ့တွေမှာ အခက်အခဲ ဖြစ်နိုင်တဲ့ အတွက် အလယ်မှာ ခါးချိုးနိုင်ပါတယ်။ ပေ ၁၀၀ ရှည်တဲ့ကားကို ခါးမချိုး ပဲ မြို့ ထဲလမ်းတွေမှာ မောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပေ ၅၀ အဆင်ပြေ ဖို့တောင် သတိထား မောင်းနှင်ရမှာ ဖြစ်ပါတယ်။

အတွင်းမှာ ရေကူးကန်၊ ဧည့်ခန်း၊ တီဗီကြည့်ရှုခန်း၊ အပန်းဖြေနားနေခန်း၊ အမိုးဖွင့် အပေါ်ကြည့် ခန်း၊ အိပ်ခန်း အစရှိသဖြင့် ပေ ၁၀၀ထဲမှာ သူ့စိတ်ကြိုက် ဖန်တီးထားပါတယ်။ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်လာဖို့ ကုမ္မဏီ အမျိုးမျိုးက ကြိုးစားပေမယ့် ယခု သူ့ကား အရှည်ကို လိုက်မမှီသေး ပါဘူး။

ရုပ်ရှင်တွေထဲမှာ အသုံးပြုဖို့အတွက် ငှားစားပါတယ်။ ပြီးတော့ ပါတီပွဲ၊ ပျော်ပွဲ ရွှင်ပွဲတွေအတွက် ငှားရမ်းသူများလည်း ရှိတဲ့အတွက် Jay ရဲ့  ပေ ၁၀၀ ကား က ကမ္ဘာတစ်လွှား လူသိများ ကားတစ်စီး ဖြစ်လာပါတယ်။
--
Ref: masefact

www.facebook.com/motors.com.mm

International news for myanmar
ပုံမှာ မြင်တွေ့နေရတာကတော့ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကားဒီဇိုင်နာ Jay Ohrberg မှ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။အရှည်ပေ ၁၀၀ ရှိပြီး ၂၆ဘီး ပါရှိတဲ့ကား ဖြစ်ပါတယ်။

Samsung Galaxy S2, Galaxy S3 နဲ့ Galaxy Note 2 တို့ ရဲ့ Exynos chip တွင် အားနည်းချက်များကို DXA Developer F orum မှ Alephzain အမည်ရ ဟက်ကာ က တွေ့ရှိ

Samsung ရဲ့  Exynos chip က အားနည်းချက်ကို ဟက်ကာ တစ်ဦးမှ တွေ့ရှိ ခဲ့ပါတယ်။

"မလွယ်တာ တွေ့ရင်၊ ပိုခက်တဲ့ တခြား ဘဝတွေကို ငဲ့ကြည့်ပါဦး။" လို့ဆိုရလောက်တဲ့ အင်းလေးဒေသကတိုင်းရင်းသားကလေးငယ်လေးတွေရဲ့ ဘဝတွေ

"မလွယ်တာ တွေ့ရင်၊ ပိုခက်တဲ့ တခြား ဘဝတွေကို ငဲ့ကြည့်ပါဦး။"

"ဒါလေးကိုစရိုက်တည်းကတုန် နဲ့ micky အတွက်ရိုက်ခဲ့တာ...သမီးလေးေ၇သူတို့တွေကကျောင်းကိုကိုယ့်အားကိုယ်ကိုး ပြီးတော့သွားကြရတယ်.....မိုးရွာတယ်....နေပူတယ်ဆင်ခြေပေးလို့မရဘူး....သူတို့ရှိတဲ့နေရာမှာစာသင်ကျောင်းမရှိရင်ကျောင်းရှိတဲ့နေရာထိသွားပြီးပညာသင်ကြရတယ်....မိဘတွေကလည်းဝမ်းစာရှာကြရတော့တကူးတကလိုက်မပို့ပေးနိုင်ဘူး.....အဲဒါတွေကသမီးလေးနဲ့အဝေးကြီးပုံပြင်တွေထဲမှာမဟုတ်ဘူးနော်....သမီးလေးနေတဲ့ရန်ကုန်မြို့ နဲ့မိုင်၄၀၀လောက်ဝေးတဲ့ရှမ်းပြည်နယ်..အင်းလေးဒေသကတိုင်းရင်းသားကလေးငယ်လေးတွေရဲ့ ဘဝတွေပဲ...သမီးလေးကြိုက်တဲ့ Anime တွေထဲမှာဒီအကြောင်းတွေပါမပါတော့မသိဘူး...ဒါပေမဲ့လက်တွေ့ဘဝတွေကတော့မြင်တဲ့အတိုင်းပဲသမီးလေးရေ....."

‎ဒီကလေးလေးတွေရဲ့ဘ၀က ကျောင်းကိုကိုယ့်အားကိုယ်ကိုး ပြီးတော့သွားကြရတယ်.....မိုးရွာတယ်....နေပူ
တယ်ဆင်ခြေပေးလို့မရဘူး.သူတို့ရှိတဲ့နေရာမှာစာသင်ကျောင်းမရှိရင်ကျောင်းရှိတဲ့နေရာထိသွားပြီးပညာ
သင်ကြရတယ်

စံမြန်မာနဲ့ ကမ္ဘာကျော် HTC ပူးပေါင်းပြီး မိုဘိုင်းဖုန်းပေါ် ရောက်ရှိလာတော့မယ့် စံမြန်မာ ကီးဘုတ်စနစ်ရဲ့ ခြေလှမ်းသစ်

စံမြန်မာနဲ့ ကမ္ဘာကျော် HTC ပူးပေါင်းပြီး မိုဘိုင်းဖုန်းပေါ် 
ရောက်ရှိလာတော့မယ့် စံမြန်မာ ကီးဘုတ်စနစ်ရဲ့ ခြေလှမ်းသစ်


ပြည်တွင်းမှာ မိုဘိုင်းကိုင်ဆောင်သူ အတော်များများ SMS နဲ့ Social Network သုံးတဲ့အခါမှာ မြန်မာစာလက်ကွက်ဖြင့် အသုံးပြုလျှက် ရှိနေကြပြီ ဖြစ်ပါတယ်။ ထိုသို့ သုံးစွဲရာမှာ မြန်မာ လက်ကွက်သုံး Appများ အတော်အတန် ထွက်ပေါ်လာခဲ့ပါတယ်။ သို့ရာတွင် အသုံးပြုရ လွယ်ကူတာ ရှိသလို အဆင်မပြေတာတွေလည်း ကြုံတွေခဲ့ကြရပါတယ်။ ဒီလို အဆင်မပြေမှုတွေကို အထိရောက်ဆုံးနဲ့ အတတ်နိုင်ဆုံး အဆင်ပြေ လွယ်ကူစွာ ရိုက်တတ်နိုင်ဖို့အတွက် စံမြန်မာနဲ့ ကမ္ဘာကျော် HTC ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ စံမြန်မာ STANDARD မြန်မာ ဟန်းဖုန်းစနစ်အကြောင်းကို စံမြန်မာကို နှစ်ပေါင်းများစွာ တီထွင် ထုတ်လုပ်သူ ဆရာ ကိုအေးမင်းနဲ့ မန္တလေးမြို့တော်ကြီးမှာ မေးမြန်းခဲ့သမျှကို အိုင်စီတီဂျာနယ် ချစ်ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။


မေး-စံမြန်မာနဲ့ HTC ပူးပေါင်းပြီး မြန်မာဟန်းဖုန်းစနစ်ကို ထုတ်လုပ်နေတယ် ဆိုတာ ဟုတ်ပါသလား?

ဖြေ-ဟုတ်ပါတယ်။ စံမြန်မာကုမ္ပဏီဟာ (၅)လကျော် HTCနဲ့ ပူးပေါင်းပြီး နေ့ညမအား ကြိုးစားခဲ့ပါတယ်။ မကြာခင်မှာဘဲ HTC ဟန်းဖုန်းများဟာ မြန်မာစနစ် ထွက်လာတော့မှာ ဖြစ်ပါတယ်။

မေး-ဒီစနစ်ဟာ တခြား Samsung, Huaweiတွေမှာ မြန်မာစာ ထည့်တာနဲ့ ဘာကွာသလဲ?

ဖြေ-စနစ်တစ်ခုလုံး မြန်မာစာ ဖြစ်သွားမှာ ဖြစ်ပြီး၊ Languageမှာ အင်္ဂလိပ် ပြောင်းလိုက်တာနဲ့ အင်္ဂလိပ်စာ ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး၊ ဘာသာစကား ထည့်သွင်းတာ ဖြစ်ပါတယ်။ မြန်မာစာ တတ်တာနဲ့ ဒီဖုန်းကို လေ့လာလိုက်ရင် ခဏလေးနဲ့ သုံးတတ်သွားမှာ ဖြစ်ပါတယ်။ စက်က ပြန်ပြောရင်လည်း မြန်မာလို ပြန်ပြောမှာ ဖြစ်တဲ့အတွက် လူတိုင်း နားမလည်နိုင်စရာ မရှိပါဘူး။ အခုလက်ရှိ အင်္ဂလိပ်စာနဲ့ အသုံးပြုနေကြတဲ့ လူတွေမှာလည်း ဖုန်းရဲ့ အသုံးကို သေချာ မသုံးနိုင်ကြပါဘူး၊ အင်္ဂလိပ်စာ မတတ်သူတွေနဲ့ စိတ်ဝင်စားမှု နည်းသူတွေဆို၊ လုံးဝ အဆင်မပြေတော့ ပါဘူး။ အဲဒီ လူတွေက မြန်မာစာနဲ့မှအဆင်ပြေမှာ ဖြစ်ပါတယ်။ နောက် တစ်ချက် မတူတာက စံမြန်မာ ကီးဘုတ်ဟာ (၁၀)မိနစ် စမ်းပြီး ရိုက်ကြည့်လိုက်ရင် တစ်ခါထဲ တတ်သွားမှာ ဖြစ်ပါတယ်။ ကွန်ပျူတာ မကိုင်ဘူးတဲ့ လူတစ်ယောက်ကို စမ်းပြီး ရိုက်ခိုင်းကြည့်တာ၊ ဒီလူ ခဏလေးနဲ့ သူရိုက်ချင်တဲ့ စာတစ်ကြောင်း ရိုက်ထွက်လာတယ်။ နောက်ပြီး စာလုံးတိုင်းကို အသေးစိတ် ရိုက်စရာ မလိုဘဲ အတိုကောက်တွေနဲ့ ခဏလေး စာတစ်ကြောင်း ပြီးသွားပါတယ်။ ဥပမာ နေကောင်းလားဆိုရင် န-က-လ သုံးလုံးဘဲ ရိုက်တာနဲ့ ထွက်လာပြီ။ ဒီလိုဘဲ ဘာလုပ်နေတာလဲဆိုရင် ဘ-လ-န-တ-လ ရိုက်ရင် ထွက်လာပါပြီ။ မနက်ဖြန် ရိုက်မယ်ဆိုလည်း မ-န-ဖ ရိုက်ရင် ရလာပြီ။ ဒီလောက် လွယ်ရင် လူတိုင်း မရိုက်တတ်စရာ မရှိဘူး။ ဒီ ကီးဘုတ်နဲ့ဆိုရင် လူတိုင်း စာရိုက်ပြီး အပြန်အလှန် ပို့ကြမယ်။ ကိုယ် ဆက်သွယ်တဲ့ လူနာမည်တွေ အလွယ်တကူ ရိုက်နိုင်မယ်ဆိုရင်၊ ခဏအတွင်းမှာ သုံးစွဲသူတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နဂို နာမည်ကြီးပြီးသား HTC ဟန်းဖုန်းဟာ အချိန်တိုတို အတွင်းမှာ Market ရလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အခု လက်ရှိ ကီးဘုတ်တွေမှာ ကွန်ပျူတာ ကျွမ်းကျင်သူတွေတောင် တော်တော် အခက်အခဲ ရှိတယ်။ ဒါကြောင့် ဒီလို ထည့်သွင်းထားတဲ့ ဖုန်းတွေမှာ စာရိုက်သူ အလွန်နည်းလို့ စာပို့စနစ် မတိုးနိုင်ပါဘူး။


မေး-ဒီဖုန်းမှာ ဇော်ဂျီစနစ်ရော ပါတယ်လို့ ပြောသံကြားပါတယ်။ ဟုတ်ပါသလား?

ဖြေ-ဟုတ်ပါတယ်။ အင်တာနက်မှာ ဇော်ဂျီ အသုံးများတဲ့အတွက် ဇော်ဂျီရဲ့ Code Addressကို ထည့်ပေးထားပါတယ်။ သုံးစွဲသူ စိတ်တိုင်းကျ ရွေးချယ် အသုံးပြုနိုင်ပါတယ်။ 

မေး-ဘယ်တော့လောက် စတင်ရောင်းချမယ်လို့ စီစဉ်ထားသလဲ?

ဖြေ-အဆင်ပြေရင် ဇန်န၀ါရီလ အလယ်လောက် ထွက်နိုင်လိမ့်မယ်လို့ မှန်းထားပါတယ်။

မေး-ဈေးနှုန်းက ဘယ်လောက်ရှိမလဲ?

ဖြေ-ဒါတော့ ကျွန်တော်တို့ ဘာမှ မပြောနိုင်သေးပါဘူး၊ အသက်သာဆုံး ရောင်းချသွားနိုင်အောင် စီစဉ်နေပါတယ်။


အေးချမ်းမွန်မှ  Myanmar ICT တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar ICT

ပြည်တွင်းမှာ မိုဘိုင်းကိုင်ဆောင်သူ အတော်များများSMS နဲ့ Social Network သုံးတဲ့အခါမှာ မြန်မာစာလက်
ကွက်ဖြင့် အသုံးပြုလျှက် ရှိနေကြပြီ ဖြစ်ပါတယ်။ ထိုသို့ သုံးစွဲရာမှာ မြန်မာ လက်ကွက်သုံး Appများ အတော်
အတန် ထွက်ပေါ်လာခဲ့ပါတယ်။

Panasonic ရဲ့ ပြည်တွင်းဈေးကွက်ထဲ အသစ်တင်သွင်းလာတဲ့ NA-F90B3 Fully Auto အ၀တ်လျှော်စက်