Pages

Monday, December 17, 2012

စံမြန်မာနဲ့ ကမ္ဘာကျော် HTC ပူးပေါင်းပြီး မိုဘိုင်းဖုန်းပေါ် ရောက်ရှိလာတော့မယ့် စံမြန်မာ ကီးဘုတ်စနစ်ရဲ့ ခြေလှမ်းသစ်

စံမြန်မာနဲ့ ကမ္ဘာကျော် HTC ပူးပေါင်းပြီး မိုဘိုင်းဖုန်းပေါ် 
ရောက်ရှိလာတော့မယ့် စံမြန်မာ ကီးဘုတ်စနစ်ရဲ့ ခြေလှမ်းသစ်


ပြည်တွင်းမှာ မိုဘိုင်းကိုင်ဆောင်သူ အတော်များများ SMS နဲ့ Social Network သုံးတဲ့အခါမှာ မြန်မာစာလက်ကွက်ဖြင့် အသုံးပြုလျှက် ရှိနေကြပြီ ဖြစ်ပါတယ်။ ထိုသို့ သုံးစွဲရာမှာ မြန်မာ လက်ကွက်သုံး Appများ အတော်အတန် ထွက်ပေါ်လာခဲ့ပါတယ်။ သို့ရာတွင် အသုံးပြုရ လွယ်ကူတာ ရှိသလို အဆင်မပြေတာတွေလည်း ကြုံတွေခဲ့ကြရပါတယ်။ ဒီလို အဆင်မပြေမှုတွေကို အထိရောက်ဆုံးနဲ့ အတတ်နိုင်ဆုံး အဆင်ပြေ လွယ်ကူစွာ ရိုက်တတ်နိုင်ဖို့အတွက် စံမြန်မာနဲ့ ကမ္ဘာကျော် HTC ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ စံမြန်မာ STANDARD မြန်မာ ဟန်းဖုန်းစနစ်အကြောင်းကို စံမြန်မာကို နှစ်ပေါင်းများစွာ တီထွင် ထုတ်လုပ်သူ ဆရာ ကိုအေးမင်းနဲ့ မန္တလေးမြို့တော်ကြီးမှာ မေးမြန်းခဲ့သမျှကို အိုင်စီတီဂျာနယ် ချစ်ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။


မေး-စံမြန်မာနဲ့ HTC ပူးပေါင်းပြီး မြန်မာဟန်းဖုန်းစနစ်ကို ထုတ်လုပ်နေတယ် ဆိုတာ ဟုတ်ပါသလား?

ဖြေ-ဟုတ်ပါတယ်။ စံမြန်မာကုမ္ပဏီဟာ (၅)လကျော် HTCနဲ့ ပူးပေါင်းပြီး နေ့ညမအား ကြိုးစားခဲ့ပါတယ်။ မကြာခင်မှာဘဲ HTC ဟန်းဖုန်းများဟာ မြန်မာစနစ် ထွက်လာတော့မှာ ဖြစ်ပါတယ်။

မေး-ဒီစနစ်ဟာ တခြား Samsung, Huaweiတွေမှာ မြန်မာစာ ထည့်တာနဲ့ ဘာကွာသလဲ?

ဖြေ-စနစ်တစ်ခုလုံး မြန်မာစာ ဖြစ်သွားမှာ ဖြစ်ပြီး၊ Languageမှာ အင်္ဂလိပ် ပြောင်းလိုက်တာနဲ့ အင်္ဂလိပ်စာ ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး၊ ဘာသာစကား ထည့်သွင်းတာ ဖြစ်ပါတယ်။ မြန်မာစာ တတ်တာနဲ့ ဒီဖုန်းကို လေ့လာလိုက်ရင် ခဏလေးနဲ့ သုံးတတ်သွားမှာ ဖြစ်ပါတယ်။ စက်က ပြန်ပြောရင်လည်း မြန်မာလို ပြန်ပြောမှာ ဖြစ်တဲ့အတွက် လူတိုင်း နားမလည်နိုင်စရာ မရှိပါဘူး။ အခုလက်ရှိ အင်္ဂလိပ်စာနဲ့ အသုံးပြုနေကြတဲ့ လူတွေမှာလည်း ဖုန်းရဲ့ အသုံးကို သေချာ မသုံးနိုင်ကြပါဘူး၊ အင်္ဂလိပ်စာ မတတ်သူတွေနဲ့ စိတ်ဝင်စားမှု နည်းသူတွေဆို၊ လုံးဝ အဆင်မပြေတော့ ပါဘူး။ အဲဒီ လူတွေက မြန်မာစာနဲ့မှအဆင်ပြေမှာ ဖြစ်ပါတယ်။ နောက် တစ်ချက် မတူတာက စံမြန်မာ ကီးဘုတ်ဟာ (၁၀)မိနစ် စမ်းပြီး ရိုက်ကြည့်လိုက်ရင် တစ်ခါထဲ တတ်သွားမှာ ဖြစ်ပါတယ်။ ကွန်ပျူတာ မကိုင်ဘူးတဲ့ လူတစ်ယောက်ကို စမ်းပြီး ရိုက်ခိုင်းကြည့်တာ၊ ဒီလူ ခဏလေးနဲ့ သူရိုက်ချင်တဲ့ စာတစ်ကြောင်း ရိုက်ထွက်လာတယ်။ နောက်ပြီး စာလုံးတိုင်းကို အသေးစိတ် ရိုက်စရာ မလိုဘဲ အတိုကောက်တွေနဲ့ ခဏလေး စာတစ်ကြောင်း ပြီးသွားပါတယ်။ ဥပမာ နေကောင်းလားဆိုရင် န-က-လ သုံးလုံးဘဲ ရိုက်တာနဲ့ ထွက်လာပြီ။ ဒီလိုဘဲ ဘာလုပ်နေတာလဲဆိုရင် ဘ-လ-န-တ-လ ရိုက်ရင် ထွက်လာပါပြီ။ မနက်ဖြန် ရိုက်မယ်ဆိုလည်း မ-န-ဖ ရိုက်ရင် ရလာပြီ။ ဒီလောက် လွယ်ရင် လူတိုင်း မရိုက်တတ်စရာ မရှိဘူး။ ဒီ ကီးဘုတ်နဲ့ဆိုရင် လူတိုင်း စာရိုက်ပြီး အပြန်အလှန် ပို့ကြမယ်။ ကိုယ် ဆက်သွယ်တဲ့ လူနာမည်တွေ အလွယ်တကူ ရိုက်နိုင်မယ်ဆိုရင်၊ ခဏအတွင်းမှာ သုံးစွဲသူတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နဂို နာမည်ကြီးပြီးသား HTC ဟန်းဖုန်းဟာ အချိန်တိုတို အတွင်းမှာ Market ရလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အခု လက်ရှိ ကီးဘုတ်တွေမှာ ကွန်ပျူတာ ကျွမ်းကျင်သူတွေတောင် တော်တော် အခက်အခဲ ရှိတယ်။ ဒါကြောင့် ဒီလို ထည့်သွင်းထားတဲ့ ဖုန်းတွေမှာ စာရိုက်သူ အလွန်နည်းလို့ စာပို့စနစ် မတိုးနိုင်ပါဘူး။


မေး-ဒီဖုန်းမှာ ဇော်ဂျီစနစ်ရော ပါတယ်လို့ ပြောသံကြားပါတယ်။ ဟုတ်ပါသလား?

ဖြေ-ဟုတ်ပါတယ်။ အင်တာနက်မှာ ဇော်ဂျီ အသုံးများတဲ့အတွက် ဇော်ဂျီရဲ့ Code Addressကို ထည့်ပေးထားပါတယ်။ သုံးစွဲသူ စိတ်တိုင်းကျ ရွေးချယ် အသုံးပြုနိုင်ပါတယ်။ 

မေး-ဘယ်တော့လောက် စတင်ရောင်းချမယ်လို့ စီစဉ်ထားသလဲ?

ဖြေ-အဆင်ပြေရင် ဇန်န၀ါရီလ အလယ်လောက် ထွက်နိုင်လိမ့်မယ်လို့ မှန်းထားပါတယ်။

မေး-ဈေးနှုန်းက ဘယ်လောက်ရှိမလဲ?

ဖြေ-ဒါတော့ ကျွန်တော်တို့ ဘာမှ မပြောနိုင်သေးပါဘူး၊ အသက်သာဆုံး ရောင်းချသွားနိုင်အောင် စီစဉ်နေပါတယ်။


အေးချမ်းမွန်မှ  Myanmar ICT တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar ICT

ပြည်တွင်းမှာ မိုဘိုင်းကိုင်ဆောင်သူ အတော်များများSMS နဲ့ Social Network သုံးတဲ့အခါမှာ မြန်မာစာလက်
ကွက်ဖြင့် အသုံးပြုလျှက် ရှိနေကြပြီ ဖြစ်ပါတယ်။ ထိုသို့ သုံးစွဲရာမှာ မြန်မာ လက်ကွက်သုံး Appများ အတော်
အတန် ထွက်ပေါ်လာခဲ့ပါတယ်။ သို့ရာတွင် အသုံးပြုရ လွယ်ကူတာ ရှိသလို အဆင်မပြေတာတွေလည်း ကြုံတွေခဲ့ကြရပါတယ်။ ဒီလို အဆင်
မပြေမှုတွေကို အထိရောက်ဆုံးနဲ့ အတတ်နိုင်ဆုံး အဆင်ပြေ လွယ်ကူစွာ ရိုက်တတ်နိုင်ဖို့အတွက် စံမြန်မာနဲ့ ကမ္ဘာကျော် HTC ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ စံမြန်မာ STANDARD မြန်မာ ဟန်းဖုန်းစနစ်အကြောင်းကို စံမြန်မာကို နှစ်ပေါင်းများစွာ တီထွင် ထုတ်လုပ်သူ ဆရာ ကိုအေးမင်းနဲ့မန္တလေးမြို့တော်ကြီးမှာ မေးမြန်းခဲ့သ
မျှကို အိုင်စီတီဂျာနယ် ချစ်ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။


မေး-စံမြန်မာနဲ့ HTC ပူးပေါင်းပြီး မြန်မာဟန်းဖုန်းစနစ်ကို ထုတ်လုပ်နေတယ် ဆိုတာ ဟုတ်ပါသလား?

ဖြေ-ဟုတ်ပါတယ်။ စံမြန်မာကုမ္ပဏီဟာ (၅)လကျော် HTCနဲ့ ပူးပေါင်းပြီး နေ့ညမအား ကြိုးစားခဲ့ပါတယ်။ မကြာခင်မှာဘဲ HTC ဟန်းဖုန်းများဟာ မြန်မာစနစ် ထွက်လာတော့မှာ ဖြစ်ပါတယ်။

မေး-ဒီစနစ်ဟာ တခြား Samsung, Huaweiတွေမှာ မြန်မာစာ ထည့်တာနဲ့ ဘာကွာသလဲ?

ဖြေ-စနစ်တစ်ခုလုံး မြန်မာစာ ဖြစ်သွားမှာ ဖြစ်ပြီး၊ Languageမှာ အင်္ဂလိပ် ပြောင်းလိုက်တာနဲ့ အင်္ဂလိပ်စာ
 ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး၊ ဘာသာစကား ထည့်သွင်းတာ
 ဖြစ်ပါတယ်။ မြန်မာစာ တတ်တာနဲ့ ဒီဖုန်းကို လေ့လာလိုက်ရင် ခဏလေးနဲ့ သုံးတတ်သွားမှာ ဖြစ်ပါတယ်။ 
 
စက်က ပြန်ပြောရင်လည်း မြန်မာလို ပြန်ပြောမှာ ဖြစ်တဲ့အတွက် လူတိုင်း နားမလည်နိုင်စရာ မရှိပါဘူး။ အခု
လက်ရှိ အင်္ဂလိပ်စာနဲ့ အသုံးပြုနေကြတဲ့ လူတွေမှာလည်းဖုန်းရဲ့ အသုံးကို သေချာမသုံးနိုင်ကြပါဘူး၊အင်္ဂလိပ်
စာ မတတ်သူတွေနဲ့ စိတ်ဝင်စားမှု နည်းသူတွေဆို၊ လုံးဝ အဆင်မပြေတော့ ပါဘူး။ အဲဒီ လူတွေက မြန်မာ
စာနဲ့မှအဆင်ပြေမှာ ဖြစ်ပါတယ်။
 
နောက် တစ်ချက် မတူတာက စံမြန်မာ ကီးဘုတ်ဟာ (၁၀)မိနစ် စမ်းပြီး ရိုက်ကြည့်လိုက်ရင် တစ်ခါထဲ တတ်
သွားမှာ ဖြစ်ပါတယ်။ ကွန်ပျူတာ မကိုင်ဘူးတဲ့ လူတစ်ယောက်ကို စမ်းပြီးရိုက်ခိုင်းကြည့်တာ၊ဒီလူ ခဏလေး
နဲ့ သူရိုက်ချင်တဲ့ စာတစ်ကြောင်း ရိုက်ထွက်လာတယ်။ နောက်ပြီး စာလုံးတိုင်းကို အသေးစိတ် ရိုက်စရာ မလို
ဘဲ အတိုကောက်တွေနဲ့ ခဏလေး စာတစ်ကြောင်း ပြီးသွားပါတယ်။ 
 
ဥပမာ နေကောင်းလားဆိုရင် န-က-လ သုံးလုံးဘဲ ရိုက်တာနဲ့ ထွက်လာပြီ။ ဒီလိုဘဲ ဘာလုပ်နေတာလဲဆိုရင် ဘ-လ-န-တ-လ ရိုက်ရင် ထွက်လာပါပြီ။ မနက်ဖြန် ရိုက်မယ်ဆိုလည်း မ-န-ဖ ရိုက်ရင် ရလာပြီ။ ဒီလောက် လွယ်ရင် လူတိုင်း မရိုက်တတ်စရာ မရှိဘူး။ ဒီ ကီးဘုတ်နဲ့ဆိုရင် လူတိုင်း စာရိုက်ပြီး အပြန်အလှန် ပို့ကြမယ်။
 
ကိုယ် ဆက်သွယ်တဲ့ လူနာမည်တွေ အလွယ်တကူ ရိုက်နိုင်မယ်ဆိုရင်၊ ခဏအတွင်းမှာ သုံးစွဲသူတွေတိုးတက်
လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နဂို နာမည်ကြီးပြီးသား HTC ဟန်းဖုန်းဟာ အချိန်တိုတို အတွင်းမှာ Market ရလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။အခုလက်ရှိကီးဘုတ်တွေမှာကွန်ပျူတာ ကျွမ်းကျင်သူတွေတာင်
တော်တော် အခက်အခဲ ရှိတယ်။ ဒါကြောင့် ဒီလို ထည့်သွင်းထားတဲ့ ဖုန်းတွေမှာ စာရိုက်သူ အလွန်နည်းလို့ စာပို့စနစ် မတိုးနိုင်ပါဘူး။


မေး-ဒီဖုန်းမှာ ဇော်ဂျီစနစ်ရော ပါတယ်လို့ ပြောသံကြားပါတယ်။ ဟုတ်ပါသလား?

ဖြေ-ဟုတ်ပါတယ်။ အင်တာနက်မှာ ဇော်ဂျီ အသုံးများတဲ့အတွက် ဇော်ဂျီရဲ့ Code Addressကို ထည့်ပေးထား
ပါတယ်။ သုံးစွဲသူ စိတ်တိုင်းကျ ရွေးချယ် အသုံးပြုနိုင်ပါတယ်။

မေး-ဘယ်တော့လောက် စတင်ရောင်းချမယ်လို့ စီစဉ်ထားသလဲ?

ဖြေ-အဆင်ပြေရင် ဇန်န၀ါရီလ အလယ်လောက် ထွက်နိုင်လိမ့်မယ်လို့ မှန်းထားပါတယ်။

မေး-ဈေးနှုန်းက ဘယ်လောက်ရှိမလဲ?

ဖြေ-ဒါတော့ ကျွန်တော်တို့ ဘာမှ မပြောနိုင်သေးပါဘူး၊ အသက်သာဆုံး ရောင်းချသွားနိုင်အောင် စီစဉ်နေ
ပါတယ်။

 
Myanmar ICT 

0 comments:

Post a Comment