Pages

Monday, December 17, 2012

ခွဲခြားဆက်ဆံခံနေရသည်ဟုတော်ဝင်အ လုပ်သမားများပြောကြား

ရန်ကုန်၊ဒီဇင်ဘာ၊၁၈။

တိုင်းဝန်ကြီးဦးစိုးမင်း၏ မေတ္တာရပ်ခံချက်ကြောင့် တော်ဝင်သစ်ဆက်ပိုင်ရှင်ဦးကိုကိုထွေးမှ အလုပ်သမား
များအားလုပ်ငန်းခွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ခွင့်ပြုပေးခဲ့သော်လည်း ဆန္ဒထုတ်ဖော်သော အလုပ်
သမား ၂၆၈ ယောက်တို့သည် စက်ရုံအတွင်းသို့ဝင်ရောက်လုပ်ကိုင်ခွင့်မရကြပဲ အလုပ်ရှင်၏စက်ရုံဝင်းအ
တွင်း ကန့်သတ်နေရာတစ်ခုတွင် သီးခြားထားရှိခြင်းခံထားရကြောင်း ၄င်းအလုပ်သမားများက ပြောကြ
သည်။ ယင်းနေရာတွင် အလုပ်သမားများ၏ ယခင်အလုပ်လုပ်ကိုင်ခဲ့သော လုပ်ငန်းခွင်မှလုပ်ငန်းပုံစံမျိုးမဟုတ်ပဲ အလုပ်နှင့်မသက်ဆိုင်သောစွန့်ပစ်သံထည်ပစ္စည်းများအားလုပ်ကိုင်ခိုင်းသောကြောင့်အလုပ်သမားများသည်
စိတ်ပိုင်းဆိုင်ရာထိခိုက်ကာ အလုပ်မလုပ်နိုင်သောကြောင့် အခက်ကြုံနေရကြောင်း သိရသည်။

“ဒီမှာက ရေအိုးလေး၂ အိုးထား ထားတယ်။ အိမ်သာကလည်းယောင်္ကျားလေး၊ မိန်းကလေးပေါင်းမှ ၂လုံး
ထဲရယ်။ စားဆောင်ကိုလည်း သီးခြားခွဲထားလိုက်ပြီ။ စက်ဘီးတွေကိုလည်း အရင်နေရာမှာပဲမဟုတ်ဘဲ သီး
ခြားခွဲခိုင်းတယ်။ ဒါက အလုပ်သမားအချင်းချင်းခွဲခြားဆက်ဆံတာပါပဲ။ ဦးကိုကိုထွေးကိုသာ အခုအချိန်မှာ
တွေ့ခွင့်ရရင်မေးချင်ပါတယ်။ ဒီက အလုပ်သမားတွေက တော်ဝင်မိသားစုရဲ့အလုပ်သမားတွေမှ ဟုတ်ပါရဲ့
လားလို့ မေးချင်တယ်ဗျ” ဟု အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ကိုကျော်မင်းကပြောသည်။

လုပ်ငန်းခွင်တွင်း အလုပ်သမားများနှင့်မသက်ဆိုင်သော အလုပ်များအားခိုင်းစေခြင်း၊စက်ရုံတွင်းရှိနေသော
အလုပ်သမားများနှင့် ဆန္ဒထုတ်ဖော်သောအလုပ်သမားများကြား ခွဲခြားဆက်ဆံခံရခြင်းနှင့် အလုပ်ရှင်ဘက်
မှ အလုပ်သမားများအား ဖိနှိပ်ချုပ်ချယ် နိုင်ထက်စီးနင်းလုပ်ခြင်းတို့အား အလုပ်သမားများအနေဖြင့်ခံစား
နေရသည်ဟု အလုပ်သမားများကပြောကြသည်။

ဟိန်းကို
 
ခေတ်သတင်း

0 comments:

Post a Comment