Pages

Monday, December 17, 2012

ကေအိုင်အေးနှင့် ဖြစ်ပွားခဲ့သည့် Laja Yang တိုက်ပွဲတွင် မြန်မာ စစ်တပ် ကျပ်သိန်းတစ်သောင်းခန့်ဖြုန်းတီး

(၁၄/၁၂/၂၀၁၂) Laja Yang တိုက်ပွဲတွင် မြန်မာ စစ်တပ် 
================================
ကျပ်သိန်းတစ်သောင်းခန့်ဖြုန်း
==================
ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ဖြစ်ပွားသော ပြင်းထန်သည့်
တိုက်ပွဲတွင် မြန်မာ့တပ်မတော်က ၁၀၅ မမ၊ ၁၂၀ မမ 
အမြောက်ဖြင့်၎င်း၊ မြန်မာ့လေတပ်မှ ဒုံးကျည်များဖြင့်၎င်း 
အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Mi-24 Gun Ship (၂)စင်းဖြင့် သုံးကြိမ် ခေါက်တုန့်ခေါက်ပြန် 
ဒုံးကျည်၊ Machine Gun ဖြင့် ဒလစပ်ပစ် ခတ်တိုက်ခိုက်ခဲ့သည်။ 
Mi-24 တစ်စင်းသည် တစ်ကြိမ်ပျံတက်လျှင် ဒုံးကျည်(၆)စီး 
တင်ဆောင်နိုင်သဖြင့် ဒုံးကျည်ပေါင်း(၃၀)ကျော် ပစ်ခတ်ခဲ့သည်။

၁၀၅ မမ ဟော်ဝင်ဇာအမြောက် ကျည်ပေါင်း(၁၀၀)ကျော် ပစ်ခတ်
ခဲ့ရာ အမြောက်ကျည် (၁)လုံးသည် ကျပ်ငွေ သိန်း(၄၀)ခန့် တန်ဖိုး
ရှိကြောင်း သိရသည်။ ထို့ကြောင့် ဒီ-၁၄ တိုက်ပွဲ တွင် ၁၀၅ မမ 
အမြောက်ကျည်၏ တန်ဖိုးသက်သက်ပင် မြန်မာကျပ်ငွေသိန်း
(၅၀၀၀)ကျော်ခန့် သုံးဖြုန်းလိုက်ကြောင်း ခန့်မှန်းတွက်ချက်နိုင် 
သည်။

အခြားလက်နက်ကျည်ဖြစ်သော ဒုံးကျည်၊ ၁၂၀ မမ အမြောက်
ကျည်၊ RPJ ဒုံးကျည် စသော လက်နက်ကျည် အားလုံး၏တန်ဖိုး
ကို တွက်ချက်ပါက တစ်ရက်တည်းဖြစ်သောတိုက်ပွဲတွင် ကျပ်ငွေသိန်းတစ်သောင်းခန့် မြန်မာ့တပ်မတော်ဘက် သုံးဖြုန်း
လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
(source-MKN)

‎ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ဖြစ်ပွားသော ပြင်းထန်သည့်တိုက်ပွဲတွင် မြန်မာ့တပ်မတော်က ၁၀၅ မမ၊ ၁၂၀ မမအမြောက်ဖြင့်၎င်း၊ မြန်မာ့လေတပ်မှ ဒုံးကျည်များဖြင့်၎င်းအကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
Mi-24 Gun Ship (၂)စင်းဖြင့် သုံးကြိမ် ခေါက်တုန့်ခေါက်ပြန် ဒုံးကျည်၊ Machine Gun ဖြင့် ဒလစပ်ပစ် ခတ်
တိုက်ခိုက်ခဲ့သည်။ Mi-24 တစ်စင်းသည် တစ်ကြိမ်ပျံတက်လျှင်ဒုံးကျည်(၆)စီးတင်ဆောင်နိုင်သဖြင့်ဒုံးကျည်
ပေါင်း(၃၀)ကျော် ပစ်ခတ်ခဲ့သည်။

၁၀၅ မမ ဟော်ဝင်ဇာအမြောက် ကျည်ပေါင်း(၁၀၀)ကျော် ပစ်ခတ် ခဲ့ရာ အမြောက်ကျည် (၁)လုံးသည်ကျပ်
ငွေ သိန်း(၄၀)ခန့် တန်ဖိုး ရှိကြောင်း သိရသည်။ ထို့ကြောင့် ဒီ-၁၄ တိုက်ပွဲ တွင် ၁၀၅ မမ အမြောက်ကျည်
၏ တန်ဖိုးသက်သက်ပင် မြန်မာကျပ်ငွေသိန်း (၅၀၀၀)ကျော်ခန့် သုံးဖြုန်းလိုက်ကြောင်း ခန့်မှန်းတွက်ချက်
နိုင်သည်။

အခြားလက်နက်ကျည်ဖြစ်သော ဒုံးကျည်၊ ၁၂၀ မမအမြောက်ကျည်၊ RPJ ဒုံးကျည် စသော လက်နက်ကျည် 
အားလုံး၏တန်ဖိုး ကို တွက်ချက်ပါက တစ်ရက်တည်းဖြစ်သောတိုက်ပွဲတွင် ကျပ်ငွေသိန်းတစ်သောင်းခန့်
မြန်မာ့တပ်မတော်ဘက် သုံးဖြုန်း လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

(source-MKN)

0 comments:

Post a Comment