Pages

Monday, December 17, 2012

ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေခဲ့သူ လေးဦး တရုတ် ထောင်ဒဏ်ချမှတ်

ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေခဲ့သူ လေးဦး တရုတ် ထောင်ဒဏ်ချမှတ်

တရုတ် ရဲတပ်ဖွဲ့သည် ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေ ခဲ့ကြသူ လေးဦးအား ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ တောင်ပိုင်းရှိ လူဦးရေ ၂၈ သန်း နေထိုင်သော ချုံကင်းမြို့၌ ဒီဇင်ဘာ ၁၂ ရက်က အမျိုးသား နှစ်ဦးသည် အသံချဲ့စက် တစ်လုံးဖြင့် ဒေသခံများအား ဒီဇင်ဘာ ၂၁ ရက်၌ ကမ္ဘာပျက် တော့မည်ဟု ဟော ပြောနေစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့အပြင် အခြားနှစ်ဦး ကိုလည်း မြို့၏ လမ်းများအတွင်း ကမ္ဘာပျက်တော့ မည်ဟု ဖော်ပြထားသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေစဉ် အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။

အဆိုပါ ကောလာဟလ သတင်းများ ဖြန့်ဝေသူ လေးဦးအား ဒေသတွင်း အုပ်ချုပ်ရေးရုံးမှ ထောင်ဒဏ် ၁ဝ ရက် ချမှတ်ခဲ့ပြီး လူထုအား ကောလာဟ လ သတင်းများ ဖြန့်ဝေမှုကို ထိရောက်စွာ နှိမ်နင်းသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ရှေးခေတ် မာယာပြက္ခဒိန် တစ်ခု၏ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာပျက် တော့မည် ဟု အချို့က ယုံကြည်လျက် ရှိကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ ခန့်မှန်းချက်ကို မျက်မှောက်ခေတ် သိပ္ပံပညာရှင် များက ငြင်းဆိုထားသည်။


http://www.myawady.com.mm/allnews/global/item/1980-2012-12-17-09-09-25

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

တရုတ် ရဲတပ်ဖွဲ့သည် ကမ္ဘာ ပျက်တော့မည်ဟု ကောလာဟလ သတင်းများ ဖြန့်ဝေ ခဲ့ကြသူ လေးဦးအား
ထာင်ဒဏ် ချမှတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။တရုတ်နိုင်ငံ တောင်ပိုင်းရှိ လူဦးရေ ၂၈ သန်း နေထိုင်သော ချုံကင်းမြို့၌ဒီဇင်ဘာ၁၂ ရက်က အမျိုးသား နှစ်
ဦးသည် အသံချဲ့စက် တစ်လုံးဖြင့် ဒေသခံများအား ဒီဇင်ဘာ ၂၁ ရက်၌ ကမ္ဘာပျက် တော့မည်ဟု ဟော ပြော
နစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ထို့အပြင် အခြားနှစ်ဦး ကိုလည်း မြို့၏ လမ်းများအတွင်း ကမ္ဘာပျက်တော့ မည်ဟု ဖော်ပြထားသည့် လက်
ကမ်း စာစောင်များ ဖြန့်ဝေစဉ် အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။
အဆိုပါ ကောလာဟလ သတင်းများ ဖြန့်ဝေသူ လေးဦးအား ဒေသတွင်း အုပ်ချုပ်ရေးရုံးမှ ထောင်ဒဏ် ၁ဝ ရက် ချမှတ်ခဲ့ပြီး လူထုအား ကောလာဟ လ သတင်းများ ဖြန့်ဝေမှုကို ထိရောက်စွာ နှိမ်နင်းသွားမည် ဖြစ်
ကြာင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ရှေးခေတ် မာယာပြက္ခဒိန် တစ်ခု၏ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာပျက် တော့မည် ဟုအချို့ကယုံကြည်လျက် ရှိကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ ခန့်မှန်းချက်ကို မျက်မှောက်ခေတ် သိပ္ပံ
ပညာရှင် များက ငြင်းဆိုထားသည်။


 မြ၀တီ

0 comments:

Post a Comment