Pages

Monday, December 17, 2012

တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ပြောင်းလဲခြင်းသည် ကျောင်းသား/သူများကို အခက်အခဲဖြစ်စေကြောင်း ကျောင်းသားမိဘများပြောကြား


တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ပြောင်းလဲခြင်းသည် ကျောင်းသား/သူများကို အခက်အခဲဖြစ်စေကြောင်း ကျောင်းသားမိဘများပြော


ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အ.ထ.က
ကျောင်းခွဲရှိတက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ကြမည့် ကျောင်းသား/ကျောင်း
သူများသည် ယခုနှစ်၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် စာစစ်ဌာနပြောင်း
လဲဖြေ ဆိုရမည်ဖြစ်သည့်အတွက်အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ
့နိုင်ကြောင်း ကျောင်းသားမိဘများ၏ပြော ကြားချက်အရ သိရှိရသည်။


ရွှေညောင်ပင်ကျေးရွာ အ.ထ.က ကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူ
များသည်၁၉၉၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သက္ကသိုလ်ဝင်စားမေးပွဲကို သက္ကလစံပြကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုခဲ့ရာ ကျန်မာရေး၊ နေထိုင်ရေး၊လုံခြုံရေးပြည့်စုံမှုကြောင့် စိတ်လက်ချမ်းသာ
စွာဖြင့် ဖြေဆိုခဲ့ကြ၍မြို့နယ်အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ၊ 
စတုတ္ထအဆင့် များရရှိခဲ့သောကျောင်းတစ်ကျောင်းဖြစ်ပြီး
အောင်ချက်ရာခိုင်နှုန်းမြင့် မားသည့်ကျောင်းလည်းဖြစ်ပါသည်။

ယခုနှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် က၀မြို့နယ်၊သရက်ကုန်းကျေးရွာ
အခြေခံပညာအထက်တန်းကျောင်း သစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို
ဖြေဆိုရမည်ဟု မြို့နယ်ပညာရေးမှူးမှ ညွန်ကြားလာခဲ့ပါသည်။ ၄င်းကျောင်း သည်စာမေးပွဲဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် တည်ခိုနားနေရန်နေရာ၊ကျန်းမာရေး၊ ရေမီး၊ လုံခြုံ ရေးများမပြည့်စုံသော
ဒေသတစ်ခုဖြစ်ပါသည်။တစ်ရွာနှင်တစ်ရွာ နေ့ချင်းပြန်သွားရောက်ဖြေဆိုရန် မလွယ်ကူသောနေရာဒေသလည်းဖြစ်သည့်အတွက် ယခင်ဖြေဆိုနေကျ
နေသားကျပြီးသောသက္ကလစံပြကျေးရွာ အ ထက်တန်းကျောင်း စာစစ်ဌာန
တွင် ဖြေဆိုလိုပါကြောင်း၊ကျောင်း၏ အောင်ချက်ကောင်းခြင်း ညံ့ခြင်းသည် ကလေးသူငယ်ကျောင်းသားကျောင်းသူများ၏ စိတ်ချမ်းသာမှုနှင့်ပါ သက်ဆိုင်ကြောင်းကျောင်းသားမိဘ ဆရာအသင်း ဥက္ကဌ ဦးကျော်လွင်မှ
ပြောကြားပါသည်။ကျောင်းသား/သူများ၏ စိတ်ချမ်းသာမှုဆန္ဒ၊ မိဘများ၏ ပံ့ပိုးနိုင်မှု၊ဆရာ/ဆရာမများ၏ သွားလာနေထိုင်ရေး တို့နှင့်သင့်လျှော်သော က၀မြို့နယ်၊သက္ကလစံပြကျေးရွာ စာစစ်ဌာနတွင် ဆက်လက်ဖြေဆိုလိုပါ
ကြောင်း၊မြို့နယ်ပညာရေးမှူးက ဖြေစေလိုသောသရက်ကုန်းကျေးရွာစာစစ်ဌာနအသစ်တွင်ဖြေဆိုရန် ဆန္ဒမရှိပါ ကြောင်း၊ ရွှေညောင်ပင်ကျေးရွာရှိ
ကျောင်းသားမိဘများမှညွန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ စာစစ်ဌာနချုပ်၊
အောက်မြန်မာပြည်၊နေပြည်တော်သို့လိပ့်မူပြီး နိုဝင်ဘာ(၁၀)ရက်နေ့တွင်
ပေးပို့ခဲ့ကြောင်းနှင့် တက္ကသိုလ် ၀င်စာမေးပွဲစာစစ်ဌာန ပြောင်းလဲခြင်းသည်
ကျောင်းသား/သူများကို အခက်အခဲဖြစ်စေကြောင်း ကျောင်းသားမိဘများ
မှပြောဆိုပါသည်။


အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News

ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အ.ထ.က
ကျောင်းခွဲရှိတက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ကြမည့် ကျောင်းသား/ကျောင်း
သူများသည် ယခုနှစ်၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် စာစစ်ဌာနပြောင်း
လဲဖြေ ဆိုရမည်ဖြစ်သည့်အတွက်အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ
့နိုင်ကြောင်း ကျောင်းသားမိဘများ၏ပြော ကြားချက်အရ သိရှိရသည်။
ရွှေညောင်ပင်ကျေးရွာ အ.ထ.က ကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူများသည်၁၉၉၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်
အထိသက္ကသိုလ်ဝင်စားမေးပွဲကိုသက္ကလစံပြကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုခဲ့ရာ ကျန်
မာရေး၊ နေထိုင်ရေး၊လုံခြုံရေးပြည့်စုံမှုကြောင့် စိတ်လက်ချမ်းသာစွာဖြင့် ဖြေဆိုခဲ့ကြ၍မြို့နယ်အဆင့်တွင်
ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထအဆင့် များရရှိခဲ့သောကျောင်းတစ်ကျောင်းဖြစ်ပြီးအောင်ချက်ရာခိုင်နှုန်း
မင့် မားသည့်ကျောင်းလည်းဖြစ်ပါသည်။

ယခုနှစ်၂၀၁၂-၂၀၁၃ပညာသင်နှစ်က၀မြို့နယ်၊သရက်ကုန်းကျေးရွာ
အခြေခံပညာအထက်တန်းကျောင်း
သစ်၌ တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုရမည်ဟု မြို့နယ်ပညာရေးမှူးမှ ညွန်ကြားလာခဲ့ပါသည်။
 
၎င်းကျောင်း သည်စာမေးပွဲဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် တည်ခိုနားနေရန်နေရာ၊ကျန်းမာ
ရး၊ ရေမီး၊ လုံခြုံ ရေးများမပြည့်စုံသောဒေသတစ်ခုဖြစ်ပါသည်။တစ်ရွာနှင်တစ်ရွာ နေ့ချင်းပြန်သွားရောက်
ဖြေဆိုရန် မလွယ်ကူသောနေရာဒေသလည်းဖြစ်သည့်အတွက် ယခင်ဖြေဆိုနေကျနေသားကျပြီးသောသက္က
လစံပြကျေးရွာ အ ထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုလိုပါကြောင်း၊ကျောင်း၏ အောင်ချက်ကောင်း
ခင်း ညံ့ခြင်းသည် ကလေးသူငယ်ကျောင်းသားကျောင်းသူများ၏ စိတ်ချမ်းသာမှုနှင့်ပါ သက်ဆိုင်ကြောင်း
 
ကျောင်းသားမိဘ ဆရာအသင်းဥက္ကဌဦးကျော်လွင်မှပြောကြားပါသည်။ကျောင်းသား/သူများ၏ စိတ်ချမ်းသာ
မှုဆန္ဒ၊ မိဘများ၏ ပံ့ပိုးနိုင်မှု၊ဆရာ/ဆရာမများ၏ သွားလာနေထိုင်ရေး တို့နှင့်သင့်လျှော်သော က၀မြို့နယ်၊
သက္ကလစံပြကျေးရွာ စာစစ်ဌာနတွင် ဆက်လက်ဖြေဆိုလိုပါကြောင်း၊မြို့နယ်ပညာရေးမှူးက ဖြေစေလိုသော
သရက်ကုန်းကျေးရွာစာစစ်ဌာနအသစ်တွင်ဖြေဆိုရန် ဆန္ဒမရှိပါ ကြောင်း၊
 
 ရွှေညောင်ပင်ကျေးရွာရှိကျောင်းသားမိဘများမှညွန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ စာစစ်ဌာနချုပ်၊အောက်
မန်မာပြည်၊နေပြည်တော်သို့လိပ့်မူပြီး နိုဝင်ဘာ(၁၀)ရက်နေ့တွင်ပေးပို့ခဲ့ကြောင်းနှင့် တက္ကသိုလ် ၀င်စာမေးပွဲ
စာစစ်ဌာန ပြောင်းလဲခြင်းသည်ကျောင်းသား/သူများကို အခက်အခဲဖြစ်စေကြောင်း ကျောင်းသားမိဘများ မှ
ပြောဆိုပါသည်။

 
The Hot News 

0 comments:

Post a Comment