ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီးအား တွေ့ရစဉ်
MONDAY, 17 DECEMBER 2012
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင်
ကျေးရွာအုပ်စု၊ ကြိမ်တောမြောင်
ကျေးရွာရှိ သိမ်ကျောင်းဆရာတော် ဘုရားကြီးဘဒ္ဒန္တအာဒိစ္စ၀ံသ၊သက်တော် (၉၅) နှစ်၊ ၀ါတော် ၇၅ ၀ါသည်
ပျံလွန်တော်မူသွားသည်မှာဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက်ရှိလာသော်လည်းရုပ်ကလာပ်မှာ
ပုပ်ပွပျက်စီးခြင်းမရှိဘဲခန္ဓာကိုယ်အနှံ့
ကျောက်ဖြစ်သွားသကဲ့သို့ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း
သိရှိရသည်။
ဆရာတော်ဘုရာကြီးသည်
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၁ ရက် သီတင်းကျွတ်လပြည့်ကျော်၁ရက် နေ့ညနေ
၆ နာရီ
၅၀မိနစ်တွင် တောင်ငူမြို့ ကေတုအထူးကုဆေးခန်းတွင်ပျံလွန်တော်မူသွားခဲ့ပြီး ရုပ်ကလာပ်အား သီ
တင်းသုံးတော်မူရာ
သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။
ရုပ်ကလာပ်အား သင်္ဂြိုဟ်မည့် ရက်ကာလတွင်ဆရာတော်၏ဘယ်ဘက်မျက်လုံးတော်ဘက်မှ မှိုကဲ့သို့သော
ပွင့်ဖတ်ဖြူဖြူပုံစံများ
ပေါ်ပေါက်နေသည်ကိုသတိထားမိရာမှသိမ်ကျောင်းဂေါပကလူကြီးများနှင့်ရွာသူရွာသား
များက မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌထံသို့ တင်ပြလျှောက်ထားကြပြီးရုပ်ကလာပ်ခန္ဓာကိုယ်အား ဆေးထိုး
ထားခြင်းမရှိကြောင်းနှင့်ရွာသူရွာသားများကလည်းမီးသင်္ဂြိုဟ်ရန်ဆန္ဒမရှိသေးဘဲရုပ်ကလာပ်အားဆက်လက်
ထားရှိရန် ခွင့်ပန်ကြသဖြင့် ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်းမရှိပဲ
မှန်းခေါင်းအတွင်းထားရှိရာဒီဇင်ဘာလ၁၅
ရက်နေ့တွင် ရက်ပေါင်း ၄၆
ရက်ရှိပြီဖြစ်ကြောင်း ကြိမ်တောမြောင်သိမ်ကျောင်း ဂေါပကအဖွဲ့ဝင်ဦးချစ်လှိုင်
က ပြောကြားသည်။
ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီး၏ ဦးခေါင်းအား တွေ့ရ
စဉ်“သင်္ဂြိုဟ်မယ့်နေ့က ရုပ်ကလာပ်ကို မယူလိုက်တော့ ခန္ဓာကိုယ်က
ပျော့ပျောင်းနေတယ်၊ အေးပြီးတောင့်
နေတာမျိုး မရှိဘူး၊ ၁၅ ရက်လောက်ကြာပြီး
ခန္ဓာက သိသိသာသာ ရုပ်ပြောင်းလဲလာတဲ့ အချိန်မှာ ကိုင်ကြည့်
တော့
ကျောက်ဖြစ်သွားသလို မာတောင့်နေတယ်။ အနံ့အသက်လည်း လုံးဝမထွက်ပါဘူးဟု
ဆရာတော်၏
ခန္ဓာကို ကိုယ်တိုင်မယူ ထိတွေ့ခဲ့ သူ ကိုမောင်မောင်းစိန်က
ပြောကြားသည်။
ဆရာတော်ဘုရားကြီးသည် ကြိမ်တောမြောင်ကျေးရွာနေ
ခမည်းတော်ဦးခိုင်လေး၊မယ်တော်ဒေါ်ထွေးညိုတို့
မှ ဖွားမြင်ကာ မွေးချင်း ၇
ယောက်အနက်သုံးယောက်မြောက်သားဖြစ်ပြီးငယ်နာမည်မှာ မောင်ဟန်တင်ဖြစ်
သည်။
ဖူးမြော်ကြည်ညိုလိုပါက တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်
မြို့စိုးမြစ်ဆိပ်သို့သွားရာအရှေ့ဘက် ကျောက်
လမ်းကြမ်းအတိုင်း ၄ မိုင်ခန့်၊
စစ်တောင်းမြစ်အနီး မြစ်ကမ်းပါးအတိုင်း တောင်ဘက် တောင်သာရွာသို့
ဆိုင်
ကယ်ဖြင့်၂၅ မိနစ်ခန့် မောင်းနှင်ရပြီးထိုမှမြစ်ကိုစက်လှေဖြင့်ကူးကာ
တောင်ဘက်သို့ငါးမိနစ်ခန့်ဆိုင်ကယ်
မောင်းလျှင်ဆရာတော်ကြီး၏ရုပ်ကလာပ်ရှိရာကြိမ်တောမြောင်ကျေးရွာသိမ်ကျောင်းတော်သို့ရောက် ရှိ
ကြောင်း သိရှိရသည်။
ဇော်ဝင်းချစ်(တောင်ငူ)
Eleven Media Group
ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီးအား တွေ့ရစဉ် |
MONDAY, 17 DECEMBER 2012
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြောင်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြောင်
ကျေးရွာရှိ သိမ်ကျောင်းဆရာတော် ဘုရားကြီးဘဒ္ဒန္တအာဒိစ္စ၀ံသ၊သက်တော် (၉၅) နှစ်၊ ၀ါတော် ၇၅ ၀ါသည်
ပျံလွန်တော်မူသွားသည်မှာဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက်ရှိလာသော်လည်းရုပ်ကလာပ်မှာ
ပုပ်ပွပျက်စီးခြင်းမရှိဘဲခန္ဓာကိုယ်အနှံ့
ကျောက်ဖြစ်သွားသကဲ့သို့ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း
သိရှိရသည်။
ဆရာတော်ဘုရာကြီးသည်
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၁ ရက် သီတင်းကျွတ်လပြည့်ကျော်၁ရက် နေ့ညနေ
၆ နာရီ
၅၀မိနစ်တွင် တောင်ငူမြို့ ကေတုအထူးကုဆေးခန်းတွင်ပျံလွန်တော်မူသွားခဲ့ပြီး ရုပ်ကလာပ်အား သီ
တင်းသုံးတော်မူရာ သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။
တင်းသုံးတော်မူရာ သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။
ရုပ်ကလာပ်အား သင်္ဂြိုဟ်မည့် ရက်ကာလတွင်ဆရာတော်၏ဘယ်ဘက်မျက်လုံးတော်ဘက်မှ မှိုကဲ့သို့သော
ပွင့်ဖတ်ဖြူဖြူပုံစံများ
ပေါ်ပေါက်နေသည်ကိုသတိထားမိရာမှသိမ်ကျောင်းဂေါပကလူကြီးများနှင့်ရွာသူရွာသား
များက မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌထံသို့ တင်ပြလျှောက်ထားကြပြီးရုပ်ကလာပ်ခန္ဓာကိုယ်အား ဆေးထိုး
ထားခြင်းမရှိကြောင်းနှင့်ရွာသူရွာသားများကလည်းမီးသင်္ဂြိုဟ်ရန်ဆန္ဒမရှိသေးဘဲရုပ်ကလာပ်အားဆက်လက်
ထားရှိရန် ခွင့်ပန်ကြသဖြင့် ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်းမရှိပဲ
မှန်းခေါင်းအတွင်းထားရှိရာဒီဇင်ဘာလ၁၅
ရက်နေ့တွင် ရက်ပေါင်း ၄၆
ရက်ရှိပြီဖြစ်ကြောင်း ကြိမ်တောမြောင်သိမ်ကျောင်း ဂေါပကအဖွဲ့ဝင်ဦးချစ်လှိုင်
က ပြောကြားသည်။
ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီး၏ ဦးခေါင်းအား တွေ့ရ
ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီး၏ ဦးခေါင်းအား တွေ့ရ
စဉ်“သင်္ဂြိုဟ်မယ့်နေ့က ရုပ်ကလာပ်ကို မယူလိုက်တော့ ခန္ဓာကိုယ်က
ပျော့ပျောင်းနေတယ်၊ အေးပြီးတောင့်
နေတာမျိုး မရှိဘူး၊ ၁၅ ရက်လောက်ကြာပြီး
ခန္ဓာက သိသိသာသာ ရုပ်ပြောင်းလဲလာတဲ့ အချိန်မှာ ကိုင်ကြည့်
တော့
ကျောက်ဖြစ်သွားသလို မာတောင့်နေတယ်။ အနံ့အသက်လည်း လုံးဝမထွက်ပါဘူးဟု
ဆရာတော်၏
ခန္ဓာကို ကိုယ်တိုင်မယူ ထိတွေ့ခဲ့ သူ ကိုမောင်မောင်းစိန်က
ပြောကြားသည်။
ဆရာတော်ဘုရားကြီးသည် ကြိမ်တောမြောင်ကျေးရွာနေ ခမည်းတော်ဦးခိုင်လေး၊မယ်တော်ဒေါ်ထွေးညိုတို့
ဆရာတော်ဘုရားကြီးသည် ကြိမ်တောမြောင်ကျေးရွာနေ ခမည်းတော်ဦးခိုင်လေး၊မယ်တော်ဒေါ်ထွေးညိုတို့
မှ ဖွားမြင်ကာ မွေးချင်း ၇
ယောက်အနက်သုံးယောက်မြောက်သားဖြစ်ပြီးငယ်နာမည်မှာ မောင်ဟန်တင်ဖြစ်
သည်။
ဖူးမြော်ကြည်ညိုလိုပါက တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်
မြို့စိုးမြစ်ဆိပ်သို့သွားရာအရှေ့ဘက် ကျောက်
လမ်းကြမ်းအတိုင်း ၄ မိုင်ခန့်၊
စစ်တောင်းမြစ်အနီး မြစ်ကမ်းပါးအတိုင်း တောင်ဘက် တောင်သာရွာသို့
ဆိုင်
ကယ်ဖြင့်၂၅ မိနစ်ခန့် မောင်းနှင်ရပြီးထိုမှမြစ်ကိုစက်လှေဖြင့်ကူးကာ
တောင်ဘက်သို့ငါးမိနစ်ခန့်ဆိုင်ကယ်
မောင်းလျှင်ဆရာတော်ကြီး၏ရုပ်ကလာပ်ရှိရာကြိမ်တောမြောင်ကျေးရွာသိမ်ကျောင်းတော်သို့ရောက် ရှိ
ကြောင်း သိရှိရသည်။
ဇော်ဝင်းချစ်(တောင်ငူ)
ဇော်ဝင်းချစ်(တောင်ငူ)
Eleven Media Group
0 comments:
Post a Comment