Pages

Sunday, September 8, 2013

သင်္ဃန်းကျွန်းမြို့နယ်တွင် ရန်ပွဲအား ဖြန်ဖြေပေးရာမှ ဓါးထိုးမှုဖြစ်ပွား

RangonNewsDaily:: September 7, 2013

သင်္ဃန်းကျွန်း ဘောဂလမ်းအနီးတွင် ယနေ့ စက်တင်ဘာလ (၈) ရက်နေ့ ည (၈) နာရီ ၀န်းကျင် အချိန်က ဓား
ထိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ဖြစ်ပွားပုံမှာ တက္ကစီအငှားယာဉ်မောင်တစ်ဦး၏ ကားနှင့် စက်ဘီးစီးလာသည့် အမျိုးသမီးတစ်ဦးတို့ ပွတ်တိုက်မိ၍စက်ဘီးမှောက်သွားသည့်အမျိုးသမီးအားလူငယ်

Tango ထက်ပိုမိုရုပ်ထွက်ကောင်းမွန်တဲ့ Seen: Video calls for Facebook

ပျော်ရွှင်စရာ Android ကမ္ဘာ
Yesterday at 10:08pm
*** Facebook က သူငယ်ချင်းများဖြင့် ရုပ်မြင်သံကြား လုပ်နိုင်သော အလန်းစား Seen ***

Seen: Video calls for Facebook

ဒီနေ့တော့ ကံကောင်းတယ်ခင်ဗျ။ အလန်းလေးတစ်ခု တွေ့လို့ အမြန်ဆုံးတင်ပေးလိုက်ပါတယ်။ Seen ဆိုတဲ့ App လေးနဲ့ Facebook က သူငယ်ချင်းများဖြင့် Voice Call , Video Call လုပ်ဆောင်နိုင်ပါတယ်။ တစ်ခုပဲ အားနည်းတာပါ .. Noise သံ အနည်းငယ်ပါနေတာပါ။ နားကြပ်တပ်ပြီး အသုံးပြုရင် လုံးဝ အဆင်ပြေပါတယ်။ နားကြပ်မတပ်ထားရင် Noise သံ အနည်းငယ်ထွက်ပါမယ်။

Video Call ကိုစမ်းကြည့်တဲ့အခါ Tango ထက်တောင် ကြည်လင်ပါတယ်။ Voice Call ကလည်း Viber ထက် အသံပိုကျယ်တာ တွေ့ရပါတယ်။ Seen ကို အသုံးပြုဖို့အတွက် Facebook Account တစ်ခုရှိရပါမယ်။ ကျန်တာမလိုအပ်ပါဘူး။ မိမိ fb account ဖြင့် sign in လုပ်ရပါမယ်။ ကိုယ်နဲ့ပြောမယ့် တစ်ခြား ဘော်ဒါတွေရဲ့ ဖုန်းမှာလဲ Seen ကို ထည့်ထားရပါမယ်။ fb မှာ သူငယ်ချင်းများကိုလဲ Seen သုံးဖို့ invite လုပ်နိုင်ပါတယ်။ Viber လိုပါပဲ။ ဒါပေမဲ့ ဘာ code မှ မလိုပါဘူး။ fb account နဲ့နှစ်ပါးသွားတာဖြစ်လို့ အရမ်းအဆင်ပြေပါတယ်။ ပိုပြီးလန်းသွားတာက friends တွေအပြင် Fb Group ထဲမှ သူတွေနဲ့ပါ ချိတ်ဆက်နိုင်ပါတယ်။
UI ကလည်း အတော်လန်းတယ်။ အခမဲ့ ၀န်ဆောင်မှုပေးတဲ့ App လေးဖြစ်ပါတယ်။ ကျွန်တော်တော့ ချစ်ချစ်လေးနဲ့ ဈေးဦးပေါက်
တော်ကီပွားကာ ဗီဒီယိုချက်တွေဘာတွေ စမ်းကြည့်ပြီးပါပြီ။ အဆင်ပြေလွန်းလို့ ချက်ချင်းတင်ပေးလိုက်တယ်ဗျို့ ဒီကောင်လေးကို အမြဲသုံးဖြစ်တော့မယ်။ Tango နဲ့video ချက်ရင် ဖုန်းက ပူတယ်။ Battery စားတယ်။ Viber နဲ့ကျ မလွတ်လပ်ဘူး

Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (4MB)
http://www11.zippyshare.com/v/2256233/file.html
https://www.dropbox.com/s/m07w9ygfsq5o69k/Mr.AD%20-%20Seen.apk

RangonNewsDaily:: September 8, 2013

ဒီနေ့တော့ ကံကောင်းတယ်ခင်ဗျ။ အလန်းလေးတစ်ခု တွေ့လို့ အမြန်ဆုံးတင်ပေးလိုက်ပါတယ်။ Seen ဆို
တဲ့ App လေးနဲ့ Facebook က သူငယ်ချင်းများဖြင့် Voice Call , Video Call လုပ်ဆောင်နိုင်ပါတယ်။ တစ်ခုပဲ အားနည်းတာပါ .. Noise သံ အနည်းငယ်ပါနေတာပါ။ နားကြပ်တပ်ပြီး အသုံးပြုရင် လုံးဝ အဆင်ပြေပါတယ်။ နားကြပ်မတပ်ထားရင် Noise သံ အနည်းငယ်ထွက်ပါမယ်။

Miss Internet ဆုအပါအ၀င် ဆု၎ဆု ဆွတ်ခူးခဲ့သော မြန်မာအလှမယ် ရန်ကုန်မြို့သို့ရောက်ရှိ


Miss Supranational ပြိုင်ပွဲမှာ Miss Internet ဆုအပါအ၀င် ဆု၎ဆု ဆွတ်ခူးလာတဲ့ မြန်မာအလှမယ် ခင်ဝင့်ဝါ ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်းသတင်းရရှိပါသည်။

မက်ဒရစ်၊ အစ္စတန်ဘူလ်တို့ကိုကျော်ဖြတ်ပြီး တိုကျို အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရခဲ့

မက်ဒရစ်၊ အစ္စတန်ဘူလ်တို့ကိုကျော်ဖြတ်ပြီး တိုကျို အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရခဲ့

နိုင်ငံတကာ အိုလံပစ်ကော်မတီ၏ မဲပေးရွေးချယ်မှုဖြင့် ၂၀၂၂ အိုလံပစ် ပြိုင်ပွဲအတွက် အိမ်ရှင်ရွေးချယ်ပွဲကိုအာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့၌ ကျင်းပခဲ့ရာ တိုကျိုမြို့က အနိုင်ရရှိသွားခဲ့သည်။ ၂၀၂၀ အိုလံပစ် ပြိုင်ပွဲအိမ်ရှင်အဖြစ် စပိန်နိုင်ငံမြို့တော် မက်ဒရစ်၊ တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်နှင့် ဂျပန်နိုင်ငံမြို့တော် တိုကျိုတို့ ၀င်ရောက်ရွေးချယ်ခံခဲ့ရာတွင် ၁၉၆၄ခုနှစ်က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ဖူးသော တိုကျိုမြို့က ဒုတိယအကြိမ် အောင်ပွဲခံ
သွားနိုင်ခဲ့ခြင်းဖြစ်သည်။

ပထမအဆင့် မဲပေးမှုများပြုလုပ်ခဲ့ရာတွင် မဲအရေအတွက် တူညီနေသည့် မက်ဒရစ်နှင့် အစ္စတန်ဘူလ်တို့ကို တိုကျိုက အသာရခဲ့သည့်ပြီး ထပ်ဆောင်းမဲပေးချိန်တွင် မက်ဒရစ်က ၄၅သာ ရခဲ့သော်လည်း အစ္စတန်ဘူလ်က ၄၉မဲ ရရှိခဲ့သည့်အတွက် နောက်ဆုံးအဆင့်သို့ အစ္စတန်ဘူလ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးအဆင့်၌ အစ္စတန်ဘူလ်နှင့် တိုကျိုတို့ယှဉ်ပြိုင်ခဲ့ရာ၌ ထင်ကြေးပေးခံခဲ့ရသည့် အစ္စတန်ဘူလ်မှာ (၃၆)မဲသာ ရခဲ့သော်လည်း တိုကျိုက မဲ၆၀ ရရှိခဲ့ကာ အိုလံပစ်ပြိုင်ပွဲနှင့် ပါရာလန်ပစ်(မသန်စွမ်းသူများအားကစားပွဲတော်)ကိုပါ လက်ခံကျင်းပခွင့် ရရှိသွားခဲ့သည်။

တိုကျိုတွင် နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့သည့်အပေါ် အိုလံပစ်ကော်မတီ အဖွဲ့ဝင်အချို့က စိုးရိမ်ခဲ့ကြသော်လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက အဆိုပါ ကိစ္စအတွက်စိုးရိမ်ပူပန်စရာမရှိကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီထံ အာမခံချက် ပေးနိုင်ခဲ့ခြင်းမှာလည်း အိမ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည့် အကြောင်းအရာတစ်ရပ်ဖြစ်သည်။
http://yoyarlay.com/sport/other-sports/37760-2013-09-08-05-51-53
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: September 8, 2013
နိုင်ငံတကာ အိုလံပစ်ကော်မတီ၏ မဲပေးရွေးချယ်မှုဖြင့် ၂၀၂၂ အိုလံပစ် ပြိုင်ပွဲအတွက် အိမ်ရှင်ရွေးချယ်ပွဲကိုအာဂျင်တီ
းနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့၌ ကျင်းပခဲ့ရာ တိုကျိုမြို့က အနိုင်ရရှိသွားခဲ့သည်။

ဆီးရီးယားကို တာဝေးပစ်ဗုံးကြဲလေယာဉ်များဖြင့် တိုက်ဖွယ်ရှိ

RangonNewsDaily:: September 8, 2013
ဆီးရီးယားကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မှုပြုရာတွင် တာဝေးပစ် ဗုံးကြဲလေယာဉ်များ ကိုပါ အသုံးပြုတိုက်ခိုက်ဖွယ်ရှိပြီး ယင်းသည် ကန့်သတ်ချက်စစ်ဆင် နွှဲမှုကို အခြေခံအားဖြင့် ပြောင်း လဲစေမည်မဟုတ်ကြောင်း အမေ ရိကန်အရာရှိတို့က ပြောသည်။

အကြမ်းဖက်ကာကွယ်ရေး လေ့ကျင့်မှုများက စိုး၇ိမ်ဖွယ်ရာ

RangonNewsDaily:: September 8, 2013

အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြိုတင်လေ့ကျင့်နေပုံထောက်ရင် မန်းနေပြည်တော်အတွင်းမှာ
ရောက်ရှိနေတဲ့ လူ၁၀၀၀ ကျော်က မည်သည့်နေရာ ရောက်ရှိလာမှန်းမသိတဲ့ ဒေါသထွက်နေတဲ့
လူအုပ်ကြီးဖြစ်လာတော့မှာကို မန်းမြိုခံများ အထူးစိုးရိမ်နေကြကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်း

RangonNewsDaily:: September 8, 2013

စစ်ကိုင်းတိုင်းဒေသကြီး ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ကို စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဘာသာကြီးလေးခုမှ လူပုဂ္ဂိုလ် ၂၂ ဦးဖြင့် မုံရွာခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဖွဲ့စည်းခဲ့ကြောင်း ဘာသာပေါင်းစုံ ညီညွတ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မန္တလေးသတင်း (၈.၉.၂၀၁၃) နေ့လည် ၁၁း၃၀

RangonNewsDaily:: September 8, 2013

မန္တလေးတွင် ယနေ့ မနက်ပိုင်းမှစတင်ပြီး မြင်းပြိုင်ကွင်းတွင်ရဲ အင်အားရှစ်ရာခန့် နှင့်
အဓိကရုဏ်းနှိမ်နင်းရေးလေ့ကျင့်ခန်းတွေပြင်းပြင်းထန်ထန်လေ့ကျင့်နေတယ်လို့သတင်းရရှိပါသည်။ မီးသတ်ကားတွေရော လူမှုရေးအသင်းက လူနာတင်ကားတွေရော.အားလုံးပါဝင်လေ့ကျင့်နေတယ်
လို့သိရပါသည်။

၂၀၂၀ အိုလံပစ် ပွဲ တော် ဂျပန် အိမ်ရှင် အဖြစ် ကျင်းပခွင့် ရ

RangonNewsDaily:: September 8, 2013
၂၀၂၀ နွေရာသီ အိုလံ ပစ် အတွက် မက်ဒရက် ၊ အစ္စတန်ဘူလ် စသည့် မြို့  များ ကို ကျော် ဖြတ် ကာ နွေရာသီ အိုလံပစ် ပွဲ တော် ကျင်း ပ ခွင့် ရသည့် အတွက်ဏ္ဍ ဂျပန် နိုင်ငံ သား တို့  ပျော် ရွင် နေ ကြသည်။

"မိတ္ထီလာမြို့က ဖျက်ဆီးခံခဲ့ရတဲ့ဗလီတွေ ပြင်ဆင်ခွင့်ရပြီ"

"မိတ္ထီလာမြို့က ဖျက်ဆီးခံခဲ့ရတဲ့ဗလီတွေ ပြင်ဆင်ခွင့်ရပြီ"

kolatt(PBDN): Sep . 8. 2013

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေအတွင်း မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတွေကို သက်ဆိုင်ရာက ပြန်လည်ပြင်ဆင်ခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။

မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးက အခုလို ပြန်လည်ပြင်ဆင်ခွင့် ပြုခဲ့တာဖြစ်တယ်လို့ မွတ်စလင် လူ့အဖွဲ့အစည်းခေါင်းဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက RFA ကို ပြောပါတယ်။

"ဗလီခြောက်လုံးကို ခရိုင်အုပ်ချုပ်ရေးမှုးက လွန်ခဲ့တဲ့ သုံးရက်က ခေါ်ပြောတယ်။တရားဝင် ဖွင့်ခွင့်ပေးတယ်၊ပြင်ခွင့်ပေးတယ်၊လာတားတဲ့သူတွေရှိရင် သူ့ဆီကို လွှတ်လိုက်လို့ ပြောတယ်။ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြောတယ်၊သက်ဆိုင်ရာ ဂေါပကတွေကို ခေါ်ပြောတယ်"

အဲဒီ ဗလီခြောက်ခုကတော့ ချမ်းအေးဗလီ၊ တူရကီ ဗလီ၊ သုခဝတီဗလီ ငြိမ်းချမ်းရေးဗလီ၊ နန်းတော်ကုန်းဗလီ နဲ့ သာယာကုန်းဗလီတွေ ဖြစ်ပြီး နဂိုရ် မူလအတိုင်း ပြန်လည်ပြင်ဆင်ခွင့်ပေးတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ အညွှန်း- ၂၀၁၃ ခုနှစ် မတ်လ အတွင်း ဖြစ်ပွားခဲ့သော ၉၆၉ အကြမ်းဖက် သမားများ အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုကြောင့် မိတ္ထီလာမြို့က ပျက်ဆီးခဲ့ရသော လူနေရပ်ကွက်နှင့် ဗလီဝတ်ကျောင်းတော်တခု

Photo- reuters
RFA Burmese
8.9.2013

ဓါတ်ပုံ အညွှန်း- ၂၀၁၃ ခုနှစ် မတ်လ အတွင်း ဖြစ်ပွားခဲ့သော ၉၆၉ အကြမ်းဖက် သမားများ အကြမ်းဖက် မီးရှို့ တိုက်ခိုက်မှုကြောင့် မိတ္ထီလာမြို့က ပျက်ဆီးခဲ့ရသော လူနေရပ်ကွက်နှင့် ဗလီဝတ်ကျောင်းတော်တခု
RangonNewsDaily:: September 8, 2013
ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေအတွင်း မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတွေကို သက်ဆိုင်ရာက ပြန်လည်ပြင်ဆင်ခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။

တရားရုံးစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့ရန် လွှတ်တော်တင်မည်

kolatt(PBDN): Sep . 8. 2013

တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး ပိုမိုအားကောင်းလာစေရန်အတွက် တရားရုံး စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရန်အတွက် အဋ္ဌမအကြိမ် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် တင်ပြသွားနိုင်မည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။

ဖန်ဆင်းရှင်ရှိကြောင်း သက်သေအထောက်အထား

RangonNewsDaily:: September 8, 2013

ဖန်ဆင်းရှင်ရှိတယ်ဆိုတာကို လူတိုင်း လက်ခံနိုင်တဲ့ အထောက်အထားရိုးရိုးလေးတစ်ခု ပေးပါ့မယ်။ ဖန်ဆင်း
ရှင်ကိုတော့မမြင်ရဘူးပေါ့။ “မမြင်ရတဲ့အရာတိုင်း မရှိတာ မဟုတ်ဘူး” ဆိုတာကို တိုးတက်တဲ့ အတွေးအခေါ်
မြင့်မားတဲ့ လူ့အသိုင်းအ၀ိုင်းက လက်ခံနေပါပြီ။အခုတော့ အလွန်ပဲ ရိုးစင်းလှတဲ့ အထောက်အထားလေးတစ
ခုကိုဖော်ပြမှာ ဖြစ်ပါတယ်။ ဖန်ဆင်းရှင်ရှိကြောင်းကို သင့်ခန္ဓာကိုယ်မှာပဲ တွေ့နိုင်ပါတယ်။

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် စပါးအုံးမြွေမှ အိမ်ပေါ်တက် လူမျိုရန် ကြိုပမ်း

Photo: စပါးအုံးမြွေ အိမ်ပေါ်တက် လူမျိုရန် ကြိုပမ်း
Saturday, September 7, 2013

ရန်ကုန် ၊ စက်တင်ဘာ ၆ ။ ။ အိမ် တွင် တက်ရောက်ခိုအောင်းနေ သည့် ကြီးမားသည့် စပါးအုံးမြွေ တစ်ကောင်က အိမ်ရှင်အမျိုးသား တစ်ဦးကို ဖျစ်ညှစ် သတ်ပြီး ဝါးမျို ရန်ကြိုးပမ်းမှုတစ်ခု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၌ စက်တင်ဘာ ၅ရက်က ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်း သိရသည်။ သို့သော် အဆိုပါမြွေ ကို အိမ် ရှင်အမျိုးသားက ပြန်လည်သတ် ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်ရှိ လူနေထူထပ်သောရပ်ကွက် ဖြစ်သည့် အမှတ်(၇၀)ရပ်ကွက်၊ စိတ္တကျော်သူ လမ်း၊ အိမ်အမှတ် ၁၅၉၆ တွင် စက်တင်ဘာ၅ရက် မွန်းလွဲ၂နာရီခွဲဝန်းကျင်က ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ခန်းအတွင်း ဝင်အိပ်သည့် အိမ်ရှင်အမျိုးသား ကို နေအိမ်တွင် တက်ရောက် ခို အောင်းနေသည့် လုံးပတ်တစ်ပေ၊ အရှည် ကိုးပေ သုံးလက်မအရွယ် ရှိစပါးအုံးမြွေက တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း မြွေတိုက် ခိုက်ခြင်းခံ ခဲ့ရ သည့် မိသားစုဝင်များနှင့်အိမ် နီးနားချင်း များ၏ ပြောကြားမှု အရ သိရသည်။

သူက အိပ်မယ်ဆိုပြီး အိမ်ထဲကို ၀င်သွားတဲ့အချိန်မှာ မြွေကသူ့ကို လက်ကနေစပြီး ခန္ဓာကိုယ်၊ လည်ပင်းတွေကို ပတ်ထားလိုက်တာ သူက မြွေခေါင်းကို မိအောင်ညှပ်ပြီး ထရံမှာ ထိုးထားတဲ့ ကြက်သွန်လှီးဓါးနဲ့ ထိုးသတ်လိုက်တာ အချက်ပေါင်းများစွာ ထိုးတာ ဟု မြွေမျိုရန် ကြိုးပမ်းမှု ဖြစ်ခဲ့ပုံကို ဇနီးဖြစ်သူက ပြောသည်။ အဆိုပါနေအိမ်၏ အလုပ်အကိုင်သည် အငှားကားမောင်းခြင်းဖြစ်ပြီး လေးနှစ်အရွယ်ကလေးတစ်ဦး အပါဝင် ကိုသန့်ဇော်ဦးနှင့် မစမ်းစမ်းသူတို့ မိသားစု (၃)ဦး နေထိုင်ကာ အခင်းဖြစ်သည့်အချိန်တွင် ကလေးအား မူကြိုကျောင်းကို ပို့ထားချိန်ဖြစ်ပြီး လူနှင့် မြွေတို့ (၁၅)မိန်စ်ခန့် တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။ မြွေတိုက်ခိုက်မှု ခံခဲ့ရသည့် အမျိုးသား၏ ဇနီး မစမ်းစမ်းသူသည် အမျိုးသားက ကားခဏနားပြီး ပြန်လာတာ၊ သူက အိပ်ချင်လို့ အရင်ဝင်သွားပြီး အမက ဈေးဝယ်ဖို့ ကျန်ခဲ့တာ ပြန်လာတော့ မြွေနဲ့ သူနဲ့ နပန်းလုံးနေတာပဲဟု ဖြစ်ပျက်ပုံကို ပြောပြသည်။

မစမ်းစမ်းသူက အမနဲ့ကလေးပဲ ရှိတဲ့အချိန်မှာ ဖြစ်ရင်မလွယ်ဘူး၊ အခုမြွေခွေနေတဲ့နေရာမှာ ကလေးက အမြဲဆော့နေကျ၊ အရုပ်ပုံက အဲဒီမှာ ထားတာ အခုချက်ခြင်း အိမ်ပြောင်းတော့မှာ မနေရဲတော့ဘူး ဟု စက်တင်ဘာလ (၆)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။ ပုံမှန်အားဖြင့် နေအိမ်၏ နောက်ဖေးပေါက်ကို ပိတ်ထားသော်လည်း ယင်းနေ့တွင် ရာသီဥတုသာယာသည့်အတွက် ဖွင့်ထားချိန်တွင် တက်ရောက်လာခြင်းဖြစ်ကြောင်း အိမ်ရှင်မိသားစုက ပြောသည်။

ဘေးချင်းကပ်နေအိမ်မှ အိမ်နီးချင်းဒေါ်မူက အမက အိမ်နေက သူက မမူရေ မမူရေနဲ့ လှမ်းအော်တာ။ ထွက်ကြည့်တော့ မြွေနဲ့ သူနဲ့ လုံးနေတာ ပြီးတော့ မြွေက အပုံလိုက်ကြီး ဟဲ့ ဘယ်က ဖမ်းလာတာလဲလို့ သူ့ကို မေးတော့ မောနေတဲ့အတွက် ချက်ခြင်း မဖြေနိုင်ဘူး၊ မေးကြည့်တော့ သူအိပ်နေတာ လည်ပင်းကို မြွေက လာရစ်တာ၊ သူနဲ့မြွေ သတ်နေတဲ့အချိန်မှာ လှမ်းခေါ်နေတာလို့ ပြောတယ်၊ အမက ချက်ချင်း ထွက်မကြည့်မိဘူးဟု ဖြစ်ပျက်ခဲ့ပုံကို ပြောသည်။

အဆိုပါ မြွေသေကို (၇၀)ရက်ကွက် အုပ်ချုပ်ရေးမှူးရုံးက လာရောက် ယူငင်သွားကြောင်း၊ နောက်ထပ်မြွေနှင့် ပက်သက်ပြီး မည်သည့်အကြောင်းမှ မကြားရတော့ကြောင်း မြွေနှင့် တိုက်ခိုက်ခဲ့သည့် မိသားစုက ပြောသည်။ မျက်နှာချင်းဆိုင်နေအိမ်မှ ရက်ကွက်သားတစ်ဦးမှ မြွေတွေက မွေးမြူထားတာဖြစ်မယ်၊ အဲဒီကနေ လွတ်ပြီး ထွက်လာတာလည်း ဖြစ်နိုင်တယ်၊ အဲဒီမြွေက နည်းနည်းနှောနှော အကောင်ကြီး မဟုတ်ဘူး၊ သူ့ရဲ့ သည်းခြေအိတ်၊ ညှို့အိတ်၊ အရေခွံတွေက တန်းဖိုးရှိတယ်။ အသေကို ရောင်းရင်တောင် သိန်းချီရနိုင်တယ်လို့ သုံးသပ်ပြောသည်။

ယခုအဖြစ်အပျက်နှင့် ပက်သက်ပြီ.း မြွေအသေကောင်ကို ယူသွားသည့် (၇၀)၇က်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်သန့်က ရပ်ကွက်အထောက်အကူပြု အဖွဲ့တွေရဲ့ အရှေ့မှာပဲ ပီနန်အိပ်နဲ့ ထည့်ပြီး မြေမြုပ်လိုက်တယ်၊အထက် အဖွဲ့အစည်း အဆင့်ဆင့်ကိုလည်း ပြောပြထားပြီးပါပြီ ဟုပြောသည်။

ကျော်ဇေယျ
The Yangon Times

RangonNewsDaily:: September 7, 2013

အိမ် တွင် တက်ရောက်ခိုအောင်းနေ သည့် ကြီးမားသည့် စပါးအုံးမြွေ တစ်ကောင်က အိမ်ရှင်အမျိုးသား တစ်ဦးကို ဖျစ်ညှစ် သတ်ပြီး ဝါးမျို ရန်ကြိုးပမ်းမှုတစ်ခု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၌ စက်တင်ဘာ ၅ရက်က ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်း သိရသည်။ သို့သော် အဆိုပါမြွေ ကို အိမ် ရှင်အမျိုးသားက ပြန်လည်သတ် ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

Lotteria Myanmar ၏ Brand Ambassador အဖြစ် စိုင်းစိုင်းခမ်းလှိုင်အားခန့်အပ်

Photo

RangonNewsDaily:: September 7, 2013

Lotteria Myanmar ၏ 2013 – 2014 Brand Ambassador အဖြစ် အဆိုတော် ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်အား ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့ ညနေ ၃ နာရီအချိန်တွင် ဆီဒိုးနား ဟိုတယ် တွင်ကျင်းပခဲ့သည်။

တတိယလိင်(ခေါ်) လိင်အင်္ဂါပြောင်းလဲထားသူ မြန်မာနိုင်ငံကိုယ်စားပြု မယ်တစ်ဦး Miss International Queen 2013 ပြိုင်ပွဲ ၀င်ပြိုင်မည်

Photo: တတိယလိင် မြန်မာမယ်
Saturday, September 7, 2013

ပန်းရောင်ဂါဝန်တိုတိုဝတ်ဆင်ထားသည်က ဖြောင့်စင်းသော ပေါင်တံအလှကို ပေါ်လွင်စေသည်။ ခြေထောက် နှစ်ချောင်းကို ယှက်ထားကာ လက်နှစ်ဖက် ခါးထောက်လျက် ညုတုတု မျက်လုံးများနှင့် အကြည့်များက စူးရှလျက်။
သာမန်ကြည့်လိုက်ရင်တော့ဖြင့် အလှအပများ ပြင်ဆင်ထားသည့် မိန်းကလေးတစ်ယောက်။ သို့သော် သူသည် မိန်းမစစ်စစ်တော့ မဟုတ်။ အမျိုးသားတစ်ဦးက အမျိုးသမီး တစ်ဦးကဲ့သို့ ပြောင်းလဲကာ တတိယလိင်အဖြစ် ခံယူထားသူဖြစ်သည်။

သူ့အမည်ကား သညာမောင်။ အသက်က ၂၉ နှစ်။ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေတွင် နိုဝင်ဘာ ၁ ရက် နေ့၌ ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး ယှဉ်ပြိုင်မည့်သူလည်း ဖြစ်သည်။

သညာမောင်သည် ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာတိဖွားဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်နေကာ Ramkhamhaeng တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေးနှင့် အင်္ဂလိပ်စာ ဘာသာရပ်ကို အထူးပြု သင်ကြားလျက် ရှိသည်။

သညာမောင်သည် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ စတင်ရောက်ရှိကာ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်သည့်အပြင် ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးအတွက် စေတနာ့ဝန်ထမ်း အလုပ်ကိုလည်း လုပ်ကိုင်ခဲ့သည်။
Miss International Queen 2013 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရခြင်းကို သူက “ကျွန်မလို အမျိုးတူ Gender အပြောင်းအလဲ ဖြစ်နေသူတွေအ တွက်လည်း အခွင့်အရေးကောင်းတွေ ရစေချင်လို့ပါ” ဟု ရင်ဖွင့် ပြောပြသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းကို ရန်ကုန်မြို့တော် အခြေစိုက် အလှ ဖန်တီးရှင် အသိုင်းအဝိုင်းက တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်း ဖြစ်သည်ဟု တူညီစွာ ပြောဆိုကြသည်။

“ဒီပွဲကိုဝင်ပြိုင်ရခြင်းက မြန်မာ့ဂုဏ်ဆောင် တစ်ဦးဖြစ်ချင်တာ” ဟုလည်း သညာမောင်က ဆိုသည်။
Miss International Queen 2013 ပြိုင်ပွဲကို Tiffany’s Show pattaya Co., Ltd. က စီစဉ်ပြီး ပြိုင်ပွဲဝင်များသည် ထိုင်းဘတ်ငွေ တစ်သောင်းခွဲကို ပေးသွင်းရမည်ဖြစ်ပြီး လာရောက် ယှဉ်ပြိုင်ရန်အတွက် ကုန်ကျစရိတ်များကို ကိုယ်တိုင်ကုန်ကျခံရမည် ဖြစ်သည်ဟု ယင်းပြိုင်ပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပြိုင်ပွဲသည် တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခြင်း ဖြစ်ပြီး ဆွဲဆောင်မှုရှိသော ပြိုင်ပွဲဝင် ၃၀ ဦးက ယှဉ်ပြိုင်ကြမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နာမည်ကျော် အလှဖန်တီးရှင် မိတ်ကပ်တိုးတိုးကမူ “ပြိုင်ပွဲဝင်တာက အဘက်ဘက်က အရည်အချင်း ပြည့်စုံလို့ ဖြစ်ပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် တတိယလိင်အဖြစ် ခံယူထားသူများကို အချို့က ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာ စသည်ဖြင့် တိုင်းတာကာ လက်ခံနိုင်ခြင်း မရှိကြဘဲ အချို့ကလည်း လူ့ခွင့်အရေး ရှုထောင့်က ရှုမြင်ကာ ထောက်ခံ အားပေးသူများလည်း ရှိသည်။ခေတ်အဆက်ဆက် အစိုးရက မူ တ တိယလိင် ကိစ္စကို အားမပေးသော်လည်း မနှိမ့်ချသကဲ့သို့ ထောက် ခံခြင်းလည်း မရှိပေ။

ရန်ကုန်မြို့တော်ကြီးတွင် တတိယလိင် ခံယူသူတို့၏ မော်ဒယ်လ်ရှိုး လျှောက် ပွဲများကို ၂၀၀၉ ခုနှစ်တွင် ဆီဒိုးနားဟိုတယ်၌ ပထမဆုံး ကျင်းပခဲ့ကြသည်။ ထိုပွဲတွင် အမျိုးသမီးစစ်စစ် များပင် အရှုံးပေးရလောက်အောင် ပြင်ဆင် ထားသည်ကိုလည်း တွေ့ရသည်။

ယင်းနောက် ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် မော်ဒယ်လ် ရှိုး လျှောက်ပွဲကို Excel Tower တွင် ကျင်းပခဲ့သကဲ့သို့ ထိုင်းနိုင်ငံမှ တတိယလိင်အဖြစ် ခံယူထားသည့် အလှပဂေးများက တရားဝင် လာရောက် ဖျော်ဖြေကြသည်။

ထိုပွဲတွင် မော်ဒယ်လ်အဖြစ် လမ်းလျှောက်သူ အသက် ၂၄ နှစ်အရွယ် အလှဖန်တီးရှင်တစ်ဦးကမူ “မြန်မာနိုင်ငံမှာလည်း ဒါမျိုးရှိုးပွဲတွေ များများလုပ်စေချင်တယ်။ သညာမောင် ဝင်ပြိုင်တာလည်း ဆုရစေချင်တယ်” ဟု နွဲ့နှောင်းသောအသံဖြင့် ဆိုသည်။

သညာမောင် ဝင်ရောက် ယှဉ်ပြိုင်မည့် Miss International Queen ပြိုင်ပွဲကို ပတ္တရားကမ်းခြေတွင် ကျင်းပခဲ့သည်မှာ ၂၀၀၄ ခုနှစ်ကတည်းကပင်ဖြစ်ပြီး ဆုငွေမှာ အမေရိကန်ဒေါ်လာ တစ်သောင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံက Kevin Balot က ရရှိထားသည်။
၂၀၀၄ ခုနှစ်မှ စတင်ခဲ့သော ယင်းပြိုင်ပွဲဆုများကို ထိုင်းနိုင်ငံမှ သုံးကြိမ်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့က တစ်ကြိမ်စီ ရရှိထားသည်။

ကမ္ဘာတစ်ဝန်းရှိ တတိယလိင်အဖြစ် ခံယူထားသူများ စိတ်ဝင်တစား လာရောက် ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲသို့ မြန်မာနိုင်ငံကို ကိုယ်စားပြုကာ သညာမောင်က ပထမဆုံး စတင်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။
သညာမောင်က“ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားပြီးတော့ ကျွန်မလိုဘဝတူတွေ အတွက်လည်း အခွင့်အလမ်းကောင်းတွေ ဖော်ဆောင်ပေးချင်လို့ပါ” ဟု ပြောပြသည်။

ဘုရင်မ သရဖူကို ပုံဖော်ထားသော Miss International Queen လိုဂိုအနီးတွင် ပန်းရောင်ဇာပေါက် အင်္ကျီကို ဝတ်ဆင်ထားသည့် စူးရှရှမျက်လုံးများဖြင့် ကြည့်နေသည်။ လိုဂိုအောက်တွင် Contestant -Miss Tanya Maung ဟု ရေးသားထားသည့်အပြင် ကိုယ်စားပြု ယှဉ်ပြိုင်သည့် နေရာတွင်လည်း မြန်မာဟု ဖော်ပြထားသည်က သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ဖြစ်သည်။
Miss International Queen 2013 ဆု ရမရကိုတော့ နိုဝင်ဘာ ၁ ရက်နေ့တွင် စောင့်ကြည့်ရဦး မည်ဖြစ်သည်။

မင်းထက်စံ
The Voice Weekly

RangonNewsDaily:: September 7, 2013

ပန်းရောင်ဂါဝန်တိုတိုဝတ်ဆင်ထားသည်က ဖြောင့်စင်းသော ပေါင်တံအလှကို ပေါ်လွင်စေသည်။ ခြေထောက် နှစ်ချောင်းကို ယှက်ထားကာ လက်နှစ်ဖက် ခါးထောက်လျက် ညုတုတု မျက်လုံးများနှင့် အကြည့်များက စူးရှလျက်။
သာမန်ကြည့်လိုက်ရင်တော့ဖြင့် အလှအပများ ပြင်ဆင်ထားသည့် မိန်းကလေးတစ်ယောက်။

ကျိုင်းတုံတွင် မူးယစ်ဆေးသုံးသည့်အမျိုးသမီး ဖမ်းမိ

RangonNewsDaily:: September 7, 2013

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အများဆုံးထွက်ရှိရာ ရွှေတြိဂံဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် စက်တင်ဘာလ ၃ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသမီးကို မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးများ သုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာများနှင့်အတူ ဖမ်းဆီးရမိကြောင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

နားမကြားသူ ချူရီရှီအာ Miss Singapore Friendship International 2013 ဆုရရှိ